အန်-နဟ်လ် · 85/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
وَإِذَا رَأَى الَّذِينَ ظَلَمُوا الْعَذَابَ فَلَا يُخَفَّفُ عَنْهُمْ وَلَا هُمْ يُنظَرُونَ ۝٨٥
Wa izaa ra al lazeena zalamul `azaaba falaa yukhaf fafu `anhum wa laa hum yunzaroon
📖 မြန်မာဘာသာ
ထို့ပြင် မတရား ပြုလုပ်ခဲ့ကြကုန်သောသူတို့သည် ပြစ်ဒဏ်ကို မြင်ကြအံ့သောငှာ ၎င်းတို့အပေါ်မှ(ပြစ်ဒဏ်သည်) ပေါ့လျော့သွားမည်လည်းမဟုတ်။ ထိုနည်းတူစွာ ၎င်းတို့သည်(ပြစ်ဒဏ်)ကို ရွှေ့ဆိုင်းခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 83-87 — စူရာ အန်-နဟ်လ်

83يَعْرِفُونَ نِعْمَتَ اللَّهِ ثُمَّ يُنكِرُونَهَا وَأَكْثَرُهُمُ الْكَافِرُونَ
(စင်စစ်သော်ကား) ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို ဝန်ခံကြကုန်၏။ ထို့နောက်၎င်းတို့သည် ယင်းကျေးဇူးတော်များကို ငြင်းပယ်ကြကုန်၏။(တစ်နည်း)၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်များကို သိမှတ်ကြကုန်၏။ ထို့နောက် ၎င်းတို့သည် ယင်းကျေးဇူးအာတော်များကို မသိလေဟန်ဆောင်ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့ အနက် မြောက်မြားစွာသောသူတို့ကား ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့ပင် ဖြစ်ကြကုန်သတည်း။
84وَيَوْمَ نَبْعَثُ مِن كُلِّ أُمَّةٍ شَهِيدًا ثُمَّ لَا يُؤْذَنُ لِلَّذِينَ كَفَرُوا وَلَا هُمْ يُسْتَعْتَبُونَ
၎င်းပြင် (အို-နဗီတမန်တော်အသင်သည် မိမိအမျိုးသားတို့များအား) အကြင်နေ့(၏အကြောင်း)ကို (ပြောပြပါလေ)။ ငါအရှင်မြတ်သည်(ထိုနေ့တွင်) သာသနာဝင် အုပ်စုတိုင်းမှ သက်သေတစ်ဦးကို ထူတော်မူမည်။ ထို့နောက် ကာဖိရ်သွေဖည်ငြင်းပယ် သောသူတို့အဖို့(အကြောင်းပြနိုင်ရန်) ခွင့်ပြုခြင်းလည်းခံရမည် မဟုတ်ပေ။ ထိုမှတစ်ပါး ထိုသွေဖည် ငြင်းပယ်သောသူတို့သည် ကျေရာကျေကြောင်း ပြုလုပ်ရန် တောင်းဆိုခြင်းကိုလည်း ခံကြရမည် မဟုတ်ပေတကား။
85وَإِذَا رَأَى الَّذِينَ ظَلَمُوا الْعَذَابَ فَلَا يُخَفَّفُ عَنْهُمْ وَلَا هُمْ يُنظَرُونَ
ထို့ပြင် မတရား ပြုလုပ်ခဲ့ကြကုန်သောသူတို့သည် ပြစ်ဒဏ်ကို မြင်ကြအံ့သောငှာ ၎င်းတို့အပေါ်မှ(ပြစ်ဒဏ်သည်) ပေါ့လျော့သွားမည်လည်းမဟုတ်။ ထိုနည်းတူစွာ ၎င်းတို့သည်(ပြစ်ဒဏ်)ကို ရွှေ့ဆိုင်းခြင်းကိုလည်း ခံကြရမည်မဟုတ်ပေ။
86وَإِذَا رَأَى الَّذِينَ أَشْرَكُوا شُرَكَاءَهُمْ قَالُوا رَبَّنَا هَٰؤُلَاءِ شُرَكَاؤُنَا الَّذِينَ كُنَّا نَدْعُو مِن دُونِكَ ۖ فَأَلْقَوْا إِلَيْهِمُ الْقَوْلَ إِنَّكُمْ لَكَاذِبُونَ
ထိုမှတစ်ပါး (အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်) တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ခဲ့ကြသော သူတို့သည်မိမိတို့တွဲဖက်နှိုင်းယှဉ် ကိုးကွယ်ကြသည်တို့ကို တွေ့မြင်ကြသောအခါ (အလ္လာဟ်အရှင်မြတ်အထံတော်၌) အို-ကျွန်တော်မျိုးတို့အား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊ ဤသည်တို့ပင်ကျွန်တော်မျိုးတို့သည် အရှင်မြတ်အားစွန့်၍ ဟစ်ခေါ် တမ်းတခဲ့ကြသော ကျွန်တော်မျိုးတို့၏တွဲဖက်များ ဖြစ်ကြပါသည်ဟုလျှောက်ထားကြပေမည်။ ထို့နောက် ယင်းတွဲဖက် ယှဉ်ဖက်များသည် ထိုသူတို့ဘက်သို့ စကားကိုလွှဲပစ်၍ ဧကန်အမှန် အသင်တို့သည် မုသာဝါဒီများပင် ဖြစ်ကြကုန်သည် ဟု ပြောဆိုကြပေမည်။
87وَأَلْقَوْا إِلَى اللَّهِ يَوْمَئِذٍ السَّلَمَ ۖ وَضَلَّ عَنْهُم مَّا كَانُوا يَفْتَرُونَ
၎င်းပြင် ထိုသူတို့သည် ထိုနေ့တွင် အလ္လာဟ်အရှင်မြတ်အထံတော်သို့ အမိန့်တော်ကိုလိုက်နာရန် ကမ်းလှမ်းကြပေမည်။ ထိုမှတစ်ပါး ၎င်းတို့ထံမှ ၎င်းတို့ ကြံဖန် လီဆယ်လေ့ ရှိခဲ့ကြသည်များသည်လည်း ပျောက်ပျက်၍ သွားအံ့သတည်း။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
85အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 85

စူရာ အန်-နဟ်လ် အာယာသ် 85 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် မတရား ပြုလုပ်ခဲ့ကြကုန်သောသူတို့သည် ပြစ်ဒဏ်ကို မြင်ကြအံ့သောငှာ ၎င်းတို့အပေါ်မှ(ပြစ်ဒဏ်သည်) ပေါ့လျော့သွားမည်လည်းမဟုတ်။ ထိုနည်းတူစွာ ၎င်းတို့သည်(ပြစ်ဒဏ်)ကို ရွှေ့ဆိုင်းခြင်းကိုလည်း…

စူရာ အာယာသ် 85/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 83–87. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers