အလ်-မာအိဒ · 99/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
مَّا عَلَى الرَّسُولِ إِلَّا الْبَلَاغُ ۗ وَاللَّهُ يَعْلَمُ مَا تُبْدُونَ وَمَا تَكْتُمُونَ ۝٩٩
Maa `alar Rasooli illal balaagh; wallaahu ya`lamu maa tubdoona wa maa taktumoon
📖 မြန်မာဘာသာ
ရစူလ်တမန်တော် (မုဟမ္မဒ်) ၏အပေါ်၌ (အလ္လာဟ်အရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်များကို လူတို့ထံသို့) ပို့ဆောင် (ဟောကြား) ရန် တာဝန်သာရှိ၏။ အသင်တို့ ထင်ရှားစွာပြုလုပ်သော အရာများကိုလည်းကောင်း၊ အသင်တို့ ထိမ်ချန်လျှို့ဝှက်စွာပြုသော အရာများကိုလည်းကောင်း စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာင်းစွာသိရှိတော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 97-101 — စူရာ အလ်-မာအိဒ

97۞ جَعَلَ اللَّهُ الْكَعْبَةَ الْبَيْتَ الْحَرَامَ قِيَامًا لِّلنَّاسِ وَالشَّهْرَ الْحَرَامَ وَالْهَدْيَ وَالْقَلَائِدَ ۚ ذَٰلِكَ لِتَعْلَمُوا أَنَّ اللَّهَ يَعْلَمُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَأَنَّ اللَّهَ بِكُلِّ شَيْءٍ عَلِيمٌ
အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်သော ကအ်ဗဟ်အိမ်တော်ကိုလည်းကောင်း၊ ထူးမြတ်သောလများကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုမည်ဖြစ်သော) ကုရ်ဗာနီသားကောင်များကိုလည်းကောင်း၊ (ကုရ်ဗာန်ပြုလုပ်ရန်) လည်ပတ်ကြိုး အစရှိသည်ကို တပ်ဆင်ထားသော သားကောင်များကိုလည်းကောင်း၊ လူတို့အဖို့ (သာသနာရေးနှင့် လောကီရေးများ) တည်မြဲစေရန်အကြောင်း ပြုလုပ်ထားတော်မူ၏။ ဤကဲ့သို့ပြုလုပ်တော်မူခြင်းကား အလ္လာဟ်အရှင်မြတ်သည် မိုးများ၌ရှိသမျှတို့ကိုလည်းကောင်း၊ ပထဝီ၌ရှိသမျှတို့ကိုလည်းကောင်း၊ သိရှိတော်မူသည်ကို အသင်တို့ယုံကြည်ကြရန်ဖြစ်သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (တစ်နည်း) အလ္လာဟ်အရှင်မြတ်သည် မြင့်မြတ်သော ကအ်ဗဟ်အိမ်တော်ကို လူသားတို့၏ အကျိုးတည်ရှိနေစေရန် အကြောင်းပြုထားတော်မူသည်။ ထိုနည်းအတူ မြင့်မြတ်သောလများကိုလည်းကောင်း၊ (ဟရမ်အတွင်း) ကုရ်ဗာနီပြုမည့် သားကောင်များကိုလည်းကောင်း၊ (ဟရမ်အတွင်း၌ အလ္လာဟ်အရှင်မြတ်အားရည်စူး၍ ဇဗဟ်ပြုလုပ်ရန်ဖြစ်သော) လည်ပတ်ကြိုးပါရှိသော သားကောင်များကိုလည်းကောင်း၊ (လူသားတို့အကျိုးတည်ရှိနေစေရန်အကြောင်း ပြုလုပ်ထားတော်မူသည်၊) ယင်းသို့ပြုလုပ်ထားတော်မူခြင်းမှာ မိုးများ၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ မြေ၌ရှိရှိသမျှတို့ကိုလည်းကောင်း၊ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့သိရှိတော်မူသည်ကို အသင်တို့ ယုံကြည်ကြရန်ပင်ဖြစ်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
98اعْلَمُوا أَنَّ اللَّهَ شَدِيدُ الْعِقَابِ وَأَنَّ اللَّهَ غَفُورٌ رَّحِيمٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (တစ်စုံတစ်ရာကို ထိုအရှင်မြတ်နှင့် တွဲဖက်ကိုးကွယ် ခြင်း၊ အမိန့်တော်ကို သွေဖည်ငြင်းပယ်ခြင်း အစရှိသောပြစ်မှုများနှင့် မိမိတို့ကိုယ်ကို ဖုံးလွမ်းစေသောသူတို့အား) အလွန်ပြင်းထန်စွာ ပြစ်ဒဏ်ပေးတော်မူမည် ဖြစ်ကြောင်းနှင့် စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် (ထိုတစ်ဆူတည်းသောအရှင်မြတ်အား ယုံကြည်ဆည်းကပ်၍ ကောင်းမြတ်သော သီလများကို ဆောက်တည်ကြကုန်သောသူတို့အား) အလွန်တရာမျှ လွတည်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန်တရာမျှ သနားညှာတာတော်မူသောအရှင်၊ ဖြစ်တော်မူကြောင်းကို အသင်တို့သည် ကောင်းစွာသိထားကြလေကုန်။
99مَّا عَلَى الرَّسُولِ إِلَّا الْبَلَاغُ ۗ وَاللَّهُ يَعْلَمُ مَا تُبْدُونَ وَمَا تَكْتُمُونَ
ရစူလ်တမန်တော် (မုဟမ္မဒ်) ၏အပေါ်၌ (အလ္လာဟ်အရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်များကို လူတို့ထံသို့) ပို့ဆောင် (ဟောကြား) ရန် တာဝန်သာရှိ၏။ အသင်တို့ ထင်ရှားစွာပြုလုပ်သော အရာများကိုလည်းကောင်း၊ အသင်တို့ ထိမ်ချန်လျှို့ဝှက်စွာပြုသော အရာများကိုလည်းကောင်း စင်စစ် အလ္လာဟ်အရှင်မြတ်သည် ကာင်းစွာသိရှိတော်မူပေသတည်း။
100قُل لَّا يَسْتَوِي الْخَبِيثُ وَالطَّيِّبُ وَلَوْ أَعْجَبَكَ كَثْرَةُ الْخَبِيثِ ۚ فَاتَّقُوا اللَّهَ يَا أُولِي الْأَلْبَابِ لَعَلَّكُمْ تُفْلِحُونَ
(အို- နဗီတမန်တော်) အသင်သည် (ဤသို့) ပြောကြားပါလေ။ “မသန့်ရှင်း မစင်ကြယ်သောအရာများ၏ ပေါများမှုသည် အသင့်အား ဝမ်းသာအားရစေသော်လည်း မသန့်ရှင်း မစင်ကြယ်သောအရာများနှင့် သန့်ရှင်းစင်ကြယ်သောအရာများသည် မတူချေ။ သို့ဖြစ်ပေရာ အို- ခွဲခြားသိနိုင်သော နိသမ္မဉာဏ်ရှင် အပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် အသင်တို့သည်အောင်မြင်ကြလတ္တံ့။ (ရကူ)
101يَا أَيُّهَا الَّذِينَ آمَنُوا لَا تَسْأَلُوا عَنْ أَشْيَاءَ إِن تُبْدَ لَكُمْ تَسُؤْكُمْ وَإِن تَسْأَلُوا عَنْهَا حِينَ يُنَزَّلُ الْقُرْآنُ تُبْدَ لَكُمْ عَفَا اللَّهُ عَنْهَا ۗ وَاللَّهُ غَفُورٌ حَلِيمٌ
အို- သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် (နဗီတမန်တော်မြတ်ထံ မဖွယ်မရာသော) အကြင် (အကြောင်း) အရာများနှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခြင်းကို မပြုကြကုန်လင့်။ အကယ်၍သာ ထို (အကြောင်း) အရာများကို အသင်တို့ရှေ့ဝယ် ထုတ်ဖေါ် (ပြောဆို) ခဲ့သည်ရှိသော် အသင်တို့အဖို့ [မကောင်းဖြစ်ပေအံ့]။ (တစ်နည်း) [မနှစ်သက်ဖွယ်ဖြစ်ပေအံ့]။ သို့ရာတွင် အကယ်၍သာ အသင်တို့သည် ထို (အကြောင်း) အရာများနှင့်စပ်လျဉ်း၍ ကုရ်အာန်ကျမ်းတော်မြတ် ကျရောက်နေစဉ်အခါကာလ၌ လျှောက်ထားမေးမြန်းကြပါမူ ထို (အကြောင်း) အရာများသည် အသင်တို့ရှေ့ဝယ် ထုတ်ဖေါ်ပြီးဖြစ်အံ့။ ယင်းသို့သောအရာများနှင့်စပ်လျဉ်း၍ (အတိတ်တွင်မေးခဲ့ကြသည်များကိုမူကား) အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူ၏။ အမှနစင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ ခန္တီတရားနှင့် ပြည့်စုံတော် (မူ၍ သည်းခံတော်) မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
99အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 99

စူရာ အလ်-မာအိဒ အာယာသ် 99 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ရစူလ်တမန်တော် (မုဟမ္မဒ်) ၏အပေါ်၌ (အလ္လာဟ်အရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်များကို လူတို့ထံသို့) ပို့ဆောင် (ဟောကြား) ရန် တာဝန်သာရှိ၏။…

စူရာ အာယာသ် 99/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 97–101. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers