ဂါဖီရ် · 84/85
ဘာသာပြန် အသံနိုင်ငံ — စူရာ ဂါဖီရ်
فَلَمَّا رَأَوْا بَأْسَنَا قَالُوا آمَنَّا بِاللَّهِ وَحْدَهُ وَكَفَرْنَا بِمَا كُنَّا بِهِ مُشْرِكِينَ ۝٨٤
Falammaa ra aw baasanaa qaalooo aamannaa billaahi wahdahoo wa kafarnaa bimaa kunnaa bihee mushrikeen
📖 မြန်မာဘာသာ
ထို့နောက် ၎င်းတို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်ကို မြင်ခဲ့ကြသောအခါ "ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ သက်ဝင်ယုံကြည်ပါပြီ၊ ၎င်းပြင် ကျွန်တော်မျိုးတို့သည် မိမိတို့ ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်လျက် ရှိခဲ့ကြသည်တို့ကို ငြင်းပယ်ကြပါပြီ" ဟု ပြောဆိုခဲ့ကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 82-85 — စူရာ ဂါဖီရ်

82أَفَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِن قَبْلِهِمْ ۚ كَانُوا أَكْثَرَ مِنْهُمْ وَأَشَدَّ قُوَّةً وَآثَارًا فِي الْأَرْضِ فَمَا أَغْنَىٰ عَنْهُم مَّا كَانُوا يَكْسِبُونَ
သို့ဖြစ်ပေရာ (၎င်းတို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာခြင်း မပြုခဲ့ကြလေသလော။ သို့ပြုခဲ့ကြလျှင် ၎င်းတို့သည် မိမိတို့အလျင်ရှိခဲ့ဘူးကြ သောသူတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံ ရှိခဲ့သည်ကို တွေ့မြင်ကြပေမည်။ ထိုရှေးသူဟောင်းတို့သည် ထိုသူတို့ထက်ပင် လူဦးရေများခဲ့ကြသည့်ပြင် သူရသတ္တိ၊ ခွန်အားဗလ အားဖြင့်လည်းကောင်း၊ ပထဝီမြေဝယ်ချန်ရစ်ခဲ့သော ခြေရာလက်ရာများအားဖြင့်လည်းကောင်း၊ ပိုမိုထူးကဲသူများ ဖြစ်ခဲ့ကြကုန်၏။ သို့တစေလည်း ၎င်းတို့အဖို့ ၎င်းတို့ ဆည်းပူးခဲ့ကြသည်တို့သည် အသုံးမဝင် အကျိုးပေးသည် မဟုတ်ပေ။)
83فَلَمَّا جَاءَتْهُمْ رُسُلُهُم بِالْبَيِّنَاتِ فَرِحُوا بِمَا عِندَهُم مِّنَ الْعِلْمِ وَحَاقَ بِهِم مَّا كَانُوا بِهِ يَسْتَهْزِئُونَ
စင်စစ်သော်ကား ၎င်းတို့၏ရစူလ်တမန်တော်များ ၎င်းတို့ထံ ထင်ရှားစွာသော သက်သေလက္ခဏာတော်များကို ယူဆောင်၍လာခဲ့ကြသောအခါ ၎င်းတို့သည် မိမိတို့ထံရှိလေသော (လောကီ)ပညာနှင့်စပ်လျဉ်း၍ မြူးတူးရွှင်ပျော်၊ မော်ကြွားခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့သည် ပျက်ချော် ပြောင်လှောင်လျက်ရှိခဲ့ကြသော (ပြစ်ဒဏ်)မှာ ၎င်းတို့အား ဝန်းဝိုင်းခဲ့လေ၏။
84فَلَمَّا رَأَوْا بَأْسَنَا قَالُوا آمَنَّا بِاللَّهِ وَحْدَهُ وَكَفَرْنَا بِمَا كُنَّا بِهِ مُشْرِكِينَ
ထို့နောက် ၎င်းတို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်ကို မြင်ခဲ့ကြသောအခါ "ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ သက်ဝင်ယုံကြည်ပါပြီ၊ ၎င်းပြင် ကျွန်တော်မျိုးတို့သည် မိမိတို့ ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်လျက် ရှိခဲ့ကြသည်တို့ကို ငြင်းပယ်ကြပါပြီ" ဟု ပြောဆိုခဲ့ကြကုန်၏။
85فَلَمْ يَكُ يَنفَعُهُمْ إِيمَانُهُمْ لَمَّا رَأَوْا بَأْسَنَا ۖ سُنَّتَ اللَّهِ الَّتِي قَدْ خَلَتْ فِي عِبَادِهِ ۖ وَخَسِرَ هُنَالِكَ الْكَافِرُونَ
သို့တစေလည်း ၎င်းတို့သည် ငါအရှင်မြတ်၏ပြစ်ဒဏ်ကို မြင်တွေ့ခဲ့ကြပြီးဖြစ်ရာ ၎င်းတို့၏"အီမာန်" သက်ဝင်ယုံကြည်မှုသည် ၎င်းတို့အား အကျိုးပေးခဲ့သည် မဟုတ်ပေ။(ဤသည်) အလ္လာဟ်အရှင်မြတ်၏ အကြင် စည်းကမ်းအတိုင်းဖြစ်၏။ ထိုစည်းကမ်းသည် ထိုအရှင်မြတ်၏ ကျွန်တို့နှင့်ပတ်သက်၍ လွန်လေပြီးဖြစ်၏။ ထိုမှတစ်ပါး "ကာဖိရ်" သွေဖည်ငြင်းပယ် သောသူတို့သည် ထိုနေရာ၌ပင် ပျက်စီးဆုံးရှုံးခဲ့ကြကုန်သတည်း။
ဂါဖီရ်ကုရ်အာန် ညွှန်းကိန်း
85အာယာသ်
MeccanRevelation
84အာယာသ်

ဘာသာပြန် — ဂါဖီရ် 84

စူရာ ဂါဖီရ် အာယာသ် 84 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ၎င်းတို့သည် ငါအရှင်မြတ်၏ ပြစ်ဒဏ်ကို မြင်ခဲ့ကြသောအခါ "ကျွန်တော်မျိုးတို့သည် အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ သက်ဝင်ယုံကြည်ပါပြီ၊ ၎င်းပြင် ကျွန်တော်မျိုးတို့သည်…

စူရာ အာယာသ် 84/85 — စူရာ ဂါဖီရ် غافر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဂါဖီရ် နားထောင်, စူရာ ဂါဖီရ် ဘာသာပြန်, စူရာ ဂါဖီရ် mp3, စူရာ ဂါဖီရ် pdf. အာယာသ် 82–85. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers