ဖာတီရ် · 31/45
ဘာသာပြန် အသံနိုင်ငံ — စူရာ ဖာတီရ်
وَالَّذِي أَوْحَيْنَا إِلَيْكَ مِنَ الْكِتَابِ هُوَ الْحَقُّ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ ۗ إِنَّ اللَّهَ بِعِبَادِهِ لَخَبِيرٌ بَصِيرٌ ۝٣١
Wallaeee awhainaaa ilaika minal Kitaabi huwal haqqu musaddiqal limaa baina yadayh; innal laaha bi`ibaadihee la khabeerum Baseer
📖 မြန်မာဘာသာ
စင်စစ်သော်ကား အသင့်ထံ ငါအရှင်မြတ် ထုတ်ပြန်တော်မူသော (ဤ)ကျမ်းဂန်သည် လုံးဝအမှန်ဖြစ်၏။ (ထိုကျမ်းဂန်သည်) မိမိအလျင်(ကျရောက်ခဲ့ဖူးသော) ကျမ်းဂန်များကိုလည်း မှန်ကန်သည်ဟု ထောက်ခံလျက်ရှိ၏။ မုချအမှန်အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်တို့နှင့် ပတ်သက်၍အလွန်တရာ ကြားသိတော်မူသော၊ အလွန်တရာ သိမြင်တော်မူသော၊ အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • أَوْحَيْنَا (အူဟိုင်နာ) — ငါအရှင်မြတ် ထုတ်ဖော်ပေးအပ်တော်မူခဲ့သည်၊ ဗျာဒိတ်ပေးအပ်တော်မူခဲ့သည်။
  • الْكِتَابِ (အလ်ကီတာဗ်) — ကျမ်းတော်၊ ဤနေရာတွင် ကုရ်အာန်ကျမ်းတော်မြတ်ကို ဆိုလိုသည်။
  • الْحَقُّ (အလ်ဟက္ကု) — အမှန်တရား၊ သစ္စာတရား။
  • مُصَدِّقًا (မုဆဒ္ဒိကန်) — ထောက်ခံအတည်ပြုသူ၊ မှန်ကန်ကြောင်း သက်သေခံသူ။
  • مَا بَيْنَ يَدَيْهِ (မာ ဗိုင်နာ ယဒိုင်ဟိ) — သူ့ရှေ့တွင်ရှိသောအရာများ၊ ဆိုလိုသည်မှာ ယခင်က ပွင့်တော်မူခဲ့သော ကျမ်းတော်များ။
  • خَبِيرٌ (ခဗီးရ်) — အရာခပ်သိမ်းကို သိတော်မူသောအရှင်။
  • بَصِيرٌ (ဗဆီးရ်) — အရာခပ်သိမ်းကို မြင်တော်မူသောအရှင်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို တမန်တော်မုဟမ္မဒ် (ဆွ)၊ ငါအရှင်မြတ်သည် သင့်ထံသို့ ဗျာဒိတ်ပေးအပ်တော်မူခဲ့သော ကျမ်းတော်မြတ်ကုရ်အာန်သည် အမှန်တရားဖြစ်သည်။ ယင်းကျမ်းတော်သည် မိမိအလျင်ပွင့်တော်မူခဲ့သော ကျမ်းတော်များ (တောင်ရာသ်၊ ဇဗူရ်၊ အိန်ဂျီလ်) မှန်ကန်ကြောင်းကို ထောက်ခံအတည်ပြုပေးသည်။ အကြောင်းမှာ ယင်းကျမ်းတော်များအားလုံးသည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းထံမှ ပွင့်တော်မူခဲ့ခြင်းဖြစ်ပြီး အခြေခံယုံကြည်မှုများတွင် တူညီကြသည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်များ၏ အခြေအနေအရပ်ရပ်ကို အသေးစိတ်သိတော်မူသောအရှင်၊ သူတို့၏ လုပ်ရပ်များကို မြင်တော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့ကြောင့် အရှင်မြတ်သည် လူသားတို့၏ လိုအပ်ချက်နှင့် ကာလအခြေအနေများကို အသိဆုံးဖြစ်တော်မူပြီး သင့်လျော်သည့်အချိန်တွင် သင့်လျော်သည့် ကျမ်းတော်ကို ဗျာဒိတ်ပေးအပ်တော်မူခဲ့ခြင်းဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ

  • ကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်ထံမှ ဖြစ်ကြောင်း ဧကန်မုချသိရှိရပြီး ယင်းကျမ်းတော်သည် အမှန်တရားအပေါ် အခြေခံထားကြောင်း ယုံကြည်စိတ်ချနိုင်သည်။
  • ကုရ်အာန်ကျမ်းတော်သည် ယခင်ကျမ်းတော်များကို ထောက်ခံအတည်ပြုပေးခြင်းဖြင့် ကျမ်းတော်အားလုံးသည် တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်ထံမှ ဖြစ်ကြောင်း သိရှိရသည်။
  • အလ္လာဟ်အရှင်မြတ်သည် မိမိကျ


📜 အာယာသ် 29-33 — စူရာ ဖာတီရ်

29إِنَّ الَّذِينَ يَتْلُونَ كِتَابَ اللَّهِ وَأَقَامُوا الصَّلَاةَ وَأَنفَقُوا مِمَّا رَزَقْنَاهُمْ سِرًّا وَعَلَانِيَةً يَرْجُونَ تِجَارَةً لَّن تَبُورَ
ဧကန်အမှန် အကြင်သူတို့သည် အလ္လာဟ်အရှင်မြတ်၏ ဒေသနာတော် ကျမ်းဂန်ကို ရွတ်ဖတ် သရဇ္ဈာယ်ကြကုန်၏။ ၎င်းပြင် ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြကုန်၏။ထိုမှတစ်ပါး ထိုသူတို့အား ငါအရှင်မြတ်ချီးမြှင့် ပေးသနားတော်မူခဲ့သည့် (ပစ္စည်းဥစ္စာ)များအနက်မှ လျှို့ဝှက်စွာလည်းကောင်း၊ ထင်ပေါ်စွာသော်လည်းကောင်း၊ လှူဒါန်းကြကုန်၏။ထိုသူတို့ကား အလျဉ်င်း ဆုံးရှုံးပျက်စီးမည် မဟုတ် သောရောင်းဝယ်ဖောက်ကားမှုမျိုးကို မျှော်လင့် တောင့်တလျက်ရှိကြကုန်၏။
30لِيُوَفِّيَهُمْ أُجُورَهُمْ وَيَزِيدَهُم مِّن فَضْلِهِ ۚ إِنَّهُ غَفُورٌ شَكُورٌ
နောက်ဆုံးတွင် ထိုအရှင်မြတ်သည် ၎င်းတို့အား၎င်းတို့၏အကျိုးများ ပြည့်စုံစွာ ချီးမြှင့်ပေး သနားတော်မူသည့်အပြင် မိမိကျေးဇူးတော်နှင့် ၎င်းတို့ အား ပိုမို၍ပင် ချီးမြှင့်တော်မူပေမည်။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် အလွန်တရာခွင့်လွှတ် ချမ်းသာပေးတော်မူသော၊ အလွန်တရာရက်ရောစွာကျေးဇူးတုံ့ပြန်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
31وَالَّذِي أَوْحَيْنَا إِلَيْكَ مِنَ الْكِتَابِ هُوَ الْحَقُّ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ ۗ إِنَّ اللَّهَ بِعِبَادِهِ لَخَبِيرٌ بَصِيرٌ
စင်စစ်သော်ကား အသင့်ထံ ငါအရှင်မြတ် ထုတ်ပြန်တော်မူသော (ဤ)ကျမ်းဂန်သည် လုံးဝအမှန်ဖြစ်၏။ (ထိုကျမ်းဂန်သည်) မိမိအလျင်(ကျရောက်ခဲ့ဖူးသော) ကျမ်းဂန်များကိုလည်း မှန်ကန်သည်ဟု ထောက်ခံလျက်ရှိ၏။ မုချအမှန်အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်တို့နှင့် ပတ်သက်၍အလွန်တရာ ကြားသိတော်မူသော၊ အလွန်တရာ သိမြင်တော်မူသော၊ အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
32ثُمَّ أَوْرَثْنَا الْكِتَابَ الَّذِينَ اصْطَفَيْنَا مِنْ عِبَادِنَا ۖ فَمِنْهُمْ ظَالِمٌ لِّنَفْسِهِ وَمِنْهُم مُّقْتَصِدٌ وَمِنْهُمْ سَابِقٌ بِالْخَيْرَاتِ بِإِذْنِ اللَّهِ ۚ ذَٰلِكَ هُوَ الْفَضْلُ الْكَبِيرُ
ထို့နောက် ငါအရှင်မြတ်သည် မိမိကျွန်များအနက်မှ ငါအရှင်မြတ် ရွေးချယ်တော်မူသောသူတို့အား (ဤ)ကျမ်းဂန်ကို အမွေအဖြစ် ချီးမြှင့်ပေးသနားတော်မူ၏။ သို့ရာတွင် ၎င်းတို့အနက်အချို့မှာ မိမိကိုယ်ကို မိမိရက်စက်သောသူရှိ၏။ အချို့မှာ မဇိ္ဈမဋိပဒါစနစ်ကို လိုက်နာသူရှိ၏။ အချို့မှာကား အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် ကောင်းမှုများနှင့်တကွ ရှေ့မှသွားသူရှိ၏။ ဤသည်ကား ကြီးကျယ်စွာသောကျေးဇူးတော်ပင်ဖြစ်ပေသတည်း။
33جَنَّاتُ عَدْنٍ يَدْخُلُونَهَا يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِن ذَهَبٍ وَلُؤْلُؤًا ۖ وَلِبَاسُهُمْ فِيهَا حَرِيرٌ
ထာဝစဉ် နေထိုင်ရအံ့သော ဥယျာဉ်များပင်၊၎င်းတို့သည် ယင်းဥယျာဉ်များ၌ ဝင်ရောက်ကြပေမည်။ ထိုသူတို့သည် ယင်းဥယျာဉ်များ၌ ရွှေလက်ကောက် များဖြင့်လည်းကောင်း၊ ပုလဲများဖြင့်လည်းကောင်း၊ တန်ဆာဆင်ယင်ပေးခြင်းကို ခံကြရပေမည်။ ထိုမှ တစ်ပါး ယင်းဥယျာဉ်များ၌ ၎င်းတို့၏ဝတ်စား တန်ဆာမှာ ပိုးအဝတ်အထည်ပင် ဖြစ်ပေမည်။
ဖာတီရ်ကုရ်အာန် ညွှန်းကိန်း
45အာယာသ်
MeccanRevelation
31အာယာသ်

ဘာသာပြန် — ဖာတီရ် 31

စူရာ ဖာတီရ် အာယာသ် 31 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား အသင့်ထံ ငါအရှင်မြတ် ထုတ်ပြန်တော်မူသော (ဤ)ကျမ်းဂန်သည် လုံးဝအမှန်ဖြစ်၏။ (ထိုကျမ်းဂန်သည်) မိမိအလျင်(ကျရောက်ခဲ့ဖူးသော) ကျမ်းဂန်များကိုလည်း မှန်ကန်သည်ဟု…

စူရာ အာယာသ် 31/45 — စူရာ ဖာတီရ် فاطر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖာတီရ် နားထောင်, စူရာ ဖာတီရ် ဘာသာပြန်, စူရာ ဖာတီရ် mp3, စူရာ ဖာတီရ် pdf. အာယာသ် 29–33. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers