အလ်-မာအိဒ · 71/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
وَحَسِبُوا أَلَّا تَكُونَ فِتْنَةٌ فَعَمُوا وَصَمُّوا ثُمَّ تَابَ اللَّهُ عَلَيْهِمْ ثُمَّ عَمُوا وَصَمُّوا كَثِيرٌ مِّنْهُمْ ۚ وَاللَّهُ بَصِيرٌ بِمَا يَعْمَلُونَ ۝٧١
Wa hasibooo allaa takoona fitnaun fa`amoo wa sammoo summa taabal laahu `alaihim summa `amoo wa sammoo kaseerum minhum; wallaahu baseerum bimaa ya`maloon
📖 မြန်မာဘာသာ
ထိုမျှမကသေးချေ။ ၎င်းတို့သည် (ယင်းကဲ့သို့ရစူလ်တမန်တော်များကို ငြင်းပယ်ခြင်းနှင့် သတ်ဖြတ်ခြင်းအားဖြင့် မိမိတို့၌) ဘေးဥပဒ်အန္တရာယ် တစ်စုံတစ်ရာမျှ ဆိုက်ရောက်လိမ့်မည်မဟုတ်ဟူ၍ပင် ထင်မြင်ယူဆခဲ့ကြလေသည်။ သို့ဖြစ်သောကြောင့် ထိုသူတို့သည် မျက်စိစုံလုံးကန်းခဲ့ကြလေသည်။ နားပင်းခဲ့ကြလေသည်။ ထို့နောက်တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ဘက်သို့ (မိမိ) ကရုဏာတော်နှင့် ပြန်လှည့်တော်မူ၍ (၎င်းတို့အား အပြစ်မှ ချမ်းသာပေးသနားတော်မူ) ခဲ့လေ၏။ ထို့နောက်သော်မှပင် ယင်းသူတို့အနက် များစွာသောသူတို့သည် မျက်စိစုံလုံးကန်းသူများနှင့် နားပင်းသူများပင် ဖြစ်သွားကြပြန်သည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ကျင့်မူသမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပေတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်များ။ ။
  • ဟစိဗူ (وَحَسِبُوا) = သူတို့သည် ထင်မှတ်ကြသည်၊ ယူဆကြသည်။
  • ဖိတ်နသွန် (فِتْنَةٌ) = ဤနေရာတွင် စမ်းသပ်မှု၊ ပြစ်ဒဏ်၊ ဘေးအန္တရာယ်ဟု အဓိပ္ပာယ်ရသည်။
  • အမော (عَمُوا) = သူတို့သည် မျက်စိကွယ်ကြသည်၊ တရားလမ်းကို မမြင်ကြသည်။
  • ဆွမ်မူ (صَمُّوا) = သူတို့သည် နားပင်းကြသည်၊ အမှန်တရားကို နားမထောင်ကြသည်။
  • တာဗလ္လာဟု (تَابَ اللَّهُ) = အလ္လာဟ်အရှင်မြတ်သည် သူတို့၏ အသနားခံမှုကို လက်ခံတော်မူသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။ ။

ဤအာယသ်တော်သည် အစ္စရာအီလ်လူမျိုးတို့၏ အုပ်စုတစ်စုအကြောင်းကို ဖော်ပြထားခြင်းဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်နှင့် ပဋိညာဉ်ချုပ်ဆိုပြီးနောက် ထိုပဋိညာဉ်ကို ချိုးဖောက်ကြသည်။ တမန်တော်များကို ငြင်းပယ်ကြသည်။ အချို့တမန်တော်များကို သတ်ဖြတ်ကြသည်။ ထိုသို့သော ပြစ်မှုကြီးများကို ကျူးလွန်ပါလျက် မိမိတို့သည် မည်သည့်ပြစ်ဒဏ်မျှ မခံရမည်ဟု ထင်မှတ်နေကြသည်။ ဤသို့သော ထင်မှတ်မှုကြောင့် သူတို့သည် အမှန်တရားကို မြင်နိုင်စွမ်းမရှိတော့ဘဲ မျက်စိကွယ်သကဲ့သို့ ဖြစ်သွားကြသည်။ အမှန်တရားကို ကြားနိုင်စွမ်းမရှိတော့ဘဲ နားပင်းသကဲ့သို့ ဖြစ်သွားကြသည်။ ထို့နောက် သူတို့သည် အလ္လာဟ်အရှင်မြတ်ထံ အသနားခံကြသောအခါ အရှင်မြတ်သည် သူတို့၏ အသနားခံမှုကို လက်ခံတော်မူသည်။ သို့သော် ထို့နောက်တွင်လည်း သူတို့အနက် အများအပြားသည် ထပ်မံ၍ အမှန်တရားကို မမြင်နိုင်ကြတော့ဘဲ မျက်စိကွယ်သကဲ့သို့လည်းကောင်း၊ အမှန်တရားကို နားမထောင်နိုင်ကြတော့ဘဲ နားပင်းသကဲ့သို့လည်းကောင်း ဖြစ်သွားကြပြန်သည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့ပြုလုပ်သမျှသော အပြုအမူအားလုံးကို အသေးစိတ် မြင်တော်မူသည်။ မည်သည့်အရာမျှ အရှင်မြတ်ထံမှ လွတ်မြောက်မည်မဟုတ်ပေ။ သူတို့၏ ကောင်းမှုနှင့် မကောင်းမှုအားလုံးအတွက် အရှင်မြတ်သည် အစားပေးတော်မူမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။ ။
  • အလ္လာဟ်အရှင်မြတ်သည် ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ပေးတော်မူမည်ဖြစ်ကြောင်း သိရှိရသည်။ မည်သူမျှ မိမိ၏ ပြစ်မှုများအတွက် ပြစ်ဒဏ်မှ လွတ်မြောက်မည်ဟု မထင်မှတ်သင့်ပေ။
  • အမှန်တရားကို မြင်နိုင်ရန်၊ ကြ


📜 အာယာသ် 69-73 — စူရာ အလ်-မာအိဒ

69إِنَّ الَّذِينَ آمَنُوا وَالَّذِينَ هَادُوا وَالصَّابِئُونَ وَالنَّصَارَىٰ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَعَمِلَ صَالِحًا فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
စင်စစ်ဧကန် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများသည်လည်းကောင်း၊ ယဟူဒီများသည်လည်းကောင်း၊ ဆွာဗီ များသည်လည်းကောင်း၊ ရစ်ယာန်များသည်လည်းကောင်း မည်သူမဆို အလ္လာဟ်အရှင်မြတ်နှင့် နောက်ဆုံးနေ့ကိုယုံကြည်ပြီး ကောင်းမြတ်သော ကိုယ်ကျင့်တရားများကို ဆောက်တည်ခဲ့ပါလျှင် ထိုကဲ့သို့သောသူတို့အဖို့ မည်သည့်စိုးရိမ်မှုမျှမရှိ။ ၎င်းတို့သည် ပူဆွေးကြမည်လည်း မဟုတ်ပေ။
70لَقَدْ أَخَذْنَا مِيثَاقَ بَنِي إِسْرَائِيلَ وَأَرْسَلْنَا إِلَيْهِمْ رُسُلًا ۖ كُلَّمَا جَاءَهُمْ رَسُولٌ بِمَا لَا تَهْوَىٰ أَنفُسُهُمْ فَرِيقًا كَذَّبُوا وَفَرِيقًا يَقْتُلُونَ
ဧကန်မုချ ငါအရှင်မြတ်သည် အစ္စရာအီလီမျိုးနွယ်တို့ထံမှ ပဋိညာဉ်ကို ယူတော်မူခဲ့၏။ ၎င်းပြင် ငါအရှင်မြတ်သည် ၎င်းတို့ထံသို့ (များစွာသော) ရစူလ်တမန်တော်များကိုလည်း စေလွှတ်တော်မူခဲ့၏။ မည်သည့်အခါမျိုးမဆို ထိုသူတို့ထံသို့ ရစူလ်တမန်တော်တစ်ပါးပါးသည် ထိုသူတို့မကြိုက်မနှစ်သက်သော အမိန့်ပညတ်တော်ကို ယူဆောင်လာခဲ့သည်ရှိသော် ထိုသူတို့သည် အချို့ (ရစူလ်တမန်တော်များ) ကို မုသာဝါဒီများဟူ၍ ပြောဆိုငြင်းပယ်ခဲ့ကြ၏။ အချို့တမန်တော်များကိုမူ သတ်ဖြတ်ခဲ့ကြ၏။
71وَحَسِبُوا أَلَّا تَكُونَ فِتْنَةٌ فَعَمُوا وَصَمُّوا ثُمَّ تَابَ اللَّهُ عَلَيْهِمْ ثُمَّ عَمُوا وَصَمُّوا كَثِيرٌ مِّنْهُمْ ۚ وَاللَّهُ بَصِيرٌ بِمَا يَعْمَلُونَ
ထိုမျှမကသေးချေ။ ၎င်းတို့သည် (ယင်းကဲ့သို့ရစူလ်တမန်တော်များကို ငြင်းပယ်ခြင်းနှင့် သတ်ဖြတ်ခြင်းအားဖြင့် မိမိတို့၌) ဘေးဥပဒ်အန္တရာယ် တစ်စုံတစ်ရာမျှ ဆိုက်ရောက်လိမ့်မည်မဟုတ်ဟူ၍ပင် ထင်မြင်ယူဆခဲ့ကြလေသည်။ သို့ဖြစ်သောကြောင့် ထိုသူတို့သည် မျက်စိစုံလုံးကန်းခဲ့ကြလေသည်။ နားပင်းခဲ့ကြလေသည်။ ထို့နောက်တစ်ဖန် အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ဘက်သို့ (မိမိ) ကရုဏာတော်နှင့် ပြန်လှည့်တော်မူ၍ (၎င်းတို့အား အပြစ်မှ ချမ်းသာပေးသနားတော်မူ) ခဲ့လေ၏။ ထို့နောက်သော်မှပင် ယင်းသူတို့အနက် များစွာသောသူတို့သည် မျက်စိစုံလုံးကန်းသူများနှင့် နားပင်းသူများပင် ဖြစ်သွားကြပြန်သည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ကျင့်မူသမျှတို့ကို အကြွင်းမဲ့သိမြင်တော်မူသော အရှင်မြတ်ပေတည်း။
72لَقَدْ كَفَرَ الَّذِينَ قَالُوا إِنَّ اللَّهَ هُوَ الْمَسِيحُ ابْنُ مَرْيَمَ ۖ وَقَالَ الْمَسِيحُ يَا بَنِي إِسْرَائِيلَ اعْبُدُوا اللَّهَ رَبِّي وَرَبَّكُمْ ۖ إِنَّهُ مَن يُشْرِكْ بِاللَّهِ فَقَدْ حَرَّمَ اللَّهُ عَلَيْهِ الْجَنَّةَ وَمَأْوَاهُ النَّارُ ۖ وَمَا لِلظَّالِمِينَ مِنْ أَنصَارٍ
မလွဲဧကန် ကာဖိရ်ဖြစ်သွားကြသောသူတို့က “ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‘မရ်ယမ်’ ၏သားတော် ‘မစီဟ်’ (အီစာ) ပင် ဖြစ်တော်မူသည်” ဟု ပြောဆိုခဲ့ကြကုန်၏။ အမှန်သော်ကား မစီဟ် (ကိုယ်တိုင်) ကပင် “အို - အစ္စရာအီလီမျိုးနွယ်အပေါင်းတို့ အသင်တို့သည် ငါ၏အရှင်နှင့် အသင်တို့၏အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ကိုပင် ခဝပ်ကိုးကွယ်ကြလေကုန်” ဟု ပြောဆိုခဲ့လေသည်။ စင်စစ်ဧကန် မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် (ကိုးကွယ်) ပါလျှင် အလ္လာဟ်အရှင်မြတ်သည် ထို (ကဲ့သို့သော) သူ၏အဖို့ ‘ဂျန္နတ်’ အမတသုခဘုံကို မုချဧကန် ပိတ်ပင် ထားတော်မူအံ့။ ၎င်းပြင် ထိုသူ၏လားရာဌာနသည် ငရဲမီးပင်ဖြစ်လတ္တံ့။ ထိုမှတစ်ပါး (ယင်းကဲ့သို့) မတရားကျူးလွန်သောသူတို့အား ရိုင်းပင်းကူညီ စောင်မမည့်သူဟူ၍ကား တစ်စုံတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။
73لَّقَدْ كَفَرَ الَّذِينَ قَالُوا إِنَّ اللَّهَ ثَالِثُ ثَلَاثَةٍ ۘ وَمَا مِنْ إِلَٰهٍ إِلَّا إِلَٰهٌ وَاحِدٌ ۚ وَإِن لَّمْ يَنتَهُوا عَمَّا يَقُولُونَ لَيَمَسَّنَّ الَّذِينَ كَفَرُوا مِنْهُمْ عَذَابٌ أَلِيمٌ
ဧကန်အမှန် အကြင်သူတို့သည်လည်း ကာဖိရ်များပင် ဖြစ်သွားခဲ့ကြကုန်၏။ ထိုသူများက အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ဘုရား) သုံးဆူအနက် တတိယ (ဘုရား) ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြကုန်၏။ အမှန်သော်ကား တစ်ဆူတည်းသော ကိုးကွယ်ရာ (အလ္လာဟ်အရှင်) မြတ်မှတစ်ပါး အခြားကိုးကွယ်ရာ (ဘုရား) ဟူ၍ အလျင်းမရှိချေ။ အကယ်၍သာ ယင်းသူတို့သည် မိမိတို့ပြောဆိုမှုကို မရပ်စဲကြသော် ၎င်းတို့အနက်မှ ဆက်လက်၍ သွေဖည်ငြင်းပယ်ကြသောသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် မုချဆိုက်ရောက်ပေမည်။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
71အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 71

စူရာ အလ်-မာအိဒ အာယာသ် 71 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမျှမကသေးချေ။ ၎င်းတို့သည် (ယင်းကဲ့သို့ရစူလ်တမန်တော်များကို ငြင်းပယ်ခြင်းနှင့် သတ်ဖြတ်ခြင်းအားဖြင့် မိမိတို့၌) ဘေးဥပဒ်အန္တရာယ် တစ်စုံတစ်ရာမျှ ဆိုက်ရောက်လိမ့်မည်မဟုတ်ဟူ၍ပင် ထင်မြင်ယူဆခဲ့ကြလေသည်။…

စူရာ အာယာသ် 71/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 69–73. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers