အလ်-မာအိဒ · 116/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
وَإِذْ قَالَ اللَّهُ يَا عِيسَى ابْنَ مَرْيَمَ أَأَنتَ قُلْتَ لِلنَّاسِ اتَّخِذُونِي وَأُمِّيَ إِلَٰهَيْنِ مِن دُونِ اللَّهِ ۖ قَالَ سُبْحَانَكَ مَا يَكُونُ لِي أَنْ أَقُولَ مَا لَيْسَ لِي بِحَقٍّ ۚ إِن كُنتُ قُلْتُهُ فَقَدْ عَلِمْتَهُ ۚ تَعْلَمُ مَا فِي نَفْسِي وَلَا أَعْلَمُ مَا فِي نَفْسِكَ ۚ إِنَّكَ أَنتَ عَلَّامُ الْغُيُوبِ ۝١١٦
Wa iz qaalal laahu yaa `Eesab na Maryama `a-anta qulta linnaasit takhizoonee wa ummiya ilaahaini min doonil laahi qaala Subhaanaka maa yakoonu leee anaqoola maa yakkoonu leee an aqoola maa laisa lee bihaqq; in kuntu qultuhoo faqad `alimtah; ta`lamu maa fee nafsee wa laaa a`almu maa fee nafsik; innaka Anta `Allaamul Ghuyoob
📖 မြန်မာဘာသာ
(ပြန်လည်အောက်မေ့သတိရပါလေ။) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူအံ့။ “အို-‘မရ်ယမ်’ ၏သား‘အီစာ’ အသင်က လူတို့အား အသင်တို့သည် အလ္လာဟ် အရှင်မြတ်အပြင် ကျွန်ုပ် (အီစာ) ကိုလည်းကောင်း၊ ကျွန်ုပ်၏မယ်တော် (မရ်ယမ်) ကိုလည်းကောင်း၊ ကိုးကွယ်ရာ (ဘုရား) နှစ်ပါး မှတ်ယူကြလေကုန်” ဟု ပြောကြားခဲ့ပါသလော။ ထိုအခါ (အီစာ) (အလိုင် ဟစ္စလာမ်) သည် (ဤသို့) လျှောက်ထားပြန်ကြားပေအံ့။ “(အို - အရှင်) အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏။ ကျွန်တော်မျိုးမှာ မိမိမပြောထိုက်သောစကားကို ပြောဆိုခွင့် အလျင်းမရှိပါ။ အကယ်၍သာ ကျွန်တော်မျိုးသည် ထိုစကားကိုပြောဆိုမိခဲ့ပါမူ အရှင်မြတ်သည် ထိုပြောဆိုသည်ကို မုချ သိရှိတော်မူပြီးပင်ဖြစ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုး၏စိတ်တွင်း၌ ရှိသမျှတို့ကို (အကြွင်းမဲ့) သိရှိတော်မူပါ၏။ သို့ရာတွင် ကျွန်တော်မျိုးမှာမူကား အရှင်မြတ်၏စိတ်တွင်း၌ရှိသည်တို့ကို မသိပါ။ ဧကန်စင်စစ် အရှင်မြတ်သည်သာလျှင် အကွယ်၌ရှိသမျှတို့ကို အအကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပါသတည်း။”

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မတ်အဓိပ္ပာယ်ရှင်းလင်းချက်
  • اتَّخِذُونِي: ကျွန်ုပ်ကို ကိုးကွယ်ရာဘုရားအဖြစ် သတ်မှတ်ကြပါ။
  • إِلَٰهَيْنِ: ကိုးကွယ်ခံထိုက်သော နှစ်ပါး။
  • سُبْحَانَكَ: အရှင်မြတ်သည် ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူပါသည်။
  • عَلَّامُ الْغُيُوبِ: ကွယ်ဝှက်ရာအားလုံးကို အသိဆုံးဖြစ်တော်မူသောအရှင်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ကိယာမသ်နေ့တွင် အလ္လာဟ်အရှင်မြတ်က မရ်ယမ်၏သားတော် အီစာ(အလိုင်ဟိစ်စလာမ်)အား “အို မရ်ယမ်၏သား အီစာ၊ သင်သည် လူတို့အား ‘ငါနှင့်ငါ့မိခင်ကို အလ္လာဟ်အရှင်မြတ်မှလွဲ၍ ကိုးကွယ်ရာနှစ်ပါးအဖြစ် သတ်မှတ်ကြပါ’ ဟု ပြောခဲ့သလော” ဟု မေးမြန်းတော်မူသည့်အခါကို ပြန်လည်သတိရစေခြင်းဖြစ်သည်။

ထိုအခါ အီစာ(အလိုင်ဟိစ်စလာမ်)က အလ္လာဟ်အရှင်မြတ်အား ချို့တဲ့မှုအပေါင်းမှ ကင်းစင်ကြောင်း ဂုဏ်တင်ပြီး “ကျွန်ုပ်သည် မမှန်ကန်သော၊ ကျွန်ုပ်နှင့်မထိုက်တန်သော စကားကို ပြောရန်မသင့်ပါ။ အကယ်၍ ကျွန်ုပ်ပြောခဲ့ပါက အရှင်မြတ်သည် ထိုအကြောင်းကို အသိရှိပြီးဖြစ်တော်မူပါသည်။ အရှင်မြတ်သည် ကျွန်ုပ်၏စိတ်တွင်းရှိ အကြောင်းအရာများကို သိတော်မူပါသည်။ သို့သော် ကျွန်ုပ်သည် အရှင်မြတ်၏စိတ်တော်တွင်းရှိ အကြောင်းအရာများကို မသိပါ။ ဧကန်စင်စစ် အရှင်မြတ်သည် ကွယ်ဝှက်ရာအားလုံးကို အသိဆုံးဖြစ်တော်မူပါသည်” ဟု ဖြေကြားခဲ့သည်။

ဤဖြေကြားချက်တွင် အီစာ(အလိုင်ဟိစ်စလာမ်)သည် မိမိအား ကိုးကွယ်ရာဘုရားအဖြစ် သတ်မှတ်ရန် လူတို့အား မည်သည့်အခါမျှ ပြောခဲ့ခြင်းမရှိကြောင်း၊ အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော ကိုးကွယ်ခံထိုက်သောအရှင်ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ထို့အပြင် အရှင်မြတ်သည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တွင် ဖြစ်ပျက်သမျှအားလုံးကို အကြွင်းမဲ့ သိတော်မူကြောင်းလည်း ဖော်ပြထားသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော ကိုးကွယ်ခံထိုက်သောအရှင်ဖြစ်ကြောင်း နှလုံးသွင်းနိုင်သည်။
  • တမန်တော်များသည် မိမိတို့အား ကိုးကွယ်ရန် မည်သည့်အခါမျှ မခေါ်ခဲ့ကြောင်း သိရှိနိုင်သည်။
  • အလ္လာဟ်အရှင်မြတ်သည် ကွယ်ဝှက်ရာအားလုံးကို သိတော်မူသောအရှင်ဖြစ်ကြောင်း ယုံကြည်စိတ


📜 အာယာသ် 114-118 — စူရာ အလ်-မာအိဒ

114قَالَ عِيسَى ابْنُ مَرْيَمَ اللَّهُمَّ رَبَّنَا أَنزِلْ عَلَيْنَا مَائِدَةً مِّنَ السَّمَاءِ تَكُونُ لَنَا عِيدًا لِّأَوَّلِنَا وَآخِرِنَا وَآيَةً مِّنكَ ۖ وَارْزُقْنَا وَأَنتَ خَيْرُ الرَّازِقِينَ
မရ်ယမ် (သခင်မ) ၏သား (တော်တမန်တော်) အီစာ (အလိုင်ဟစ္စလာမ်) က “အို- အလ္လာဟ်အရှင်မြတ်၊ အို- ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်မြတ် အရှင်မြတ်သည် ကျွန်တော်မျိုး တို့အပေါ်သို့ မိုးကောင်းကင်မှ စားဖွယ်သောက်ဖွယ်ကို ချပေးသနားတော်မူပါ။ ထိုစားဖွယ်သောက်ဖွယ်သည် ကျွန်တော်မျိုးတို့အဖို့ (ဝါ) ကျွန်တော်မျိုးတို့တွင် ရှေးကျသူများအဖို့လည်းကောင်း၊ ကျွန်တော်မျိုးတို့နောက် လာလတ္တံ့သောသူများအဖို့လည်းကောင်း ပျော်ရွှင်ဖွယ်ရာဖြစ်ပါစေ။ ၎င်းပြင် အရှင်မြတ်ထံတော်မှ သက်သေလက္ခဏာတော်တစ်ပါးလည်း ဖြစ်ပါစေ။ အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား ပေးသနားတော်မူပါ။ အမှန်စင်စစ် အရှင်မြတ်သည်သာလျှင် အကောင်းဆုံးသော ပေးသနားတော်မူသောအရှင် ဖြစ်တော်မူပါသည်” ဟုလျှောက်ထားပန်ကြားလေသည်။
115قَالَ اللَّهُ إِنِّي مُنَزِّلُهَا عَلَيْكُمْ ۖ فَمَن يَكْفُرْ بَعْدُ مِنكُمْ فَإِنِّي أُعَذِّبُهُ عَذَابًا لَّا أُعَذِّبُهُ أَحَدًا مِّنَ الْعَالَمِينَ
အလ္လာဟ်အရှင်မြတ်က “ငါအရှင်မြတ်သည် ထိုစားဖွယ်သောက်ဖွယ်ကို အသင်တို့အပေါ်၌ မုချဧကန် ချပေးသနားတော်မူအံ့။ သို့ရာတွင် ထို (သို့ချပေးသနားတော်မူပြီး) နောက် အသင်တို့အနက် မည်သူမဆို ငြင်းပယ်ပါမူ ငါအရှင်မြတ်သည် စကြာဝဠာခပ်သိမ်းတို့အနက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပေးတော်မမူမည့် အပြစ်ဒဏ်ကို ထိုသူအား ဧကန်မလွဲ ပေးတော်မူအံ့” ဟု ပြန်ကြားတော်မူခဲ့လေသတည်း။ (ရကူ)
116وَإِذْ قَالَ اللَّهُ يَا عِيسَى ابْنَ مَرْيَمَ أَأَنتَ قُلْتَ لِلنَّاسِ اتَّخِذُونِي وَأُمِّيَ إِلَٰهَيْنِ مِن دُونِ اللَّهِ ۖ قَالَ سُبْحَانَكَ مَا يَكُونُ لِي أَنْ أَقُولَ مَا لَيْسَ لِي بِحَقٍّ ۚ إِن كُنتُ قُلْتُهُ فَقَدْ عَلِمْتَهُ ۚ تَعْلَمُ مَا فِي نَفْسِي وَلَا أَعْلَمُ مَا فِي نَفْسِكَ ۚ إِنَّكَ أَنتَ عَلَّامُ الْغُيُوبِ
(ပြန်လည်အောက်မေ့သတိရပါလေ။) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူအံ့။ “အို-‘မရ်ယမ်’ ၏သား‘အီစာ’ အသင်က လူတို့အား အသင်တို့သည် အလ္လာဟ် အရှင်မြတ်အပြင် ကျွန်ုပ် (အီစာ) ကိုလည်းကောင်း၊ ကျွန်ုပ်၏မယ်တော် (မရ်ယမ်) ကိုလည်းကောင်း၊ ကိုးကွယ်ရာ (ဘုရား) နှစ်ပါး မှတ်ယူကြလေကုန်” ဟု ပြောကြားခဲ့ပါသလော။ ထိုအခါ (အီစာ) (အလိုင် ဟစ္စလာမ်) သည် (ဤသို့) လျှောက်ထားပြန်ကြားပေအံ့။ “(အို - အရှင်) အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါ၏။ ကျွန်တော်မျိုးမှာ မိမိမပြောထိုက်သောစကားကို ပြောဆိုခွင့် အလျင်းမရှိပါ။ အကယ်၍သာ ကျွန်တော်မျိုးသည် ထိုစကားကိုပြောဆိုမိခဲ့ပါမူ အရှင်မြတ်သည် ထိုပြောဆိုသည်ကို မုချ သိရှိတော်မူပြီးပင်ဖြစ်ပါသည်။ အရှင်မြတ်သည် ကျွန်တော်မျိုး၏စိတ်တွင်း၌ ရှိသမျှတို့ကို (အကြွင်းမဲ့) သိရှိတော်မူပါ၏။ သို့ရာတွင် ကျွန်တော်မျိုးမှာမူကား အရှင်မြတ်၏စိတ်တွင်း၌ရှိသည်တို့ကို မသိပါ။ ဧကန်စင်စစ် အရှင်မြတ်သည်သာလျှင် အကွယ်၌ရှိသမျှတို့ကို အအကြွင်းမဲ့ သိရှိတော်မူသောအရှင် ဖြစ်တော်မူပါသတည်း။”
117مَا قُلْتُ لَهُمْ إِلَّا مَا أَمَرْتَنِي بِهِ أَنِ اعْبُدُوا اللَّهَ رَبِّي وَرَبَّكُمْ ۚ وَكُنتُ عَلَيْهِمْ شَهِيدًا مَّا دُمْتُ فِيهِمْ ۖ فَلَمَّا تَوَفَّيْتَنِي كُنتَ أَنتَ الرَّقِيبَ عَلَيْهِمْ ۚ وَأَنتَ عَلَىٰ كُلِّ شَيْءٍ شَهِيدٌ
“ကျွန်တော်မျိုးသည် ၎င်းတို့ကို အရှင်မြတ်က ကျွန်တော်မျိုးအား မိန့်တော်မူသည့် (အတိုင်း) “အို- အချင်းတို့ အသင်တို့သည် ကျွန်ုပ်၏အရှင်လည်းဖြစ်တော်မူသော၊ အသင်တို့၏အရှင်လည်း ဖြစ်တော်မူသော (တစ်ဆူတည်းသော) အလ္လာဟ်အရှင်မြတ်အားသာ ကိုးကွယ်ကြလေကုန်” ဟူသောစကားမှအပ အခြား မည်သည့်စကားကိုမျှ ပြောဆိုခဲ့သည်မရှိပါ။ ထို့ပြင်တဝ ကျွန်တော်မျိုးသည် ၎င်းတို့အထဲတွင် ရှိနေသမျှကာလပတ်လုံး ၎င်းတို့ (၏အကြောင်း) ကို သိရှိသူဖြစ်ပါသည်။ တစ်ဖန် အရှင်သည် ကျွန်တော်မျိုးအား ပင့်မယူဆောင်သောအခါ အရှင်သည်ပင်လျှင် ၎င်းတို့ (၏ အကြောင်း) ကို သိရှိတော်မူသောအရှင် ဖြစ်တော်မူခဲ့ပါသည်။ အမှန်စင်စစ်သော်ကား အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို သိမြင်တော်မူသောရှင်မြတ်ပင် ဖြစ်တော်မူပါသည်။”
118إِن تُعَذِّبْهُمْ فَإِنَّهُمْ عِبَادُكَ ۖ وَإِن تَغْفِرْ لَهُمْ فَإِنَّكَ أَنتَ الْعَزِيزُ الْحَكِيمُ
“အရှင်မြတ်သည် အကယ်၍ ထိုသူတို့အား အပြစ်ဒဏ်ပေးတော်မူခဲ့ပါလျှင် ၎င်းတို့သည် ဧကန်မလွဲ အရှင်မြတ်၏ကျွန်များပင် ဖြစ်ကြပါ၏။ ၎င်းပြင် အကယ်၍ အရှင်မြတ်သည် ထိုသူတို့ အား (အပြစ်မှ) လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါလျှင်လည်း (ပြုစွမ်းတော်မူနိုင်ပါသည်။) အဘယ်ကြောင့်ဆိုသော် ဧကန်စင်စစ် အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့် ပြည့်စုံတော်မူသောအရှင်၊ ကျိုးကြောင်း ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူပါသည်။”
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
116အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 116

စူရာ အလ်-မာအိဒ အာယာသ် 116 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ပြန်လည်အောက်မေ့သတိရပါလေ။) အကြင်အခါဝယ် အလ္လာဟ်အရှင်မြတ်သည် (ဤသို့) မိန့်ကြားတော်မူအံ့။ “အို-‘မရ်ယမ်’ ၏သား‘အီစာ’ အသင်က လူတို့အား အသင်တို့သည်…

စူရာ အာယာသ် 116/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 114–118. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers