အလ်-မာအိဒ · 20/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ اذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ إِذْ جَعَلَ فِيكُمْ أَنبِيَاءَ وَجَعَلَكُم مُّلُوكًا وَآتَاكُم مَّا لَمْ يُؤْتِ أَحَدًا مِّنَ الْعَالَمِينَ ۝٢٠
Qa iz qaala Moosaa liqawmihee yaa qawmiz kuroo ni`matal laahi `alaikum iz ja`ala feekum mulookanw wa aataakum maa lam yu`ti ahadam minal `aalameen
📖 မြန်မာဘာသာ
ထို့ပြင်တဝ (ပြန်လည်အောက်မေ့ သတိရရှိကြလေကုန်) အခါတစ်ပါး၌ (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့လေသည်။ “အို- ငါ၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌တင်ရှိသော အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို ပြန်လည်အောက်မေ့ သတိရကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့၌ နဗီတမန်တော်များကို ပွင့်စေတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အား ဘုရင်မင်းများ (အဖြစ်) လည်း မြှောက်စားတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အား စကြာဝဠာတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချီးမြှင့်တော်မမူခဲ့သော ကျေးဇူးတော်များကိုလည်း ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။”

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 18-22 — စူရာ အလ်-မာအိဒ

18وَقَالَتِ الْيَهُودُ وَالنَّصَارَىٰ نَحْنُ أَبْنَاءُ اللَّهِ وَأَحِبَّاؤُهُ ۚ قُلْ فَلِمَ يُعَذِّبُكُم بِذُنُوبِكُم ۖ بَلْ أَنتُم بَشَرٌ مِّمَّنْ خَلَقَ ۚ يَغْفِرُ لِمَن يَشَاءُ وَيُعَذِّبُ مَن يَشَاءُ ۚ وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا ۖ وَإِلَيْهِ الْمَصِيرُ
၎င်းပြင် ယဟူဒီတို့သည်လည်းကောင်း၊ ခရစ်ယာန်တို့သည်လည်းကောင်း ငါတို့သည် အလ္လာဟ်အရှင်မြတ်၏ သားတော်များလည်းဖြစ်ကြသည်။ ထိုအရှင်မြတ်၏ အချစ်တော်များလည်းဖြစ်ကြသည်ဟူ၍ ပြောဆိုကြ၏။ (အို- နဗီတမန်တော် အသင်သည် ၎င်းတို့အား ဤသို့) မေးမြန်းပါလေ။ (အချင်းတို့) သို့ဖြစ်လျှင် ထိုအရှင်မြတ်သည် အဘယ်ကြောင့် အသင်တို့အား အသင်တို့၏အပြစ်များကြောင့် ပြစ်ဒဏ်စီရင်တော်မူပါသနည်း။ အမှန်မှာ အသင်တို့သည်လည်း ထိုအရှင်မြတ်ဖန်ဆင်းတော်မူသည့် (လူသားများ) အနက်မှ လူသာမန်များပင်ဖြစ်ကြပေသည်။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူ၍ မိမိအလိုရှိတော်မူသောသူကို ပြစ်ဒဏ်ပေးတော်မူ၏။ အမှန်မှာ မိုးများနှင့် ကမ္ဘာမြေကြီးကိုလည်းကောင်း၊ ထိုမိုးနှင့်မြေ၏စပ်ကြားတွင် ရှိရှိသမျှသော အရာများကိုလည်းကောင်း အလ္လာဟ်အရှင်မြတ်သာလျှင် စိုးပိုင်တော်မူသည်။ ၎င်းပြင် (လူခပ်သိမ်းတို့သည်) ထိုအရှင်မြတ်ဘက်တော်သို့သာလျှင် ပြန်လည်ရောက်ကြရမည်သာတည်း။
19يَا أَهْلَ الْكِتَابِ قَدْ جَاءَكُمْ رَسُولُنَا يُبَيِّنُ لَكُمْ عَلَىٰ فَتْرَةٍ مِّنَ الرُّسُلِ أَن تَقُولُوا مَا جَاءَنَا مِن بَشِيرٍ وَلَا نَذِيرٍ ۖ فَقَدْ جَاءَكُم بَشِيرٌ وَنَذِيرٌ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
အို- (ရှေးအထက်) ကျမ်းဂန်ရရှိသူ (ယဟူဒီ၊ ခရစ်ယာန်) အပေါင်းတို့၊ အသင်တို့သည် (‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်) “ကျွန်တော်မျိုးတို့ထံ (မှန်ကန်သော တရားဓမ္မနှင့်စပ်လျဉ်း၍) ဝမ်းမြောက်ဖွယ်ရာသတင်း ပြောကြားသူဟူ၍လည်းကောင်း၊ (လမ်းမှားသို့မရောက်စေရန်) သတိပေးနှိုးဆော်သူဟူ၍လည်းကောင်း၊ တစ်ဦးတစ်ယောက်မျှပင် ရောက်ရှိလာခဲ့သည်မရှိပါ” ဟု မပြောဆိုနိုင်ကြရန် ရစူလ်တမန်တော်များ အဆက်ပြတ်နေသောအချိန်ကာလ၌ အရှင်မြတ်၏ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ ထိုရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့အား (မှန်ကန်သော တရားဓမ္မ၊ အမိန့်၊ ပညတ်တို့ကို) ပွင့်လင်းထင်ရှားစွာ ဟောညွှန်လျက်ရှိပေသည်။ သို့ဖြစ်ပေရာ ယခုသော်ကား အသင်တို့ထံ ဝမ်းမြောက်ဖွယ်ရာသတင်းပြောကြားသူ၊ သတိပေးနှိုးဆော်သူ (နဗီတမန်တော်မုဟမ္မဒ်) သည် ဧကန်မလွဲ ရောက်ရှိလာခဲ့ချေပြီ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
20وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ اذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ إِذْ جَعَلَ فِيكُمْ أَنبِيَاءَ وَجَعَلَكُم مُّلُوكًا وَآتَاكُم مَّا لَمْ يُؤْتِ أَحَدًا مِّنَ الْعَالَمِينَ
ထို့ပြင်တဝ (ပြန်လည်အောက်မေ့ သတိရရှိကြလေကုန်) အခါတစ်ပါး၌ (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့လေသည်။ “အို- ငါ၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌တင်ရှိသော အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို ပြန်လည်အောက်မေ့ သတိရကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့၌ နဗီတမန်တော်များကို ပွင့်စေတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အား ဘုရင်မင်းများ (အဖြစ်) လည်း မြှောက်စားတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အား စကြာဝဠာတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချီးမြှင့်တော်မမူခဲ့သော ကျေးဇူးတော်များကိုလည်း ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။”
21يَا قَوْمِ ادْخُلُوا الْأَرْضَ الْمُقَدَّسَةَ الَّتِي كَتَبَ اللَّهُ لَكُمْ وَلَا تَرْتَدُّوا عَلَىٰ أَدْبَارِكُمْ فَتَنقَلِبُوا خَاسِرِينَ
“အို- ကျွန်ုပ်၏အမျိုးသားအပေါင်းတို့ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်က (သတ်မှတ်) ရေးသားတော်မူပြီးဖြစ်သော ထွတ်မြတ်သည့် (နယ်) အတွင်းသို့ ဝင်ရောက်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏နောက်ဘက်သို့လှည့်၍ ပြန်မသွားကြကုန်လင့်။ သို့ပြန်လှည့်သွားကြပါမူ အသင်တို့သည် ဆုံးရှုံးပျက်စီးသူများ ဖြစ်သွားကြရပေမည်။”
22قَالُوا يَا مُوسَىٰ إِنَّ فِيهَا قَوْمًا جَبَّارِينَ وَإِنَّا لَن نَّدْخُلَهَا حَتَّىٰ يَخْرُجُوا مِنْهَا فَإِن يَخْرُجُوا مِنْهَا فَإِنَّا دَاخِلُونَ
၎င်း (အမျိုးသား) တို့ကမူ (ဤသို့) ဖြေကြားခဲ့ကြလေသည်။ “အို- မူစာ၊ မုချဧကန် ထို (နယ်) မြေ၌ လုံးရပ်အင်အားကြီးမားသော လူမျိုးတစ်မျိုးသည် ရှိနေကြကုန်၏။ ထိုလူမျိုးတို့သည် ၎င်း (နယ်) မြေအတွင်းမှ ထွက်ခွာ၍မသွားသမျှကာလပတ်လုံး ကျွန်ုပ်တို့သည် ယင်း (နယ်) မြေအတွင်းသို့ အလျင်းဝင်ရောက်ကြမည်မဟုတ်ပေ။ အကယ်၍ ထိုလူမျိုးတို့သည် ၎င်း (နယ်) မြေအတွင်းမှ ထွက်ခွာသွားကြပါမူ၊ ကျွန်ုပ်တို့သည် ဧကန်စင်စစ် (ထိုနယ်မြေအတွင်းသို့) ဝင်ရောက်ကြလတ္တံ့။”
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
20အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 20

စူရာ အလ်-မာအိဒ အာယာသ် 20 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ (ပြန်လည်အောက်မေ့ သတိရရှိကြလေကုန်) အခါတစ်ပါး၌ (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့လေသည်။ “အို-…

စူရာ အာယာသ် 20/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 18–22. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers