ယူနူစ် · 68/109
ဘာသာပြန် အသံနိုင်ငံ — ယူနူစ်
قَالُوا اتَّخَذَ اللَّهُ وَلَدًا ۗ سُبْحَانَهُ ۖ هُوَ الْغَنِيُّ ۖ لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ إِنْ عِندَكُم مِّن سُلْطَانٍ بِهَٰذَا ۚ أَتَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ ۝٦٨
Qaalut takhazal laahu waladan Subhaanahoo Huwal Ghaniyyu lahoo maa fis samaawaati wa maa fil ard; in `indakum min sultaanim bihaazaaa; ataqooloona `alal laahi maa laa ta`lamoon
📖 မြန်မာဘာသာ
ထိုသူတို့က အလ္လာဟ်အရှင်မြတ်၌ သားရှိသည်ဟု ပြောဆိုကြကုန်၏။ ထိုအရှင်မြတ်သည် (ဖန်ဆင်းထားခြင်းခံရသူတို့နှင့် အကြောင်းစပ်ဆိုင်ခြင်း၊ အမျိုးတော်စပ်ခြင်းတို့မှ လုံးဝ)ကင်းရှင်း စင်ကြယ်တော်မူ၏။ ထိုအရှင်မြတ်သည်လိုလား၊ တောင့်တခြင်းကင်းမဲ့တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ မိုးကောင်းကင်များ၌ ရှိသမျှတို့သည် လည်းကောင်း၊ပထဝီမြေ၌ရှိသမျှတို့သည်လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသာတည်း။ အသင်တို့၌ ဤ(မဟုတ်မမှန်သော ပြောဆိုစွပ်စွဲမှု)နှင့်စပ်လျဉ်း၍ မည်သည့်သက်သေသာဓကမျှပင် မရှိချေ။ အသင်တို့သည် မိမိတို့ မသိနားမလည်သောစကားကို အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ်၍ပြောဆိုကြလေသလော။

🎧 နားထောင်


📜 အာယာသ် 66-70 — ယူနူစ်

66أَلَا إِنَّ لِلَّهِ مَن فِي السَّمَاوَاتِ وَمَن فِي الْأَرْضِ ۗ وَمَا يَتَّبِعُ الَّذِينَ يَدْعُونَ مِن دُونِ اللَّهِ شُرَكَاءَ ۚ إِن يَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ هُمْ إِلَّا يَخْرُصُونَ
(အို-ကြားနာရသူ အပေါင်းတို့) အသင်တို့ သည်(ကောင်းစွာ) သတိမူကြလေကုန်၊ ဧကန်အမှန် မိုးကောင်း ကင်၌ရှိသူတို့ကိုလည်းကောင်း၊ ကမ္ဘာ မြေပြင်ဝယ် ရှိသူတို့ကို လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်သည်သာလျှင်ပိုင်ဆိုင်တော်မူ၏။စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အပြင် အခြားကိုနှိုင်းယှဉ်ဖက်များ�ဖြစ်ဟစ်ခေါ် ကိုးကွယ်ကြကုန်သောသူတို့သည် (မိမိတို့၏)ထင်မြင်ယူဆချက်မှအပ အခြားတစ်စုံတစ်ရာကို လိုက်နာကြသည် မဟုတ်ပေ။ စင်စစ်မူကား၎င်း တို့သည် ရမ်းဆ(ကျင့်ကြံ) နေကြသည်သာတည်း။
67هُوَ الَّذِي جَعَلَ لَكُمُ اللَّيْلَ لِتَسْكُنُوا فِيهِ وَالنَّهَارَ مُبْصِرًا ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يَسْمَعُونَ
ထိုအရှင်မြတ်သည် အကြင်အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်ပင် အသင် တို့အဖို့ ညဉ့်ကိုအသင်တို့ အိပ်စက်နားနေကြရန်လည်းကောင်း၊ နေ့ကို မြင်နိုင်စွမ်းရှိစေသောအရာအဖြစ်လည်းကောင်း၊ ပြုလုပ်ဖန်ဆင်းတော်မူခဲ့ပေသည်။ ဤ (မည်သော)အချက်တို့တွင် (အာရုံစိုက်လျှင်)ကြားနာသူ တို့အဖို့ သက်သေသာဓကများသည် ရှိချေသတည်း။
68قَالُوا اتَّخَذَ اللَّهُ وَلَدًا ۗ سُبْحَانَهُ ۖ هُوَ الْغَنِيُّ ۖ لَهُ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ إِنْ عِندَكُم مِّن سُلْطَانٍ بِهَٰذَا ۚ أَتَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ
ထိုသူတို့က အလ္လာဟ်အရှင်မြတ်၌ သားရှိသည်ဟု ပြောဆိုကြကုန်၏။ ထိုအရှင်မြတ်သည် (ဖန်ဆင်းထားခြင်းခံရသူတို့နှင့် အကြောင်းစပ်ဆိုင်ခြင်း၊ အမျိုးတော်စပ်ခြင်းတို့မှ လုံးဝ)ကင်းရှင်း စင်ကြယ်တော်မူ၏။ ထိုအရှင်မြတ်သည်လိုလား၊ တောင့်တခြင်းကင်းမဲ့တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ မိုးကောင်းကင်များ၌ ရှိသမျှတို့သည် လည်းကောင်း၊ပထဝီမြေ၌ရှိသမျှတို့သည်လည်းကောင်း၊ ထိုအရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသာတည်း။ အသင်တို့၌ ဤ(မဟုတ်မမှန်သော ပြောဆိုစွပ်စွဲမှု)နှင့်စပ်လျဉ်း၍ မည်သည့်သက်သေသာဓကမျှပင် မရှိချေ။ အသင်တို့သည် မိမိတို့ မသိနားမလည်သောစကားကို အလ္လာဟ်အရှင်မြတ်အပေါ်၌ လီဆယ်၍ပြောဆိုကြလေသလော။
69قُلْ إِنَّ الَّذِينَ يَفْتَرُونَ عَلَى اللَّهِ الْكَذِبَ لَا يُفْلِحُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်း တို့ အားဤသို့)ပြောကြားပါလေ။ (အချင်းတို့)စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကို လီဆယ်စွပ်စွဲကြကုန်သော သူတို့သည် အလျင်း အောင်မြင်ကြမည် မဟုတ်ပေတကား။
70مَتَاعٌ فِي الدُّنْيَا ثُمَّ إِلَيْنَا مَرْجِعُهُمْ ثُمَّ نُذِيقُهُمُ الْعَذَابَ الشَّدِيدَ بِمَا كَانُوا يَكْفُرُونَ
(၎င်း တို့အဖို့)လောကီဘဝတွင် အကျိုးခံစားခြင်းအနည်းငယ်မျှသာရှိပေသည်။ ထို့နောက် ၎င်း တို့သည် ငါအရှင်မြတ်အထံတော်တို့သာလျှင် ပြန်လည်ရောက်ရှိရပေမည်။ ထို့နောက် ငါအရှင်မြတ်သည် ၎င်း တို့အား ၎င်း တို့သွေဖည်ငြင်းပယ်လျက်ရှိခဲ့ကြသောကြောင့် ပြင်းထန်စွာသော ပြစ်ဒဏ်(၏ရသာ)ကို မြည်းစမ်းစေတော်မူမည် ဖြစ်ပေသတည်း။
ယူနူစ်ကုရ်အာန် ညွှန်းကိန်း
109အာယာသ်
MeccanRevelation
68အာယာသ်

ဘာသာပြန် — ယူနူစ် 68

စူရာ ယူနူစ် အာယာသ် 68 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုသူတို့က အလ္လာဟ်အရှင်မြတ်၌ သားရှိသည်ဟု ပြောဆိုကြကုန်၏။ ထိုအရှင်မြတ်သည် (ဖန်ဆင်းထားခြင်းခံရသူတို့နှင့် အကြောင်းစပ်ဆိုင်ခြင်း၊ အမျိုးတော်စပ်ခြင်းတို့မှ လုံးဝ)ကင်းရှင်း စင်ကြယ်တော်မူ၏။…

စူရာ အာယာသ် 68/109 — ယူနူစ် يونس (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: ယူနူစ် နားထောင်, ယူနူစ် ဘာသာပြန်, ယူနူစ် mp3, ယူနူစ် pdf. အာယာသ် 66–70. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers