အန်-နီဆာ · 159/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَإِن مِّنْ أَهْلِ الْكِتَابِ إِلَّا لَيُؤْمِنَنَّ بِهِ قَبْلَ مَوْتِهِ ۖ وَيَوْمَ الْقِيَامَةِ يَكُونُ عَلَيْهِمْ شَهِيدًا ۝١٥٩
Wa im min Ahlil Kitaabi illaa layu`minanna bihee qabla mawtihee wa Yawmal Qiyaamati yakoonu `alaihim shaheedaa
📖 မြန်မာဘာသာ
၎င်းပြင် ရှေးအထက်ကျမ်းဂန်ကို ရရှိသူ (ယဟူဒီ) တို့အနက် တစ်ယောက်မကျန် နဗီတမန်တော် မစီဟ်အီစာမကွယ်လွန်မီ ထိုနဗီတမန်တော် မစီဟ်အီစာအား ယုံကြည်ကြကုန်အံ့။ ထို့ပြင်တဝ ယင်းနဗီတမန်တော်အီစာသည် ‘ကိယာမတ်’ ခေါ် ရှင်ပြန်ထမည့်နေ့တွင် ယင်း (ယဟူဒီ) တို့နှင့်ပတ်သက်၍ သက်သေခံလိမ့်မည် ဖြစ်ချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အနက်အဓိပ္ပာယ်ရှင်းလင်းချက်

အဓိပ္ပာယ်ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • အဟ်လုလ်ကီတာဗ် (أهل الكتاب) — ကျမ်းတော်ပိုင်ရှင်များ၊ ဆိုလိုသည်မှာ ယဟူဒီများနှင့် ခရစ်ယာန်များ။
  • လယုအ်မီနန်နာ (لَيُؤْمِنَنَّ) — ဧကန်အမှန်ယုံကြည်ကြမည်။ အလွန်ခိုင်မာသော ကတိပြုထားသည့် အသုံးအနှုန်းဖြစ်သည်။
  • ကဗ်လ မော့်တိဟိ (قبل موته) — သူ့သေဆုံးခြင်းမတိုင်မီ။ ဤနေရာတွင် အနက်အဓိပ္ပာယ် နှစ်မျိုးရှိသည်။ (က) ကျမ်းတော်ပိုင်ရှင်၏ သေဆုံးခြင်းမတိုင်မီ၊ (ခ) တမန်တော်အီစာ (အလိုင်ဟိစ်စလာမ်)၏ သေဆုံးခြင်းမတိုင်မီ။
  • ရှဟီဒန် (شهيدًا) — သက်သေအဖြစ်။
  1. အာယသ်တော်၏ အနက်အဓိပ္ပာယ် ရှင်းလင်းချက်

ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် ကျမ်းတော်ပိုင်ရှင်များ (ယဟူဒီနှင့် ခရစ်ယာန်များ) နှင့်ပတ်သက်၍ မိန့်ကြားတော်မူခဲ့သည်။ ကျမ်းတော်ပိုင်ရှင်များထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ တမန်တော်အီစာ (အလိုင်ဟိစ်စလာမ်) ကို မယုံကြည်ဘဲ ကျန်ရစ်မည်မဟုတ်ပေ။ သူတို့သည် မိမိတို့ သေဆုံးခြင်းမတိုင်မီ တမန်တော်အီစာအား ဧကန်အမှန်ယုံကြည်ကြမည်ဖြစ်သည်။ သို့သော် သေခါနီးအချိန်တွင် မျက်မြင်တွေ့ရှိပြီးမှ ယုံကြည်ခြင်းသည် ထိုသူအတွက် အကျိုးမရှိတော့ပေ။ အချို့ပညာရှင်များက ဤနေရာတွင် တမန်တော်အီစာ (အလိုင်ဟိစ်စလာမ်) သည် ကမ္ဘာကုန်ချိန်အနီးတွင် ပြန်လည်ဆင်းသက်လာမည်ဖြစ်ပြီး ထိုအချိန်တွင် ကျမ်းတော်ပိုင်ရှင်များအားလုံး (အထူးသဖြင့် ခရစ်ယာန်များ) သူ့အား အလ္လာဟ်အရှင်မြတ်၏ ကျွန်နှင့် တမန်တော်အဖြစ် ယုံကြည်ကြမည်ဟု ဖော်ပြကြသည်။ ထို့နောက် ကိယာမသ်နေ့တွင် တမန်တော်အီစာ (အလိုင်ဟိစ်စလာမ်) သည် ထိုသူတို့အပေါ် သက်သေအဖြစ် ရပ်တည်မည်ဖြစ်သည်။ သူသည် ယဟူဒီများအား သူ့ကိုလည်းကောင်း၊ သူ့မိခင်ကိုလည်းကောင်း လိမ်လည်စွပ်စွဲခဲ့ကြသည်ကို သက်သေခံမည်။ ခရစ်ယာန်များအား သူ့ကို အလ္လာဟ်အရှင်မြတ်၏ သားတော်ဟု ခေါ်ဆိုခဲ့ကြသည်ကို သက်သေခံမည်ဖြစ်သည်။ ထို့ကြောင့် ဤအာယသ်တော်သည် တမန်တော်အီစာ (အလိုင်ဟိစ်စလာမ်)၏ အဆင့်အတန်းကို ရှင်းလင်းစွာ ဖော်ပြပြီး သူသည် အလ္လာဟ်အရှင်မြတ်၏ ကျွန်တစ်ဦးသာဖြစ်ကြောင်း၊ ကိုယ်တော်တိုင်းဖ



📜 အာယာသ် 157-161 — စူရာ အန်-နီဆာ

157وَقَوْلِهِمْ إِنَّا قَتَلْنَا الْمَسِيحَ عِيسَى ابْنَ مَرْيَمَ رَسُولَ اللَّهِ وَمَا قَتَلُوهُ وَمَا صَلَبُوهُ وَلَٰكِن شُبِّهَ لَهُمْ ۚ وَإِنَّ الَّذِينَ اخْتَلَفُوا فِيهِ لَفِي شَكٍّ مِّنْهُ ۚ مَا لَهُم بِهِ مِنْ عِلْمٍ إِلَّا اتِّبَاعَ الظَّنِّ ۚ وَمَا قَتَلُوهُ يَقِينًا
ထိုမှတပါးတုံ ယင်းသူတို့က ဧကန်စင်စစ် “ကျွန်ုပ်တို့သည် မရ်ယမ်၏သား အလ္လာဟ်အရှင်မြတ်၏‘ရစူလ်’ တမန်တော် ‘မစီဟ် အီစာ’ ကို သတ်ဖြတ်ခဲ့ကြကုန်သည်” ဟု ပြောဆိုခြင်းကြောင့် (ငါအရှင်မြတ်သည် ထိုသူတို့ကို ပြစ်ဒဏ်အမျိုးမျိုး ခတ်တော်မူခဲ့၏။) အမှန်စင်စစ်သော်ကား ယင်းသူတို့သည် ထို�ဗီတမန်တော်အီစာကို သတ်ဖြတ်နိုင်ခဲ့ကြသည်လည်းမဟုတ်ပေ။ လက်ဝါးကပ်တိုင် တင်နိုင်ခဲ့ကြသည်လည်းမဟုတ်ချေ။ အမှန်မှာကား ၎င်းတို့အဖို့မှာ (လက်ဝါးကပ်တိုင်အတင်ခံရသောသူ၏ အဆင်းသဏ္ဍာန်သည်) ဆင်တူယိုးမှားဖြစ်စေခြင်း ခံရခဲ့လေသည်။ ၎င်းပြင် ဧကန်စင်စစ် ထိုနဗီတမန်တော်အီစာနှင့်ပတ်သက်၍ ကွဲလွဲငြင်းခုံကြကုန်သောသူတို့ကား ယင်းနဗီတမန်တော်အီစာနှင့်ပတ်သက်၍ ဒွိဟသံသယ၌သာ (နစ်မွန်းလျက်) ရှိနေကြသည်မှာ မလွဲဧကန်တည်း။ ၎င်းတို့၌ ထိုနဗီတမန်တော်အီစာနှင့်ပတ်သက်၍ (မိမိတို့၏ မဟုတ်မမှန်သော) ထင်မြင်ယူဆချက်ကို လိုက်နာခြင်းမှတစ်ပါး (တိကျမှန်ကန်သော) အသိတရားဟူ၍ အလျင်းမရှိချေ။ စင်စစ်သော်ကား ယင်းသူတို့သည် ထိုနဗီတမန်တော်အီစာအား အမှန်စင်စစ် သတ်ဖြတ်နိုင်ခဲ့ကြသည်မဟုတ်ပေ။
158بَل رَّفَعَهُ اللَّهُ إِلَيْهِ ۚ وَكَانَ اللَّهُ عَزِيزًا حَكِيمًا
ထိုသို့အလျင်းမဟုတ်ပေ။ စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် ထိုနဗီတမန်တော်အီစာအား မိမိအထံတော်သို့ ပင့်ချီမယူတော်မူခဲ့လေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်အင်အား ကြီးမားတော်မူသောအရှင်၊ ဉာဏ်ပညာနှင့် အလွန်ပြည့်စုံတော် မူသောအရှင်၊ ဖြစ်တော်မူ၏။
159وَإِن مِّنْ أَهْلِ الْكِتَابِ إِلَّا لَيُؤْمِنَنَّ بِهِ قَبْلَ مَوْتِهِ ۖ وَيَوْمَ الْقِيَامَةِ يَكُونُ عَلَيْهِمْ شَهِيدًا
၎င်းပြင် ရှေးအထက်ကျမ်းဂန်ကို ရရှိသူ (ယဟူဒီ) တို့အနက် တစ်ယောက်မကျန် နဗီတမန်တော် မစီဟ်အီစာမကွယ်လွန်မီ ထိုနဗီတမန်တော် မစီဟ်အီစာအား ယုံကြည်ကြကုန်အံ့။ ထို့ပြင်တဝ ယင်းနဗီတမန်တော်အီစာသည် ‘ကိယာမတ်’ ခေါ် ရှင်ပြန်ထမည့်နေ့တွင် ယင်း (ယဟူဒီ) တို့နှင့်ပတ်သက်၍ သက်သေခံလိမ့်မည် ဖြစ်ချေသတည်း။
160فَبِظُلْمٍ مِّنَ الَّذِينَ هَادُوا حَرَّمْنَا عَلَيْهِمْ طَيِّبَاتٍ أُحِلَّتْ لَهُمْ وَبِصَدِّهِمْ عَن سَبِيلِ اللَّهِ كَثِيرًا
တစ်ဖန် ယဟူဒီတို့၏ (ယင်းကဲ့သို့သော) ကျူးကျော်မှုကြောင့်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ (လူတို့အား) များစွာ ပိတ်ပင်တားဆီးမှုကြောင့်လည်းကောင်း၊ ငါအရှင်မြတ်သည် ၎င်းတို့အဖို့ (ယခင်မူလက) ခွင့်ပြုထားသော သန့်စင်ကောင်းမွန်သောအရာများကို ၎င်းတို့အပေါ်၌ ‘ဟရာမ်’ ဟူ၍ တားမြစ်တော်မူခဲ့လေသည်။
161وَأَخْذِهِمُ الرِّبَا وَقَدْ نُهُوا عَنْهُ وَأَكْلِهِمْ أَمْوَالَ النَّاسِ بِالْبَاطِلِ ۚ وَأَعْتَدْنَا لِلْكَافِرِينَ مِنْهُمْ عَذَابًا أَلِيمًا
ထို့ပြင်တဝ ထိုသူတို့၏ အတိုးအညွန့်ကို ယူငင် (စားသုံး) မှုကြောင့်လည်းကောင်း၊ အမှန်မှာ ထိုသူတို့သည် ထို (သို့ အတိုးအညွန့်စားသုံးခြင်း) မှ မြစ်တားခြင်းခံခဲ့ကြရပေပြီ။ သူတစ်ပါးတို့၏ ဥစ္စာပစ္စည်းများကို မတရားသောနည်းဖြင့် စားသုံးမှုကြောင့်လည်းကောင်း၊ (ငါအရှင်မြတ်သည် ထိုသူတို့အဖို့ ကောင်းမွန်သောအရာများကို မြစ်တားတော်မူခဲ့လေသည်။) ထိုမှတစ်ပါးတုံ ငါအရှင်မြတ်သည် ထိုသူတို့အနက်မှ သွေဖည်ငြင်းပယ်သောသူတို့အဖို့ အလွန်ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်ကိုလည်း အဆင်သင့် ပြုလုပ်ထားရှိတော်မူပြီး ဖြစ်ပေသတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
159အာယာသ်

ဘာသာပြန် — အန်-နီဆာ 159

စူရာ အန်-နီဆာ အာယာသ် 159 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ရှေးအထက်ကျမ်းဂန်ကို ရရှိသူ (ယဟူဒီ) တို့အနက် တစ်ယောက်မကျန် နဗီတမန်တော် မစီဟ်အီစာမကွယ်လွန်မီ ထိုနဗီတမန်တော် မစီဟ်အီစာအား…

စူရာ အာယာသ် 159/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 157–161. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers