အလ်-အန်အာမ် · 28/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
بَلْ بَدَا لَهُم مَّا كَانُوا يُخْفُونَ مِن قَبْلُ ۖ وَلَوْ رُدُّوا لَعَادُوا لِمَا نُهُوا عَنْهُ وَإِنَّهُمْ لَكَاذِبُونَ ۝٢٨
Bal badaa lahum maa kaanoo yukhfoona min qablu wa law ruddoo la`aadoo limaa nuhoo `anhu wa innahum lakaaziboon
📖 မြန်မာဘာသာ
(သို့ရာတွင် ၎င်းတို့သည် အကယ်စင်စစ် မှန်ကန်သော ရည်ရွယ်ချက်နှင့် ဤသို့ ပြောဆိုကြသည်) အလျင်းမဟုတ်ပေ။ စင်စစ်မှာကား ထိုသူတို့သည် ယခင်မူလက မိမိတို့ထိမ်ချန် လျှို့ဝှက်ထား ရှိသမျှတို့(၏အကျိုးအပြစ်များ)သည်ပေါ်လာသည်(ဖြစ်၍ ထိုအပြစ်များမှ လွတ်မြောက်ရုံကာမျှပြောဆိုခြင်းသာဖြစ်ချေသည်။) ၎င်းတို့သည် အကယ်၍သာ(လူ့ပြည်လောကသို့) ပြန်လွှတ်ခြင်းခံကြရပါလျှင်၊ မုချဧကန်ထိုသူတို့သည် မိမိတို့�ားမြစ်ခြင်းခံကြရသော အမှုကိစ္စများကိုထပ်မံ၍ပင် ပြုကြလတ္တံ့။ ထိုသူတို့သည် ဧကန်စင်စစ် မုသားပြောဆိုသူများသာ ဖြစ်ကြကုန် သတည်း။တနည်း။(ထိုမုရှ်ရစ်က်တို့က ထိုကဲ့သို့ ပြောဆိုခြင်း မှာစိတ်စေတနာဖြူစင်စွာဖြင့် ပြောဆိုခြင်း)မဟုတ်၊ သို့ရာတွင်အလျင်က(လူ့လောကတွင်) ၎င်းတို့ထိမ်ချန် လျှို့ဝှက်ခဲ့ကြသောအရာသည် အထင်အရှား ပေါ်လွင်လာချေပြီ(ဖြစ်၍ ယင်းကဲ့သို့ ပြောဆိုကြခြင်းသာဖြစ်သည်)။ အကယ်တန္တု ၎င်းတို့သည်(လူ့လောကသို့) ပြန်လွှတ်ခြင်းခံရပါလျှင် ၎င်းတို့အား တားမြစ်ထားသော အရာများကို မုချပြန်လည် ကျူးလွန်ကြမည် ပင်ဖြစ်သည်။ အမှန်မှာ ထိုသူများသည် မုသား ပြောဆိုသောသူများဖြစ်ကြပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အလ်-အန်အာမ်စူရာ (အခန်း ၆)၊ အာယသ် ၂၈ ၏ စကားလုံးများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်-
  • بَلْ (ဗလ်) - ထိုသို့မဟုတ်၊ သို့သော်၊ ဤသည်မှာ သူတို့၏ ပြောဆိုချက်ကို ငြင်းဆန်သည့် စကားလုံးဖြစ်သည်။
  • بَدَا (ဗဒါ) - ပေါ်လာသည်၊ ထင်ရှားလာသည်။
  • يُخْفُونَ (ယုခ်ဖူန) - လျှို့ဝှက်ထားကြသည်၊ ဖုံးကွယ်ထားကြသည်။
  • رُدُّوا (ရုဒ်ဒူ) - ပြန်လည်ပို့ဆောင်ခြင်းခံရသည်၊ ပြန်လည်ရောက်ရှိစေခြင်းခံရသည်။
  • لَعَادُوا (လအါဒူ) - ဧကန်အမှန်ပင် ပြန်လည်ရောက်ရှိကြမည်၊ ပြန်လည်ကျူးလွန်ကြမည်။
  • نُهُوا (နုဟူ) - တားမြစ်ခြင်းခံခဲ့ရသည်။
  • كَاذِبُونَ (ကာဇိဗူန) - မုသာဝါဒီများ၊ လိမ်လည်ပြောဆိုသူများ။
  1. အာယသ်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်-

ဤအာယသ်တော်သည် ကုရ်အာန်ကို ငြင်းပယ်သူများနှင့် အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူများ၏ ပြောဆိုချက်ကို ငြင်းဆန်ဖျက်ဆီးထားသည်။ သူတို့သည် ဤလောကီဘဝတွင် မိမိတို့၏ မယုံကြည်မှုနှင့် အပြစ်များကို ဖုံးကွယ်ထားခဲ့ကြသည်။ သို့သော် နောင်တမလွန်ဘဝတွင် သူတို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများက သူတို့ဆန့်ကျင်ဘက် သက်သေခံကြသောအခါ သူတို့ ဖုံးကွယ်ထားခဲ့သော အရာများ ထင်ရှားလာမည်။ ထိုအခါ သူတို့သည် ဤလောကီဘဝသို့ ပြန်လည်ပို့ဆောင်ပေးပါက အီမာန်ယုံကြည်မှု ထားရှိမည်ဟု ဆန္ဒပြုကြမည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ စိတ်နေစိတ်ထားကို ကောင်းစွာသိတော်မူသည်။ အကယ်၍ သူတို့ကို ဤလောကီဘဝသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါက သူတို့သည် ယခင်က တားမြစ်ခြင်းခံခဲ့ရသော ကုဖ်ရ်နှင့် ရှိရ်က် (အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်မှု) သို့ ဧကန်အမှန်ပင် ပြန်လည်ရောက်ရှိကြမည်။ သူတို့၏ "ပြန်ရပါက အီမာန်ယုံကြည်မည်" ဟူသော ကတိသည် လုံးဝမုသားဖြစ်သည်။ သူတို့သည် မုသာဝါဒီများသာ ဖြစ်ကြသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကျမ်းတော်မြတ်ကို ချစ်မြတ်နိုးလာစေမည့် သင်ခန်းစာများ-

(က) အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းကို သိတော်မူသောအရှင် ဖြစ်တော်မူသည်။ လူသားတို့သည် မိမိတို့၏ မကောင်းမှုများကို လျှို့ဝှက်ထားနိုင်သ



📜 အာယာသ် 26-30 — စူရာ အလ်-အန်အာမ်

26وَهُمْ يَنْهَوْنَ عَنْهُ وَيَنْأَوْنَ عَنْهُ ۖ وَإِن يُهْلِكُونَ إِلَّا أَنفُسَهُمْ وَمَا يَشْعُرُونَ
၎င်းပြင် ယင်းသူတို့သည်(သူတစ်ပါးတို့ကိုလည်း)ထိုကုရ်အာန်ကျမ်းတော်မြတ်(ကိုနားဆင်ခြင်း)မှ တားမြစ်ကြကုန်၏။ မိမိတို့ကိုယ်တိုင်လည်း ယင်း ကုရ်အာန်ကျမ်းမြတ်(ကိုနားဆင်ခြင်း) မှ (ဝေးစွာ) ကြဉ်ရှောင်ကြကုန်၏။ စင်စစ်သော်ကား ထိုသူတို့သည် မိမိတို့ကိုယ်သာ ပျက်စီးကုန်၏။ သို့ရာတွင် ၎င်းတို့သည် (ဤမျှပင်) မသိတတ်ကြချေ။
27وَلَوْ تَرَىٰ إِذْ وُقِفُوا عَلَى النَّارِ فَقَالُوا يَا لَيْتَنَا نُرَدُّ وَلَا نُكَذِّبَ بِآيَاتِ رَبِّنَا وَنَكُونَ مِنَ الْمُؤْمِنِينَ
ထို့ပြင်တဝ၊ (အို-နဗီတမန်တော်) အကြင်အခါဝယ်၊ ၎င်းတို့သည် ငရဲဘုံ(အဝ)တွင် ရပ်စေခြင်းကိုခံရ၍ဪ ငါတို့သည် (လူ့ပြည်လောကသို့) ပြန်လွှတ်ခြင်းကိုခံရကြသော် ကောင်းလေစွတကား။ (အကယ်၍သာ ပြန်သွားရလျှင်) ငါတို့သည် မိမိတို့ အရှင်မြတ်၏သက်သေလက္ခဏာတော်များကို မဟုတ်မမှန်ဟု ငြင်းပယ်ခြင်းမပြုကြဘဲ၊ ငါတို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူတို့တွင် အပါအဝင် ဖြစ်ပေမည် ဟု ပြောဆိုကြလတ္တံ့။ အကယ်၍ အသင်သည် ထိုအဖြစ်ကိုကြည့်ရပါသော် (အလွန်ကြောက်မက်ဖွယ် ကောင်းသောမြင်ကွင်းကို တွေ့မြင်ရပေအံ့)။
28بَلْ بَدَا لَهُم مَّا كَانُوا يُخْفُونَ مِن قَبْلُ ۖ وَلَوْ رُدُّوا لَعَادُوا لِمَا نُهُوا عَنْهُ وَإِنَّهُمْ لَكَاذِبُونَ
(သို့ရာတွင် ၎င်းတို့သည် အကယ်စင်စစ် မှန်ကန်သော ရည်ရွယ်ချက်နှင့် ဤသို့ ပြောဆိုကြသည်) အလျင်းမဟုတ်ပေ။ စင်စစ်မှာကား ထိုသူတို့သည် ယခင်မူလက မိမိတို့ထိမ်ချန် လျှို့ဝှက်ထား ရှိသမျှတို့(၏အကျိုးအပြစ်များ)သည်ပေါ်လာသည်(ဖြစ်၍ ထိုအပြစ်များမှ လွတ်မြောက်ရုံကာမျှပြောဆိုခြင်းသာဖြစ်ချေသည်။) ၎င်းတို့သည် အကယ်၍သာ(လူ့ပြည်လောကသို့) ပြန်လွှတ်ခြင်းခံကြရပါလျှင်၊ မုချဧကန်ထိုသူတို့သည် မိမိတို့�ားမြစ်ခြင်းခံကြရသော အမှုကိစ္စများကိုထပ်မံ၍ပင် ပြုကြလတ္တံ့။ ထိုသူတို့သည် ဧကန်စင်စစ် မုသားပြောဆိုသူများသာ ဖြစ်ကြကုန် သတည်း။တနည်း။(ထိုမုရှ်ရစ်က်တို့က ထိုကဲ့သို့ ပြောဆိုခြင်း မှာစိတ်စေတနာဖြူစင်စွာဖြင့် ပြောဆိုခြင်း)မဟုတ်၊ သို့ရာတွင်အလျင်က(လူ့လောကတွင်) ၎င်းတို့ထိမ်ချန် လျှို့ဝှက်ခဲ့ကြသောအရာသည် အထင်အရှား ပေါ်လွင်လာချေပြီ(ဖြစ်၍ ယင်းကဲ့သို့ ပြောဆိုကြခြင်းသာဖြစ်သည်)။ အကယ်တန္တု ၎င်းတို့သည်(လူ့လောကသို့) ပြန်လွှတ်ခြင်းခံရပါလျှင် ၎င်းတို့အား တားမြစ်ထားသော အရာများကို မုချပြန်လည် ကျူးလွန်ကြမည် ပင်ဖြစ်သည်။ အမှန်မှာ ထိုသူများသည် မုသား ပြောဆိုသောသူများဖြစ်ကြပေသည်။
29وَقَالُوا إِنْ هِيَ إِلَّا حَيَاتُنَا الدُّنْيَا وَمَا نَحْنُ بِمَبْعُوثِينَ
၎င်းပြင် ထိုသူတို့က အသက်ရှင်ခြင်းကားပစ္စက္ခမျက်မှောက်လောကီဘဝ၌ ငါတို့၏ရှင်ခြင်းသာ ဖြစ်သည်။ အမှန်သော်ကား ငါတို့သည် ရှင်ပြန်ထစေခြင်း ခံကြရမည်မဟုတ်ချေ ဟုပြောဆိုကြသည်။
30وَلَوْ تَرَىٰ إِذْ وُقِفُوا عَلَىٰ رَبِّهِمْ ۚ قَالَ أَلَيْسَ هَٰذَا بِالْحَقِّ ۚ قَالُوا بَلَىٰ وَرَبِّنَا ۚ قَالَ فَذُوقُوا الْعَذَابَ بِمَا كُنتُمْ تَكْفُرُونَ
(အို-နဗီတမန်တော်) အကယ်၍ အသင်ကြည့်သော်(ကြောက်မက်ဖွယ်အဖြစ်ကိုတွေ့မြင်ရမည်)အကြင် အခါဝယ် ၎င်းတို့သည် မိမိတို့၏အရှင်မြတ်၏ ရှေ့တော် မှောက်ဝယ်ရပ်တန့်စေခြင်းကို ခံကြရလတ္တံ့။ ယင်းအခါဝယ် ထိုအရှင်မြတ်သည် (၎င်းတို့အား) ဤ (ကိယာမတ် ရှင်ပြန်ထ မည့်နေ့)သည်အမှန်ပင်မဟုတ်ပါလောဟု မေးမြန်းတော်မူအံ့။ ထိုအခါ၎င်းတို့က ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသော အရှင်မြတ်၏ ကစမ် အဟုတ်အမှန် ဖြစ်ပါသည် ဟု ဖြေကြားလတ္တံ့။ ထိုအခါ အရှင်မြတ်က သို့ဖြစ်လျှင် အသင်တို့ သည်မယုံမကြည် ငြင်းပယ်လေ့ရှိခဲ့ကြသည့်အတွက် ပြစ်ဒဏ်ကိုမြည်းစမ်းကြလေကုန်ဟု မိန့်ကြားတော် မူမည်ဖြစ်သည်။(ရကူ)
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
28အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 28

စူရာ အလ်-အန်အာမ် အာယာသ် 28 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (သို့ရာတွင် ၎င်းတို့သည် အကယ်စင်စစ် မှန်ကန်သော ရည်ရွယ်ချက်နှင့် ဤသို့ ပြောဆိုကြသည်) အလျင်းမဟုတ်ပေ။ စင်စစ်မှာကား ထိုသူတို့သည်…

စူရာ အာယာသ် 28/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 26–30. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers