အန်-နီဆာ · 38/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَالَّذِينَ يُنفِقُونَ أَمْوَالَهُمْ رِئَاءَ النَّاسِ وَلَا يُؤْمِنُونَ بِاللَّهِ وَلَا بِالْيَوْمِ الْآخِرِ ۗ وَمَن يَكُنِ الشَّيْطَانُ لَهُ قَرِينًا فَسَاءَ قَرِينًا ۝٣٨
Wallazeena yunfiqoona amwaalahum ri`aaa`an naasi wa laa yu`minoona billaahi wa laa bil Yawmil Aakhir; wa mai yakunish shaitaanu lahoo qareenan fasaaa`a qareenaa
📖 မြန်မာဘာသာ
၎င်းပြင် အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများကို လူအများတို့အား ပြစားရန်အလို့ငှာ လှူဒါန်းသုံးစွဲကြကုန်၏။ သို့ရာတွင်မူကား ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်ကြသည်မဟုတ်ပေ။ အမှန်စင်စစ် မည်သူမဆို ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ထိုသူ၏ အပေါင်းအဖေါ်ဖြစ်ခဲ့ပါမူ (ထို ရှိုင်တွာန်သည်) အလွန်ဆိုးရွားလှသော အပေါင်းအဖေါ်ပင် ဖြစ်ချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 36-40 — စူရာ အန်-နီဆာ

36۞ وَاعْبُدُوا اللَّهَ وَلَا تُشْرِكُوا بِهِ شَيْئًا ۖ وَبِالْوَالِدَيْنِ إِحْسَانًا وَبِذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَالْجَارِ ذِي الْقُرْبَىٰ وَالْجَارِ الْجُنُبِ وَالصَّاحِبِ بِالْجَنبِ وَابْنِ السَّبِيلِ وَمَا مَلَكَتْ أَيْمَانُكُمْ ۗ إِنَّ اللَّهَ لَا يُحِبُّ مَن كَانَ مُخْتَالًا فَخُورًا
ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ် ဆည်းကပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မည်သည့်တစ်စုံတစ်ရာကိုမျှ ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ခြင်းကို မပြုကြကုန်လင့်။ ထိုမှတစ်ပါးတုံ အသင်တို့သည် အမိအဘနှစ်ပါးတို့နှင့်လည်းကောင်း၊ ဆွေမျိုးနီးစပ်တို့နှင့်လည်းကောင်း၊ ဖမဲ့ကလေးတို့နှင့်လည်းကောင်း၊ အထီးကျန် သူဆင်းရဲတို့နှင့်လည်းကောင်း၊ (အိမ်ချင်း) နီးကပ်သော (တစ်နည်း) ဆွေမျိုးတော်စပ်သော အိမ်နီးချင်းတို့နှင့်လည်းကောင်း၊ (အိမ်ချင်း) ဝေးလံသော (တစ်နည်း) ဆွေမျိုးတော်စပ်ခြင်းမရှိသော အိမ်နီးချင်းတို့နှင့်လည်းကောင်း၊ (မိမိတို့နှင့်အတူ နေထိုင် သွားလာကြကုန်သော) အပေါင်းအဖေါ်တို့နှင့်လည်းကောင်း၊ ခရီးသည်တို့နှင့်လည်းကောင်း၊ မိမိတို့၏လက်အောက်ဖြစ်သော (ဝါ) မိမိတို့ပိုင်ဆိုင်သော ကြေးကျွန်တို့နှင့်လည်းကောင်း၊ ကောင်းစွာ ဆက်ဆံ ပြုစုကြလေကုန်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မာနထောင်လွှားသောသူ၊ ဝါကြွားပြောဆိုသောသူကို နှစ်သက်တော်မူသည်မဟုတ်ပေ။
37الَّذِينَ يَبْخَلُونَ وَيَأْمُرُونَ النَّاسَ بِالْبُخْلِ وَيَكْتُمُونَ مَا آتَاهُمُ اللَّهُ مِن فَضْلِهِ ۗ وَأَعْتَدْنَا لِلْكَافِرِينَ عَذَابًا مُّهِينًا
အကြင်သူတို့သည် မိမိတို့ကိုယ်တိုင်လည်း စေးနဲကြကုန်၏။ သူတစ်ပါးတို့အားလည်း စေးနဲကြစေရန် ညွှန်ကြားကြ၏။ ထိုမျှသာမကသေး ယင်းသူတို့သည် ၎င်းတို့အား အလ္လာဟ်အရှင်မြတ်က မိမိကျေးဇူးတော်နှင့် ပေးသနားတော်မူခဲ့သော အရာများကိုလည်း (လှူဒါန်းသုံးစွဲခြင်းမပြုဘဲ) လျှို့ဝှက်ထိမ်ချန်၍ ထားရှိကြ၏။ အမှန်စင်စစ် ငါအရှင်မြတ်သည် ကျေးဇူးကန်းသောသူတို့အဖို့ ဂုဏ်အသရေ ပျက်စီးစေသော အပြစ်ဒဏ်ကို အသင့် ပြင်ဆင်ထားရှိတော်မူသည်။
38وَالَّذِينَ يُنفِقُونَ أَمْوَالَهُمْ رِئَاءَ النَّاسِ وَلَا يُؤْمِنُونَ بِاللَّهِ وَلَا بِالْيَوْمِ الْآخِرِ ۗ وَمَن يَكُنِ الشَّيْطَانُ لَهُ قَرِينًا فَسَاءَ قَرِينًا
၎င်းပြင် အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများကို လူအများတို့အား ပြစားရန်အလို့ငှာ လှူဒါန်းသုံးစွဲကြကုန်၏။ သို့ရာတွင်မူကား ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း၊ ယုံကြည်ကြသည်မဟုတ်ပေ။ အမှန်စင်စစ် မည်သူမဆို ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ထိုသူ၏ အပေါင်းအဖေါ်ဖြစ်ခဲ့ပါမူ (ထို ရှိုင်တွာန်သည်) အလွန်ဆိုးရွားလှသော အပေါင်းအဖေါ်ပင် ဖြစ်ချေသတည်း။
39وَمَاذَا عَلَيْهِمْ لَوْ آمَنُوا بِاللَّهِ وَالْيَوْمِ الْآخِرِ وَأَنفَقُوا مِمَّا رَزَقَهُمُ اللَّهُ ۚ وَكَانَ اللَّهُ بِهِمْ عَلِيمًا
၎င်းပြင် အကယ်၍သာ ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ နောက်ဆုံးနေ့ကိုလည်းကောင်း ယုံကြည်ခဲ့ကြပါလျှင် ထိုနည်းတူစွာ ၎င်းတို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်က ပေးသနားတော်မူခဲ့သော ဥစ္စာပစ္စည်းများကို (ထိုအရှင်မြတ်၏နှစ်သက်မှုကို ရယူခြင်းငှါ) လှူဒါန်းသုံးစွဲခဲ့ကြပါလျှင် ထိုသူတို့မှာ အဘယ်ကဲ့သို့ နင့်နာသွားရမည်နည်း။ စင်စစ်အားဖြင့် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ (၏ အခြေအနေဖြစ်အင်တို့ကို) ကောင်းစွာသိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
40إِنَّ اللَّهَ لَا يَظْلِمُ مِثْقَالَ ذَرَّةٍ ۖ وَإِن تَكُ حَسَنَةً يُضَاعِفْهَا وَيُؤْتِ مِن لَّدُنْهُ أَجْرًا عَظِيمًا
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အကျိုးပေးတော်မူရာတွင်) မြူမှုန့်ခန့်ပင် မတော်မတရား ပြုတော်မမည်မဟုတ်ပေ။ စင်စစ် အကယ်၍ ကောင်းမှုတစ်ရပ်ဖြစ်ခဲ့ပါလျှင်၊ ထိုအရှင်မြတ်သည် ယင်းကောင်းမှုကို ဆထက်ထမ်းပိုး တိုးပွားစေတော်မူအံ့၊ ကုသိုလ်အကျိုး ပေးသနားတော်မူအံ့။ ၎င်းပြင် မိမိအထံတော်မှ အလွန်ကြီးကျယ်သော အကျိုးဆုလာဘ်ကိုလည်း ခြီးမြှင့်ပေးသနားတော်မူအံ့။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
38အာယာသ်

ဘာသာပြန် — အန်-နီဆာ 38

စူရာ အန်-နီဆာ အာယာသ် 38 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အကြင်သူတို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများကို လူအများတို့အား ပြစားရန်အလို့ငှာ လှူဒါန်းသုံးစွဲကြကုန်၏။ သို့ရာတွင်မူကား ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊…

စူရာ အာယာသ် 38/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 36–40. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers