وَمَاذَا عَلَيْهِمْ لَوْ آمَنُوا بِاللَّهِ وَالْيَوْمِ الْآخِرِ وَأَنفَقُوا مِمَّا رَزَقَهُمُ اللَّهُ ۚ وَكَانَ اللَّهُ بِهِمْ عَلِيمًا ٣٩
🔤 Transliteration
Wa maazaa `alaihim law aamanoo billaahi wal Yawmil Aakhiri wa anfaqoo mimmaa razaqahumul laah; wa kaanallaahu bihim Aaleemaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် အကယ်၍သာ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်ခဲ့ကြပါလျှင် ထိုနည်းတူစွာ ၎င်းတို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူခဲ့သော ဥစ္စာပစ္စည်းများကို (ထိုအရှင်မြတ်၏နှစ်သက်မှုကို ရယူခြင်းငှါ) လှူဒါန်းသုံးစွဲခဲ့ကြပါလျှင် ထိုသူတို့မှာ အဘယ်ကဲ့သို့ နင့်နာသွားရမည်နည်း။ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ (၏ အခြေအနေဖြစ်အင်တို့ကို) ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🌐 Additional reference in ภาษาไทย
စကားလုံးအဓိပ္ပာယ်များ ဝမာဇာ (وَمَاذَا ): "မည်သည့်အရာ" ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် ကဲ့ရဲ့တိုက်တွန်းသော မေးခွန်းအဖြစ် သုံးထားသည်။ အလိုင်ဟင်မ် (عَلَيْهِمْ ): "သူတို့အပေါ်၌" ဟု အဓိပ္ပာယ်ရသည်။ လောင်း (لَوْ ): "အကယ်၍" ဟု အဓိပ္ပာယ်ရသော စည်းကမ်းပြစကားလုံးဖြစ်သည်။ အာမနူ (آمَنُوا ): "သူတို့ယုံကြည်ခဲ့ကြလျှင်" ဟု အဓိပ္ပာယ်ရသည်။ အန်ဖကူ (أَنفَقُوا ): "သူတို့သုံးစွဲလှူဒါန်းခဲ့ကြလျှင်" ဟု အဓိပ္ပာယ်ရသည်။ ရဇကဟုမုလ္လာဟ် (رَزَقَهُمُ اللَّهُ ): "အလ္လာဟ်အရှင်မြတ် သူတို့အား ချီးမြှင့်ပေးအပ်တော်မူသော" ဟု အဓိပ္ပာယ်ရသည်။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်အား ယုံကြည်ခြင်းနှင့် နောက်ဆုံးနေ့ကို ယုံကြည်ခြင်း၊ ထို့အပြင် အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးအပ်တော်မူသော ဥစ္စာပစ္စည်းများမှ လှူဒါန်းသုံးစွဲခြင်းတို့သည် လူသားတို့အတွက် မည်သည့်ဆုံးရှုံးမှုမျှ မဖြစ်စေကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။
အကယ်၍ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်ကို စိတ်ရင်းမှန်ဖြင့် ယုံကြည်ကြပြီး၊ ကိယာမသ်နေ့ကိုလည်း ယုံကြည်ကြပြီး၊ အလ္လာဟ်အရှင်မြတ် ပေးအပ်တော်မူသော ဥစ္စာပစ္စည်းများကို အရှင်မြတ် နှစ်သက်တော်မူသော လမ်းစဉ်များတွင် လှူဒါန်းသုံးစွဲကြမည်ဆိုလျှင် သူတို့အတွက် မည်သည့်ဆိုးကျိုးမျှ ရှိမည်နည်း။ အမှန်စင်စစ် ထိုသို့ပြုလုပ်ခြင်းတွင် အကျိုးကျေးဇူးအားလုံး ပါဝင်နေပေသည်။
ထို့အပြင် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ အခြေအနေအရပ်ရပ်ကို အလွန်သိတော်မူသောအရှင်ဖြစ်တော်မူသည်။ သူတို့၏ လျှို့ဝှက်ထားသော အရာများကိုပါ ကောင်းစွာသိတော်မူပြီး၊ သူတို့၏ လုပ်ရပ်တိုင်းအတွက် အစားပေးတော်မူမည်ဖြစ်သည်။ ဤအချက်သည် သတိပေးချက်တစ်ရပ်လည်းဖြစ်သည်။
ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ အီမာန်ယုံကြည်မှုနှင့် လှူဒါန်းသုံးစွဲမှုသည် လူသားအတွက် ဆုံးရှုံးမှုမဟုတ်ဘဲ အကျိုးကျေးဇူးသာဖြစ်ကြောင်း သိရှိစေသည်။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့၏ လုပ်ရပ်တိုင်းကို အသေးစိတ်သိတော်မူသောကြောင့် ကောင်းမှုပြုရန် စိတ်အားထက်သန်မှု တိုးပွားစေသည်။ ဤအာယသ
وَمَاذَا عَلَيۡهِمۡ لَوۡ ءَامَنُواْ بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِ وَأَنفَقُواْ مِمَّا رَزَقَهُمُ ٱللَّهُۚ وَكَانَ ٱللَّهُ بِهِمۡ عَلِيمًا ٣٩
၎င်းပြင် အကယ်၍သာ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်ခဲ့ကြပါလျှင် ထိုနည်းတူစွာ ၎င်းတို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူခဲ့သော ဥစ္စာပစ္စည်းများကို (ထိုအရှင်မြတ်၏နှစ်သက်မှုကို ရယူခြင်းငှါ) လှူဒါန်းသုံးစွဲခဲ့ကြပါလျှင် ထိုသူတို့မှာ အဘယ်ကဲ့သို့ နင့်နာသွားရမည်နည်း။ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ (၏ အခြေအနေဖြစ်အင်တို့ကို) ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 37-41 — စူရာ အန်-နီဆာ
37 الَّذِينَ يَبْخَلُونَ وَيَأْمُرُونَ النَّاسَ بِالْبُخْلِ وَيَكْتُمُونَ مَا آتَاهُمُ اللَّهُ مِن فَضْلِهِ ۗ وَأَعْتَدْنَا لِلْكَافِرِينَ عَذَابًا مُّهِينًا
အကြင်သူတို့သည် မိမိတို့ကိုယ်တိုင်လည်း စေးနဲကြကုန်၏။ သူတစ်ပါးတို့အားလည်း စေးနဲကြစေရန် ညွှန်ကြားကြ၏။ ထိုမျှသာမကသေး ယင်းသူတို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်က မိမိကျေးဇူးတော်နှင့် ပေးသနားတော်မူခဲ့သော အရာများကိုလည်း (လှူဒါန်းသုံးစွဲခြင်းမပြုဘဲ) လျှို့ဝှက်ထိမ်ချန်၍ ထားရှိကြ၏။ အမှန်စင်စစ် ငါအရှင်မြတ်သည် ကျေးဇူးကန်းသောသူတို့အဖို့ ဂုဏ်အသရေ ပျက်စီးစေသော အပြစ်ဒဏ်ကို အသင့် ပြင်ဆင်ထားရှိတော်မူသည်။
38 وَالَّذِينَ يُنفِقُونَ أَمْوَالَهُمْ رِئَاءَ النَّاسِ وَلَا يُؤْمِنُونَ بِاللَّهِ وَلَا بِالْيَوْمِ الْآخِرِ ۗ وَمَن يَكُنِ الشَّيْطَانُ لَهُ قَرِينًا فَسَاءَ قَرِينًا
၎င်းပြင် အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများကို လူအများတို့အား ပြစားရန်အလို့ငှာ လှူဒါန်းသုံးစွဲကြကုန်၏။ သို့ရာတွင်မူကား ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်ကြသည်မဟုတ်ပေ။ အမှန်စင်စစ် မည်သူမဆို ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ထိုသူ၏ အပေါင်းအဖေါ်ဖြစ်ခဲ့ပါမူ (ထို ရှိုင်တွာန်သည်) အလွန်ဆိုးရွားလှသော အပေါင်းအဖေါ်ပင် ဖြစ်ချေသတည်း။
39 وَمَاذَا عَلَيْهِمْ لَوْ آمَنُوا بِاللَّهِ وَالْيَوْمِ الْآخِرِ وَأَنفَقُوا مِمَّا رَزَقَهُمُ اللَّهُ ۚ وَكَانَ اللَّهُ بِهِمْ عَلِيمًا
၎င်းပြင် အကယ်၍သာ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်ခဲ့ကြပါလျှင် ထိုနည်းတူစွာ ၎င်းတို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူခဲ့သော ဥစ္စာပစ္စည်းများကို (ထိုအရှင်မြတ်၏နှစ်သက်မှုကို ရယူခြင်းငှါ) လှူဒါန်းသုံးစွဲခဲ့ကြပါလျှင် ထိုသူတို့မှာ အဘယ်ကဲ့သို့ နင့်နာသွားရမည်နည်း။ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ (၏ အခြေအနေဖြစ်အင်တို့ကို) ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
40 إِنَّ اللَّهَ لَا يَظْلِمُ مِثْقَالَ ذَرَّةٍ ۖ وَإِن تَكُ حَسَنَةً يُضَاعِفْهَا وَيُؤْتِ مِن لَّدُنْهُ أَجْرًا عَظِيمًا
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အကျိုးပေးတော်မူရာတွင်) မြူမှုန့်ခန့်ပင် မတော်မတရား ပြုတော်မမည်မဟုတ်ပေ။ စင်စစ် အကယ်၍ ကောင်းမှုတစ်ရပ်ဖြစ်ခဲ့ပါလျှင်၊ ထိုအရှင်မြတ်သည် ယင်းကောင်းမှုကို ဆထက်ထမ်းပိုး တိုးပွားစေတော်မူအံ့၊ ကုသိုလ်အကျိုး ပေးသနားတော်မူအံ့။ ၎င်းပြင် မိမိအထံတော်မှ အလွန်ကြီးကျယ်သော အကျိုးဆုလာဘ်ကိုလည်း ခြီးမြှင့်ပေးသနားတော်မူအံ့။
41 فَكَيْفَ إِذَا جِئْنَا مِن كُلِّ أُمَّةٍ بِشَهِيدٍ وَجِئْنَا بِكَ عَلَىٰ هَٰؤُلَاءِ شَهِيدًا
တစ်ဖန် ငါအရှင်မြတ်သည် (‘က�ယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်) သာသနာဝင်အသီးသီးတို့မှ သက်သေ တစ်ဦးကျစီခေါ်ယူတော်မူအံ့။ ၎င်းပြင် ငါအရှင်မြတ်သည် အသင် (မုဟမ္မဒ်) အားလည်း ထိုသူတို့အတွက် သက်သေအဖြစ် ခေါ်ယူတော်မူအံ့။ ထိုအခါ (‘ကာဖိရ်’ သွေဖည်ငြင်းဆန်သောသူတို့၏အဖြစ်သည်) မည်ကဲ့သို့ ဖြစ်ပေမည်နည်း။
ဘာသာပြန် — အန်-နီဆာ 39 စူရာ အန်-နီဆာ အာယာသ် 39 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အကယ်၍သာ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်ခဲ့ကြပါလျှင် ထိုနည်းတူစွာ ၎င်းတို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က…
စူရာ အာယာသ် 39/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 37–41. မြန်မာဘာသာ: ภาษาไทย.