အီဗ်ရာဟီမ် · 35/52
ဘာသာပြန် အသံနိုင်ငံ — စူရာ အီဗ်ရာဟီမ်
وَإِذْ قَالَ إِبْرَاهِيمُ رَبِّ اجْعَلْ هَٰذَا الْبَلَدَ آمِنًا وَاجْنُبْنِي وَبَنِيَّ أَن نَّعْبُدَ الْأَصْنَامَ ۝٣٥
Wa iz qaala Ibraaheemu Rabbij `al haazal balada aaminanw wajnubnee wa baniyya an na`budal asnaam
📖 မြန်မာဘာသာ
၎င်းပြင်(ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါဝယ်(နဗီတမန်တော်)အီဗ်ရာဟီမ်သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့)လျှောက်ထား ပန်ကြားခဲ့လေသည်။အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊အရှင်မြတ်သည် ဤမြို့ကို ငြိမ်းချမ်းသာယာသော မြို့အဖြစ်ပြုလုပ်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏ သားများကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့သည် ရုပ်ပွားဆင်းတုများကို မကိုးကွယ် မိကြရန် ကင်းဝေးစွာထားရှိတော်မူပါ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အဓိပ္ပာယ်ရှင်းလင်းချက် လိုအပ်သော စကားလုံးများ
  • وَإِذْ — “အခါတစ်ခုကို သတိရပါ” ဟု အဓိပ္ပာယ်ရသည်။
  • رَبِّ — “ကျွန်ုပ်၏ အရှင်သခင်” ဟု အဓိပ္ပာယ်ရသည်။
  • اجْعَلْ — “ဖြစ်စေပါ”၊ “ပြုလုပ်ပေးပါ” ဟု အဓိပ္ပာယ်ရသည်။
  • هَٰذَا الْبَلَدَ — “ဤမြို့” ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် မက္ကာမြို့ကို ရည်ညွှန်းသည်။
  • آمِنًا — “လုံခြုံသော”၊ “ဘေးကင်းသော” ဟု အဓိပ္ပာယ်ရသည်။
  • وَاجْنُبْنِي — “ကျွန်ုပ်ကို ဝေးကွာစေပါ”၊ “ရှောင်ကြဉ်စေပါ” ဟု အဓိပ္ပာယ်ရသည်။
  • وَبَنِيَّ — “ကျွန်ုပ်၏ သားများ” ဟု အဓိပ္ပာယ်ရသည်။
  • أَن نَّعْبُدَ — “ကျွန်ုပ်တို့ ကိုးကွယ်ခြင်း” ဟု အဓိပ္ပာယ်ရသည်။
  • الْأَصْنَامَ — “ရုပ်တုများ” ဟု အဓိပ္ပာယ်ရသည်။ ရုပ်တုဆိုသည်မှာ ပုံဖော်ထားသော ကိုးကွယ်ရာဝတ္ထုများဖြစ်သည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) အား တမန်တော်အိဗ်ရာဟီမ် (အလိုင်ဟိစ်စလာမ်) ၏ ဖြစ်ရပ်ကို သတိရစေတော်မူခြင်း ဖြစ်သည်။ တမန်တော်အိဗ်ရာဟီမ်သည် သူ၏သားတော် အိစ်မာအီလ်နှင့် ဇနီး ဟာဂျရ်တို့ကို မက္ကာချိုင့်ဝှမ်းတွင် နေရာချထားပြီးနောက် အလ္လာဟ်အရှင်မြတ်ထံ ဒုအာ (ဆုတောင်း) ပြုခဲ့သည်။

ထိုအခါ တမန်တော်အိဗ်ရာဟီမ်က “အို ကျွန်ုပ်၏ အရှင်သခင်၊ ဤမြို့ကို လုံခြုံဘေးကင်းသော မြို့အဖြစ် ပြုလုပ်ပေးတော်မူပါ။ ထိုမြို့တွင် မည်သူမျှ သတ်ဖြတ်ခြင်း၊ မတရားပြုခြင်း မခံရဘဲ လုံခြုံစွာ နေထိုင်နိုင်ပါစေ။ ထို့အပြင် ကျွန်ုပ်နှင့် ကျွန်ုပ်၏ သားများကို ရုပ်တုများကို ကိုးကွယ်ခြင်းမှ ဝေးကွာစေတော်မူပါ” ဟု ဆုတောင်းခဲ့သည်။

တမန်တော်အိဗ်ရာဟီမ်သည် ရုပ်တုကိုးကွယ်ခြင်း၏ အန္တရာယ်ကို အလွန်ကောင်းစွာ သိရှိသူဖြစ်သည်။ သူသည် ရုပ်တုကိုးကွယ်သူများအကြားတွင် ကြီးပြင်းခဲ့ရပြီး ရုပ်တုကိုးကွယ်ခြင်း၏ မှားယွင်းမှုကို ကောင်းစွာ သိရှိခဲ့သည်။ ထို့ကြောင့် သူသည် မိမိကိုယ်တိုင်နှင့် မိမိ၏ သားများကို ထိုမှားယွင်းသော လမ်းမှ ဝေးကွာစေရန် အလ္လာဟ်အရှင်မြတ်ထံ ဆုတောင်းခဲ့ခြင်း ဖြစ်သည်။

ဤဆုတောင်းချက်တွင် နှစ်ခုသော အရေးကြီးသည့် အချက်များ ပါဝင်သည်။ ပထမအချက်မှာ မက္က



📜 အာယာသ် 33-37 — စူရာ အီဗ်ရာဟီမ်

33وَسَخَّرَ لَكُمُ الشَّمْسَ وَالْقَمَرَ دَائِبَيْنِ ۖ وَسَخَّرَ لَكُمُ اللَّيْلَ وَالنَّهَارَ
၎င်းပြင် ထိုအရှင်မြတ်သည် သူရိယ နေကိုလည်းကောင်း၊ လ စန္ဒာ ကိုလည်းကောင်း၊ အမြဲ မပြတ်သွားလာစေလျက် အသင်တို့အကျိုးငှာ လိုက်နာ စေတော်မူခဲ့လေသည်။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ညဉ့်ကိုလည်းကောင်း၊နေ့ကိုလည်းကောင်း၊ အသင်တို့အကျိုးငှာ အမိန့်ကို လိုက်နာစေတော်မူခဲ့ပေသတည်း။
34وَآتَاكُم مِّن كُلِّ مَا سَأَلْتُمُوهُ ۚ وَإِن تَعُدُّوا نِعْمَتَ اللَّهِ لَا تُحْصُوهَا ۗ إِنَّ الْإِنسَانَ لَظَلُومٌ كَفَّارٌ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အားထိုအရှင်မြတ်အထံတော်၌ အသင်တို့ အသနားခံခဲ့ကြသည့်အရာအလုံးစုံတို့အနက်မှလည်း ချီးမြှင့်ပေးသ နားတော်မူခဲ့ပေသည်။ စင်စစ်သော်ကား အကယ်၍ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော် (များ)ကို ရေတွက်ကြသည်ရှိသော်အသင်တို့သည် ယင်းကျေးဇူးတော်(များ)ကို ရေတွက်နိုင်ကြမည် မဟုတ်ပေ။ မလွဲဧကန် မနုဿလူသား(တို့)သည် အမှန်ပင် အလွန်မတရားသောသူ(များ)အလွန်ကျေးဇူးကန်းသူ(များ)ပင် ဖြစ်(ကြ)ပေသတည်း။
35وَإِذْ قَالَ إِبْرَاهِيمُ رَبِّ اجْعَلْ هَٰذَا الْبَلَدَ آمِنًا وَاجْنُبْنِي وَبَنِيَّ أَن نَّعْبُدَ الْأَصْنَامَ
၎င်းပြင်(ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါဝယ်(နဗီတမန်တော်)အီဗ်ရာဟီမ်သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့)လျှောက်ထား ပန်ကြားခဲ့လေသည်။အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊အရှင်မြတ်သည် ဤမြို့ကို ငြိမ်းချမ်းသာယာသော မြို့အဖြစ်ပြုလုပ်ပေးသနားတော်မူပါ။ ထို့ပြင် အရှင်မြတ်သည် ကျွန်တော်မျိုးအားလည်းကောင်း၊ ကျွန်တော်မျိုး၏ သားများကိုလည်းကောင်း၊ ကျွန်တော်မျိုးတို့သည် ရုပ်ပွားဆင်းတုများကို မကိုးကွယ် မိကြရန် ကင်းဝေးစွာထားရှိတော်မူပါ။
36رَبِّ إِنَّهُنَّ أَضْلَلْنَ كَثِيرًا مِّنَ النَّاسِ ۖ فَمَن تَبِعَنِي فَإِنَّهُ مِنِّي ۖ وَمَنْ عَصَانِي فَإِنَّكَ غَفُورٌ رَّحِيمٌ
အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်။ ဧကန်မလွဲ ယင်းရုပ်ပွားဆင်းတုများသည်များစွာသောသူတို့အား လမ်းလွဲစေခဲ့ကြ ကုန်၏။ သို့ဖြစ်ပေရာမည်သူမဆို ကျွန်တော်မျိုး၏ စကားကိုနာခံခဲ့ပါလျှင် ဧကန်စင်စစ် ထိုသူသည် ကျွန်တော်မျိုး၏ အုပ်စုအနက်မှ ဖြစ်ပါသည်။သို့ရာတွင် မည်သူမဆို ကျွန်တော်မျိုး၏ အမိန့်ကိုဖီဆန်ခဲ့ပါမူ၊အမှန်စင်စစ် အရှင်မြတ်သည် အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူသောအရှင်၊ အလွန်တရာသနားကြင်နာညှာတာတော်မူတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူပါသတည်း။
37رَّبَّنَا إِنِّي أَسْكَنتُ مِن ذُرِّيَّتِي بِوَادٍ غَيْرِ ذِي زَرْعٍ عِندَ بَيْتِكَ الْمُحَرَّمِ رَبَّنَا لِيُقِيمُوا الصَّلَاةَ فَاجْعَلْ أَفْئِدَةً مِّنَ النَّاسِ تَهْوِي إِلَيْهِمْ وَارْزُقْهُم مِّنَ الثَّمَرَاتِ لَعَلَّهُمْ يَشْكُرُونَ
အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်အမှန် ကျွန်တော်မျိုးသည် မိမိသားသမီးအချို့ကို အရှင်မြတ်၏မြင့်မြတ်လှစွာ သောအိမ်တော်ပါးတွင် လယ်ယာကိုင်းကျွန်းမရှိသော တောင်ကြားဒေသတစ်ခု၌နေရာချထားခဲ့ပါသည်။အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်၊ (ကျွန်တော်မျိုးတို့သည် ၎င်းတို့အား ယင်းကဲ့သို့ နေရာချ၍ထားခဲ့ခြင်းမှာ) ၎င်းတို့သည်ဆွလာတ်ဝတ်ပြုမှုကို ဆောက်တည်ကြအံ့သောငှာ နေရာချ၍ထားခဲ့ခြင်းပင်)ဖြစ်ပါသည်။ သို့ဖြစ်ပေရာ အရှင်မြတ်သည် လူများ၏စိတ်နှလုံးများကို ၎င်းတို့ဘက်သို့ ယိမ်းညွှတ်အောင် ပြုလုပ်၍ပေးသနားတော်မူပါ။ ထို့ပြင် ၎င်းတို့သည် ကျေးဇူးတော်ကိုသိကြအံ့သောငှာ အရှင်မြတ်သည် ၎င်းတို့အားသစ်သီးဝလံများကို စားနပ်ရိက္ခာအဖြစ်ချီးမြှင့်တော်မူပါ။
အီဗ်ရာဟီမ်ကုရ်အာန် ညွှန်းကိန်း
52အာယာသ်
MeccanRevelation
35အာယာသ်

ဘာသာပြန် — အီဗ်ရာဟီမ် 35

စူရာ အီဗ်ရာဟီမ် အာယာသ် 35 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင်(ပြန်လည်၍သတိရကြလေကုန်)။ တစ်ရံရောအခါဝယ်(နဗီတမန်တော်)အီဗ်ရာဟီမ်သည်(အလ္လာဟ်အရှင်မြတ်အထံတော်၌ ဤသို့)လျှောက်ထား ပန်ကြားခဲ့လေသည်။အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၊အရှင်မြတ်သည် ဤမြို့ကို ငြိမ်းချမ်းသာယာသော မြို့အဖြစ်ပြုလုပ်ပေးသနားတော်မူပါ။ ထို့ပြင်…

စူရာ အာယာသ် 35/52 — စူရာ အီဗ်ရာဟီမ် إبراهيم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အီဗ်ရာဟီမ် နားထောင်, စူရာ အီဗ်ရာဟီမ် ဘာသာပြန်, စူရာ အီဗ်ရာဟီမ် mp3, စူရာ အီဗ်ရာဟီမ် pdf. အာယာသ် 33–37. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers