ဖုစ်စီလာ့ · 18/54
ဘာသာပြန် အသံနိုင်ငံ — စူရာ ဖုစ်စီလာ့
وَنَجَّيْنَا الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ ۝١٨
Wa najjainal lazeena aamanoo wa kaanoo yattaqoon
📖 မြန်မာဘာသာ
သို့ရာတွင် ငါအရှင်မြတ်သည် သက်ဝင် ယုံကြည်၍ (ငါအရှင်မြတ်အား) ကြောက်ရွံ့လျက် ရှိခဲ့ကြကုန်သောသူတို့ကိုမူကား လွတ်မြောက်စေတော် မူခဲ့ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 16-20 — စူရာ ဖုစ်စီလာ့

16فَأَرْسَلْنَا عَلَيْهِمْ رِيحًا صَرْصَرًا فِي أَيَّامٍ نَّحِسَاتٍ لِّنُذِيقَهُمْ عَذَابَ الْخِزْيِ فِي الْحَيَاةِ الدُّنْيَا ۖ وَلَعَذَابُ الْآخِرَةِ أَخْزَىٰ ۖ وَهُمْ لَا يُنصَرُونَ
သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် (4င်းတို့အဖို့)ကျက်သရေမင်္ဂလာကင်းမဲ့သောနေ့ရက်များတွင် ကြမ်းတန်းလှစွာသောလေမုန်တိုင်းကို ၎င်းတို့အပေါ်၌ စေလွှတ်တော်မူခဲ့၏။ (ယင်းသို့လေမုန် တိုင်းကို စေလွှတ်တော်မူခြင်းမှာ) ငါအရှင်မြတ်သည် ၎င်းတို့အား ဤမျက်မှောက်လောကီဘဝ၌ပင်ဂုဏ်အသရေနိမ့်ကျစေသော ပြစ်ဒဏ်ကို မြည်း စမ်းစေတော်မူအံ့သောငှာ(စေလွှတ်တော်မူခြင်း)ဖြစ်၏။ ထို့ပြင် အာခိရတ်တမလွန်ဘဝ၏ပြစ်ဒဏ်မှာ သာ၍ပင် ဂုဏ်အသရေနိမ့်ကျစေသော ပြစ်ဒဏ်ဖြစ်မည်။ ထိုအခါ ၎င်းတို့မှာ ကူညီစောင်မခြင်း ခံကြရမည်လည်း မဟုတ်ပေ။
17وَأَمَّا ثَمُودُ فَهَدَيْنَاهُمْ فَاسْتَحَبُّوا الْعَمَىٰ عَلَى الْهُدَىٰ فَأَخَذَتْهُمْ صَاعِقَةُ الْعَذَابِ الْهُونِ بِمَا كَانُوا يَكْسِبُونَ
ထို့ပြင် ဆမူဒ် အမျိုးသားတို့မှာမူကား အမှန်စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့အား တရားလမ်းမှန်ကို ညွှန်ပြတော်မူခဲ့သော်လည်း ၎င်းတို့မှာ တရားလမ်းမှန်ကို မြင်ခြင်းထက် မျက်စိကန်းခြင်းကိုသာ နှစ်သက်မြတ်နိုးခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ၎င်းတို့အား ၎င်းတို့၏ဆည်းပူးခဲ့ကြသည်များကြောင့်ဂုဏ်အသရေ ပျက်ပြားနိမ့်ကျစေသောပြစ်ဒဏ်၏ လောင်မီးသည် ဖမ်းဆီးကွပ်မျက်ခဲ့လေ၏။
18وَنَجَّيْنَا الَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
သို့ရာတွင် ငါအရှင်မြတ်သည် သက်ဝင် ယုံကြည်၍ (ငါအရှင်မြတ်အား) ကြောက်ရွံ့လျက် ရှိခဲ့ကြကုန်သောသူတို့ကိုမူကား လွတ်မြောက်စေတော် မူခဲ့ပေသတည်း။
19وَيَوْمَ يُحْشَرُ أَعْدَاءُ اللَّهِ إِلَى النَّارِ فَهُمْ يُوزَعُونَ
ထိုမှတစ်ပါး (အို-နဗီတမန်တော်၊ အသင်သည်၎င်းတို့အား ထိုနေ့ကိုသတိရစေပါလေ)။ အကြင်နေ့တွင်အလ္လာဟ်အရှင်မြတ်၏ရန်သူများသည် ငရဲမီး၏အနီးသို့ စုရုံးခေါ်ဆောင်ခြင်းခံကြရပေမည်။ ထို့နောက် ၎င်းတို့သည် တားဆီးခြင်းကို ခံကြရပေမည်။
20حَتَّىٰ إِذَا مَا جَاءُوهَا شَهِدَ عَلَيْهِمْ سَمْعُهُمْ وَأَبْصَارُهُمْ وَجُلُودُهُم بِمَا كَانُوا يَعْمَلُونَ
နောက်ဆုံးတွင် ထိုသူတို့သည် ယင်းငရဲမီး၏အနီးရောက်ရှိကြသောအခါ ထိုသူတို့၏နားများသည် လည်းကောင်း၊ ထိုသူတို့၏ မျက်စိများသည်လည်း ကောင်း၊ ထိုသူတို့၏သားရေများသည်လည်းကောင်း၊ ထိုသူတို့နှင့်ဆန့်ကျင်ကာ ထိုသူတို့ကျင့်မူလျက် ရှိခဲ့ကြသည်တို့နှင့်စပ်လျဉ်း၍ သက်သေခံကြပေမည်။
ဖုစ်စီလာ့ကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
18အာယာသ်

ဘာသာပြန် — ဖုစ်စီလာ့ 18

စူရာ ဖုစ်စီလာ့ အာယာသ် 18 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် ငါအရှင်မြတ်သည် သက်ဝင် ယုံကြည်၍ (ငါအရှင်မြတ်အား) ကြောက်ရွံ့လျက် ရှိခဲ့ကြကုန်သောသူတို့ကိုမူကား လွတ်မြောက်စေတော် မူခဲ့ပေသတည်း။

စူရာ အာယာသ် 18/54 — စူရာ ဖုစ်စီလာ့ فصلت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဖုစ်စီလာ့ နားထောင်, စူရာ ဖုစ်စီလာ့ ဘာသာပြန်, စူရာ ဖုစ်စီလာ့ mp3, စူရာ ဖုစ်စီလာ့ pdf. အာယာသ် 16–20. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers