အန်-နီဆာ · 55/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
فَمِنْهُم مَّنْ آمَنَ بِهِ وَمِنْهُم مَّن صَدَّ عَنْهُ ۚ وَكَفَىٰ بِجَهَنَّمَ سَعِيرًا ۝٥٥
Faminhum man aamana bihee wa minhum man sadda `anh; wa kafaa bi Jahannama sa`eeraa
📖 မြန်မာဘာသာ
သို့တစေလည်း ယင်း (နဗီတမန်တော်၏အဆက်အနွယ်) တို့အနက် အချို့သူတို့သည် ထို (ကျမ်းဂန်နှင့် ဉာဏ်ပညာ စသည်တို့) ကို ယုံကြည်ခဲ့ကြလေ၏။ သို့ရာတွင် ��င်းတို့အနက် အချို့သူတို့မှာမူကား ထို (ကျမ်းဂန်နှင့် ဉာဏ်ပညာ စသည်တို့ကိုယုံကြည်ခြင်း) မှ သွေရှောင်ခဲ့ကြလေ၏။ အမှန်သော်ကား (ယင်းကဲ့သို့သူတို့အဖို့) အလျှံပြောင်ပြောင်တောက်လောင်သော ‘ဂျဟန္နမ်’ ငရဲဘုံသည်ပင် ပြစ်ဒဏ်အဖြစ် လုံလောက်ပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 53-57 — စူရာ အန်-နီဆာ

53أَمْ لَهُمْ نَصِيبٌ مِّنَ الْمُلْكِ فَإِذًا لَّا يُؤْتُونَ النَّاسَ نَقِيرًا
သို့တည်းမဟုတ်၊ ၎င်း (ယဟူဒီ) တို့၌ တစ်စိတ်တဒေသမျှ ဩဇာအာဏာသည် ရှိလေသလော။ သို့ ရှိခဲ့ပါလျှင် (မိမိတို့ရရှိထားသော ဩဇာအာဏာများအနက်မှ) နှမ်းစေ့ခန့်မျှပင်၊ သူတစ်ပါးတို့အား ပေးကြလိမ့်မည်မဟုတ်ပေ။
54أَمْ يَحْسُدُونَ النَّاسَ عَلَىٰ مَا آتَاهُمُ اللَّهُ مِن فَضْلِهِ ۖ فَقَدْ آتَيْنَا آلَ إِبْرَاهِيمَ الْكِتَابَ وَالْحِكْمَةَ وَآتَيْنَاهُم مُّلْكًا عَظِيمًا
သို့တည်းမဟုတ်၊ ၎င်း (ယဟူဒီတို့သည် အလ္လာဟ်အရှင်မြတ်က မိမိကျေးဇူးတော်အနက်မှ အခြားသူတို့အား ချီးမြှင့်ပေးသနားတော်မူသော အရာများနှင့်စပ်လျဉ်း၍ မနာလိုကြလေသလော။ သို့ဖြစ်လျှင် ငါအရှင်မြတ်သည် (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၏ အဆက်အနွယ်အား ကျမ်းဂန်ကိုလည်းကောင်း၊ ဉာဏ်ပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့သည့်အပြင်၊ ငါအရှင်မြတ်သည် ၎င်းတို့အား ကြီးကျယ်လှစွာသော (အုပ်ချုပ်မှု) ဩဇာအာဏာကိုလည်း ချီးမြှင့်ပေးသနားတော်မူခဲ့လေသတည်း။
55فَمِنْهُم مَّنْ آمَنَ بِهِ وَمِنْهُم مَّن صَدَّ عَنْهُ ۚ وَكَفَىٰ بِجَهَنَّمَ سَعِيرًا
သို့တစေလည်း ယင်း (နဗီတမန်တော်၏အဆက်အနွယ်) တို့အနက် အချို့သူတို့သည် ထို (ကျမ်းဂန်နှင့် ဉာဏ်ပညာ စသည်တို့) ကို ယုံကြည်ခဲ့ကြလေ၏။ သို့ရာတွင် ��င်းတို့အနက် အချို့သူတို့မှာမူကား ထို (ကျမ်းဂန်နှင့် ဉာဏ်ပညာ စသည်တို့ကိုယုံကြည်ခြင်း) မှ သွေရှောင်ခဲ့ကြလေ၏။ အမှန်သော်ကား (ယင်းကဲ့သို့သူတို့အဖို့) အလျှံပြောင်ပြောင်တောက်လောင်သော ‘ဂျဟန္နမ်’ ငရဲဘုံသည်ပင် ပြစ်ဒဏ်အဖြစ် လုံလောက်ပေသည်။
56إِنَّ الَّذِينَ كَفَرُوا بِآيَاتِنَا سَوْفَ نُصْلِيهِمْ نَارًا كُلَّمَا نَضِجَتْ جُلُودُهُم بَدَّلْنَاهُمْ جُلُودًا غَيْرَهَا لِيَذُوقُوا الْعَذَابَ ۗ إِنَّ اللَّهَ كَانَ عَزِيزًا حَكِيمًا
စင်စစ်ဧကန် အကြင်သူတို့သည် ငါအရှင် မြတ်၏ သက်သေလက္ခဏာတော်များကို မယုံမကြည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် ထိုသူတို့အား မကြာမြင့်မီ (ငရဲ) မီးထဲသို့ ထည့်သွင်းတော်မူအံ့။ ထိုသူတို့၏အရေပြားသည် ကျွမ်းလောင်၍သွားတိုင်း၊ ထိုသူတို့သည် ပြစ်ဒဏ် (၏ အရသာ) ကို (အမြဲမပြတ်) မြည်းစမ်းကြရန် ငါအရှင်မြတ်သည် ၎င်းတို့အား (ကျွမ်းလောင်ခဲ့သော) ထိုအရေပြား၏အစား အခြား (အသစ်ဖြစ်သော) အရေပြားကို လဲလှယ်၍ပေးတော်မူအံ့။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းတို့ကို) နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ ကျိုးကြောင်းဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
57وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ سَنُدْخِلُهُمْ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا أَبَدًا ۖ لَّهُمْ فِيهَا أَزْوَاجٌ مُّطَهَّرَةٌ ۖ وَنُدْخِلُهُمْ ظِلًّا ظَلِيلًا
သို့ရာတွင်မူ အကြင်သူတို့သည် ‘အီမာန်’ ယုံကြည်ခြင်းသဒ္ခါတရား ထားရှိကြ၏။ ၎င်းပြင် ကောင်းမြတ်သောအကျင့်သီလများကိုလည်း ဆောက်တည်စောင့်ထိန်းကြ၏။ ထိုသူတို့အား ငါအရှင်မြတ်သည် မကြာမြင့်မီ အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော်မူအံ့။ ထိုဥယျာဉ်များ၏အောက်၌ စမ်းရေချောင်းများ စီးဆင်းလျက်ရှိမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ အမြဲထာဝစဉ် နေထိုင်စံမြန်းကြရမည်။ ၎င်းဥယျာဉ်များတွင် ထိုသူတို့အဖို့ သန့်ရှင်းစင်ကြယ်သောဇနီးမိန်းမများလည်းရှိကြမည်။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုသူတို့အား အလွန် ထူထပ်ချမ်းမြေ့သာယာသော အရိပ်အာဝါသအောက်သို့ ဝင်ရောက်စေတော်မူအံ့။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
55အာယာသ်

ဘာသာပြန် — အန်-နီဆာ 55

စူရာ အန်-နီဆာ အာယာသ် 55 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့တစေလည်း ယင်း (နဗီတမန်တော်၏အဆက်အနွယ်) တို့အနက် အချို့သူတို့သည် ထို (ကျမ်းဂန်နှင့် ဉာဏ်ပညာ စသည်တို့) ကို…

စူရာ အာယာသ် 55/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 53–57. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers