အက်ရှ်-ရှူရာ · 49/53
ဘာသာပြန် အသံနိုင်ငံ — အက်ရှ်-ရှူရာ
لِّلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ يَخْلُقُ مَا يَشَاءُ ۚ يَهَبُ لِمَن يَشَاءُ إِنَاثًا وَيَهَبُ لِمَن يَشَاءُ الذُّكُورَ ۝٤٩
Lillaahi mulkus samaawaati wal ard; yakhluqu maa yashaaa`; yahabu limai yashaaa`u inaasanw wa yahabu limai yashaaa`uz zukoor
📖 မြန်မာဘာသာ
မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်မှုအာဏာသည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖန်ဆင်းတော်မူ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား (သမီး)မိန်းကလေးများကို ချီးမြှင့်တော်မူ၍ မိမိအလိုရှိတော်မူသောသူအား(သား)ယောက်ျားကလေးများကို ချီးမြှင့်တော်မူ၏။

🎧 နားထောင်


📜 အာယာသ် 47-51 — အက်ရှ်-ရှူရာ

47اسْتَجِيبُوا لِرَبِّكُم مِّن قَبْلِ أَن يَأْتِيَ يَوْمٌ لَّا مَرَدَّ لَهُ مِنَ اللَّهِ ۚ مَا لَكُم مِّن مَّلْجَإٍ يَوْمَئِذٍ وَمَا لَكُم مِّن نَّكِيرٍ
အသင်တို့သည် အကြင်နေ့မရောက်မီ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကိုနာယူကြလေကုန်။ အလ္လာဟ်အရှင်မြတ် ထံတော်မှ ယင်းနေ့ကိုလွှဲဖယ်ခြင်း၊ ရွှေ့ဆိုင်းခြင်း၊ ဟူ၍ အလျှင်းရှိလိမ့်မည် မဟုတ်ပေ။(တစ်နည်း) အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏အမိန့်တော်ကို အလ္လာဟ်အရှင်မြတ် အထံတော်မှ အကြင်နေ့ရောက်မလာမီ နာယူကြလေကုန်။ ယင်းနေ့ကို မည်သူတစ်ဦးတစ်ယောက်မျှပင် ရွှေ့ဆိုင်းနိုင်မည်မဟုတ်ပေ။ ထို့နေ့တွင် အသင်တို့၌ ခိုလှုံရာဌာနဟူ၍လည်း အလျှင်းရှိမည် မဟုတ်ပေ။ အသင်တို့နှင့်ပတ်သက်၍ ဟန့်တားအံ့သောသူဟူ၍(အသင်တို့အားမမှတ်မိနိုင်ရန်အကြောင်းဟူ၍ အသင်တို့၌ ငြင်းဆိုနိုင်ခြင်းဟူ၍)လည်း ရှိလိမ့်မည်မဟုတ်ပေ။
48فَإِنْ أَعْرَضُوا فَمَا أَرْسَلْنَاكَ عَلَيْهِمْ حَفِيظًا ۖ إِنْ عَلَيْكَ إِلَّا الْبَلَاغُ ۗ وَإِنَّا إِذَا أَذَقْنَا الْإِنسَانَ مِنَّا رَحْمَةً فَرِحَ بِهَا ۖ وَإِن تُصِبْهُمْ سَيِّئَةٌ بِمَا قَدَّمَتْ أَيْدِيهِمْ فَإِنَّ الْإِنسَانَ كَفُورٌ
သို့ပါလျှက် ၎င်းတို့သည် မျက်နှာလွှဲခဲ့ကြလျှင်(အို-နဗီတမန်တော်) ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့အပေါ် စောင့်ကြပ်သူအဖြစ် စေလွှတ်တော်မူခဲ့သည် မဟုတ်ပေ။ အသင်၏တာဝန်မှာ အမိန့်တော်များကို ပို့ဆောင်ခြင်းသာဖြစ်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (ထိုသို့သော)လူသားအား ကျေးဇူးတော် တစ်စုံတစ်ရာ(၏ရသာ)ကို မြည်းစမ်းစေတော် မူသောအခါ ထိုလူသားသည် ယင်းကျေးဇူးတော်ကြောင့် ဝမ်းမြောက်လေ့ရှိ၏။ သို့ရာတွင် အကယ်၍ ၎င်းတို့၌၎င်းတို့၏လက်များက ကြိုတင်ပို့နှင့်သော အပြုအမူကြောင့်ဘေးဒုက္ခတစ်စုံတစ်ရာ သက်ရောက်ပါလျှင် ဧကန်မလွဲ ထိုလူသားမှာ လွန်စွာ ကျေးဇူးကန်းသူ ဖြစ်သွားလေသတည်း။
49لِّلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ يَخْلُقُ مَا يَشَاءُ ۚ يَهَبُ لِمَن يَشَاءُ إِنَاثًا وَيَهَبُ لِمَن يَشَاءُ الذُّكُورَ
မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်မှုအာဏာသည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖန်ဆင်းတော်မူ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား (သမီး)မိန်းကလေးများကို ချီးမြှင့်တော်မူ၍ မိမိအလိုရှိတော်မူသောသူအား(သား)ယောက်ျားကလေးများကို ချီးမြှင့်တော်မူ၏။
50أَوْ يُزَوِّجُهُمْ ذُكْرَانًا وَإِنَاثًا ۖ وَيَجْعَلُ مَن يَشَاءُ عَقِيمًا ۚ إِنَّهُ عَلِيمٌ قَدِيرٌ
သို့တည်းမဟုတ် ထိုအရှင်မြတ်သည် ၎င်းတို့အား သားယောက်ျားကလေးများနှင့် သမီးမိန်းကလေး များကိုပေါင်းစပ်၍ပေးတော်မူ၏။ စုံတွဲ၍ ပေးတော် မူ၏။ ထိုမှတစ်ပါးမိမိအလိုရှိတော်မူသောသူအား (သားသမီးမထွန်းကားသော)အမြုံ ပြုလုပ်ထားတော်မူ၏။ ဧကန်မလွဲ ထိုအရှင်မြတ်သည်အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသောအရှင်၊ လွန်စွာပြုစွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
51۞ وَمَا كَانَ لِبَشَرٍ أَن يُكَلِّمَهُ اللَّهُ إِلَّا وَحْيًا أَوْ مِن وَرَاءِ حِجَابٍ أَوْ يُرْسِلَ رَسُولًا فَيُوحِيَ بِإِذْنِهِ مَا يَشَاءُ ۚ إِنَّهُ عَلِيٌّ حَكِيمٌ
မည်သည့်လူသား တစ်ဦးတစ်ယောက်နှင့်မျှအလ္လာဟ်အရှင်မြတ်သည် ဝဟီအမိန့်တော် ထုတ်ပြန်တော်မူခြင်းမှတစ်ပါး၊ အရိပ်အခြည် ပြတော်မူခြင်းမှတစ်ပါး၊ သို့တည်းမဟုတ် အကွယ်အကာ တစ်စုံတစ်ရာ၏နောက်မှတစ်ပါးစကားပြောတော်မူသည် မဟုတ်ပေ။ သို့တည်းမဟုတ် ထိုအရှင်မြတ်သည် စေတမန်တစ်ပါးပါးကို စေလွှတ်တော်မူ၏။ ထိုအခါထိုစေတမန်သည် ထိုအရှင်မြတ်၏ အမိန့်တော်နှင့် ထိုအရှင်မြတ်အလိုရှိတော်မူသော ဝဟီထုတ်ပြန်ချက်ကို ပို့ပေးလေ၏။ဧကန်စင်စစ် ထိုအရှင်မြတ်သည် လွန်စွာ မြင့်မြတ်တော်မူသောအရှင်၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူ၏။
အက်ရှ်-ရှူရာကုရ်အာန် ညွှန်းကိန်း
53အာယာသ်
MeccanRevelation
49အာယာသ်

ဘာသာပြန် — အက်ရှ်-ရှူရာ 49

စူရာ အက်ရှ်-ရှူရာ အာယာသ် 49 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်မှုအာဏာသည်လည်းကောင်း၊ ကမ္ဘာမြေကို စိုးမိုးအုပ်ချုပ်မှု အာဏာသည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖန်ဆင်းတော်မူ၏။ ထိုအရှင်မြတ်သည်…

စူရာ အာယာသ် 49/53 — အက်ရှ်-ရှူရာ الشورى (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အက်ရှ်-ရှူရာ နားထောင်, အက်ရှ်-ရှူရာ ဘာသာပြန်, အက်ရှ်-ရှူရာ mp3, အက်ရှ်-ရှူရာ pdf. အာယာသ် 47–51. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers