အလ်-မာအိဒ · 74/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
أَفَلَا يَتُوبُونَ إِلَى اللَّهِ وَيَسْتَغْفِرُونَهُ ۚ وَاللَّهُ غَفُورٌ رَّحِيمٌ ۝٧٤
Afalaa yatooboona ilal laahi wa yastaghfiroonah; wallaahu Ghafoorur Raheem
📖 မြန်မာဘာသာ
ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်ဝယ် ဝန်ချတောင်းပန်ခြင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံခြင်းကိုလည်းကောင်း မပြုကြလေသလော။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာမျှ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 72-76 — စူရာ အလ်-မာအိဒ

72لَقَدْ كَفَرَ الَّذِينَ قَالُوا إِنَّ اللَّهَ هُوَ الْمَسِيحُ ابْنُ مَرْيَمَ ۖ وَقَالَ الْمَسِيحُ يَا بَنِي إِسْرَائِيلَ اعْبُدُوا اللَّهَ رَبِّي وَرَبَّكُمْ ۖ إِنَّهُ مَن يُشْرِكْ بِاللَّهِ فَقَدْ حَرَّمَ اللَّهُ عَلَيْهِ الْجَنَّةَ وَمَأْوَاهُ النَّارُ ۖ وَمَا لِلظَّالِمِينَ مِنْ أَنصَارٍ
မလွဲဧကန် ကာဖိရ်ဖြစ်သွားကြသောသူတို့က “ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ‘မရ်ယမ်’ ၏သားတော် ‘မစီဟ်’ (အီစာ) ပင် ဖြစ်တော်မူသည်” ဟု ပြောဆိုခဲ့ကြကုန်၏။ အမှန်သော်ကား မစီဟ် (ကိုယ်တိုင်) ကပင် “အို - အစ္စရာအီလီမျိုးနွယ်အပေါင်းတို့ အသင်တို့သည် ငါ၏အရှင်နှင့် အသင်တို့၏အရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်ကိုပင် ခဝပ်ကိုးကွယ်ကြလေကုန်” ဟု ပြောဆိုခဲ့လေသည်။ စင်စစ်ဧကန် မည်သူမဆို (တစ်စုံတစ်ရာကို) အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက် (ကိုးကွယ်) ပါလျှင် အလ္လာဟ်အရှင်မြတ်သည် ထို (ကဲ့သို့သော) သူ၏အဖို့ ‘ဂျန္နတ်’ အမတသုခဘုံကို မုချဧကန် ပိတ်ပင် ထားတော်မူအံ့။ ၎င်းပြင် ထိုသူ၏လားရာဌာနသည် ငရဲမီးပင်ဖြစ်လတ္တံ့။ ထိုမှတစ်ပါး (ယင်းကဲ့သို့) မတရားကျူးလွန်သောသူတို့အား ရိုင်းပင်းကူညီ စောင်မမည့်သူဟူ၍ကား တစ်စုံတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။
73لَّقَدْ كَفَرَ الَّذِينَ قَالُوا إِنَّ اللَّهَ ثَالِثُ ثَلَاثَةٍ ۘ وَمَا مِنْ إِلَٰهٍ إِلَّا إِلَٰهٌ وَاحِدٌ ۚ وَإِن لَّمْ يَنتَهُوا عَمَّا يَقُولُونَ لَيَمَسَّنَّ الَّذِينَ كَفَرُوا مِنْهُمْ عَذَابٌ أَلِيمٌ
ဧကန်အမှန် အကြင်သူတို့သည်လည်း ကာဖိရ်များပင် ဖြစ်သွားခဲ့ကြကုန်၏။ ထိုသူများက အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ဘုရား) သုံးဆူအနက် တတိယ (ဘုရား) ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြကုန်၏။ အမှန်သော်ကား တစ်ဆူတည်းသော ကိုးကွယ်ရာ (အလ္လာဟ်အရှင်) မြတ်မှတစ်ပါး အခြားကိုးကွယ်ရာ (ဘုရား) ဟူ၍ အလျင်းမရှိချေ။ အကယ်၍သာ ယင်းသူတို့သည် မိမိတို့ပြောဆိုမှုကို မရပ်စဲကြသော် ၎င်းတို့အနက်မှ ဆက်လက်၍ သွေဖည်ငြင်းပယ်ကြသောသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် မုချဆိုက်ရောက်ပေမည်။
74أَفَلَا يَتُوبُونَ إِلَى اللَّهِ وَيَسْتَغْفِرُونَهُ ۚ وَاللَّهُ غَفُورٌ رَّحِيمٌ
ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်ဝယ် ဝန်ချတောင်းပန်ခြင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံခြင်းကိုလည်းကောင်း မပြုကြလေသလော။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာမျှ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။
75مَّا الْمَسِيحُ ابْنُ مَرْيَمَ إِلَّا رَسُولٌ قَدْ خَلَتْ مِن قَبْلِهِ الرُّسُلُ وَأُمُّهُ صِدِّيقَةٌ ۖ كَانَا يَأْكُلَانِ الطَّعَامَ ۗ انظُرْ كَيْفَ نُبَيِّنُ لَهُمُ الْآيَاتِ ثُمَّ انظُرْ أَنَّىٰ يُؤْفَكُونَ
မရ်ယမ်၏သားတော် �စီဟ်သည် ရစူလ်တမန်တော်တစ်ပါးမျှသာ ဖြစ်၏။ ထိုမရ်ယမ်၏သားတော် မစီဟ် (အီစာ) ၏အလျင်လည်း (အခြားသော) ရစူလ်တမန်တော်တို့သည် မုချ ပွင့်ခဲ့ကြလေသည်။ ၎င်းပြင် ထိုမစီဟ် (အီစာ) ၏မယ်တော် (မရ်ယမ်) သည် သစ္စာသမာဓိနှင့် အထူးပြည့်စုံသော မိန်းမမြတ်တစ်ဦးပင် ဖြစ်ချေသည်။ ထို (သားအမိ) နှစ်ဦးလုံးသည် (အခြားလူသားများကဲ့သို့ပင်) အစာအဟာရကို စားသုံးလေ့ရှိခဲ့ကြ၏။ (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် ထို (ခရစ်ယာန်) တို့ရှေ့ဝယ် သက်သေသာဓကများကို မည်ကဲ့သို့ ရှင်းလင်းဖော်ပြတော်မူသည်ကို အသင်ရှုပါလေ။ ထို့နောက်တစ်ဖန် ယင်းသူတို့သည် (မှန်ကန်သောတရားလမ်းစဉ်ကိုစွန့်၍) အဘယ်သို့ ပြန်လှည့်သွားကြသည်ကိုလည်း အသင်ရှုပါလေ။
76قُلْ أَتَعْبُدُونَ مِن دُونِ اللَّهِ مَا لَا يَمْلِكُ لَكُمْ ضَرًّا وَلَا نَفْعًا ۚ وَاللَّهُ هُوَ السَّمِيعُ الْعَلِيمُ
(အို- နဗီတမန်တော်) အသင်သည် (ခရစ်ယာန်တို့အား ဤသို့) ပြောကြားပါလေ။ “(ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့အား အကျိုးယုတ် နစ်နာစေခြင်းကိုလည်းကောင်း၊ အကျိုး ဖြစ်ထွန်းစေခြင်းကိုလည်းကောင်း မပြုစွမ်းနိုင်ကြသောအရာများကို ကိုးကွယ်ဆည်းကပ်ကြလေသလော။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် (အလုံးစုံတို့ကို) အကြွင်းမဲ့ကြားသိတော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။”
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
74အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 74

စူရာ အလ်-မာအိဒ အာယာသ် 74 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်ဝယ် ဝန်ချတောင်းပန်ခြင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံခြင်းကိုလည်းကောင်း မပြုကြလေသလော။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ…

စူရာ အာယာသ် 74/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 72–76. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers