အလ်-အန်အာမ် · 75/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَكَذَٰلِكَ نُرِي إِبْرَاهِيمَ مَلَكُوتَ السَّمَاوَاتِ وَالْأَرْضِ وَلِيَكُونَ مِنَ الْمُوقِنِينَ ۝٧٥
Wa kazaalika nureee Ibraaheema malakootas samaawaati wal ardi wa liyakoona minal mooqineen
📖 မြန်မာဘာသာ
ထိုနည်းတူစွာ ငါအရှင်မြတ်သည် အစ်ဗ်ရာဟီမ်အား လေးနက်စွာ သက်ဝင်ယုံကြည်သောသူတို့တွင် အပါအဝင်ဖြစ်စေခြင်းငှာ၊ ငါအရှင်မြတ်သည် မိုးများနှင့်ကမ္ဘာမြေကို စိုးပိုင်တော်မူကြောင်းကို ပြသတော်မူခဲ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 73-77 — စူရာ အလ်-အန်အာမ်

73وَهُوَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۖ وَيَوْمَ يَقُولُ كُن فَيَكُونُ ۚ قَوْلُهُ الْحَقُّ ۚ وَلَهُ الْمُلْكُ يَوْمَ يُنفَخُ فِي الصُّورِ ۚ عَالِمُ الْغَيْبِ وَالشَّهَادَةِ ۚ وَهُوَ الْحَكِيمُ الْخَبِيرُ
၎င်းပြင် ထိုအရှင်မြတ်သည် အကြင် အရှင်မြတ်ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိုးများကိုလည်းကောင်း၊ပထဝီမြေကိုလည်ေးကာင်း၊ မှန်ကန်တိကျစွာဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်က ဖြစ်စေ ဟူ၍ မိန့်ကြားတော်မူသောနေ့တွင် ဖြစ်သွားလတ္တံ့။ ထိုအရှင်မြတ်၏စကားတော်သည် လေးနက်ထိရောက်သော စကားတော်ပင်ဖြစ်၏။ ၎င်းပြင် တံပိုးခရာမှုတ်မည့်နေ့တွင် စိုးမိုးအုပ်ချုပ်ခြင်း(အာဏာ)သည် ထိုအရှင်မြတ်၌သာရှိအံ့။ (ထိုအရှင်မြတ်သည်)အကွယ်၌ရှိသည် တို့ကိုလည်းကောင်း၊ ရှေ့မှောက်တွင် ရှိသည်တို့ကိုလည်းကောင်း၊ (အကြွင်းမဲ့)သိရှိတော်မူသောအရှင်မြတ်ဖြစ်တော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် (ဟစ်က်မသ်)အမြော်အမြင်နှင့် ပြည့်စုံတော်မူသော အရှင် (အကြောင်းစုံတို့ကိုအကြွင်းမဲ့) ကြားသိတော်မူသော အရှင်မြတ်လည်း ဖြစ်တော်မူပေသတည်း။
74۞ وَإِذْ قَالَ إِبْرَاهِيمُ لِأَبِيهِ آزَرَ أَتَتَّخِذُ أَصْنَامًا آلِهَةً ۖ إِنِّي أَرَاكَ وَقَوْمَكَ فِي ضَلَالٍ مُّبِينٍ
ထို့ပြင်တဝ (အို-နဗီတမန်တော်၊ အသင်သည်၎င်းတို့အား ပြန်လည်ပြောကြားပါလေ) တစ်ရံရောအခါ (နဗီတမန်တော်)အစ်ဗ်ရာဟီမ်သည် မိမိဖခင်အာဇရ်အား(ဤသို့)ပြောကြားခဲ့လေသည်။ အသင်သည် ရုပ်ပွားဆင်းတုများကိုကိုးကွယ်ရာ ဘုရားများပြုလုပ်ပါသလော။ ဧကန်စင်စစ်အကျွန်ုပ်သည် အသင်နှင့်တကွ အသင်၏အမျိုးသားတို့ကိုပါအလွန်ထင်ရှားသော လမ်းမှားခြင်း၌ (ရောက်ရှိနေကြသည်ကို)တွေ့မြင်ရပါသည်။တနည်း။၎င်းပြင် (အကြင်အချိန်အခါကို ပြန်လည် သတိရပါလေ၊) တစ်ရံရောအခါ တမန်တော်အစ်ဗ်ရာဟီမ် (အလို�်အစ္စလာမ်)က မိမိ၏ဖခင် အာဇရ် အား ပြောကြားခဲ့သည်မှာ(အို-ဖခင်)ဖခင်သည် ရုပ်ပွားဆင်းတုများကို ကိုးကွယ်ရာဘုရားများပြုလုပ် ထားပါသလော။ မုချဧကန် အကျွန်ုပ်သည် ဖခင်အားလည်းကောင်း၊ ဖခင်၏အမျိုးသားများအားလည်းကောင်း၊ထင်ရှားသော လမ်းမှားခြင်း၌ (သက်ရောက်နေကြသည်ကို)တွေ့မြင်နေပါသည်ဟု ပြောကြားခဲ့၏။
75وَكَذَٰلِكَ نُرِي إِبْرَاهِيمَ مَلَكُوتَ السَّمَاوَاتِ وَالْأَرْضِ وَلِيَكُونَ مِنَ الْمُوقِنِينَ
ထိုနည်းတူစွာ ငါအရှင်မြတ်သည် အစ်ဗ်ရာဟီမ်အား လေးနက်စွာ သက်ဝင်ယုံကြည်သောသူတို့တွင် အပါအဝင်ဖြစ်စေခြင်းငှာ၊ ငါအရှင်မြတ်သည် မိုးများနှင့်ကမ္ဘာမြေကို စိုးပိုင်တော်မူကြောင်းကို ပြသတော်မူခဲ့လေသတည်း။
76فَلَمَّا جَنَّ عَلَيْهِ اللَّيْلُ رَأَىٰ كَوْكَبًا ۖ قَالَ هَٰذَا رَبِّي ۖ فَلَمَّا أَفَلَ قَالَ لَا أُحِبُّ الْآفِلِينَ
သို့ဖြစ်ပေရာ ညဉ့်(၏အမိုက်မှောင်)သည် ထို(အစ်ဗ်ရာဟီမ်)အား ဖုံးလွှမ်းသောအခါ ထို (တမန်တော်အစ်ဗ်ရာဟီမ်)သည် ကြယ်တစ်လုံးကို တွေ့မြင်လေ၏။ ထိုအခါတမန်တော်အစ်ဗ်ရာဟီမ်က ဤသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင် ဖြစ်တော်မူသည်ဟုဆိုခဲ့၏။ တဖန် ထိုကြယ်ပျောက်ကွယ်သွားသောအခါ (တမန်တော်အစ်ဗ်ရာဟီမ်)က ငါသည်ကွယ်ပျောက်သွားသောအရာများကို မနှစ်သက်ပေဟုပြောကြားခဲ့၏။
77فَلَمَّا رَأَى الْقَمَرَ بَازِغًا قَالَ هَٰذَا رَبِّي ۖ فَلَمَّا أَفَلَ قَالَ لَئِن لَّمْ يَهْدِنِي رَبِّي لَأَكُونَنَّ مِنَ الْقَوْمِ الضَّالِّينَ
တဖန် (တမန်တော်အစ်ဗ်ရာဟီမ်သည်) လ ကိုလင်းဝင်း တောက်ပစွာ တွေ့မြင်သောအခါ ဤသည် ငါ့အားဖန်ဆင်းမွေးမြူသောအရှင် ဖြစ်သည် ဟုပြောဆိုပြန်၏။ သို့ရာတွင် ထို လ သည် ကွယ်ပျောက်သွားခဲ့ လေသောအခါ (တမန်တော်အစ်ဗ်ရာဟီမ်က) အကယ်၍သာ ငါ့အားမွေးမြူတော်မူသောအရှင်မြတ်သည် ငါ့ကို တရားလမ်းမှန်သို့ ပို့ဆောင်တော်မူခြင်း မရှိခဲ့ပါမူ၊ ကျွန်ုပ်သည် လမ်းမှားသောသူတို့တွင် မုချအပါအဝင်ဖြစ်သွားမည် ဟုပြောကြားခဲ့လေသည်။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
75အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 75

စူရာ အလ်-အန်အာမ် အာယာသ် 75 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုနည်းတူစွာ ငါအရှင်မြတ်သည် အစ်ဗ်ရာဟီမ်အား လေးနက်စွာ သက်ဝင်ယုံကြည်သောသူတို့တွင် အပါအဝင်ဖြစ်စေခြင်းငှာ၊ ငါအရှင်မြတ်သည် မိုးများနှင့်ကမ္ဘာမြေကို စိုးပိုင်တော်မူကြောင်းကို ပြသတော်မူခဲ့လေသတည်း။

စူရာ အာယာသ် 75/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 73–77. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers