အလ်-အာအ်ရာဖ် · 175/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
وَاتْلُ عَلَيْهِمْ نَبَأَ الَّذِي آتَيْنَاهُ آيَاتِنَا فَانسَلَخَ مِنْهَا فَأَتْبَعَهُ الشَّيْطَانُ فَكَانَ مِنَ الْغَاوِينَ ۝١٧٥
Watlu `alaihim naba allazeee aatainaahu Aayaatinaa fansalakha minhaa fa atba`a hush Shaytaano fakaana minal ghaaween
📖 မြန်မာဘာသာ
၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်ထိုသူတို့ရှေ့ဝယ် အကြင်သူ၏အကြောင်းကို ဖတ်ကြား ပါလေ။ငါအရှင်မြတ်သည် ထိုသူအား မိမိသက်သေလက္ခဏာများ (ဝါ)အမိန့်ပညတ်တော်များ၏ အသိပညာကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ တဖန် ထိုသူသည် ယင်းသက်သေလက္ခဏာများကိုစွန့်၍ ထွက်သွားခဲ့လေသည်။ သို့ဖြစ်ရာ ရှိုင်တွာန် မိစ္ဆာကောင်သည် ၎င်း၏နောက်သို့ လိုက်ပါခဲ့လေသည်။ ထို့နောက်၎င်းသည် လမ်းမှားသူတို့တွင် အပါအဝင် ဖြစ်ခဲ့လေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်

  • وَاتْلُ (ဝါတ်လု) — ဖတ်ကြားပါ၊ ပြောပြပါ၊ ပြန်လည်ရွတ်ဆိုပါ။
  • نَبَأَ (နဗအ) — သတင်း၊ အဖြစ်အပျက်၊ သတင်းအချက်အလက်။
  • آيَاتِنَا (အာယာသိနာ) — ငါအရှင်မြတ်၏ သက်သေလက္ခဏာများ၊ ကျမ်းတော်မြတ်၏ အဆုံးအမများ။
  • فَانسَلَخَ (ဖန်စလခ) — ခွာထွက်သွားသည်၊ ဖယ်ရှားလိုက်သည်၊ ချွတ်လိုက်သည်။
  • فَأَتْبَعَهُ (ဖအတ်ဗအဟု) — သူ့နောက်သို့ လိုက်ပါစေခဲ့သည်၊ သူ့ကို လွှမ်းမိုးခဲ့သည်။
  • الْغَاوِينَ (အလ်ဂါဝီးန) — လမ်းလွဲသူများ၊ ပျက်စီးဆုံးရှုံးသူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို—တမန်တော်မုဟမ္မဒ်(ဆွ)၊ အသင်သည် မိမိ၏အသင်းသားများအား အစ္စရာအီလ်လူမျိုးထဲမှ လူတစ်ဦး၏ သတင်းအဖြစ်အပျက်ကို ပြောပြပါ။ ထိုသူအား ငါအရှင်မြတ်သည် မိမိ၏ သက်သေလက္ခဏာများနှင့် အဆုံးအမများကို ပေးသနားတော်မူခဲ့သည်။ သူသည် ထိုအဆုံးအမများကို သိရှိပြီး အမှန်တရားကို နားလည်ခဲ့သော်လည်း လက်တွေ့မကျင့်သုံးခဲ့ပေ။ ထို့နောက် သူသည် ထိုအဆုံးအမများမှ ခွာထွက်သွားခဲ့သည်။ မြွေသည် မိမိ၏အရေခွံကို ချွတ်လိုက်သကဲ့သို့ သူသည် ထိုအဆုံးအမများကို စွန့်ပစ်ခဲ့သည်။ ထိုအခါ ရှိုင်သွာန်သည် သူ့နောက်သို့ လိုက်ပါပြီး သူနှင့် အဖော်အဖက်ဖြစ်လာခဲ့သည်။ ရလဒ်အားဖြင့် သူသည် လမ်းမှန်ကို ရရှိခဲ့ဖူးသော်လည်း နောက်ဆုံးတွင် လမ်းလွဲသူများ၊ ပျက်စီးဆုံးရှုံးသူများထဲမှ တစ်ဦး ဖြစ်သွားခဲ့ရသည်။

ဤအာယသ်တော်သည် အသိပညာရှင်များအတွက် အလွန်ပြင်းထန်သော သတိပေးချက်ဖြစ်သည်။ အသိပညာကို ရရှိပြီး လက်တွေ့မကျင့်သုံးခြင်းထက် ကြီးမားသော ဆုံးရှုံးမှု မရှိနိုင်ပါ။ အသိပညာသည် မိမိအတွက် အကျိုးမဖြစ်ဘဲ အန္တရာယ်ဖြစ်လာသောအခါ ၎င်းသည် အကြီးမားဆုံး ပျက်စီးမှုပင်ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

၁။ အစ္စလာမ်သာသနာတော်သည် အသိပညာကို အလွန်တန်ဖိုးထားသည်။ သို့သော် အသိပညာကို လက်တွေ့ကျင့်သုံးရန်လည်း လိုအပ်သည်။ သိရုံဖြင့် မလုံလောက်ဘဲ ကျင့်သုံးရန်လည်း လိုအပ်သည်။

၂။ ကုရ်အာန်ကျမ်းတော်မြတ်သည် လူသားများအား လမ်းမှန်ကို ညွှန်ပြပေးသည်။ သို့သော်



📜 အာယာသ် 173-177 — စူရာ အလ်-အာအ်ရာဖ်

173أَوْ تَقُولُوا إِنَّمَا أَشْرَكَ آبَاؤُنَا مِن قَبْلُ وَكُنَّا ذُرِّيَّةً مِّن بَعْدِهِمْ ۖ أَفَتُهْلِكُنَا بِمَا فَعَلَ الْمُبْطِلُونَ
သို့တည်းမဟုတ် အသင်တို့သည် ကျွန်တော်မျိုးတို့၏အဖ၊ ဘိုးဘေးဘီဘင်တို့မှာ ရှေးဦးမဆွကပင်အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် ကိုးကွယ်ခဲ့ကြပါသည်သာတည်း။ ကျွန်တော်မျိုးတို့ မှာမူကား ၎င်းတို့၏နောက်တွင် (၎င်းတို့၏)သားမြေးများသာ ဖြစ်ကြပါသည်။သို့ဖြစ်ရာ အရှင်မြတ်သည် (ရှေးဦးမဆွက) မဟုတ်မမှန် ပြုလုပ်ခဲ့ကြသောသူတို့ကြောင့် ကျွန်တော်မျိုးတို့အား ပျက်စီး စေတော်မူပါမည်လော ဟု ပြောဆိုကြလတ္တံ။
174وَكَذَٰلِكَ نُفَصِّلُ الْآيَاتِ وَلَعَلَّهُمْ يَرْجِعُونَ
အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့(မှန်ကန်သောဒီန်သာသနာဘက်သို့) ပြန်လှည့်ကြရန် အလို့ငှာ သက်သေလက္ခဏာများကို ဤနည်းအတိုင်းပင် ရှင်းလင်းစွာထုတ်ဖော်မိန့်ကြားတော်မူလေသတည်း။
175وَاتْلُ عَلَيْهِمْ نَبَأَ الَّذِي آتَيْنَاهُ آيَاتِنَا فَانسَلَخَ مِنْهَا فَأَتْبَعَهُ الشَّيْطَانُ فَكَانَ مِنَ الْغَاوِينَ
၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်ထိုသူတို့ရှေ့ဝယ် အကြင်သူ၏အကြောင်းကို ဖတ်ကြား ပါလေ။ငါအရှင်မြတ်သည် ထိုသူအား မိမိသက်သေလက္ခဏာများ (ဝါ)အမိန့်ပညတ်တော်များ၏ အသိပညာကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ တဖန် ထိုသူသည် ယင်းသက်သေလက္ခဏာများကိုစွန့်၍ ထွက်သွားခဲ့လေသည်။ သို့ဖြစ်ရာ ရှိုင်တွာန် မိစ္ဆာကောင်သည် ၎င်း၏နောက်သို့ လိုက်ပါခဲ့လေသည်။ ထို့နောက်၎င်းသည် လမ်းမှားသူတို့တွင် အပါအဝင် ဖြစ်ခဲ့လေသတည်း။
176وَلَوْ شِئْنَا لَرَفَعْنَاهُ بِهَا وَلَٰكِنَّهُ أَخْلَدَ إِلَى الْأَرْضِ وَاتَّبَعَ هَوَاهُ ۚ فَمَثَلُهُ كَمَثَلِ الْكَلْبِ إِن تَحْمِلْ عَلَيْهِ يَلْهَثْ أَوْ تَتْرُكْهُ يَلْهَث ۚ ذَّٰلِكَ مَثَلُ الْقَوْمِ الَّذِينَ كَذَّبُوا بِآيَاتِنَا ۚ فَاقْصُصِ الْقَصَصَ لَعَلَّهُمْ يَتَفَكَّرُونَ
စင်စစ်တမူကား ငါအရှင်မြတ်သည် အကယ်၍သာ အလိုရှိတော်မူခဲ့ပါလျှင် ထိုသူအား ယင်းသက်သေလက္ခဏာများ(နှင့်အညီ လိုက်နာကျင့်သုံး ခြင်းအား)ဖြင့် ဂုဏ်အင်ချီးမြှင့်တော်မူပြီးဖြစ်အံ့။ သို့ရာတွင် ထိုသူအား ကမ္ဘာမြေ(ဝါ)လောကီစည်းစိမ်ဘက်သို့ ယိမ်းညွှတ်၍ပါသွားကာ မိမိစိတ်အလိုဆန္ဒကို လိုက်စားခဲ့လေသည်။ သို့ဖြစ်ပေရာ ၎င်း၏ ဥပမာကား ခွေး၏ဥပမာကဲ့သို့ ဖြစ်ခဲ့လေသည်။ အသင်သည် ထိုခွေးအား အကယ်၍ တိုက်ခိုက်လျှင်လည်း ထိုခွေးသည် မောဟိုက်၍လျှာထုတ်နေမည်။ သို့မဟုတ် အသင်သည် ထိုခွေးအား အကယ်၍ လွှတ်ထားလျှင်လည်း မောဟိုက်၍လျှာထုတ်နေမည် သာဖြစ်ချေသည်။ ဤသည်ကား ငါအရှင်မြတ်၏ သက်သေလက္ခဏာများကို မဟုတ်မမှန်ဟု ငြင်းပယ်သောသူတို့၏ဥပမာပင်။ သို့ဖြစ်ပေရာ အသင်သည် ၎င်းတို့ဆင်ခြင်သုံးသပ်၊ ချင့်ချိန်စဉ်းစားနိုင်ခြင်းငှာ (ဤ)အကြောင်းအတုပတ္တိများကို (ရေလည်အောင်) ပြော၍ပြပါလေ။
177سَاءَ مَثَلًا الْقَوْمُ الَّذِينَ كَذَّبُوا بِآيَاتِنَا وَأَنفُسَهُمْ كَانُوا يَظْلِمُونَ
အကြင်သူတို့၏ ဥပမာကား ဆိုးယုတ်လှပေ၏။ထိုသူတို့သည် ငါအရှင်မြတ်၏ သက်သေ လက္ခဏာတော်များကိုမဟုတ်မမှန်ဟု ငြင်းပယ်ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည်မိမိ တို့ကိုယ်ကို သာလျှင် မိမိတို့နှိပ်စက်ညှဉ်းပန်းလျက် ရှိခဲ့ကြကုန်၏။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
175အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 175

စူရာ အလ်-အာအ်ရာဖ် အာယာသ် 175 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်ထိုသူတို့ရှေ့ဝယ် အကြင်သူ၏အကြောင်းကို ဖတ်ကြား ပါလေ။ငါအရှင်မြတ်သည် ထိုသူအား မိမိသက်သေလက္ခဏာများ (ဝါ)အမိန့်ပညတ်တော်များ၏ အသိပညာကို…

စူရာ အာယာသ် 175/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 173–177. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers