يَا قَوْمِ ادْخُلُوا الْأَرْضَ الْمُقَدَّسَةَ الَّتِي كَتَبَ اللَّهُ لَكُمْ وَلَا تَرْتَدُّوا عَلَىٰ أَدْبَارِكُمْ فَتَنقَلِبُوا خَاسِرِينَ ٢١
🔤 Transliteration
Yaa qawmid khulul Ardal MMuqaddasatal latee katabal laahu lakum wa laa tartaddoo `alaaa adbaarikum fatanqaliboo khaasireen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
“အို- ကျွန်ုပ်၏အမျိုးသားအပေါင်းတို့ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်က (သတ်မှတ်) ရေးသားတော်မူပြီးဖြစ်သော ထွတ်မြတ်သည့် (နယ်) အတွင်းသို့ ဝင်ရောက်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏နောက်ဘက်သို့လှည့်၍ ပြန်မသွားကြကုန်လင့်။ သို့ပြန်လှည့်သွားကြပါမူ အသင်တို့သည် ဆုံးရှုံးပျက်စီးသူများ ဖြစ်သွားကြရပေမည်။”
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်။
မြေမြတ် (အလ်-အရ်ဇွလ်-မုကဒ္ဒစသ်)။ ။ ဘိုးဘွားတို့၏ မြေဖြစ်သော ဗိုင်သုလ်မုကဒ္ဒစ် (ဂျေရုဆလင်မြို့) နှင့် ယင်း၏ ပတ်ဝန်းကျင်ဒေသကို ဆိုလိုသည်။ သင်တို့အတွက် ရေးသားပေးအပ်ထားသည် (ကသဗလ္လာဟု လကမ်း)။ ။ အလ္လာဟ်အရှင်မြတ်သည် လောဟေမာဟ်ဖူးဇ် (သိမ်းဆည်းထားသော ကျမ်းတော်) တွင် သင်တို့ ဤမြေကို အမွေဆက်ခံရမည်ဟု ကြိုတင်ရေးသားသတ်မှတ်ထားတော်မူသည်။ သင်တို့၏ ကျောက်ကိုလှည့်၍ မပြန်ကြလေနှင့် (ဝလာ တရ်သဒ္ဒူ အလာ အဒ်ဗာရိကုမ်း)။ ။ ရန်သူကို ကြောက်ရွံ့၍ စစ်မြေပြင်မှ ကျောခိုင်းထွက်ပြေးခြင်းကို ဆိုလိုသည်။ ဆုံးရှုံးသူများ ဖြစ်သွားကြမည် (ဖတန်ကလိဗူ ခွာစိရီးန)။ ။ ဤလောကနှင့် နောင်လောကတို့၏ အကျိုးကျေးဇူးများကို လက်လွတ်ဆုံးရှုံးသူများ ဖြစ်သွားကြမည်ဟု ဆိုလိုသည်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။
မူစာ (အလိုင်ဟိစ်စလာမ်) သည် သူ၏ လူမျိုးတို့အား ဤသို့ ပြောဆိုခဲ့သည်။ အို ကျွန်ုပ်၏ လူမျိုးတို့။ ။ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား ဝင်ရောက်နေထိုင်ရန် ကတိပြုတော်မူခဲ့သော သန့်ရှင်းမြင့်မြတ်သည့် မြေဖြစ်သော ဗိုင်သုလ်မုကဒ္ဒစ်နှင့် ယင်း၏ ပတ်ဝန်းကျင်ဒေသသို့ ဝင်ရောက်ကြလေကုန်။ ထိုမြေတွင် ရှိကြသော မယုံကြည်သူများနှင့် စစ်တိုက်ရန် အလ္လာဟ်အရှင်မြတ်က သင်တို့အား ကတိပေးထားတော်မူပြီး ဖြစ်သည်။ ထိုမြေသည် သန့်ရှင်းသော မြေဖြစ်၍ ယင်းကို အမွေဆက်ခံရမည်ဟု လောဟေမာဟ်ဖူးဇ်တွင် ရေးသားသတ်မှတ်ထားတော်မူခဲ့သည်။ သင်တို့သည် ထိုမြေကို သိမ်းပိုက်ရန် ရဲစွမ်းသတ္တိဖြင့် ချီတက်ကြလေကုန်။ ရန်သူများကို ကြောက်ရွံ့၍ ကျောခိုင်းထွက်ပြေးခြင်း၊ စစ်မြေပြင်မှ ဆုတ်ခွာခြင်းကို မပြုကြလေနှင့်။ အကယ်၍ သင်တို့သည် ကျောခိုင်းထွက်ပြေးကြလျှင် ဤလောကတွင်လည်း ဂုဏ်သိက္ခာကျဆင်းခြင်း၊ အောင်မြင်မှု လက်လွတ်ဆုံးရှုံးခြင်းကို ခံစားရမည်။ နောင်လောကတွင်လည်း အလ္လာဟ်အရှင်မြတ်၏ ဆုလာဘ်တော်များကို လက်လွတ်ဆုံးရှုံးရမည်။ ထို့ကြောင့် သင်တို့သည် အရှင်မြတ်၏ အမိန့်တော်ကို နာခံ၍ ရဲရင့်စွာ ချီတက်ကြလေကုန်။
၃။ ဤအာယသ်တော်မှ ရရှိနိုင်သော
يَٰقَوۡمِ ٱدۡخُلُواْ ٱلۡأَرۡضَ ٱلۡمُقَدَّسَةَ ٱلَّتِي كَتَبَ ٱللَّهُ لَكُمۡ وَلَا تَرۡتَدُّواْ عَلَىٰٓ أَدۡبَارِكُمۡ فَتَنقَلِبُواْ خَٰسِرِينَ ٢١
“အို- ကျွန်ုပ်၏အမျိုးသားအပေါင်းတို့ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်က (သတ်မှတ်) ရေးသားတော်မူပြီးဖြစ်သော ထွတ်မြတ်သည့် (နယ်) အတွင်းသို့ ဝင်ရောက်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏နောက်ဘက်သို့လှည့်၍ ပြန်မသွားကြကုန်လင့်။ သို့ပြန်လှည့်သွားကြပါမူ အသင်တို့သည် ဆုံးရှုံးပျက်စီးသူများ ဖြစ်သွားကြရပေမည်။”
🖼️ Save Image
🎬 Save Video
📜 အာယာသ် 19-23 — စူရာ အလ်-မာအိဒ
19 يَا أَهْلَ الْكِتَابِ قَدْ جَاءَكُمْ رَسُولُنَا يُبَيِّنُ لَكُمْ عَلَىٰ فَتْرَةٍ مِّنَ الرُّسُلِ أَن تَقُولُوا مَا جَاءَنَا مِن بَشِيرٍ وَلَا نَذِيرٍ ۖ فَقَدْ جَاءَكُم بَشِيرٌ وَنَذِيرٌ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
အို- (ရှေးအထက်) ကျမ်းဂန်ရရှိသူ (ယဟူဒီ၊ ခရစ်ယာန်) အပေါင်းတို့၊ အသင်တို့သည် (‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်) “ကျွန်တော်မျိုးတို့ထံ (မှန်ကန်သော တရားဓမ္မနှင့်စပ်လျဉ်း၍) ဝမ်းမြောက်ဖွယ်ရာသတင်း ပြောကြားသူဟူ၍လည်းကောင်း၊ (လမ်းမှားသို့မရောက်စေရန်) သတိပေးနှိုးဆော်သူဟူ၍လည်းကောင်း၊ တစ်ဦးတစ်ယောက်မျှပင် ရောက်ရှိလာခဲ့သည်မရှိပါ” ဟု မပြောဆိုနိုင်ကြရန် ရစူလ်တမန်တော်များ အဆက်ပြတ်နေသောအချိန်ကာလ၌ အရှင်မြတ်၏ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ ထိုရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့အား (မှန်ကန်သော တရားဓမ္မ၊ အမိန့်၊ ပညတ်တို့ကို) ပွင့်လင်းထင်ရှားစွာ ဟောညွှန်လျက်ရှိပေသည်။ သို့ဖြစ်ပေရာ ယခုသော်ကား အသင်တို့ထံ ဝမ်းမြောက်ဖွယ်ရာသတင်းပြောကြားသူ၊ သတိပေးနှိုးဆော်သူ (နဗီတမန်တော်မုဟမ္မဒ်) သည် ဧကန်မလွဲ ရောက်ရှိလာခဲ့ချေပြီ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
20 وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ اذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ إِذْ جَعَلَ فِيكُمْ أَنبِيَاءَ وَجَعَلَكُم مُّلُوكًا وَآتَاكُم مَّا لَمْ يُؤْتِ أَحَدًا مِّنَ الْعَالَمِينَ
ထို့ပြင်တဝ (ပြန်လည်အောက်မေ့ သတိရရှိကြလေကုန်) အခါတစ်ပါး၌ (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့လေသည်။ “အို- ငါ၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌တင်ရှိသော အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို ပြန်လည်အောက်မေ့ သတိရကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့၌ နဗီတမန်တော်များကို ပွင့်စေတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အား ဘုရင်မင်းများ (အဖြစ်) လည်း မြှောက်စားတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အား စကြာဝဠာတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချီးမြှင့်တော်မမူခဲ့သော ကျေးဇူးတော်များကိုလည်း ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။”
21 يَا قَوْمِ ادْخُلُوا الْأَرْضَ الْمُقَدَّسَةَ الَّتِي كَتَبَ اللَّهُ لَكُمْ وَلَا تَرْتَدُّوا عَلَىٰ أَدْبَارِكُمْ فَتَنقَلِبُوا خَاسِرِينَ
“အို- ကျွန်ုပ်၏အမျိုးသားအပေါင်းတို့ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်က (သတ်မှတ်) ရေးသားတော်မူပြီးဖြစ်သော ထွတ်မြတ်သည့် (နယ်) အတွင်းသို့ ဝင်ရောက်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏နောက်ဘက်သို့လှည့်၍ ပြန်မသွားကြကုန်လင့်။ သို့ပြန်လှည့်သွားကြပါမူ အသင်တို့သည် ဆုံးရှုံးပျက်စီးသူများ ဖြစ်သွားကြရပေမည်။”
22 قَالُوا يَا مُوسَىٰ إِنَّ فِيهَا قَوْمًا جَبَّارِينَ وَإِنَّا لَن نَّدْخُلَهَا حَتَّىٰ يَخْرُجُوا مِنْهَا فَإِن يَخْرُجُوا مِنْهَا فَإِنَّا دَاخِلُونَ
၎င်း (အမျိုးသား) တို့ကမူ (ဤသို့) ဖြေကြားခဲ့ကြလေသည်။ “အို- မူစာ၊ မုချဧကန် ထို (နယ်) မြေ၌ လုံးရပ်အင်အားကြီးမားသော လူမျိုးတစ်မျိုးသည် ရှိနေကြကုန်၏။ ထိုလူမျိုးတို့သည် ၎င်း (နယ်) မြေအတွင်းမှ ထွက်ခွာ၍မသွားသမျှကာလပတ်လုံး ကျွန်ုပ်တို့သည် ယင်း (နယ်) မြေအတွင်းသို့ အလျင်းဝင်ရောက်ကြမည်မဟုတ်ပေ။ အကယ်၍ ထိုလူမျိုးတို့သည် ၎င်း (နယ်) မြေအတွင်းမှ ထွက်ခွာသွားကြပါမူ၊ ကျွန်ုပ်တို့သည် ဧကန်စင်စစ် (ထိုနယ်မြေအတွင်းသို့) ဝင်ရောက်ကြလတ္တံ့။”
23 قَالَ رَجُلَانِ مِنَ الَّذِينَ يَخَافُونَ أَنْعَمَ اللَّهُ عَلَيْهِمَا ادْخُلُوا عَلَيْهِمُ الْبَابَ فَإِذَا دَخَلْتُمُوهُ فَإِنَّكُمْ غَالِبُونَ ۚ وَعَلَى اللَّهِ فَتَوَكَّلُوا إِن كُنتُم مُّؤْمِنِينَ
(ထိုအခါ) အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ကြကုန်သောသူတို့အနက်မှ အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူသော လူနှစ်ယောက်သည် (ဤသို့) ပြောဆိုကြလေသည်။ “(ဟယ်- အချင်းတို့) အသင်တို့သည် ၎င်းတို့ အားတိုက်ခိုက်ရင်း တံခါးဝအတွင်းသို့ ဝင်ရောက်ကြလေကုန်။ အကယ်၍သာ အသင်တို့သည် ယင်းတံခါးဝအတွင်းသို့ ဝင်ရောက်ခဲ့ကြပါလျှင် အသင်တို့သည်သာလျှင် (စစ်ရေး) အောင်မြင်သူများ ဖြစ်ကြလတ္တံ့။ ၎င်းပြင် အသင်တို့သည် အကယ်၍‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများဖြစ်ကြပါလျှင် အလ္လာဟ်အရှင်မြတ်အပေါ်၌သာလျှင် ယုံကြည်စိတ်ချ အားထားကြလေကုန်။”
ဘာသာပြန် — အလ်-မာအိဒ 21 စူရာ အလ်-မာအိဒ အာယာသ် 21 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : “အို- ကျွန်ုပ်၏အမျိုးသားအပေါင်းတို့ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်က (သတ်မှတ်) ရေးသားတော်မူပြီးဖြစ်သော ထွတ်မြတ်သည့် (နယ်) အတွင်းသို့…
စူရာ အာယာသ် 21/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 19–23. မြန်မာဘာသာ: ภาษาไทย.