အန်-နဟ်လ် · 13/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
وَمَا ذَرَأَ لَكُمْ فِي الْأَرْضِ مُخْتَلِفًا أَلْوَانُهُ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِّقَوْمٍ يَذَّكَّرُونَ ۝١٣
Wa maa zara a lakum fil ardi mukhtalifan alwaanuh; inna fee zaalika la Aayatal liqawminy yazakkaroon
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ ပထဝီမြေ၌ ဖန်ဆင်းထားတော်မူသော အရာများကိုလည်း(အမိန့်ကိုလိုက်နာစေတော်မူခဲ့လေသည်။) ထိုအရာဝတ္ထုများ၏ အသွေးအရောင် (မျိုး၊မည်၊ ရသာ ရနံ့စသည်တို့မှာတစ်ခုနှင့်တစ်ခု မတူ) ကွဲပြားခြားနားလျက်ပင် ရှိကြပေသည်။မုချဧကန်ဤသည်၌ တရားကျကြသူတို့အဖို့ အမှန်ပင် သက်သေသာဓကသည် ရှိချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ဝေါဟာရအနက်ဖွင့်ဆိုချက်

  • ဝမာ ဇရအာ (وَمَا ذَرَأَ) — ဖန်ဆင်းခဲ့သည်၊ ဖြစ်ပေါ်စေခဲ့သည်။
  • မုခ်သလိဖန် အလ်ဝါနုဟု (مُخْتَلِفًا أَلْوَانُهُ) — အရောင်အသွေး၊ အမျိုးအစား၊ ပုံစံအမျိုးမျိုး ကွဲပြားသော။
  • လအာယသန် (لَآيَةً) — ထင်ရှားသော သက်သေလက္ခဏာ။
  • လိကောမိန် ယဇ္ဇက္ကာရူန (لِقَوْمٍ يَذَّكَّرُونَ) — သတိရတရားရ၍ ဆင်ခြင်သုံးသပ်သော လူမျိုးအတွက်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အလ္လာဟ်အရှင်မြတ်သည် ဤမြေကြီးပေါ်တွင် သင်တို့အတွက် အရောင်အသွေး၊ ပုံစံ၊ အမျိုးအစား အမျိုးမျိုး ကွဲပြားစွာ ဖန်ဆင်းထားတော်မူသည်။ ထိုအထဲတွင် တိရစ္ဆာန်များ၊ အပင်များ၊ သစ်ပင်များ၊ သတ္တုများ၊ သီးနှံများ အစရှိသည့် လူသားတို့ အကျိုးခံစားနိုင်သည့် အရာများ ပါဝင်သည်။ ဤသို့ ဖန်ဆင်းခြင်း၊ အရောင်အသွေး ကွဲပြားခြင်း၊ အကျိုးအမြတ် ကွဲပြားခြင်းတို့တွင် အလ္လာဟ်အရှင်မြတ်၏ တစ်ဆူတည်းဖြစ်တော်မူခြင်း၊ တန်ခိုးတော် ကြီးမားတော်မူခြင်းနှင့် ကျေးဇူးပြုတော်မူခြင်းအတွက် ထင်ရှားသော သက်သေလက္ခဏာများ ရှိပေသည်။ ဤအရာများကို ဆင်ခြင်သုံးသပ်ပြီး သတိရတရားရကာ အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်ဆည်းကပ်သင့်ကြောင်း နားလည်သဘောပေါက်သော လူမျိုးအတွက်သာ ဤအထဲတွင် ကြီးမားသော သင်ခန်းစာနှင့် သက်သေလက္ခဏာ ရှိပေသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာကို နှစ်သက်စေသော သင်ခန်းစာများ

  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့အတွက် မြေကြီးပေါ်ရှိ အရာဝတ္ထုအမျိုးမျိုးကို အကျိုးခံစားနိုင်ရန် ဖန်ဆင်းပေးထားတော်မူသည်။ ဤသည်မှာ အရှင်မြတ်၏ ကြီးမားသော ကျေးဇူးတော်ဖြစ်သည်။
  • အရောင်အသွေး၊ ပုံစံ၊ အမျိုးအစား ကွဲပြားမှုတိုင်းသည် အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်နှင့် ဉာဏ်ပညာတော်ကို ဖော်ပြနေသည်။ ဤအရာများကို ကြည့်ရှုဆင်ခြင်ခြင်းဖြင့် အရှင်မြတ်ကို ပိုမိုသိရှိနိုင်သည်။
  • အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ကောင်းချီးမင်္ဂလာများ ပေးသနားတော်မူသော အရှင်ဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် အရှင်မြတ်ကို ချစ်ခင်ကြောက်ရွံ့ပြီး ကျေးဇူးတင်ရမည်။
  • သတိရတရားရ၍ ဆင်ခြင်သုံးသပ်သူများအတွက် ဤစကြဝဠာတွင် သက်သေလက္ခဏာများ ရှိသည်။ ဤအရ


📜 အာယာသ် 11-15 — စူရာ အန်-နဟ်လ်

11يُنبِتُ لَكُم بِهِ الزَّرْعَ وَالزَّيْتُونَ وَالنَّخِيلَ وَالْأَعْنَابَ وَمِن كُلِّ الثَّمَرَاتِ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِّقَوْمٍ يَتَفَكَّرُونَ
ထိုအရှင်မြတ်သည် အသင်တို့၏အကျိုးငှာ ထိုရေဖြင့် ကောက်ပဲသီးနှံများကိုလည်းကောင်း၊ သံလွင်ပင် များကိုလည်းကောင်း၊ စွန်ပလွံပင်များကိုလည်းကောင်း၊ စပျစ်(ပင်)များကိုလည်းကောင်း၊ သီးနှံမျိုးစုံတို့ကို လည်းကောင်း၊ ပေါက်ရောက်စေတော်မူ၏။ ဧကန်မလွဲ ဤသည်၌စဉ်းစားဆင်ခြင်ချင့်ချိန် သုံးသပ်သူတို့ အဖို့ အမှန်ပင်သက်သေလက္ခဏာသည်ရှိချေသတည်း။
12وَسَخَّرَ لَكُمُ اللَّيْلَ وَالنَّهَارَ وَالشَّمْسَ وَالْقَمَرَ ۖ وَالنُّجُومُ مُسَخَّرَاتٌ بِأَمْرِهِ ۗ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يَعْقِلُونَ
၎င်းပြင် ထိုအရှင်မြတ်သည်ပင်လျှင် အသင်တို့အကျိုးငှာ ညဉ့်ကိုလည်းကောင်း၊ နေ့ကိုလည်းကောင်း၊သူရိယနေမင်းကိုလည်းကောင်း၊ လစန္ဒာကိုလည်း ကောင်း၊အမိန့်ကို လိုက်နာစေတော်မူခဲ့၏။ ထိုမှတစ်ပါး ကြယ်နက္ခတ်တို့သည်လည်း ထိုအရှင်မြတ်၏အမိန့်တော်နှင့် လိုက်နာစေခြင်းကိုခံခဲ့ကြရပြီ ဖြစ်၏။ဧကန်မလွဲ ဤသည်၌ နားလည်ကြကုန်သော သူတို့အဖို့သက်သေသာဓကများသည်ရှိကြပေသည်။
13وَمَا ذَرَأَ لَكُمْ فِي الْأَرْضِ مُخْتَلِفًا أَلْوَانُهُ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِّقَوْمٍ يَذَّكَّرُونَ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ ပထဝီမြေ၌ ဖန်ဆင်းထားတော်မူသော အရာများကိုလည်း(အမိန့်ကိုလိုက်နာစေတော်မူခဲ့လေသည်။) ထိုအရာဝတ္ထုများ၏ အသွေးအရောင် (မျိုး၊မည်၊ ရသာ ရနံ့စသည်တို့မှာတစ်ခုနှင့်တစ်ခု မတူ) ကွဲပြားခြားနားလျက်ပင် ရှိကြပေသည်။မုချဧကန်ဤသည်၌ တရားကျကြသူတို့အဖို့ အမှန်ပင် သက်သေသာဓကသည် ရှိချေသတည်း။
14وَهُوَ الَّذِي سَخَّرَ الْبَحْرَ لِتَأْكُلُوا مِنْهُ لَحْمًا طَرِيًّا وَتَسْتَخْرِجُوا مِنْهُ حِلْيَةً تَلْبَسُونَهَا وَتَرَى الْفُلْكَ مَوَاخِرَ فِيهِ وَلِتَبْتَغُوا مِن فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
စင်စစ်မှာမူကား ထိုအရှင်မြတ်သည် အကြင်ရှင်မြတ်ပင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် ပင်လယ်သမုဒ္ဒရာကို အသင်တို့သည် ထိုပင်လယ် သမုဒ္ဒရာမှ လတ်ဆတ်သောအသားကိုစားသုံးကြအံ့ သောငှာလည်းကောင်း၊ အသင်တို့သည် ထိုပင်လယ် သမုဒ္ဒရာမှ မိမိတို့ဆင်ယင်ကြကုန်သောလက်ဝတ်လက်စားတန်ဆာများကို ထုတ်ယူ(ဆင်ယင်သုံးစွဲ) ကြအံ့သောငှာလည်းကောင်း၊ နိုင်နင်းစေတော်မူခဲ့၏။ ၎င်းအပြင်အသင်သည် သင်္ဘောများကို ထိုပင်လယ်သမုဒ္ဒရာ၌ ရေကိုခွဲ၍သွားလာလျက်ရှိကြသည်ကို တွေ့မြင်ရလေသည်။ ထိုမှတပါးအသင်တို့သည် (ပင်လယ်ခရီးဖြင့် ကူးလူးဆက်ဆံသွားလာခြင်းအားဖြင့်) ထိုအရှင်မြတ်၏ကျေးဇူးတော်(တည်းဟူသော စီးပွားဥစ္စာ)ကို ရှာဖွေကြအံ့သောငှာလည်းကောင်း၊ အသင်တို့သည်(အလ္လာဟ်အရှင်မြတ်၏) ကျေးဇူးတော်များကို သိတတ်ကြအံ့သောငှာလည်းကောင်း၊ (ထိုပင်လယ်သမုဒ္ဒရာကို နိုင်နင်းစေတော်မူခဲ့ပေသည်)။
15وَأَلْقَىٰ فِي الْأَرْضِ رَوَاسِيَ أَن تَمِيدَ بِكُمْ وَأَنْهَارًا وَسُبُلًا لَّعَلَّكُمْ تَهْتَدُونَ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ပထဝီမြေ၌၊ထိုပထဝီမြေသည် အသင်တို့နှင့်တကွ လှုပ်ရှား(ယိမ်း ယိုင်)ခြင်းမပြုရန်၊(ကျောက်ဆူးများကို)တောင်များကို ချထားတော်မူခဲ့လေသည်။ ထို့ပြင် အသင်တို့ လမ်းရှာ၍တွေ့အံ့သောငှာ မြစ်ချောင်းများကို လည်းကောင်း၊ (ပြုလုပ်တော်မူခဲ့လေသည်)။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
13အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 13

စူရာ အန်-နဟ်လ် အာယာသ် 13 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့အကျိုးငှာ ပထဝီမြေ၌ ဖန်ဆင်းထားတော်မူသော အရာများကိုလည်း(အမိန့်ကိုလိုက်နာစေတော်မူခဲ့လေသည်။) ထိုအရာဝတ္ထုများ၏ အသွေးအရောင် (မျိုး၊မည်၊ ရသာ…

စူရာ အာယာသ် 13/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 11–15. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers