အန်-နဟ်လ် · 38/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ ۙ لَا يَبْعَثُ اللَّهُ مَن يَمُوتُ ۚ بَلَىٰ وَعْدًا عَلَيْهِ حَقًّا وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ ۝٣٨
Wa aqsamoo billaahi jahda aimaanihim laa yab`asul laahu mai yamoot; balaa wa`dan `alaihi haqqanw wa laakinna aksaran naasi laa ya`lamoon
📖 မြန်မာဘာသာ
စင်စစ်သော်ကား ၎င်းတို့က အလ္လာဟ်အရှင်မြတ်သည် သေသူအား ရှင်ပြန်ထစေတော်မူမည် မဟုတ်ဟုအလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန် ကျိန်တွယ်ခဲ့ကြလေသည်။ ထိုသို့ အလျှင်းမဟုတ်ပေ။ စင်စစ်မှာကား (မုချရှင်ပြန်ထစေတော်မူမည်ဖြစ်၏။) ထိုအရှင်မြတ်သည် ဤသည်ကို ကတိပြုတော်မူခြင်းအားဖြင့် မိမိအပေါ်၌ အတည်ပြုတော်မူခဲ့လေသည်။ သို့ရာတွင် များစွာသောသူတို့မှာကား(ဤမျှပင်)မသိနားမလည်ကြချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ခက်ခဲသောဝေါဟာရများ အဓိပ္ပာယ်ဖွင့်ဆိုချက်

  • وَأَقْسَمُوا — သူတို့သည် ကျမ်းကျိန်ဆိုကြ၏။
  • جَهْدَ أَيْمَانِهِمْ — မိမိတို့၏ ကျမ်းကျိန်ဆိုမှုတွင် အစွမ်းကုန် ကြိုးစား၍ အလေးအနက် ကျိန်ဆိုခြင်း။
  • لَا يَبْعَثُ اللَّهُ مَن يَمُوتُ — သေဆုံးသွားသူများကို အလ္လာဟ်အရှင်မြတ်သည် ရှင်ပြန်ထမြောက်စေတော်မူမည် မဟုတ်ပါ။
  • بَلَىٰ — မဟုတ်ပါ၊ ထိုသို့အလျှင်းမဟုတ်၊ အမှန်ပင် ရှင်ပြန်ထမြောက်စေတော်မူမည်။
  • وَعْدًا عَلَيْهِ حَقًّا — အရှင်မြတ်အပေါ် တာဝန်ဝတ္တရားအဖြစ် ဧကန်မုချ ပြည့်စုံစေမည့် ကတိတော်ဖြစ်သည်။
  • وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ — သို့သော် လူသားအများစုသည် မသိကြပေ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ရှင်ပြန်ထမြောက်ခြင်းကို ငြင်းပယ်သော ဤမုရှ်ရိက်များသည် အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အလွန်အမင်း အလေးအနက် ကျမ်းကျိန်ဆိုကြပြီး “သေဆုံးသွားသူများကို အလ္လာဟ်အရှင်မြတ်သည် ရှင်ပြန်ထမြောက်စေတော်မူမည် မဟုတ်ပါ” ဟု ပြောဆိုကြ၏။ သို့သော် သူတို့၌ ဤအဆိုအတွက် မည်သည့် အထောက်အထားမျှ မရှိပေ။ အလ္လာဟ်အရှင်မြတ်သည် ဤသို့ပြောဆိုသူများအား ပြန်လည်ဖြေကြားတော်မူသည်မှာ “အမှန်ပင် ရှင်ပြန်ထမြောက်စေတော်မူမည်” ဟူ၍ဖြစ်သည်။ သေဆုံးပြီး ဆွေးမြေ့ပျက်စီးသွားသော်လည်း အလ္လာဟ်အရှင်မြတ်သည် အားလုံးကို ရှင်ပြန်ထမြောက်စေတော်မူမည်ဖြစ်သည်။ ဤသည် အရှင်မြတ်အပေါ် ဧကန်မုချ ပြည့်စုံစေတော်မူမည့် ကတိတော်ဖြစ်၏။ သို့သော် လူသားအများစုသည် အလ္လာဟ်အရှင်မြတ်သည် သေသူများကို ရှင်ပြန်ထမြောက်စေနိုင်သည့် တန်ခိုးတော်ကို မသိကြသဖြင့် ရှင်ပြန်ထမြောက်ခြင်းကို ငြင်းပယ်ကြလေသည်။


၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

၁။ ရှင်ပြန်ထမြောက်ခြင်းသည် ဧကန်မုချဖြစ်သည် — မည်သူမျှ မလွတ်မြောက်နိုင်သော အမှန်တရားဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကတိတော်ကို ဧကန်မုချ ပြည့်စုံစေတော်မူမည်။

၂။ ကျမ်းကျိန်ဆိုခြင်းသည် အမှန်တရားကို မပြောင်းလဲစေနိုင် — မှားယွင်းသော အယူအဆအတွက် မည်မျှပင် အလေးအနက် ကျိန်ဆိုစေကာမူ ၎င်းသည် အမှန်တရားကို မှားယွင်းစေနိုင်မည် မဟုတ်ပေ။

၃။ အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်သည် အကန့်အသတ်မရှိ — ဆ



📜 အာယာသ် 36-40 — စူရာ အန်-နဟ်လ်

36وَلَقَدْ بَعَثْنَا فِي كُلِّ أُمَّةٍ رَّسُولًا أَنِ اعْبُدُوا اللَّهَ وَاجْتَنِبُوا الطَّاغُوتَ ۖ فَمِنْهُم مَّنْ هَدَى اللَّهُ وَمِنْهُم مَّنْ حَقَّتْ عَلَيْهِ الضَّلَالَةُ ۚ فَسِيرُوا فِي الْأَرْضِ فَانظُرُوا كَيْفَ كَانَ عَاقِبَةُ الْمُكَذِّبِينَ
စင်စစ်သော်ကား ဧကန်မလွဲ ငါအရှင်မြတ်သည် လူမျိုးတိုင်းတွင် ရစူလ်တမန်တော်တစ်ပါးကို စေလွှတ်တော်မူပြီး အသင်တို့သည် အခြားကိုးကွယ်ရာ များကို စွန့်လွှတ်ပယ်ရှား၍(တစ်ဆူတည်းသော အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ကြလေကုန်ဟု (ဟောကြားစေတော်မူခဲ့လေသည်)။ သို့ရာတွင် ၎င်းတို့တွင် အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်ကို ပြတော်မူသောသူများလည်းရှိခဲ့ကြ၏။ ထိုနည်းတူစွာ ၎င်းတို့တွင် အကြင်သူများလည်းရှိခဲ့ကြ၏။ ထိုသူတို့အပေါ်၌ လမ်းမှားခြင်းသည် အတည်ဖြစ်ခဲ့၏။ သို့ဖြစ်ပေရာ အသင်တို့သည် ကမ္ဘာမြေဝယ်လှည့်လည်၍ မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်သူတို့၏ နောက်ဆုံးအခြေသည် မည်သို့ ဖြစ်ခဲ့သည်ကိုကြည့်ရှုလေ့လာကြလေကုန်။
37إِن تَحْرِصْ عَلَىٰ هُدَاهُمْ فَإِنَّ اللَّهَ لَا يَهْدِي مَن يُضِلُّ ۖ وَمَا لَهُم مِّن نَّاصِرِينَ
(အို-နဗီတမန်တော်)အသင်သည် ၎င်းတို့တရားလမ်းမှန် ရရှိရေးအလို့ငှာ မည်မျှပင်အာသာရမ္မက် ပြင်းပြသော်လည်း ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မိမိလမ်းလွဲစေတော်မူသောသူအား လမ်းမှန်ကိုပြတော်မူသည် မဟုတ်ပေ။ထိုမှတပါး ၎င်းတို့၏ ကူညီစောင့်မမည့်သူများဟူ၍လည်းအလျှင်း ရှိကြလိမ့်မည်မဟုတ်ပေ။
38وَأَقْسَمُوا بِاللَّهِ جَهْدَ أَيْمَانِهِمْ ۙ لَا يَبْعَثُ اللَّهُ مَن يَمُوتُ ۚ بَلَىٰ وَعْدًا عَلَيْهِ حَقًّا وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
စင်စစ်သော်ကား ၎င်းတို့က အလ္လာဟ်အရှင်မြတ်သည် သေသူအား ရှင်ပြန်ထစေတော်မူမည် မဟုတ်ဟုအလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန် ကျိန်တွယ်ခဲ့ကြလေသည်။ ထိုသို့ အလျှင်းမဟုတ်ပေ။ စင်စစ်မှာကား (မုချရှင်ပြန်ထစေတော်မူမည်ဖြစ်၏။) ထိုအရှင်မြတ်သည် ဤသည်ကို ကတိပြုတော်မူခြင်းအားဖြင့် မိမိအပေါ်၌ အတည်ပြုတော်မူခဲ့လေသည်။ သို့ရာတွင် များစွာသောသူတို့မှာကား(ဤမျှပင်)မသိနားမလည်ကြချေ။
39لِيُبَيِّنَ لَهُمُ الَّذِي يَخْتَلِفُونَ فِيهِ وَلِيَعْلَمَ الَّذِينَ كَفَرُوا أَنَّهُمْ كَانُوا كَاذِبِينَ
(သို့ရှင်ပြန်ထစေတော်မူခြင်းမှာ) ထိုသူတို့ ရှေ့ဝယ် ထိုသူတို့ကို ကွဲလွဲခဲ့ကြသောအကြောင်းကို ထင်ရှားစေတော်မူအံ့သောငှာလည်းကောင်း၊ ကာဖိရ်သွေဖည်ငြင်းပယ် သူတို့သည် ဧကန်စင်စစ် မိမိတို့မှာ မုသာဝါဒီများဖြစ်ခဲ့ကြသည်ကိုကောင်းစွာ သိကြအံ့ သောငှာလည်းကောင်း၊ ဖြစ်ပေသတည်း။
40إِنَّمَا قَوْلُنَا لِشَيْءٍ إِذَا أَرَدْنَاهُ أَن نَّقُولَ لَهُ كُن فَيَكُونُ
(ဧကန်စင်စစ်)ငါအရှင်မြတ်သည် တစ်စုံတစ်ရာကိုမျှ ရည်စူးတော်မူသောအခါ ထိုအရာကို ငါအရှင်မြတ်ကဖြစ်လော့ဟု မိန့်ကြားတော်မူရုံဖြင့် ထိုအရာသည် ဖြစ်လာလေသည်။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
38အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 38

စူရာ အန်-နဟ်လ် အာယာသ် 38 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား ၎င်းတို့က အလ္လာဟ်အရှင်မြတ်သည် သေသူအား ရှင်ပြန်ထစေတော်မူမည် မဟုတ်ဟုအလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန် ကျိန်တွယ်ခဲ့ကြလေသည်။ ထိုသို့…

စူရာ အာယာသ် 38/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 36–40. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers