အန်-နဟ်လ် · 66/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
وَإِنَّ لَكُمْ فِي الْأَنْعَامِ لَعِبْرَةً ۖ نُّسْقِيكُم مِّمَّا فِي بُطُونِهِ مِن بَيْنِ فَرْثٍ وَدَمٍ لَّبَنًا خَالِصًا سَائِغًا لِّلشَّارِبِينَ ۝٦٦
Wa inna lakum fil an`aami la`ibrah; nusqeekum mimmmaa fee butoonihee mim baini farsinw wa damil labanann khaalisan saaa`ighallish shaaribeen
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ဧကန်စင်စစ် အသင်တို့အဖို့ ခြေလေးချောင်းသတ္တဝါများ၌ အမှန်ပင် သင်ခန်းစာရှိပေသည်။ငါအရှင်မြတ်သည် အသင်တို့အား ၎င်း၏ဝမ်းဗိုက်တွင်းရှိအစာဟောင်းနှင့်သွေး၏အကြားမှ သန့်စင်၍ သောက်သုံးသူတို့အဖို့ အရသာရှိသော နို့ရည်ကို တိုက်ကျွေးတော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • الْأَنْعَامِ: ကုလားအုတ်၊ နွား၊ ဆိတ်၊ သိုး စသော တိရစ္ဆာန်များ။
  • لَعِبْرَةً: သင်ခန်းစာ၊ ဆုံးမဩဝါဒ၊ ရောင်ပြန်ဟပ်စရာ။
  • نُّسْقِيكُم: ငါအရှင်မြတ်သည် သင်တို့အား တိုက်ကျွေးတော်မူ၏။
  • فَرْثٍ: တိရစ္ဆာန်၏ အစာအိမ်အတွင်းရှိ အစာဟောင်း၊ မစင်။
  • دَمٍ: သွေး။
  • لَّبَنًا خَالِصًا: မည်သည့်အရာနှင့်မျှ မရောနှောသော သန့်ရှင်းသည့် နို့ရည်။
  • سَائِغًا لِّلشَّارِبِينَ: သောက်သုံးသူများအတွက် အလွန်အရသာရှိ၍ လည်ချောင်းတွင် မတစ်ဆို့သော၊ အလွယ်တကူ မျိုချနိုင်သော။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

အို လူသားတို့၊ သင်တို့အတွက် ကုလားအုတ်၊ နွား၊ ဆိတ်၊ သိုးစသော တိရစ္ဆာန်များတွင် ဧကန်အမှန်ပင် ကြီးမားသော သင်ခန်းစာတစ်ခု ရှိပေသည်။ ထိုတိရစ္ဆာန်များ၏ ဝမ်းဗိုက်အတွင်း၌ ရှိသော အစာဟောင်း (မစင်) နှင့် သွေးတို့၏ အကြားမှ သန့်ရှင်းစင်ကြယ်၍ မည်သည့်အညစ်အကြေးနှင့်မျှ မရောနှောသော နို့ရည်ကို ငါအရှင်မြတ်သည် သင်တို့အား တိုက်ကျွေးတော်မူ၏။ ထိုနို့ရည်သည် သောက်သုံးသူများအတွက် အလွန်အရသာရှိ၍ လည်ချောင်းတွင် မတစ်ဆို့ဘဲ အလွယ်တကူ မျိုချနိုင်သော နို့ရည်ဖြစ်ပေသည်။

ရှင်းလင်းချက် — တိရစ္ဆာန်၏ အစာအိမ်ထဲတွင် စားလိုက်သော အစာများသည် အစာခြေခြင်းဖြင့် အပိုင်းသုံးပိုင်း ကွဲပြားသွားသည်။ အောက်ပိုင်းတွင် အစာဟောင်း (မစင်) ဖြစ်လာသည်။ အလယ်ပိုင်းတွင် နို့ရည် ဖြစ်လာသည်။ အပေါ်ပိုင်းတွင် သွေး ဖြစ်လာသည်။ ဤသုံးမျိုးသည် တစ်ခုနှင့်တစ်ခု အလွန်နီးကပ်စွာ တည်ရှိနေသော်လည်း အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ဖြင့် ရောနှောခြင်းမရှိဘဲ အရောင်၊ အရသာ၊ အနံ့ အားဖြင့် သီးခြားစီ တည်ရှိနေကြသည်။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ စွမ်းအားတော်ကို ထင်ရှားစွာ ပြသသော သင်ခန်းစာတစ်ရပ် ဖြစ်ပေသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် လူသားများအတွက် အစာအာဟာရကို အလွန်အသန့်ရှင်းဆုံး၊ အရသာအရှိဆုံး ပုံစံဖြင့် ဖန်ဆင်းပေးထားတော်မူသည်။ ထို့ကြောင့် လူသားများအနေဖြင့် အရှင်မြတ်၏ ကျေးဇူးတော်ကို အမြဲသတိရ၍ ချီးမွမ်းထိုက်ပေသည်။
  • တိရစ္ဆာန


📜 အာယာသ် 64-68 — စူရာ အန်-နဟ်လ်

64وَمَا أَنزَلْنَا عَلَيْكَ الْكِتَابَ إِلَّا لِتُبَيِّنَ لَهُمُ الَّذِي اخْتَلَفُوا فِيهِ ۙ وَهُدًى وَرَحْمَةً لِّقَوْمٍ يُؤْمِنُونَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် အသင်၏အပေါ်၌ ကျမ်းတော်မြတ်ကို ချပေးသနားတော်မူခဲ့သည်မှာအသင်သည် ၎င်းတို့အား ၎င်းတို့ကွဲလွဲချက် ရှိခဲ့ကြသောအကြောင်းကို ရှင်းလင်းအံ့သောငှာသာ လည်းကောင်း၊ မုအ်မင်န်သက်ဝင်ယုံကြည်သူတို့အဖို့ တရားလမ်းညွှန်အဖြစ်လည်းကောင်း၊ ကရုဏာတော် အဖြစ်လည်းကောင်း ချပေးတော်မူခဲ့ခြင်းသာ ဖြစ်ပေသတည်း။
65وَاللَّهُ أَنزَلَ مِنَ السَّمَاءِ مَاءً فَأَحْيَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا ۚ إِنَّ فِي ذَٰلِكَ لَآيَةً لِّقَوْمٍ يَسْمَعُونَ
၎င်းပြင် အလ္လာဟ်အရှင်မြတ်သည်ပင်လျှင် မိုးကောင်းကင်မှရေကို ချပေးသနားတော်မူလေသည်။ တစ်ဖန်ထိုအရှင်မြတ်သည် ထိုရေဖြင့် သေပြီးသောမြေကို ရှင်စေတော်မူလေသည်။ ဧကန်စင်စစ် ဤသည် ၌ ကြားနာကြကုန် သောသူတို့အဖို့ အမှန်ပင် သက်သေသာဓက ရှိပေသတည်း။
66وَإِنَّ لَكُمْ فِي الْأَنْعَامِ لَعِبْرَةً ۖ نُّسْقِيكُم مِّمَّا فِي بُطُونِهِ مِن بَيْنِ فَرْثٍ وَدَمٍ لَّبَنًا خَالِصًا سَائِغًا لِّلشَّارِبِينَ
ထိုမှတစ်ပါး ဧကန်စင်စစ် အသင်တို့အဖို့ ခြေလေးချောင်းသတ္တဝါများ၌ အမှန်ပင် သင်ခန်းစာရှိပေသည်။ငါအရှင်မြတ်သည် အသင်တို့အား ၎င်း၏ဝမ်းဗိုက်တွင်းရှိအစာဟောင်းနှင့်သွေး၏အကြားမှ သန့်စင်၍ သောက်သုံးသူတို့အဖို့ အရသာရှိသော နို့ရည်ကို တိုက်ကျွေးတော်မူ၏။
67وَمِن ثَمَرَاتِ النَّخِيلِ وَالْأَعْنَابِ تَتَّخِذُونَ مِنْهُ سَكَرًا وَرِزْقًا حَسَنًا ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِّقَوْمٍ يَعْقِلُونَ
ထိုမှတစ်ပါး စွန်ပလွံပင်များ၏ အသီးများ၌လည်းကောင်း၊ စပျစ်သီးများ၌လည်းကောင်း၊ အသင်တို့သည်ထိုအရာဖြင့် မူးယစ်စေသောအရာကိုလည်းကောင်း၊ ကောင်းမွန်သော စားကောင်းသောက်ဖွယ် ရာကိုလည်းကောင်း၊ ပြုလုပ်ကြကုန်၏။ ဧကန်စင်စစ် ဤသည်၌ သိနားလည်ကြသောသူတို့အဖို့ အမှန်ပင် သက်သေသာဓက ရှိပေသည်။
68وَأَوْحَىٰ رَبُّكَ إِلَى النَّحْلِ أَنِ اتَّخِذِي مِنَ الْجِبَالِ بُيُوتًا وَمِنَ الشَّجَرِ وَمِمَّا يَعْرِشُونَ
၎င်းပြင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ပျားကောင်၏ထံသို့ (ဤသို့) အမိန့်တော်ပေးတော်မူလေသည်။ အသင်သည် တောင်များ၌လည်းကောင်း၊ သစ်ပင်များ၌လည်းကောင်း၊ လူတို့တည်ဆောက်ကြကုန်သော အဆောက် အအုံများ၌လည်းကောင်း၊ (မိမိတို့)နေအိမ်များ ပြုလုပ်လေကုန်။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
66အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 66

စူရာ အန်-နဟ်လ် အာယာသ် 66 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ဧကန်စင်စစ် အသင်တို့အဖို့ ခြေလေးချောင်းသတ္တဝါများ၌ အမှန်ပင် သင်ခန်းစာရှိပေသည်။ငါအရှင်မြတ်သည် အသင်တို့အား ၎င်း၏ဝမ်းဗိုက်တွင်းရှိအစာဟောင်းနှင့်သွေး၏အကြားမှ သန့်စင်၍ သောက်သုံးသူတို့အဖို့…

စူရာ အာယာသ် 66/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 64–68. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers