ယူစူဖ် · 55/111
ဘာသာပြန် အသံနိုင်ငံ — ယူစူဖ်
قَالَ اجْعَلْنِي عَلَىٰ خَزَائِنِ الْأَرْضِ ۖ إِنِّي حَفِيظٌ عَلِيمٌ ۝٥٥
Qaalaj `alnee `alaa khazaaa`inil ardi innee hafeezun `aleem
📖 မြန်မာဘာသာ
(ထိုရောအခါ) ယင်းယူစုဖ်က အသင်သည်ကျွန်ုပ်အား တိုင်းပြည်၏ ဘဏ္ဍာတော်များအပေါ်၌ (ကြီးကြပ်အုပ်ထိန်းသူအဖြစ်) ခန့်အပ်ပါလေ။ ဧကန်စင်စစ် ကျွန်ုပ်သည်ထိန်းသိမ်းနိုင်သူ၊ အသိပညာနှင့် ပြည့်စုံသူပင်ဖြစ်သည်ဟုပြောကြားခဲ့လေ၏။
🎧 နားထောင်

📜 အာယာသ် 53-57 — ယူစူဖ်

53۞ وَمَا أُبَرِّئُ نَفْسِي ۚ إِنَّ النَّفْسَ لَأَمَّارَةٌ بِالسُّوءِ إِلَّا مَا رَحِمَ رَبِّي ۚ إِنَّ رَبِّي غَفُورٌ رَّحِيمٌ
စင်စစ်သော်ကား ကျွန်ုပ်သည် မိမိကိုယ်ကိုအပြစ်မှကင်းလွတ်သည်ဟု မဆိုလိုပေ။ အကြောင်း သော်ကားဧကန်မလွဲ စိတ်နှလုံးများသည် မကောင်းမှုကို အလွန်အမိန့်ပေးတိုက်တွန်းလေ့ရှိကြသောကြောင့်ပင်။ သို့ရာတွင်ကျွန်ုပ်အား ဖန်ဆင်းမွေးမြူ တော်မူသော အရှင်မြတ်က သနားကရုဏာပြုတော်မူသည့် (စိတ်နှလုံးမှာမူ အပြစ်မှလွတ်ကင်းနိုင်ပေသည်။) မလွဲဧကန် ကျွန်ုပ်အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
54وَقَالَ الْمَلِكُ ائْتُونِي بِهِ أَسْتَخْلِصْهُ لِنَفْسِي ۖ فَلَمَّا كَلَّمَهُ قَالَ إِنَّكَ الْيَوْمَ لَدَيْنَا مَكِينٌ أَمِينٌ
ထိုအခါ ဘုရင်မင်းမြတ်က အသင်တို့သည် ထိုယူဆွဖ်အား ငါ့ထံသို့ ပင့်ဆောင်ခဲ့ကြလေကုန်။ ငါသည် ၎င်းအား မိမိအဖို့ ရွေးချယ်အံ့ဟု အမိန့်ပေးခဲ့လေသည်။ တစ်ဖန်ယင်းယူဆွဖ်သည် ထိုဘုရင်နှင့် စကားပြောဆိုလေသောအခါ၊ထိုဘုရင်က (ယူဆွဖ်အား) အသင်သည် ယနေ့မှစ၍ ကျွန်ုပ်၏ထံတွင် မြင့်မြတ်သောဂုဏ်ဒြပ်နှင့်ပြည့်စုံသူ၊ ယုံကြည်စိတ်ချအပ်သူဖြစ်သည်ဟု ချီးမြှင့်ပြောကြား မြှောက်စား ခဲ့လေသတည်း။
55قَالَ اجْعَلْنِي عَلَىٰ خَزَائِنِ الْأَرْضِ ۖ إِنِّي حَفِيظٌ عَلِيمٌ
(ထိုရောအခါ) ယင်းယူစုဖ်က အသင်သည်ကျွန်ုပ်အား တိုင်းပြည်၏ ဘဏ္ဍာတော်များအပေါ်၌ (ကြီးကြပ်အုပ်ထိန်းသူအဖြစ်) ခန့်အပ်ပါလေ။ ဧကန်စင်စစ် ကျွန်ုပ်သည်ထိန်းသိမ်းနိုင်သူ၊ အသိပညာနှင့် ပြည့်စုံသူပင်ဖြစ်သည်ဟုပြောကြားခဲ့လေ၏။
56وَكَذَٰلِكَ مَكَّنَّا لِيُوسُفَ فِي الْأَرْضِ يَتَبَوَّأُ مِنْهَا حَيْثُ يَشَاءُ ۚ نُصِيبُ بِرَحْمَتِنَا مَن نَّشَاءُ ۖ وَلَا نُضِيعُ أَجْرَ الْمُحْسِنِينَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် ဤနည်းအတိုင်းပင် ယူဆွဖ်အား တိုင်းပြည်တွင် ထိုယူဆွဖ်သည် ယင်းတိုင်းပြည်၌ မိမိနေလိုသောနေရာတွင်နေထိုင်ရန် အာဏာကိုချီးမြှင့်တော်မူခဲ့လေသည်။ ငါအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူ၌ မိမိကရုဏာတော်ကို သက်ရောက်စေတော်မူ၏။၎င်းပြင် ငါအရှင်မြတ်သည် ကောင်းမှုပြုလုပ်သူတို့၏အကျိုးကိုအချည်းအနှီး ဖြစ်စေတော်မူသည် မဟုတ်ပေ။
57وَلَأَجْرُ الْآخِرَةِ خَيْرٌ لِّلَّذِينَ آمَنُوا وَكَانُوا يَتَّقُونَ
သို့ရာတွင် အီမန်သက်ဝင်ယုံကြည်၍ (ပြစ်မှုဒုစရိုက်များမှ) အမြဲတစေ ကြဉ်ရှောင်လျက်ရှိကြ သောသူတို့အဖို့မှာကား နောင်တမလွန်ဘဝ၏ အကျိုး သည် အကောင်းဆုံးပင်ဖြစ်ပေသတည်း။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
55အာယာသ်

ဘာသာပြန် — ယူစူဖ် 55

စူရာ ယူစူဖ် အာယာသ် 55 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုရောအခါ) ယင်းယူစုဖ်က အသင်သည်ကျွန်ုပ်အား တိုင်းပြည်၏ ဘဏ္ဍာတော်များအပေါ်၌ (ကြီးကြပ်အုပ်ထိန်းသူအဖြစ်) ခန့်အပ်ပါလေ။ ဧကန်စင်စစ် ကျွန်ုပ်သည်ထိန်းသိမ်းနိုင်သူ၊ အသိပညာနှင့်…

စူရာ အာယာသ် 55/111 — ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: ယူစူဖ် နားထောင်, ယူစူဖ် ဘာသာပြန်, ယူစူဖ် mp3, ယူစူဖ် pdf. အာယာသ် 53–57. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers