အလ်-ဗကရ · 95/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَلَن يَتَمَنَّوْهُ أَبَدًا بِمَا قَدَّمَتْ أَيْدِيهِمْ ۗ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ ۝٩٥
Wa lai yatamannawhu abadam bimaa qaddamat aydeehim; wallaahu `aleemum bizzaalimeen
📖 မြန်မာဘာသာ
သို့ရာတွင် ထိုသူတို့သည် မိမိတို့ကိုယ်တိုင် ကျင့်မူ၍ (ငါအသျှင်ထံသို့) တင်ကြို၍ ပို့ထား ခဲ့လေပြီးဖြစ်သော(အကုသိုလ်ဒုစရိုက်များ၏ ပြစ်ဒဏ် များကို စိုးရိမ်ကြောင့်ကြသော) ကြောင့် မည်သည့် အခါမျှမရဏသေခြင်းကို အလျင်းလိုလား တောင်းတ ကြလိမ့်မည်မဟုတ်။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် ကျူးလွန်သူများ(၏ အကြောင်းများ) ကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 93-97 — စူရာ အလ်-ဗကရ

93وَإِذْ أَخَذْنَا مِيثَاقَكُمْ وَرَفَعْنَا فَوْقَكُمُ الطُّورَ خُذُوا مَا آتَيْنَاكُم بِقُوَّةٍ وَاسْمَعُوا ۖ قَالُوا سَمِعْنَا وَعَصَيْنَا وَأُشْرِبُوا فِي قُلُوبِهِمُ الْعِجْلَ بِكُفْرِهِمْ ۚ قُلْ بِئْسَمَا يَأْمُرُكُم بِهِ إِيمَانُكُمْ إِن كُنتُم مُّؤْمِنِينَ
ထိုမှတပါးတုံ (အို-အစ္စရာအီလီမျိုးနွယ် အပေါင်းတို့၊ အသင်တို့သည် ပြန်လည်အောက်မေ့သတိရကြ ကုန်လော့) အခါတပါး၌ ငါအရှင်သည် အသင်တို့ထက်ဝယ် တူရ် မည်သော တောင်ကို ပင့်မြှောက်ကာ အသင်တို့ထံသို့ ငါအရှင်ထုတ်ပြန် ပို့ချပေးသနားတော်မူသော (တောင်ရာတ်ကျမ်းမြတ်ကို) ခိုင်မြဲစွာ လက်ဆုပ်လက်ကိုင်ပြု၍ (ထိုကျမ်းမြတ်လာ ဒေသနာတော်များကို စိတ်ရောကိုယ်ပါ) နာယူကြရန် အသင်တို့ထံမှ ပဋိညာဉ်ဝန်ခံချက်ကို ယူခဲ့ပြီးဖြစ်သည်။ (ထိုကဲ့သို့ကတိဝန်ခံချက်ကို ယူတော်မူသည့် အခါ) ထိုသူတို့က ကျွန်တော်မျိုးတို့ ကြားကြပါပြီ၊ သို့သော် မနာခံကြပါ ဟုဆိုကြ လေသည်။(ထိုကဲ့သို့ သွေဖည် ငြင်းဆိုခြင်း၏) အကြောင်းမှာ ယင်းသူတို့၏နှလုံးသည်းပွတ်တွင်းသို့ နွားငယ်(၏မေတ္တာ) သည် သက်ဝင် ကိန်းအောင်းလျက် ရှိနေခြင်းကြောင့်တည်း။
94قُلْ إِن كَانَتْ لَكُمُ الدَّارُ الْآخِرَةُ عِندَ اللَّهِ خَالِصَةً مِّن دُونِ النَّاسِ فَتَمَنَّوُا الْمَوْتَ إِن كُنتُمْ صَادِقِينَ
(အို-နဗီတမန်တော်) အသင်သည် (ထို ယဟူဒီဘာသာဝင်တို့အား ဤသို့ချေပပြောဆိုပါလေ၊ ဟယ်-အချင်းတို့) အကယ်၍ အလ္လာဟ် အရှင်မြတ် အထံတော်၌ရှိသော နောင်တမလွန်ဘဝ(၏ အမတ သုခချမ်းသာများ)သည် အခြားလူခပ်သိမ်းတို့နှင့် အလျင်းမသက်ဆိုင်ဘဲ အသင်တို့အဖို့သာလျှင် ဖြစ်သည်ဟု (ယုံကြည်ပါမူ) အသင်တို့သည် (ဆောလျင်စွာ) မရဏသေခြင်းကို လိုလားတောင်းတကြလေကုန်။ (ဟယ်-အချင်းတို့) အသင်တို့သည် ဟုတ်မှန်ရာကို ထုတ်ဖော်ပြောဆိုသူများ ဖြစ်ကြပါလျှင် မရဏသေခြင်းကို စင်စစ်တောင်းတကြရမည်၊ (သို့ရာတွင် အသင်တို့၌ ဤကဲ့သို့ တောင်းတသူဟူ၍ မတွေ့ရပါရပါတကား)။
95وَلَن يَتَمَنَّوْهُ أَبَدًا بِمَا قَدَّمَتْ أَيْدِيهِمْ ۗ وَاللَّهُ عَلِيمٌ بِالظَّالِمِينَ
သို့ရာတွင် ထိုသူတို့သည် မိမိတို့ကိုယ်တိုင် ကျင့်မူ၍ (ငါအသျှင်ထံသို့) တင်ကြို၍ ပို့ထား ခဲ့လေပြီးဖြစ်သော(အကုသိုလ်ဒုစရိုက်များ၏ ပြစ်ဒဏ် များကို စိုးရိမ်ကြောင့်ကြသော) ကြောင့် မည်သည့် အခါမျှမရဏသေခြင်းကို အလျင်းလိုလား တောင်းတ ကြလိမ့်မည်မဟုတ်။ စင်စစ်သော်ကား အလ္လာဟ် အရှင်မြတ်သည် ကျူးလွန်သူများ(၏ အကြောင်းများ) ကို အကြွင်းမဲ့ သိတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
96وَلَتَجِدَنَّهُمْ أَحْرَصَ النَّاسِ عَلَىٰ حَيَاةٍ وَمِنَ الَّذِينَ أَشْرَكُوا ۚ يَوَدُّ أَحَدُهُمْ لَوْ يُعَمَّرُ أَلْفَ سَنَةٍ وَمَا هُوَ بِمُزَحْزِحِهِ مِنَ الْعَذَابِ أَن يُعَمَّرَ ۗ وَاللَّهُ بَصِيرٌ بِمَا يَعْمَلُونَ
စင်စစ်မှာမူ (ထိုယဟူဒီဘာသာဝင်များသည် သေခြင်းတရားကို အလျင်းမနှစ်သက် မလိုလား မတောင်းတကြရုံမျှမက ဤဘဝ၌ပင် ကာလကြာမြင့် စွာ) သက်ထင်ရှား တည်ရှိနေခြင်းကို အခြား လူခပ်သိမ်းတို့ထက် ပိုမို၍ပင် တပ်မက်မောသော သူများ(ဖြစ်သည်ကို) အသင်(မိုဟမ္မဒ် ဆွာလ္လလ္လာဟု အလိုင်ဟိ ဝစလ္လာမ်)သည် မုချတွေ့ရှိရပေမည်။ အခြားအခြားသောသူများကို မဆိုထားဘိဦး၊ ယင်းသူတို့သည် တစ်ဆူတည်းသော အလ္လာဟ် အရှင်မြတ်နှင့် တွဲဘက်ယှဉ် ပြိုင်၍ အခြားအရာများကိုပါ ကိုးကွယ်ကြကုန်သော သူများထက်လည်း(ဤဘဝ၌အသက်ရှည်ခြင်းကို ပိုမိုနှစ်သက် လောဘရမ္မက် ရှိကြကုန်သည်ကို အသင်တွေ့ရှိပေမည်)၊ ယင်း(ယဟူဒီဘာသာဝင်)တို့တွင် လူတိုင်းလူတိုင်းပင် နှစ်ပေါင်းတစ်ထောင်မျှသော အသက်ရှည်ခြင်းကို ကြိုက်နှစ်သက်ကြလေသည်။ သို့သော် (ဤမျှလောက် သက်တမ်းရှည်စွာ နေထိုင်ခဲ့ရသည့်တိုင်အောင်) ထိုကဲ့သို့ အသက် ရှည်ခြင်းသည် ယင်းသူတို့ကို ငရဲအပြစ်ဒဏ်များမှ ကယ်ဆယ်နိုင်လိမ့်မည် မဟုတ်ချေ၊ အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် ထိုသူများ ကျင့်မူကြကုန်သော အပြုအမူများကို အကြွင်းမဲ့ခွဲခြားသိမြင် တော်မူသောအရှင်တည်း။
97قُلْ مَن كَانَ عَدُوًّا لِّجِبْرِيلَ فَإِنَّهُ نَزَّلَهُ عَلَىٰ قَلْبِكَ بِإِذْنِ اللَّهِ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ وَهُدًى وَبُشْرَىٰ لِلْمُؤْمِنِينَ
(အို-နဗီတမန်တော်) အသင်သည် (ယဟူဒီ ဘာသာဝင်တို့အား) ဤသို့ပြောဆိုပါလေ၊ အကြင် မည်သူမဆို အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်) ကို ရန်မူအံ့၊ (သို့ရန်မူခြင်းသည် အကြောင်းမဲ့သာလျှင်ဖြစ်အံ့) အဘယ်ကြောင့် ဆိုသော် ယင်းအပါးတော်စေတမန် ဂျိဗ်ရီလ်သည်ထို (ကုရ်အာန်ကျမ်းမြတ်) ကို အလ္လာဟ် အရှင်မြတ်၏ အမိန့်တော်ဖြင့် အသင်၏စိတ်နှလုံးတွင်းသို့ ယူဆောင်ပို့ချသူမျှဖြစ်၏။ [ အပါးတော်စေတမန် ဂျိဗ်ရီလ် (အလိုင်ဟစ္စလာမ်) ယူဆောင်ပို့ချခဲ့သော] ထိုကျမ်းမြတ်သည် မိမိအလျင် ထုတ်ပြန်ပို့ချထားသော (ယဟူဒီဘာသာဝင်တို့၏ ကျမ်းဂန်နှင့်တကွ) အတိတ်ခေတ်ကျမ်းများကို ထောက်ခံ၏။ ထို ကျမ်းမြတ်သည် တရားဓမ္မလည်းဖြစ်၏။ မုအ်မင်န် သက်ဝင်ယုံကြည် သူများအဖို့ မင်္ဂလာသတင်းလည်း မည်၏။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
95အာယာသ်

ဘာသာပြန် — အလ်-ဗကရ 95

စူရာ အလ်-ဗကရ အာယာသ် 95 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် ထိုသူတို့သည် မိမိတို့ကိုယ်တိုင် ကျင့်မူ၍ (ငါအသျှင်ထံသို့) တင်ကြို၍ ပို့ထား ခဲ့လေပြီးဖြစ်သော(အကုသိုလ်ဒုစရိုက်များ၏ ပြစ်ဒဏ် များကို…

စူရာ အာယာသ် 95/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 93–97. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers