အလ်-အစ်ရာ · 95/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
قُل لَّوْ كَانَ فِي الْأَرْضِ مَلَائِكَةٌ يَمْشُونَ مُطْمَئِنِّينَ لَنَزَّلْنَا عَلَيْهِم مِّنَ السَّمَاءِ مَلَكًا رَّسُولًا ۝٩٥
Qul law kaana fil ardi malaaa `ikatuny yamshoona mutma`inneena lanazzalnaa `alaihim minas samaaa`i malakar Rasoolaa
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောဆိုဖြေကြားပါလေ။ (အချင်းတို့) အကယ်၍ ပထဝီမြေ၌ ကောင်းကင်တမန်များသည် အတည်တကျ နေထိုင်သွားလာနေကြပါလျှင် ဧကန်မလွှဲ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးကောင်းကင်မှ ကောင်းကင်တမန်တော်တစ်ပါးကိုပင်ရစူလ်တမန်တော်အဖြစ်ချပေး(စေလွှတ်)တော် မူခဲ့အံ့သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 93-97 — စူရာ အလ်-အစ်ရာ

93أَوْ يَكُونَ لَكَ بَيْتٌ مِّن زُخْرُفٍ أَوْ تَرْقَىٰ فِي السَّمَاءِ وَلَن نُّؤْمِنَ لِرُقِيِّكَ حَتَّىٰ تُنَزِّلَ عَلَيْنَا كِتَابًا نَّقْرَؤُهُ ۗ قُلْ سُبْحَانَ رَبِّي هَلْ كُنتُ إِلَّا بَشَرًا رَّسُولًا
သို့တည်းမဟုတ် အသင်၌ ရွှေဖြင့်ပြီးသော ဗိမာန်တစ်ခုရှိရမည်။ သို့တည်းမဟုတ် အသင်သည် မိုးကောင်းကင်သို့တက်သွားရမည်။ သို့တစေလည်း ကျွန်ုပ်တို့မူကား အသင်သည်(ထိုမိုးကောင်းကင်မှ)ကျွန်ုပ်တို့ ရွတ်ဖတ်နိုင်သော ကျမ်းတစ်စောင်ကို ကျွန်ုပ်တို့အဖို့ ယူချလာခြင်း မပြုသမျှကာလပတ်လုံး(မိုးကောင်းကင်သို့) အသင်တက်သွားခြင်းကို အလျှင်း ယုံကြည်လက်ခံကြမည်မဟုတ်ပေ။ (အို-နဗီတမန်တော်) အသင်သည်၎င်းတို့အား (ဤသို့)ပြောဆိုဖြေကြားပါလေ။ (အချင်းတို့)ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် စင်ကြယ်သန့်ရှင်းတော်မူပါ၏၊ ငါသည် လူသားရစူလ်တမန်တော် တစ်ပါးမှအပ အခြားမဟုတ်ပြီ။
94وَمَا مَنَعَ النَّاسَ أَن يُؤْمِنُوا إِذْ جَاءَهُمُ الْهُدَىٰ إِلَّا أَن قَالُوا أَبَعَثَ اللَّهُ بَشَرًا رَّسُولًا
စင်စစ် လူတို့ထံ(ဖြောင့်မတ်မှန်ကန်သော)တရားဓမ္မရောက်ရှိလာသောအခါ ၎င်းတို့က အလ္လာဟ်အရှင်မြတ်သည်ရစူလ်တမန်တော်အဖြစ် လူသားတစ်ဦးကို စေလွှတ်တော်မူပါသလောဟု ပြောဆိုခဲ့ ကြသည်မှအပ အခြားတစ်စုံတစ်ရာမျှ၎င်းတို့အား အီမာန် သက်ဝင်ယုံကြည်ခြင်းမှ ပိတ်ပင်တားဆီးခဲ့သည်မဟုတ်ပေ။
95قُل لَّوْ كَانَ فِي الْأَرْضِ مَلَائِكَةٌ يَمْشُونَ مُطْمَئِنِّينَ لَنَزَّلْنَا عَلَيْهِم مِّنَ السَّمَاءِ مَلَكًا رَّسُولًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောဆိုဖြေကြားပါလေ။ (အချင်းတို့) အကယ်၍ ပထဝီမြေ၌ ကောင်းကင်တမန်များသည် အတည်တကျ နေထိုင်သွားလာနေကြပါလျှင် ဧကန်မလွှဲ ငါအရှင်မြတ်သည် ၎င်းတို့အပေါ်၌ မိုးကောင်းကင်မှ ကောင်းကင်တမန်တော်တစ်ပါးကိုပင်ရစူလ်တမန်တော်အဖြစ်ချပေး(စေလွှတ်)တော် မူခဲ့အံ့သတည်း။
96قُلْ كَفَىٰ بِاللَّهِ شَهِيدًا بَيْنِي وَبَيْنَكُمْ ۚ إِنَّهُ كَانَ بِعِبَادِهِ خَبِيرًا بَصِيرًا
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောကြားပါလေ။ (အချင်းတို့)အလ္လာဟ် အရှင်မြတ်သည်ပင် ငါနှင့်အသင်တို့၏ စပ်ကြားဝယ် သက်သေအဖြစ်လုံလောက်တော်မူ၏။ အကြောင်းမူကား ထိုအရှင်မြတ်သည်မိမိကျွန်အပေါင်းတို့နှင့် ပတ်သက်၍ အကြွင်းမဲ့သိတော်မူသော၊အကြွင်းမဲ့ မြင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူသောကြောင့်တည်း။
97وَمَن يَهْدِ اللَّهُ فَهُوَ الْمُهْتَدِ ۖ وَمَن يُضْلِلْ فَلَن تَجِدَ لَهُمْ أَوْلِيَاءَ مِن دُونِهِ ۖ وَنَحْشُرُهُمْ يَوْمَ الْقِيَامَةِ عَلَىٰ وُجُوهِهِمْ عُمْيًا وَبُكْمًا وَصُمًّا ۖ مَّأْوَاهُمْ جَهَنَّمُ ۖ كُلَّمَا خَبَتْ زِدْنَاهُمْ سَعِيرًا
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်က တရားလမ်းမှန်သို့ ညွှန်တော်မူသောသူသည်သာလျှင် တရားလမ်းမှန်ကိုရရှိသူဖြစ်၍ ထိုအရှင်မြတ်က လမ်းမှား၌ ထားရှိတော်မူသောသူကား အသင်သည် ထိုအရှင်မြတ်မှတစ်ပါး ၎င်းတို့အား ကူညီရိုင်းပင်းမည့်သူများကို အလျှင်းတွေ့ရှိလိမ့်မည် မဟုတ်ပေ။ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား ကိယာမတ်ရှင်ပြန်ထမည့်နေ့တွင် မျက်နှာမှောက်လျက်၊ မျက်စိကန်းသူများ၊ ဆွံ့အသူများနှင့် နားပင်သူများအဖြစ် (လာရောက်) စုရုံးစေတော်မူမည်။၎င်းတို့၏ နေရာထိုင်ခင်းသည် ဂျဟန္နမ် ငရဲဘုံသည်ပင်လျှင်ဖြစ်ပေမည်။ ယင်း(ဂျဟန္နမ်ငရဲဘုံ၏မီး)သည် ငြိမ်းအေး တိုင်းငြိမ်းအေးတိုင်း၊ ငါအရှင်မြတ်သည် ၎င်းတို့၌ မီးတောက်မီးလျှံကိုပိုမိုများပြားစေတော်မူမည် ဖြစ်ပေသတည်း။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
95အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 95

စူရာ အလ်-အစ်ရာ အာယာသ် 95 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောဆိုဖြေကြားပါလေ။ (အချင်းတို့) အကယ်၍ ပထဝီမြေ၌ ကောင်းကင်တမန်များသည် အတည်တကျ နေထိုင်သွားလာနေကြပါလျှင်…

စူရာ အာယာသ် 95/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 93–97. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers