အလ်-မာအိဒ · 20/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ اذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ إِذْ جَعَلَ فِيكُمْ أَنبِيَاءَ وَجَعَلَكُم مُّلُوكًا وَآتَاكُم مَّا لَمْ يُؤْتِ أَحَدًا مِّنَ الْعَالَمِينَ ۝٢٠
Qa iz qaala Moosaa liqawmihee yaa qawmiz kuroo ni`matal laahi `alaikum iz ja`ala feekum mulookanw wa aataakum maa lam yu`ti ahadam minal `aalameen
📖 မြန်မာဘာသာ
ထို့ပြင်တဝ (ပြန်လည်အောက်မေ့ သတိရရှိကြလေကုန်) အခါတစ်ပါး၌ (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့လေသည်။ “အို- ငါ၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌တင်ရှိသော အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို ပြန်လည်အောက်မေ့ သတိရကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့၌ နဗီတမန်တော်များကို ပွင့်စေတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အား ဘုရင်မင်းများ (အဖြစ်) လည်း မြှောက်စားတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အား စကြာဝဠာတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချီးမြှင့်တော်မမူခဲ့သော ကျေးဇူးတော်များကိုလည်း ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။”

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အရှင်သခင်သည် မူဆာကို မြွက်ကြားစေတော်မူခဲ့သည့် စကားတော်တွင် ပါဝင်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ။
  • နိအ်မသ် (نِعْمَةَ): ကျေးဇူးတော်၊ ကောင်းချီးမင်္ဂလာ။
  • အန်ဗိယာ (أَنبِيَاءَ): တမန်တော်များ၊ နဗီများ။
  • မုလူကာ (مُّلُوكًا): ဘုရင်များ၊ အုပ်စိုးရှင်များ။
  • အာလမီန (الْعَالَمِينَ): ကမ္ဘာ့လူသားများ၊ လောကီသားများ။
  1. အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား ဤအဖြစ်အပျက်ကို ပြန်လည်သတိရစေတော်မူသည်။ တမန်တော်မူဆာ (အ.စ) သည် သူ၏လူမျိုးဖြစ်သော အစ္စရေးလူမျိုးတို့အား “အို ကျွန်ုပ်၏လူမျိုးတို့၊ အလ္လာဟ်အရှင်မြတ်သည် သင်တို့အပေါ် ပေးသနားတော်မူခဲ့သော ကျေးဇူးတော်များကို သတိရကြလော့။ အရှင်မြတ်သည် သင်တို့အထဲတွင် တမန်တော်များကို ခန့်အပ်တော်မူခဲ့သည်။ ထိုတမန်တော်များသည် သင်တို့အား လမ်းမှန်သို့ ပို့ဆောင်ပေးကြသည်။ ထို့အပြင် အရှင်မြတ်သည် သင်တို့အား ဘုရင်များအဖြစ် ဖန်တီးတော်မူခဲ့သည်။ ဆိုလိုသည်မှာ ဖာရောဘုရင်နှင့် သူ၏လူမျိုးတို့၏ ကျွန်အဖြစ် နှိမ့်ချခံခဲ့ရသော သင်တို့သည် ယခုအခါ မိမိတို့၏ကိစ္စများကို မိမိတို့ဘာသာ စီမံခန့်ခွဲနိုင်သော လွတ်လပ်သောသူများ ဖြစ်လာကြသည်။ ထို့အပြင် အရှင်မြတ်သည် သင်တို့အား မanna (မန္န) နှင့် စလ်ဝါ (ငုံးငှက်)၊ တိမ်ဖြင့် အရိပ်ပေးခြင်း၊ ပင်လယ်ကို ကွဲစေခြင်း စသည့် ကျေးဇူးတော်များကို ပေးသနားတော်မူခဲ့သည်။ ဤကျေးဇူးတော်များသည် သင်တို့ခေတ်ကာလရှိ ကမ္ဘာ့လူသားများထဲမှ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပေးသနားတော်မူခဲ့ခြင်း မရှိသော ကျေးဇူးတော်များ ဖြစ်သည်။ ဤအဖြစ်အပျက်ကို ဖော်ပြတော်မူခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား နှစ်သိမ့်စေတော်မူသည်။ အကြောင်းမှာ အစ္စရေးလူမျိုးတို့၏ ဘိုးဘေးများသည် တမန်တော်မူဆာအား ပုန်ကန်ခဲ့ကြသကဲ့သို့ ဤခေတ်လူမျိုးများသည်လည်း တမန်တော်မုဟမ္မဒ် (ဆွ) အား ပုန်ကန်ကြမည်ဖြစ်သည်။ ဤသည်မှာ တမန်တော်မုဟမ္မဒ် (ဆွ) အတွက် နှစ်သိမ့်မှုတစ်ရပ် ဖြစ်သည်။
  2. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။
  • အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို အမြဲသတိရခြင်းသည် အီမာန


📜 အာယာသ် 18-22 — စူရာ အလ်-မာအိဒ

18وَقَالَتِ الْيَهُودُ وَالنَّصَارَىٰ نَحْنُ أَبْنَاءُ اللَّهِ وَأَحِبَّاؤُهُ ۚ قُلْ فَلِمَ يُعَذِّبُكُم بِذُنُوبِكُم ۖ بَلْ أَنتُم بَشَرٌ مِّمَّنْ خَلَقَ ۚ يَغْفِرُ لِمَن يَشَاءُ وَيُعَذِّبُ مَن يَشَاءُ ۚ وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَيْنَهُمَا ۖ وَإِلَيْهِ الْمَصِيرُ
၎င်းပြင် ယဟူဒီတို့သည်လည်းကောင်း၊ ခရစ်ယာန်တို့သည်လည်းကောင်း ငါတို့သည် အလ္လာဟ်အရှင်မြတ်၏ သားတော်များလည်းဖြစ်ကြသည်။ ထိုအရှင်မြတ်၏ အချစ်တော်များလည်းဖြစ်ကြသည်ဟူ၍ ပြောဆိုကြ၏။ (အို- နဗီတမန်တော် အသင်သည် ၎င်းတို့အား ဤသို့) မေးမြန်းပါလေ။ (အချင်းတို့) သို့ဖြစ်လျှင် ထိုအရှင်မြတ်သည် အဘယ်ကြောင့် အသင်တို့အား အသင်တို့၏အပြစ်များကြောင့် ပြစ်ဒဏ်စီရင်တော်မူပါသနည်း။ အမှန်မှာ အသင်တို့သည်လည်း ထိုအရှင်မြတ်ဖန်ဆင်းတော်မူသည့် (လူသားများ) အနက်မှ လူသာမန်များပင်ဖြစ်ကြပေသည်။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူ၍ မိမိအလိုရှိတော်မူသောသူကို ပြစ်ဒဏ်ပေးတော်မူ၏။ အမှန်မှာ မိုးများနှင့် ကမ္ဘာမြေကြီးကိုလည်းကောင်း၊ ထိုမိုးနှင့်မြေ၏စပ်ကြားတွင် ရှိရှိသမျှသော အရာများကိုလည်းကောင်း အလ္လာဟ်အရှင်မြတ်သာလျှင် စိုးပိုင်တော်မူသည်။ ၎င်းပြင် (လူခပ်သိမ်းတို့သည်) ထိုအရှင်မြတ်ဘက်တော်သို့သာလျှင် ပြန်လည်ရောက်ကြရမည်သာတည်း။
19يَا أَهْلَ الْكِتَابِ قَدْ جَاءَكُمْ رَسُولُنَا يُبَيِّنُ لَكُمْ عَلَىٰ فَتْرَةٍ مِّنَ الرُّسُلِ أَن تَقُولُوا مَا جَاءَنَا مِن بَشِيرٍ وَلَا نَذِيرٍ ۖ فَقَدْ جَاءَكُم بَشِيرٌ وَنَذِيرٌ ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
အို- (ရှေးအထက်) ကျမ်းဂန်ရရှိသူ (ယဟူဒီ၊ ခရစ်ယာန်) အပေါင်းတို့၊ အသင်တို့သည် (‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင်) “ကျွန်တော်မျိုးတို့ထံ (မှန်ကန်သော တရားဓမ္မနှင့်စပ်လျဉ်း၍) ဝမ်းမြောက်ဖွယ်ရာသတင်း ပြောကြားသူဟူ၍လည်းကောင်း၊ (လမ်းမှားသို့မရောက်စေရန်) သတိပေးနှိုးဆော်သူဟူ၍လည်းကောင်း၊ တစ်ဦးတစ်ယောက်မျှပင် ရောက်ရှိလာခဲ့သည်မရှိပါ” ဟု မပြောဆိုနိုင်ကြရန် ရစူလ်တမန်တော်များ အဆက်ပြတ်နေသောအချိန်ကာလ၌ အရှင်မြတ်၏ရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့ထံ ရောက်ရှိလာခဲ့ချေပြီ။ ထိုရစူလ်တမန်တော် (မုဟမ္မဒ်) သည် အသင်တို့အား (မှန်ကန်သော တရားဓမ္မ၊ အမိန့်၊ ပညတ်တို့ကို) ပွင့်လင်းထင်ရှားစွာ ဟောညွှန်လျက်ရှိပေသည်။ သို့ဖြစ်ပေရာ ယခုသော်ကား အသင်တို့ထံ ဝမ်းမြောက်ဖွယ်ရာသတင်းပြောကြားသူ၊ သတိပေးနှိုးဆော်သူ (နဗီတမန်တော်မုဟမ္မဒ်) သည် ဧကန်မလွဲ ရောက်ရှိလာခဲ့ချေပြီ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို စွမ်းဆောင်နိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
20وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ اذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ إِذْ جَعَلَ فِيكُمْ أَنبِيَاءَ وَجَعَلَكُم مُّلُوكًا وَآتَاكُم مَّا لَمْ يُؤْتِ أَحَدًا مِّنَ الْعَالَمِينَ
ထို့ပြင်တဝ (ပြန်လည်အောက်မေ့ သတိရရှိကြလေကုန်) အခါတစ်ပါး၌ (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့လေသည်။ “အို- ငါ၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့အပေါ်၌တင်ရှိသော အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်ကို ပြန်လည်အောက်မေ့ သတိရကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့၌ နဗီတမန်တော်များကို ပွင့်စေတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အား ဘုရင်မင်းများ (အဖြစ်) လည်း မြှောက်စားတော်မူခဲ့လေသည်။ ၎င်းပြင် အသင်တို့အား စကြာဝဠာတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချီးမြှင့်တော်မမူခဲ့သော ကျေးဇူးတော်များကိုလည်း ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။”
21يَا قَوْمِ ادْخُلُوا الْأَرْضَ الْمُقَدَّسَةَ الَّتِي كَتَبَ اللَّهُ لَكُمْ وَلَا تَرْتَدُّوا عَلَىٰ أَدْبَارِكُمْ فَتَنقَلِبُوا خَاسِرِينَ
“အို- ကျွန်ုပ်၏အမျိုးသားအပေါင်းတို့ အသင်တို့သည် မိမိတို့အဖို့ အလ္လာဟ်အရှင်မြတ်က (သတ်မှတ်) ရေးသားတော်မူပြီးဖြစ်သော ထွတ်မြတ်သည့် (နယ်) အတွင်းသို့ ဝင်ရောက်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် မိမိတို့၏နောက်ဘက်သို့လှည့်၍ ပြန်မသွားကြကုန်လင့်။ သို့ပြန်လှည့်သွားကြပါမူ အသင်တို့သည် ဆုံးရှုံးပျက်စီးသူများ ဖြစ်သွားကြရပေမည်။”
22قَالُوا يَا مُوسَىٰ إِنَّ فِيهَا قَوْمًا جَبَّارِينَ وَإِنَّا لَن نَّدْخُلَهَا حَتَّىٰ يَخْرُجُوا مِنْهَا فَإِن يَخْرُجُوا مِنْهَا فَإِنَّا دَاخِلُونَ
၎င်း (အမျိုးသား) တို့ကမူ (ဤသို့) ဖြေကြားခဲ့ကြလေသည်။ “အို- မူစာ၊ မုချဧကန် ထို (နယ်) မြေ၌ လုံးရပ်အင်အားကြီးမားသော လူမျိုးတစ်မျိုးသည် ရှိနေကြကုန်၏။ ထိုလူမျိုးတို့သည် ၎င်း (နယ်) မြေအတွင်းမှ ထွက်ခွာ၍မသွားသမျှကာလပတ်လုံး ကျွန်ုပ်တို့သည် ယင်း (နယ်) မြေအတွင်းသို့ အလျင်းဝင်ရောက်ကြမည်မဟုတ်ပေ။ အကယ်၍ ထိုလူမျိုးတို့သည် ၎င်း (နယ်) မြေအတွင်းမှ ထွက်ခွာသွားကြပါမူ၊ ကျွန်ုပ်တို့သည် ဧကန်စင်စစ် (ထိုနယ်မြေအတွင်းသို့) ဝင်ရောက်ကြလတ္တံ့။”
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
20အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 20

စူရာ အလ်-မာအိဒ အာယာသ် 20 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ (ပြန်လည်အောက်မေ့ သတိရရှိကြလေကုန်) အခါတစ်ပါး၌ (နဗီတမန်တော်) မူစာသည် မိမိအမျိုးသားတို့အား (ဤသို့) ပြောကြားခဲ့လေသည်။ “အို-…

စူရာ အာယာသ် 20/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 18–22. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 22, 2026

Don't forget us in your sincere prayers