စဗ · 48/54
ဘာသာပြန် အသံနိုင်ငံ — စူရာ စဗ
قُلْ إِنَّ رَبِّي يَقْذِفُ بِالْحَقِّ عَلَّامُ الْغُيُوبِ ۝٤٨
Qul inna Rabbee yaqzifu bilhaqq `Allaamul Ghuyoob
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့) ဧကန်မလွဲ ငါ့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် (အမှားကို)အမှန် တရားဖြင့် နှိမ်နင်းတော်မူ၏။ (ထိုအရှင်မြတ်သည်)အကွယ်၌ရှိသမျှတို့ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 46-50 — စူရာ စဗ

46۞ قُلْ إِنَّمَا أَعِظُكُم بِوَاحِدَةٍ ۖ أَن تَقُومُوا لِلَّهِ مَثْنَىٰ وَفُرَادَىٰ ثُمَّ تَتَفَكَّرُوا ۚ مَا بِصَاحِبِكُم مِّن جِنَّةٍ ۚ إِنْ هُوَ إِلَّا نَذِيرٌ لَّكُم بَيْنَ يَدَيْ عَذَابٍ شَدِيدٍ
(အို-နဗီတမန်တော်)အသင်သည် ပြောကြားပါလေ။၊ (အချင်းတို့၊) ငါသည် အသင်တို့အား ကိစ္စတစ်ခုကိုသာတိုက်တွန်းနှိုးဆော်လို၏။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ရည်သန်၍ တစ်ယောက်စီ နှစ်ယောက်စီ ထကြပြီးလျှင်မိမိတို့၏အဖော်ဖြစ်သူ (ငါ)၌ ရူးသွပ်ခြင်းဝေဒနာရှိပါသလောဟု စဉ်းစားဆင်ခြင်ကြလေကုန်။ ထိုအသင်တို့၏ အဖော်ဖြစ်သူ(ငါ)သည် အသင်တို့အား ပြင်းထန်စွာသော ပြစ်ဒဏ်မကျရောက် မီ (ကြိုတင်) သတိပေး နှိုးဆော်သူတစ်ဦးသာလျှင်ဖြစ်ချေသတည်း။
47قُلْ مَا سَأَلْتُكُم مِّنْ أَجْرٍ فَهُوَ لَكُمْ ۖ إِنْ أَجْرِيَ إِلَّا عَلَى اللَّهِ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) ငါသည် အသင်တို့ထံ(အဖိုးအခ) တစ်စုံတစ်ရာတောင်းခဲ့သည်ရှိလျှင် ယင်းအဖိုးအခမှာ အသင်တို့အဖို့သာလျှင် ဖြစ်၏။ အဘယ်ကြောင့်ဟူမူ ငါ့(အား)အကျိုးကျေးဇူး(ပေးသနားတော်မူရန်တာဝန်) မှာကား အလ္လာဟ် အရှင်မြတ်အပေါ်၌သာ ရှိသောကြောင့်ပင်။ အမှန်သော်ကား ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်၌ အသိသက်သေပင် ဖြစ်တော်မူ၏။
48قُلْ إِنَّ رَبِّي يَقْذِفُ بِالْحَقِّ عَلَّامُ الْغُيُوبِ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့) ဧကန်မလွဲ ငါ့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် (အမှားကို)အမှန် တရားဖြင့် နှိမ်နင်းတော်မူ၏။ (ထိုအရှင်မြတ်သည်)အကွယ်၌ရှိသမျှတို့ကို ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။
49قُلْ جَاءَ الْحَقُّ وَمَا يُبْدِئُ الْبَاطِلُ وَمَا يُعِيدُ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့၊) အမှန်တရားသည် ရောက်ရှိ၍ လာခဲ့ချေပြီ။ စင်စစ်သော်ကား အမှားသည် (တစ်စုံတစ်ရာကို)ဖြစ်ပေါ်စေသည်လည်းမဟုတ်ပေ။ (တစ်စုံတစ်ရာ)ကို ပြန်၍ယူလာသည်လည်း မဟုတ်ပေ။ (ယိုယွင်းပျက်စီးချေပြီ)။
50قُلْ إِن ضَلَلْتُ فَإِنَّمَا أَضِلُّ عَلَىٰ نَفْسِي ۖ وَإِنِ اهْتَدَيْتُ فَبِمَا يُوحِي إِلَيَّ رَبِّي ۚ إِنَّهُ سَمِيعٌ قَرِيبٌ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါလေ။ (အချင်းတို့၊) အကယ်၍ ငါသည် လမ်းမှားခဲ့မူ၊ ငါသည်မိမိကိုယ်နှင့်ဆန့်ကျင်၍သာ လမ်းမှားခဲ့ခြင်းဖြစ်မည်။ (ငါ၏အမှားဒဏ်ကို ငါသာခံရမည်၊) သို့ရာတွင် အကယ်၍ ငါသည်တရားလမ်းမှန် ရရှိခဲ့သည်ဖြစ်မူ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ငါ့ထံသို့ ဝဟီ အမိန့်တော်ထုတ်ပြန်တော်မူသောကြောင့်ပင်ဖြစ်၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည်အလွန်တရာကြားသိတော်မူသော၊ အလွန်တရာ နီးကပ်စွာရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
စဗကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
48အာယာသ်

ဘာသာပြန် — စဗ 48

စူရာ စဗ အာယာသ် 48 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့) ဧကန်မလွဲ ငါ့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် (အမှားကို)အမှန် တရားဖြင့်…

စူရာ အာယာသ် 48/54 — စူရာ စဗ سبأ (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ စဗ နားထောင်, စူရာ စဗ ဘာသာပြန်, စူရာ စဗ mp3, စူရာ စဗ pdf. အာယာသ် 46–50. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers