စဗ · 35/54
ဘာသာပြန် အသံနိုင်ငံ — စူရာ စဗ
وَقَالُوا نَحْنُ أَكْثَرُ أَمْوَالًا وَأَوْلَادًا وَمَا نَحْنُ بِمُعَذَّبِينَ ۝٣٥
Wa qaaloo nahnu aksaru amwaalanw wa awlaadanw wa maa nahnu bimu `azzabeen
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ၎င်းတို့က ကျွန်ုပ်တို့သည် ပစ္စည်းဥစ္စာအားဖြင့်လည်းကောင်း၊ သားသမီးအားဖြင့်လည်း ကောင်း၊(အသင်တို့ထက်)ပေါများကြွယ်ဝသူများဖြစ်ကြပေရာ ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်းခံကြရမည့်သူများမဟုတ်ပေဟု ပြောဆိုခဲ့ကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 33-37 — စူရာ စဗ

33وَقَالَ الَّذِينَ اسْتُضْعِفُوا لِلَّذِينَ اسْتَكْبَرُوا بَلْ مَكْرُ اللَّيْلِ وَالنَّهَارِ إِذْ تَأْمُرُونَنَا أَن نَّكْفُرَ بِاللَّهِ وَنَجْعَلَ لَهُ أَندَادًا ۚ وَأَسَرُّوا النَّدَامَةَ لَمَّا رَأَوُا الْعَذَابَ وَجَعَلْنَا الْأَغْلَالَ فِي أَعْنَاقِ الَّذِينَ كَفَرُوا ۚ هَلْ يُجْزَوْنَ إِلَّا مَا كَانُوا يَعْمَلُونَ
ထိုအချိန်တွင် နောက်လိုက်ငယ်သားတို့ကအကြီးအကဲတို့အား ထိုသို့ အလျဉ်းမဟုတ်၊ စင်စစ်မှာကားနေ့ညဉ့်မပြတ်(ကြံစည်လျက်ရှိခဲ့ကြသောအသင်တို့၏) ကြံစည်မှုများကပင် (ပိတ်ပင်တားမြစ်ခဲ့၏)။ အကြင်အခါဝယ် ကျွန်ုပ်တို့သည် အလ္လာဟ်အရှင်မြတ်အား မယုံကြရန်လည်းကောင်း၊ကျွန်ုပ်တို့သည် ထိုအရှင်မြတ်၌ ဂုဏ်ရည်တူများကို ပြုလုပ်ကြရန်လည်းကောင်း၊ အသင်တို့သည် ကျွန်ုပ်တို့အားအမိန့်ပေးတိုက်တွန်းလျက် ရှိခဲ့ကြသည်ဟု ပြောဆိုကြပေမည်။ အမှန်သော်ကား ၎င်းတို့သည် ပြစ်ဒဏ်ကို မြင်ကြသောအခါ (မိမိတို့၏) နောင်တရမှုကို လျှို့ဝှက်ဖုံးအုပ်ထားကြပေမည်။ ထိုအခါငါအရှင်မြတ်သည် ကာဖိရ် မယုံမကြည်သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၏ လည်ကုပ်များ၌ လည်ကွင်းများကို စွပ်ပေးတော်မူပေမည်။ (စင်စစ်သော်ကား) ၎င်းတို့သည် မိမိတို့ ကျင့်မူလျက်ရှိခဲ့ကြသည်နှင့်အညီ အစားပေးခြင်းကိုသာခံကြရမည်ဖြစ် ပေသတည်း။
34وَمَا أَرْسَلْنَا فِي قَرْيَةٍ مِّن نَّذِيرٍ إِلَّا قَالَ مُتْرَفُوهَا إِنَّا بِمَا أُرْسِلْتُم بِهِ كَافِرُونَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် မည်သည့်မြို့ရွာ၌မဆို သတိပေးနှိုးဆော်သူတစ်ပါးပါးကို စေလွှတ်တော်မူခဲ့သည့်အခါ ထိုမြို့ရွာရှိ စည်းစိမ်ရှင်တို့က ဧကန်အမှန် ကျွန်ုပ်တို့သည် အသင်တို့ပေး၍ စေလွှတ်ခြင်းခံကြရသည့်(ဒီန်သာသနာ)ကို ငြင်းပယ်သူများပင်ဖြစ်ကြသည်ဟု ပြောဆိုခဲ့ကြသည်သာ။
35وَقَالُوا نَحْنُ أَكْثَرُ أَمْوَالًا وَأَوْلَادًا وَمَا نَحْنُ بِمُعَذَّبِينَ
ထိုမှတစ်ပါး ၎င်းတို့က ကျွန်ုပ်တို့သည် ပစ္စည်းဥစ္စာအားဖြင့်လည်းကောင်း၊ သားသမီးအားဖြင့်လည်း ကောင်း၊(အသင်တို့ထက်)ပေါများကြွယ်ဝသူများဖြစ်ကြပေရာ ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်းခံကြရမည့်သူများမဟုတ်ပေဟု ပြောဆိုခဲ့ကြကုန်၏။
36قُلْ إِنَّ رَبِّي يَبْسُطُ الرِّزْقَ لِمَن يَشَاءُ وَيَقْدِرُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့ အားပြောဆို)ဖြေကြားပါလေ။ (အချင်းတို့၊)ဧကန်စင်စစ် ငါ့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား စားနပ်ရိက္ခာကို ကျယ်ဝန်းပေါများစွာ ချီးမြှင့်ပေးသနားတော်မူ၍ (မိမိအလိုရှိတော်မူသောသူအား) ကျပ်တည်းစေတော်မူ၏။ သို့ရာတွင် အများဆုံးသောသူတို့မှာ သိရှိကြသည် မဟုတ်ပေ။
37وَمَا أَمْوَالُكُمْ وَلَا أَوْلَادُكُم بِالَّتِي تُقَرِّبُكُمْ عِندَنَا زُلْفَىٰ إِلَّا مَنْ آمَنَ وَعَمِلَ صَالِحًا فَأُولَٰئِكَ لَهُمْ جَزَاءُ الضِّعْفِ بِمَا عَمِلُوا وَهُمْ فِي الْغُرُفَاتِ آمِنُونَ
စင်စစ်သော်ကား အသင်တို့၏ ပစ္စည်းဥစ္စာများသည်လည်းကောင်း၊ အသင်တို့၏သားသမီးများ သည်လည်းကောင်း၊ အသင်တို့အား မည်သည့်အဆင့်အတန်း၌မျှ ငါအရှင်မြတ်၏အထံတော်သို့ နီးကပ်စေအံ့သောအရာများ မဟုတ်ပေ။သို့ရာတွင် မည်သူမဆို အီမာန် သက်ဝင်ယုံကြည်၍ ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့မူ ၎င်းတို့အဖို့၎င်းတို့ ကျင့်မူဆောက်တည်ခဲ့ကြကုန်သော အကျင့်သီလများ၏တိုးသောအကျိုးရှိသည့်အပြင် ၎င်းတို့သည် မြင့်စွင့်သောအဆောင်များ၌ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းစွာ ရှိကြပေမည်။
စဗကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
35အာယာသ်

ဘာသာပြန် — စဗ 35

စူရာ စဗ အာယာသ် 35 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ၎င်းတို့က ကျွန်ုပ်တို့သည် ပစ္စည်းဥစ္စာအားဖြင့်လည်းကောင်း၊ သားသမီးအားဖြင့်လည်း ကောင်း၊(အသင်တို့ထက်)ပေါများကြွယ်ဝသူများဖြစ်ကြပေရာ ကျွန်ုပ်တို့သည် ပြစ်ဒဏ်ပေးခြင်းခံကြရမည့်သူများမဟုတ်ပေဟု ပြောဆိုခဲ့ကြကုန်၏။

စူရာ အာယာသ် 35/54 — စူရာ စဗ سبأ (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ စဗ နားထောင်, စူရာ စဗ ဘာသာပြန်, စူရာ စဗ mp3, စူရာ စဗ pdf. အာယာသ် 33–37. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers