وَمِنَ النَّاسِ وَالدَّوَابِّ وَالْأَنْعَامِ مُخْتَلِفٌ أَلْوَانُهُ كَذَٰلِكَ ۗ إِنَّمَا يَخْشَى اللَّهَ مِنْ عِبَادِهِ الْعُلَمَاءُ ۗ إِنَّ اللَّهَ عَزِيزٌ غَفُورٌ ٢٨
🔤 Transliteration
Wa minan naasi wadda waaabbi wal an`aami mukhtalifun alwaanuhoo kazalik; innamaa yakhshal laaha min `ibaadihil `ulamaaa`; innal laaha `Azeezun Ghafoor
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ထိုမှတစ်ပါးလူတို့တွင်လည်းကောင်း၊ သက်ရှိသတ္တဝါတို့တွင်လည်းကောင်း၊ ထိုနည်းအတိုင်းပင် အရောင်အဆင်း အမျိုးမျိုးရှိကြပေသည်။ အလ္လာဟ်အရှင်မြတ်အားထိုအရှင် မြတ်၏ ကျွန်တို့အနက် ‘အာလင်မ်’ ပညာရှင်များသာလျှင် ကြောက်ရွံ့ကြကုန်၏။ ဧကန်မလွဲ အလ္လာဟ် အရှင်မြတ်သည် အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ الدَّوَابّ (ဒ္ဒဝါဗ်) — မြေပေါ်တွင် လမ်းလျှောက်သွားလာသော သတ္တဝါများ၊ တိရစ္ဆာန်များ။الْأَنْعَام (အန်အာမ်) — ကုလားအုတ်၊ နွား၊ ဆိတ်၊ သိုး စသည့် အိမ်မွေးတိရစ္ဆာန်များ။مُخْتَلِفٌ أَلْوَانُهُ (မုခ်သလိဖွန် အလ်ဝါနုဟု) — အရောင်အသွေး ကွဲပြားခြားနားသော။يَخْشَى (ယချ်ရှာ) — ကြောက်ရွံ့ရိုသေသည်၊ ခန္ဓာကိုယ်နှင့် စိတ်နှလုံးဖြင့် ရိုကျိုးကြောက်ရွံ့သည်။الْعُلَمَاء (အလ်အုလမာအ်) — အသိပညာရှင်များ၊ အလ္လာဟ်အရှင်မြတ်ကို သိသောသူများ။عَزِيزٌ (အဇီဇ်) — အနိုင်ယူခြင်းခံရမည်မဟုတ်သော၊ တန်ခိုးကြီးမြင့်သော။غَفُورٌ (ဂဖူရ်) — အလွန်ခွင့်လွှတ်တော်မူသော၊ ခွင့်လွှတ်မှုများစွာရှိသော။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် လူသားများထဲမှလည်းကောင်း၊ မြေပေါ်သတ္တဝါများထဲမှလည်းကောင်း၊ အိမ်မွေးတိရစ္ဆာန်များထဲမှလည်းကောင်း အရောင်အသွေး ကွဲပြားခြားနားသော အရာများကို အလ္လာဟ်အရှင်မြတ်သည် ဖန်ဆင်းတော်မူခဲ့သည်။ သစ်သီးဝလံများနှင့် တောင်တန်းများ၏ အရောင်အသွေး ကွဲပြားသကဲ့သို့ပင် ဖြစ်သည်။ ဤသို့ ကွဲပြားမှုများသည် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်နှင့် ဉာဏ်ပညာတော်ကို ဖော်ပြသည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် မိန့်တော်မူသည် — အလ္လာဟ်အရှင်မြတ်ကို အမှန်တကယ် ကြောက်ရွံ့ရိုသေသူများသည် အသိပညာရှင်များသာ ဖြစ်ကြသည်။ အကြောင်းမှာ သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ဂုဏ်တော်များ၊ ရှရီအသ်တရားတော်များ၊ တန်ခိုးတော်၏ သက်သေလက္ခဏာများကို သိရှိနားလည်ကြသောကြောင့် ဖြစ်သည်။ အသိပညာရှင်များသည် ဖန်ဆင်းခံအရာများထဲတွင် ကွဲပြားမှုများကို မြင်တွေ့ရသောအခါ ဖန်ဆင်းရှင်တော်၏ ကြီးမြတ်မှုကို ပို၍ သိရှိလာကြသည်။
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အလွန်တန်ခိုးကြီးမြင့်တော်မူသော၊ မည်သူမျှ အနိုင်ယူနိုင်ခြင်းမရှိသော အရှင်ဖြစ်တော်မူသည်။ တစ်ချိန်တည်းမှာပင် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသော အရှင်လည်း ဖြစ်တော်မူသည်။ မိမိထံ ဝန်ချတောင်းပန်လာသော ကျေးကျွန်များ၏ အပြစ်များကို ခွင့်လွှတ်တော်မူသည်။
**၃။ ဤအာယသ်တော်မှ ရရှိသ
وَمِنَ ٱلنَّاسِ وَٱلدَّوَآبِّ وَٱلۡأَنۡعَٰمِ مُخۡتَلِفٌ أَلۡوَٰنُهُۥ كَذَٰلِكَۗ إِنَّمَا يَخۡشَى ٱللَّهَ مِنۡ عِبَادِهِ ٱلۡعُلَمَٰٓؤُاْۗ إِنَّ ٱللَّهَ عَزِيزٌ غَفُورٌ ٢٨
ထိုမှတစ်ပါးလူတို့တွင်လည်းကောင်း၊ သက်ရှိသတ္တဝါတို့တွင်လည်းကောင်း၊ ထိုနည်းအတိုင်းပင် အရောင်အဆင်း အမျိုးမျိုးရှိကြပေသည်။ အလ္လာဟ်အရှင်မြတ်အားထိုအရှင် မြတ်၏ ကျွန်တို့အနက် ‘အာလင်မ်’ ပညာရှင်များသာလျှင် ကြောက်ရွံ့ကြကုန်၏။ ဧကန်မလွဲ အလ္လာဟ် အရှင်မြတ်သည် အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 26-30 — စူရာ ဖာတီရ်
26 ثُمَّ أَخَذْتُ الَّذِينَ كَفَرُوا ۖ فَكَيْفَ كَانَ نَكِيرِ
ထိုနောက် ငါအရှင်မြတ်သည် သွေဖည်ငြင်းပယ်ခဲ့ကုန်သောသူတို့အား ဖမ်းဆီးကွပ်မျက်တော်မူခဲ့ရာ ငါအရှင်မြတ်၏ ပြစ်ဒဏ်သည် မည်သို့ရှိခဲ့ပေသနည်း။
27 أَلَمْ تَرَ أَنَّ اللَّهَ أَنزَلَ مِنَ السَّمَاءِ مَاءً فَأَخْرَجْنَا بِهِ ثَمَرَاتٍ مُّخْتَلِفًا أَلْوَانُهَا ۚ وَمِنَ الْجِبَالِ جُدَدٌ بِيضٌ وَحُمْرٌ مُّخْتَلِفٌ أَلْوَانُهَا وَغَرَابِيبُ سُودٌ
အသင်သည် မမြင်ခဲ့လေသလော။ ဧကန်မလွဲငါအရှင်မြတ်သည် မိုးကောင်းကင်မှ ရေကို ချပေးတော်မူခဲ့၏။ထို့နောက် ငါအရှင်မြတ်သည် ထိုရေဖြင့် အရောင်အသွေးအမျိုးမျိုး ကွဲပြားခြားနားသော သစ်သီးဝလံများကို ထွက်(ဖူး၊ပွင့်၊ သီး) စေတော်မူခဲ့၏။ ထိုနည်းတူစွာ တောင်များ၌လည်းတောင် ကြား လမ်းများရှိကြပေရာ အချို့မှာအဖြူများဖြစ်၍အချို့မှာ အနီများဖြစ်ကြသည့်ပြင်၊ ၎င်းတို့၏ အရောင်များမှာအထူးထူး အပြားပြားဖြစ်ကြ၏။ အချို့ မှာလည်း အလွန်မည်းနက်၏။
28 وَمِنَ النَّاسِ وَالدَّوَابِّ وَالْأَنْعَامِ مُخْتَلِفٌ أَلْوَانُهُ كَذَٰلِكَ ۗ إِنَّمَا يَخْشَى اللَّهَ مِنْ عِبَادِهِ الْعُلَمَاءُ ۗ إِنَّ اللَّهَ عَزِيزٌ غَفُورٌ
ထိုမှတစ်ပါးလူတို့တွင်လည်းကောင်း၊ သက်ရှိသတ္တဝါတို့တွင်လည်းကောင်း၊ ထိုနည်းအတိုင်းပင် အရောင်အဆင်း အမျိုးမျိုးရှိကြပေသည်။ အလ္လာဟ်အရှင်မြတ်အားထိုအရှင် မြတ်၏ ကျွန်တို့အနက် ‘အာလင်မ်’ ပညာရှင်များသာလျှင် ကြောက်ရွံ့ကြကုန်၏။ ဧကန်မလွဲ အလ္လာဟ် အရှင်မြတ်သည် အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊အလွန်တရာ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
29 إِنَّ الَّذِينَ يَتْلُونَ كِتَابَ اللَّهِ وَأَقَامُوا الصَّلَاةَ وَأَنفَقُوا مِمَّا رَزَقْنَاهُمْ سِرًّا وَعَلَانِيَةً يَرْجُونَ تِجَارَةً لَّن تَبُورَ
ဧကန်အမှန် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော် ကျမ်းဂန်ကို ရွတ်ဖတ် သရဇ္ဈာယ်ကြကုန်၏။ ၎င်းပြင် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြကုန်၏။ထိုမှတစ်ပါး ထိုသူတို့အား ငါအရှင်မြတ်ချီးမြှင့် ပေးသနားတော်မူခဲ့သည့် (ပစ္စည်းဥစ္စာ)များအနက်မှ လျှို့ဝှက်စွာလည်းကောင်း၊ ထင်ပေါ်စွာသော်လည်းကောင်း၊ လှူဒါန်းကြကုန်၏။ထိုသူတို့ကား အလျဉ်င်း ဆုံးရှုံးပျက်စီးမည် မဟုတ် သောရောင်းဝယ်ဖောက်ကားမှုမျိုးကို မျှော်လင့် တောင့်တလျက်ရှိကြကုန်၏။
30 لِيُوَفِّيَهُمْ أُجُورَهُمْ وَيَزِيدَهُم مِّن فَضْلِهِ ۚ إِنَّهُ غَفُورٌ شَكُورٌ
နောက်ဆုံးတွင် ထိုအရှင်မြတ်သည် ၎င်းတို့အား၎င်းတို့၏အကျိုးများ ပြည့်စုံစွာ ချီးမြှင့်ပေး သနားတော်မူသည့်အပြင် မိမိကျေးဇူးတော်နှင့် ၎င်းတို့ အား ပိုမို၍ပင် ချီးမြှင့်တော်မူပေမည်။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် အလွန်တရာခွင့်လွှတ် ချမ်းသာပေးတော်မူသော၊ အလွန်တရာရက်ရောစွာကျေးဇူးတုံ့ပြန်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
ဘာသာပြန် — ဖာတီရ် 28 စူရာ ဖာတီရ် အာယာသ် 28 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါးလူတို့တွင်လည်းကောင်း၊ သက်ရှိသတ္တဝါတို့တွင်လည်းကောင်း၊ ထိုနည်းအတိုင်းပင် အရောင်အဆင်း အမျိုးမျိုးရှိကြပေသည်။ အလ္လာဟ်အရှင်မြတ်အားထိုအရှင် မြတ်၏ ကျွန်တို့အနက် ‘အာလင်မ်’ ပညာရှင်များသာလျှင်…
စူရာ အာယာသ် 28/45 — စူရာ ဖာတီရ် فاطر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖာတီရ် နားထောင်, စူရာ ဖာတီရ် ဘာသာပြန်, စူရာ ဖာတီရ် mp3, စူရာ ဖာတီရ် pdf. အာယာသ် 26–30. မြန်မာဘာသာ: ภาษาไทย.