အန်-နဟ်လ် · 95/128
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဟ်လ်
وَلَا تَشْتَرُوا بِعَهْدِ اللَّهِ ثَمَنًا قَلِيلًا ۚ إِنَّمَا عِندَ اللَّهِ هُوَ خَيْرٌ لَّكُمْ إِن كُنتُمْ تَعْلَمُونَ ۝٩٥
Wa laa tashtaroo bi `ahdil laahi samanan qaleelaa; innamaa `indal laahi huwa khairul lakum in kuntum ta`lamoon
📖 မြန်မာဘာသာ
၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင်ထားရှိကြသော ပဋိညာဉ်ဖြင့် အနည်းငယ်မျှသော အဖိုးငွေကို လဲလှယ်ဝယ်ယူခြင်း မပြုကြကုန်လင့်။ အကယ်၍ အသင်တို့သည် သိကြပါလျှင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အထံတော်၌ရှိသော (အကျိုးဆုလာဘ်)သည် အသင်တို့အဖို့အကောင်း ဆုံးပင် ဖြစ်ချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 93-97 — စူရာ အန်-နဟ်လ်

93وَلَوْ شَاءَ اللَّهُ لَجَعَلَكُمْ أُمَّةً وَاحِدَةً وَلَٰكِن يُضِلُّ مَن يَشَاءُ وَيَهْدِي مَن يَشَاءُ ۚ وَلَتُسْأَلُنَّ عَمَّا كُنتُمْ تَعْمَلُونَ
ထို့အြုပင် အကယ်၍သာ အလ္လာဟ် အရှင်မြတ်သည် အလိုရှိတော်မူခဲ့ပါလျှင် အမှန်ပင် အသင်တို့အား သာသနာဝင် အုပ်စုတစ်စုတည်း ပြုလုပ်တော်မူခဲ့ပေမည်။ သို့ရာတွင်ထိုအရှင်မြတ်သည် မိမိအလိုမရှိတော်မူသောသူအား လမ်းမှား၌ထားရှိတော်မူ၍ မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့တော်မူလေသည်။ ထိုမှတစ်ပါး အသင်တို့သည် မိမိတို့ကျင့်မူခဲ့သမျှသော အမှုများနှင့်စပ်လျဉ်း၍ အမှန်မုချ စစ်ဆေးမေးမြန်းခြင်းကို ခံကြရပေမည်။
94وَلَا تَتَّخِذُوا أَيْمَانَكُمْ دَخَلًا بَيْنَكُمْ فَتَزِلَّ قَدَمٌ بَعْدَ ثُبُوتِهَا وَتَذُوقُوا السُّوءَ بِمَا صَدَدتُّمْ عَن سَبِيلِ اللَّهِ ۖ وَلَكُمْ عَذَابٌ عَظِيمٌ
ထို့ပြင် အသင်တို့သည် မိမိတို့၏ကျိန်ဆိုချက်များကို မိမိတို့အချင်းချင်းတွင် ပရိယာယ်ဝေဝုစ် မပြုလုပ်ကြကုန်လင့်။ သို့ဖြစ်လျှင် (အခြားသူတို့၏)ခြေသည် မြဲမြံခိုင်ခံ့ပြီးနောက်ချွတ်ချော်တိမ်းပါး သွားပေလိမ့်မည်။ ထို့ပြင် အသင်တို့သည်အလ္လာဟ်အရှင်မြတ်၏လမ်းတော်မှ တားဆီးခဲ့ကြသောကြောင့်(ဤလောက၌လည်း) ဘေးဒုက္ခ ခံစားကြရပေမည်။ ထိုမှတစ်ပါး(တမလွန်ဘဝ၌လည်း) အသင်တို့၌ ကြီး ကျယ်လှစွာသောပြစ်ဒဏ်သည် သက်ရောက်ပေမည်။
95وَلَا تَشْتَرُوا بِعَهْدِ اللَّهِ ثَمَنًا قَلِيلًا ۚ إِنَّمَا عِندَ اللَّهِ هُوَ خَيْرٌ لَّكُمْ إِن كُنتُمْ تَعْلَمُونَ
၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင်ထားရှိကြသော ပဋိညာဉ်ဖြင့် အနည်းငယ်မျှသော အဖိုးငွေကို လဲလှယ်ဝယ်ယူခြင်း မပြုကြကုန်လင့်။ အကယ်၍ အသင်တို့သည် သိကြပါလျှင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်အထံတော်၌ရှိသော (အကျိုးဆုလာဘ်)သည် အသင်တို့အဖို့အကောင်း ဆုံးပင် ဖြစ်ချေသတည်း။
96مَا عِندَكُمْ يَنفَدُ ۖ وَمَا عِندَ اللَّهِ بَاقٍ ۗ وَلَنَجْزِيَنَّ الَّذِينَ صَبَرُوا أَجْرَهُم بِأَحْسَنِ مَا كَانُوا يَعْمَلُونَ
အသင်တို့ထံ၌ရှိသော အရာများသည် ကုန်ခန်းသွားမည်သာတည်း။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အထံတော်၌ရှိသောအရာတို့မှာမူကား ရှိရစ်မည့်အရာများပင် ဖြစ်ကုန်သတည်း။ ထို့ပြင် ဧကန်အမှန် ငါအရှင်မြတ်သည် ကြံ့ခိုင်စွာရပ်တည် ခဲ့ကြကုန်သောသူတို့အား၊ ၎င်းတို့၏အကျိုးကို ၎င်းတို့ကျင့်မူခဲ့ကြကုန်သော ကောင်းမြတ်သောအကျင့်သီလနှင့်လျော်ညီစွာ ပေးဆပ်တော်မူပေမည်။
97مَنْ عَمِلَ صَالِحًا مِّن ذَكَرٍ أَوْ أُنثَىٰ وَهُوَ مُؤْمِنٌ فَلَنُحْيِيَنَّهُ حَيَاةً طَيِّبَةً ۖ وَلَنَجْزِيَنَّهُمْ أَجْرَهُم بِأَحْسَنِ مَا كَانُوا يَعْمَلُونَ
မည်သူမဆို ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ(မုအ်မင်န်အဖြစ်နှင့်) ကောင်းမြတ်သောအကျင့်သီလကို ကျင့်မူဆောက်တည်ခဲ့သော်၊ ၎င်းပြင် ထိုသူသည် မုအ်မင်န် သက်ဝင်ယုံကြည်သူ(လည်း)ဖြစ်ခဲ့သော် မလွဲဧကန် ငါအရှင်မြတ်သည်ထိုသူအား သန့်ရှင်းစင်ကြယ်သောအသက်ရှင်ခြင်းမျိုးဖြင့်အသက်ရှင်စေတော်မူပေမည်။ ထိုမှတစ်ပါး မုချစင်စစ် ငါအရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏အကျိုးကို ၎င်းတို့ကျင့်မူဆောက်တည်လျက်ရှိခဲ့ကြကုန်သော ကောင်းမြတ်သောအကျင့်သီလနှင့်လျော်ညီစွာ ချီးမြှင့်တော်မူပေမည်။
အန်-နဟ်လ်ကုရ်အာန် ညွှန်းကိန်း
128အာယာသ်
MeccanRevelation
95အာယာသ်

ဘာသာပြန် — အန်-နဟ်လ် 95

စူရာ အန်-နဟ်လ် အာယာသ် 95 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်နှင်ထားရှိကြသော ပဋိညာဉ်ဖြင့် အနည်းငယ်မျှသော အဖိုးငွေကို လဲလှယ်ဝယ်ယူခြင်း မပြုကြကုန်လင့်။ အကယ်၍ အသင်တို့သည်…

စူရာ အာယာသ် 95/128 — စူရာ အန်-နဟ်လ် النحل (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဟ်လ် နားထောင်, စူရာ အန်-နဟ်လ် ဘာသာပြန်, စူရာ အန်-နဟ်လ် mp3, စူရာ အန်-နဟ်လ် pdf. အာယာသ် 93–97. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers