အလ်-မာအိဒ · 75/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
مَّا الْمَسِيحُ ابْنُ مَرْيَمَ إِلَّا رَسُولٌ قَدْ خَلَتْ مِن قَبْلِهِ الرُّسُلُ وَأُمُّهُ صِدِّيقَةٌ ۖ كَانَا يَأْكُلَانِ الطَّعَامَ ۗ انظُرْ كَيْفَ نُبَيِّنُ لَهُمُ الْآيَاتِ ثُمَّ انظُرْ أَنَّىٰ يُؤْفَكُونَ ۝٧٥
Mal Maseehub nu Maryama illaa Rasoolun qad khalat min qablihir Rusulu wa ummuhoo siddeeqatun kaanaa yaa kulaanit ta`aam; unzur kaifa nubaiyinu lahumul Aayaati suman zur annaa yu`fakoon
📖 မြန်မာဘာသာ
မရ်ယမ်၏သားတော် �စီဟ်သည် ရစူလ်တမန်တော်တစ်ပါးမျှသာ ဖြစ်၏။ ထိုမရ်ယမ်၏သားတော် မစီဟ် (အီစာ) ၏အလျင်လည်း (အခြားသော) ရစူလ်တမန်တော်တို့သည် မုချ ပွင့်ခဲ့ကြလေသည်။ ၎င်းပြင် ထိုမစီဟ် (အီစာ) ၏မယ်တော် (မရ်ယမ်) သည် သစ္စာသမာဓိနှင့် အထူးပြည့်စုံသော မိန်းမမြတ်တစ်ဦးပင် ဖြစ်ချေသည်။ ထို (သားအမိ) နှစ်ဦးလုံးသည် (အခြားလူသားများကဲ့သို့ပင်) အစာအဟာရကို စားသုံးလေ့ရှိခဲ့ကြ၏။ (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် ထို (ခရစ်ယာန်) တို့ရှေ့ဝယ် သက်သေသာဓကများကို မည်ကဲ့သို့ ရှင်းလင်းဖော်ပြတော်မူသည်ကို အသင်ရှုပါလေ။ ထို့နောက်တစ်ဖန် ယင်းသူတို့သည် (မှန်ကန်သောတရားလမ်းစဉ်ကိုစွန့်၍) အဘယ်သို့ ပြန်လှည့်သွားကြသည်ကိုလည်း အသင်ရှုပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
  • الْمَسِيحُ (အလ်-မာစီးဟ်) — ခရစ်တော်၊ ဘိသိက်ပေးခြင်းခံရသူ။ ဤနေရာတွင် တမန်တော် အီစာ (အ.စ) ကို ရည်ညွှန်းပါသည်။
  • ابْنُ مَرْيَمَ (အိဗ်နု မာရ်ယမ်) — မာရ်ယမ်၏ သားတော်။
  • خَلَتْ (ခါလတ်) — ကုန်လွန်ခဲ့ပြီ၊ ရှေးက ဖြတ်သန်းသွားခဲ့ပြီ။
  • صِدِّيقَةٌ (ဆိဒ္ဒီကာ) — အလွန်မှန်ကန်သော၊ သစ္စာရှိသော၊ အလ္လာဟ်၏ စကားတော်များကို အမှန်ဟု လက်ခံအတည်ပြုသူ။
  • يَأْكُلَانِ الطَّعَامَ (ယာအ်ကုလာနိတ် သွာအာမ်) — သူတို့နှစ်ဦး အစားအစာ စားကြသည်။
  • نُبَيِّنُ (နုဗိုင်းယိနု) — ငါအရှင်မြတ် ရှင်းလင်းစွာ ဖော်ပြပေးသည်။
  • يُؤْفَكُونَ (ယုအ်ဖကూఔန်) — သူတို့သည် လမ်းလွဲစေခြင်းခံရသည်၊ အမှန်တရားမှ လှည့်ဖျားခံရသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

မာရ်ယမ်၏သားတော် အီစာ (အ.စ) သည် အလ္လာဟ်အရှင်မြတ်၏ တမန်တော်တစ်ပါးသာဖြစ်သည်။ သူ့အလျင် တမန်တော်များစွာ ကုန်လွန်ခဲ့ပြီးဖြစ်သည်။ သူသည်လည်း ထိုတမန်တော်များကဲ့သို့ပင် လူသားတစ်ဦးဖြစ်ပြီး သေဆုံးခြင်းကို ခံရမည့်သူဖြစ်သည်။ သူ၏မယ်တော် မာရ်ယမ် (အ.စ) သည်လည်း အလွန်မှန်ကန်သော၊ သစ္စာရှိသော အမျိုးသမီးတစ်ဦးဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် အစားအစာကို စားသုံးကြရသည်။ ဆိုလိုသည်မှာ သူတို့နှစ်ဦးစလုံးသည် လူသားများကဲ့သို့ပင် အစားအစာကို မှီခိုရန် လိုအပ်သည်။ အစားအစာကို စားသုံးရန် လိုအပ်သော သူသည် မည်သို့ အလ္လာဟ်အရှင်မြတ် ဖြစ်နိုင်မည်နည်း။

အို တမန်တော်မုဟမ္မဒ်၊ ဤသူများသည် အလ္လာဟ်အရှင်မြတ်၏ တစ်ဆူတည်းဖြစ်ခြင်းကို ဖော်ပြသည့် သက်သေလက္ခဏာများကို ငါအရှင်မြတ် မည်သို့ ရှင်းလင်းစွာ ဖော်ပြပေးသည်ကို ကြည့်ပါ။ ထို့နောက် သူတို့သည် ထိုရှင်းလင်းသော သက်သေလက္ခဏာများကို ရရှိပြီးနောက်တွင်ပင် အမှန်တရားမှ မည်သို့ လှည့်ဖျားခံရသည်ကို ကြည့်ပါ။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းဖြစ်တော်မူသည်။ မည်သည့် ဖန်ဆင်းခံသတ္တဝါမျှ အလ္လာဟ်အရှင်မြတ်နှင့် တန်းတူမဖြစ်နိုင်ပါ။
  • တမန်တော်များနှင့် သူတို့၏မိခင်များ၊ မိသားစုများသည်လည်း


📜 အာယာသ် 73-77 — စူရာ အလ်-မာအိဒ

73لَّقَدْ كَفَرَ الَّذِينَ قَالُوا إِنَّ اللَّهَ ثَالِثُ ثَلَاثَةٍ ۘ وَمَا مِنْ إِلَٰهٍ إِلَّا إِلَٰهٌ وَاحِدٌ ۚ وَإِن لَّمْ يَنتَهُوا عَمَّا يَقُولُونَ لَيَمَسَّنَّ الَّذِينَ كَفَرُوا مِنْهُمْ عَذَابٌ أَلِيمٌ
ဧကန်အမှန် အကြင်သူတို့သည်လည်း ကာဖိရ်များပင် ဖြစ်သွားခဲ့ကြကုန်၏။ ထိုသူများက အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ဘုရား) သုံးဆူအနက် တတိယ (ဘုရား) ဖြစ်သည်ဟူ၍ ပြောဆိုခဲ့ကြကုန်၏။ အမှန်သော်ကား တစ်ဆူတည်းသော ကိုးကွယ်ရာ (အလ္လာဟ်အရှင်) မြတ်မှတစ်ပါး အခြားကိုးကွယ်ရာ (ဘုရား) ဟူ၍ အလျင်းမရှိချေ။ အကယ်၍သာ ယင်းသူတို့သည် မိမိတို့ပြောဆိုမှုကို မရပ်စဲကြသော် ၎င်းတို့အနက်မှ ဆက်လက်၍ သွေဖည်ငြင်းပယ်ကြသောသူတို့၌ ပြင်းပြနာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် မုချဆိုက်ရောက်ပေမည်။
74أَفَلَا يَتُوبُونَ إِلَى اللَّهِ وَيَسْتَغْفِرُونَهُ ۚ وَاللَّهُ غَفُورٌ رَّحِيمٌ
ယင်းသူတို့သည် အလ္လာဟ်အရှင်မြတ်အထံတော်ဝယ် ဝန်ချတောင်းပန်ခြင်းကိုလည်းကောင်း၊ ထိုအရှင်မြတ်အထံတော်မှ လွတ်ငြိမ်းချမ်းသာခွင့် အသနားခံခြင်းကိုလည်းကောင်း မပြုကြလေသလော။ စင်စစ်တမူကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာမျှ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာမျှ သနားကြင်နာ ညှာတာတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူချေသတည်း။
75مَّا الْمَسِيحُ ابْنُ مَرْيَمَ إِلَّا رَسُولٌ قَدْ خَلَتْ مِن قَبْلِهِ الرُّسُلُ وَأُمُّهُ صِدِّيقَةٌ ۖ كَانَا يَأْكُلَانِ الطَّعَامَ ۗ انظُرْ كَيْفَ نُبَيِّنُ لَهُمُ الْآيَاتِ ثُمَّ انظُرْ أَنَّىٰ يُؤْفَكُونَ
မရ်ယမ်၏သားတော် �စီဟ်သည် ရစူလ်တမန်တော်တစ်ပါးမျှသာ ဖြစ်၏။ ထိုမရ်ယမ်၏သားတော် မစီဟ် (အီစာ) ၏အလျင်လည်း (အခြားသော) ရစူလ်တမန်တော်တို့သည် မုချ ပွင့်ခဲ့ကြလေသည်။ ၎င်းပြင် ထိုမစီဟ် (အီစာ) ၏မယ်တော် (မရ်ယမ်) သည် သစ္စာသမာဓိနှင့် အထူးပြည့်စုံသော မိန်းမမြတ်တစ်ဦးပင် ဖြစ်ချေသည်။ ထို (သားအမိ) နှစ်ဦးလုံးသည် (အခြားလူသားများကဲ့သို့ပင်) အစာအဟာရကို စားသုံးလေ့ရှိခဲ့ကြ၏။ (အို- နဗီတမန်တော်) ငါအရှင်မြတ်သည် ထို (ခရစ်ယာန်) တို့ရှေ့ဝယ် သက်သေသာဓကများကို မည်ကဲ့သို့ ရှင်းလင်းဖော်ပြတော်မူသည်ကို အသင်ရှုပါလေ။ ထို့နောက်တစ်ဖန် ယင်းသူတို့သည် (မှန်ကန်သောတရားလမ်းစဉ်ကိုစွန့်၍) အဘယ်သို့ ပြန်လှည့်သွားကြသည်ကိုလည်း အသင်ရှုပါလေ။
76قُلْ أَتَعْبُدُونَ مِن دُونِ اللَّهِ مَا لَا يَمْلِكُ لَكُمْ ضَرًّا وَلَا نَفْعًا ۚ وَاللَّهُ هُوَ السَّمِيعُ الْعَلِيمُ
(အို- နဗီတမန်တော်) အသင်သည် (ခရစ်ယာန်တို့အား ဤသို့) ပြောကြားပါလေ။ “(ဟယ်-အချင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့အား အကျိုးယုတ် နစ်နာစေခြင်းကိုလည်းကောင်း၊ အကျိုး ဖြစ်ထွန်းစေခြင်းကိုလည်းကောင်း မပြုစွမ်းနိုင်ကြသောအရာများကို ကိုးကွယ်ဆည်းကပ်ကြလေသလော။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည်သာလျှင် (အလုံးစုံတို့ကို) အကြွင်းမဲ့ကြားသိတော်မူသောအရှင် (အရာခပ်သိမ်းတို့ကို) အကြွင်းမဲ့သိရှိတော်မူသောအရှင် ဖြစ်တော်မူလေသတည်း။”
77قُلْ يَا أَهْلَ الْكِتَابِ لَا تَغْلُوا فِي دِينِكُمْ غَيْرَ الْحَقِّ وَلَا تَتَّبِعُوا أَهْوَاءَ قَوْمٍ قَدْ ضَلُّوا مِن قَبْلُ وَأَضَلُّوا كَثِيرًا وَضَلُّوا عَن سَوَاءِ السَّبِيلِ
(အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ “အို-‘ကိတာဗီ’ ရှေးအထက်ကျမ်းဂန်ရရှိသူအပေါင်းတို့ အသင်တို့သည် မိမိတို့၏‘ဒီန်’ဘာသာသာသနာရေးတွင် (စည်းကမ်း သတ်မှတ်ထားသည်ထက်) အလွန်အကျွံမဖြစ်ကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် အကြင်သူတို့၏ အလိုဆန္ဒများကိုလည်း မလိုက်စားကြကုန်လင့်။ ထိုသူတို့သည် အထက်ကျော်ကာလက (မိမိတို့ကိုယ်တိုင်) လမ်းမှားသို့ ရောက်ရှိခဲ့ကြသည်သာမက များစွာသောသူတို့ကိုလည်း လမ်းမှားစေခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ဖြောင့်မတ်မှန်ကန်သော (တရားမှန်ကိုသိကြပါလျက်နှင့်ပင်) တရားလမ်းတော်မှ ချွတ်ချော် တိမ်းပါးခဲ့ကြသတည်း။ (ရကူ)
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
75အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 75

စူရာ အလ်-မာအိဒ အာယာသ် 75 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : မရ်ယမ်၏သားတော် �စီဟ်သည် ရစူလ်တမန်တော်တစ်ပါးမျှသာ ဖြစ်၏။ ထိုမရ်ယမ်၏သားတော် မစီဟ် (အီစာ) ၏အလျင်လည်း (အခြားသော) ရစူလ်တမန်တော်တို့သည်…

စူရာ အာယာသ် 75/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 73–77. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers