ဟူဒ် · 34/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
وَلَا يَنفَعُكُمْ نُصْحِي إِنْ أَرَدتُّ أَنْ أَنصَحَ لَكُمْ إِن كَانَ اللَّهُ يُرِيدُ أَن يُغْوِيَكُمْ ۚ هُوَ رَبُّكُمْ وَإِلَيْهِ تُرْجَعُونَ ۝٣٤
Wa laa yanfa`ukum nusheee in arattu an ansaha lakum in kaanal laahu yureedu ai yughwi yakum; Huwa Rabbukum wa ilaihi turja`oon
📖 မြန်မာဘာသာ
စင်စစ်မှာမူကား အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား လမ်းမှားစေတော်မူရန် ရည်စူးတော်မူခဲ့ပါလျှင် ငါသည် အသင်တို့အဖို့(မည်မျှပင်) ကောင်းကျိုးဆောင်ရန် ရည်စူးသော်ငြားလည်း ငါ၏ ကောင်းကျိုးဆောင်မှုသည် အသင်တို့အား အကျိုးဖြစ်စေနိုင်လိမ့်မည်မဟုတ်ပေ။ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ဖြစ်တော်မူ၏။ တစ်ဖန် အသင်တို့သည် ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်ကြရကုန်အံ့။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ ဤအာယသ်တော်တွင် ရှင်းလင်းရန်လိုအပ်သော ဝေါဟာရများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
  • نُصْحِي (နုဆ်ဟီ) — ကျွန်ုပ်၏ ဆုံးမဩဝါဒ၊ အကြံဉာဏ်ကောင်း၊ လမ်းညွှန်မှု။
  • أَنْصَحَ (အန်ဆဟာ) — ဆုံးမဩဝါဒပေးသည်၊ အကြံဉာဏ်ကောင်းပေးသည်။
  • يُغْوِيَكُمْ (ယုဂ်ဝီယကုမ်) — သင်တို့ကို လမ်းလွဲစေသည်၊ လမ်းမှားသို့ ပို့ဆောင်သည်။
  • تَرْجِعُونَ (တရ်ဂျိအူန) — သင်တို့သည် ပြန်လည်ရောက်ရှိကြမည်၊ ပြန်လည်ပို့ဆောင်ခြင်းခံရမည်။
  1. ဤအာယသ်တော်သည် တမန်တော်နူဟ် (အလိုင်ဟိစ်စလာမ်) က သူ၏လူမျိုးများအား ပြောဆိုခဲ့သော စကားတော်တစ်ခုဖြစ်ပါသည်။ သူက ဤသို့မိန့်ဆိုခဲ့သည် — အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သင်တို့အား လမ်းလွဲစေရန် ရည်ရွယ်တော်မူပါက၊ ကျွန်ုပ်က သင်တို့အား မည်မျှပင် ဆုံးမဩဝါဒပေး၍ အကြံဉာဏ်ကောင်းပေးခဲ့ပါစေ၊ ထိုဆုံးမဩဝါဒသည် သင်တို့အား အကျိုးမပေးနိုင်ပါ။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ အရှင်သခင်ဖြစ်တော်မူပြီး၊ အရာခပ်သိမ်းကို စီမံခန့်ခွဲတော်မူသောအရှင်ဖြစ်တော်မူသည်။ အရှင်မြတ်သည် အလိုရှိတော်မူပါက လမ်းညွှန်ပေးတော်မူသည်၊ အလိုရှိတော်မူပါက လမ်းလွဲစေတော်မူသည်။ သင်တို့အားလုံးသည် နောက်ဆုံးနေ့တွင် အရှင်မြတ်ထံသို့သာ ပြန်လည်ရောက်ရှိကြရမည်ဖြစ်ပြီး၊ ထိုအခါ အရှင်မြတ်သည် သင်တို့၏ လုပ်ရပ်များအတွက် အစားပေးတော်မူမည်ဖြစ်သည်။ ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်၏ အလိုတော်နှင့် စီမံခန့်ခွဲမှုအာဏာကို ရှင်းလင်းစွာ ဖော်ပြထားပြီး၊ လူသားတို့သည် အရှင်မြတ်၏ အလိုတော်ကို လွန်ဆန်နိုင်စွမ်းမရှိကြောင်း သွန်သင်ပေးထားပါသည်။
  2. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
  • အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်း၏ အရှင်သခင်ဖြစ်တော်မူကြောင်း သိရှိစေပြီး၊ လူသားတို့သည် အရှင်မြတ်၏ အလိုတော်အောက်တွင် ရှိကြောင်း နားလည်စေပါသည်။
  • လမ်းညွှန်မှုနှင့် လမ်းလွဲမှုအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ စီမံခန့်ခွဲမှုအာဏာအောက်တွင် ရှိကြောင်း သွန်သင်ပေးပါသည်။
  • လူသားတို့သည် နောက်ဆုံးနေ့တွင် အလ္လာဟ်အရှင်မြတ်ထံသို့ ပြန်လည်ရောက်ရှိကြရမည်ဖြစ်ပြီး၊ မိမိတို့၏ လုပ်ရပ်များအတွက် အစားပေးခြ


📜 အာယာသ် 32-36 — စူရာ ဟူဒ်

32قَالُوا يَا نُوحُ قَدْ جَادَلْتَنَا فَأَكْثَرْتَ جِدَالَنَا فَأْتِنَا بِمَا تَعِدُنَا إِن كُنتَ مِنَ الصَّادِقِينَ
(ထိုအခါ အမျိုးသားများက ဤသို့) ပြောဆိုခဲ့ကြလေသည်။ အို-နူဟ်၊ ဧကန်မလွဲ အသင်သည် ကျွန်ုပ်တို့နှင့်အငြင်းအခုံ ပြုခဲ့လေသည်။ တစ်ဖန် အသင်သည်(ယင်းကဲ့သို့)ကျွန်ုပ်တို့နှင့် အငြင်းအခုံ ပြုခြင်းကို အလွန်များမြောင် (ကျယ်ပြန့်)စေခဲ့ပြန်၏။ သို့ဖြစ်ပေရာ အကယ်၍ အသင်သည်သစ္စာဝါဒီ မှန်ကန်စွာပြောဆိုသူဖြစ်ပါလျှင် ကျွန်ုပ်တို့အား ခြိမ်းခြောက်လျက်ရှိသော ပြစ်ဒဏ်ကို အသင်သည် ကျွန်ုပ်တို့ထံယူဆောင်ခဲ့လော့။
33قَالَ إِنَّمَا يَأْتِيكُم بِهِ اللَّهُ إِن شَاءَ وَمَا أَنتُم بِمُعْجِزِينَ
(နဗီတမန်တော်နူဟ်သည်ဤသို့)ပြောဆို ပြန်ကြားခဲ့လေသည်။ (အချင်းတို့) အကယ်၍ ထိုအရှင်မြတ်သည်အလိုရှိတော်မူခဲ့ပါလျှင် ထိုပြစ်ဒဏ်ကို အသင်တို့ထံ အလ္လာဟ်အရှင်မြတ်သည်သာလျှင် ယူလာတော်မူပေမည်။ စင်စစ်သော်ကား အသင်တို့သည်(ထိုအရှင်မြတ်အား ပြစ်ဒဏ်ယူလာတော်မူခြင်းကို) မစွမ်းဆောင်နိုင်အောင် ပြုနိုင်သူများမဟုတ်ကြချေ။
34وَلَا يَنفَعُكُمْ نُصْحِي إِنْ أَرَدتُّ أَنْ أَنصَحَ لَكُمْ إِن كَانَ اللَّهُ يُرِيدُ أَن يُغْوِيَكُمْ ۚ هُوَ رَبُّكُمْ وَإِلَيْهِ تُرْجَعُونَ
စင်စစ်မှာမူကား အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား လမ်းမှားစေတော်မူရန် ရည်စူးတော်မူခဲ့ပါလျှင် ငါသည် အသင်တို့အဖို့(မည်မျှပင်) ကောင်းကျိုးဆောင်ရန် ရည်စူးသော်ငြားလည်း ငါ၏ ကောင်းကျိုးဆောင်မှုသည် အသင်တို့အား အကျိုးဖြစ်စေနိုင်လိမ့်မည်မဟုတ်ပေ။ထိုအရှင်မြတ်သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်ဖြစ်တော်မူ၏။ တစ်ဖန် အသင်တို့သည် ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်ကြရကုန်အံ့။
35أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ إِنِ افْتَرَيْتُهُ فَعَلَيَّ إِجْرَامِي وَأَنَا بَرِيءٌ مِّمَّا تُجْرِمُونَ
၎င်းတို့က ထို(နဗီတမန်တော် မုဟမ္မဒ်)သည်ယင်း(ကုရ်အာန်)ကို လီဆယ်ဖန်တီးခဲ့သည်ဟု ပြောဆိုကြလေသလော။ (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အား ဤသို့) ပြောဆိုဖြေကြားပါလေ။ (ဟယ်-အချင်းတို့) ထိုသို့ဖြစ်ခဲ့ပါမူငါ၏အပြစ်သည် ငါ၏ အပေါ်၌သာလျှင် ရှိပေမည်။ သို့ရာတွင် ငါသည် အသင်တို့ ကျူးလွန်လျက်ရှိကုန်သော ပြစ်မှုများမှလွတ်ကင်းသူဖြစ်သည်။
36وَأُوحِيَ إِلَىٰ نُوحٍ أَنَّهُ لَن يُؤْمِنَ مِن قَوْمِكَ إِلَّا مَن قَدْ آمَنَ فَلَا تَبْتَئِسْ بِمَا كَانُوا يَفْعَلُونَ
ထို့ပြင်(နဗီတမန်တော်) နူဟ်ထံ (ဤသို့)အမိန့်တော် ထုတ်ပြန်ခြင်းခံခဲ့ရလေသည်။ (အို-နူဟ်)ဧကန်စင်စစ်အသင်၏အမျိုးသားတို့သည် (၎င်းတို့အနက်) အီမာန်သက်ဝင်ယုံကြည်ပြီးဖြစ်သောသူတို့မှတစ်ပါး အီမာန်သက်ဝင်ယုံကြည်ကြတော့မည် မဟုတ်ပေ။ သို့ဖြစ်ပေရာ အသင်သည် ၎င်းတို့ပြုလုပ်လျက် ရှိကုန်သော ပြစ်မှုများနှင့်စပ်လျဉ်း၍ ပူပင်သောကမဖြစ်ပါလေနှင့်။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
34အာယာသ်

ဘာသာပြန် — ဟူဒ် 34

စူရာ ဟူဒ် အာယာသ် 34 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်မှာမူကား အကယ်၍ အလ္လာဟ်အရှင်မြတ်သည် အသင်တို့အား လမ်းမှားစေတော်မူရန် ရည်စူးတော်မူခဲ့ပါလျှင် ငါသည် အသင်တို့အဖို့(မည်မျှပင်) ကောင်းကျိုးဆောင်ရန် ရည်စူးသော်ငြားလည်း…

စူရာ အာယာသ် 34/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 32–36. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers