တာဟာ · 122/135
ဘာသာပြန် အသံနိုင်ငံ — စူရာ တာဟာ
ثُمَّ اجْتَبَاهُ رَبُّهُ فَتَابَ عَلَيْهِ وَهَدَىٰ ۝١٢٢
Summaj tabbahu Rabbuhoo fataaba `alaihi wa hadaa
📖 မြန်မာဘာသာ
ထို့နောက် ယင်းအာဒမ်အား ၎င်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ရွေးချယ်တော် မူခဲ့လေရာ၊ထိုအရှင်မြတ်သည် ၎င်း၏ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူ(၍၎င်း၏တောင်းပန်ချက်ကို သဘောတူလက်ခံတော်မူ)ခဲ့လေသည်။ ထို့ပြင်တရားလမ်းမှန်ကိုလည်းပြတော်မူခဲ့လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • اجْتَبَاهُ: သူ့ကို ရွေးချယ်ခဲ့သည်၊ သူ့ကို နီးကပ်စေခဲ့သည်။
  • تَابَ عَلَيْهِ: သူ့အပေါ် နောင်တလက်ခံခဲ့သည်၊ သူ့နောင်တကို လက်ခံခဲ့သည်။
  • هَدَىٰ: လမ်းညွှန်ခဲ့သည်၊ မှန်ကန်သောလမ်းကို ပြသခဲ့သည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ထို့နောက် အာဒမ်ကို သူ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ရွေးချယ်မြှောက်စားတော်မူခဲ့သည်။ အရှင်မြတ်သည် သူ့အား နောင်တရရန် လမ်းညွှန်ပေးတော်မူပြီး သူ၏နောင်တကို လက်ခံတော်မူခဲ့သည်။ ထို့နောက် အရှင်မြတ်သည် သူ့အား မှန်ကန်သောလမ်းစဉ်ကို ညွှန်ပြတော်မူခဲ့သည်။ ဤသည်က အရှင်မြတ်၏ ကြီးမားသော ကရုဏာတော်နှင့် ခွင့်လွှတ်တော်မူခြင်း၏ ဂုဏ်တော်များကို ထင်ရှားစေသည်။ လူသားတို့သည် အမှားပြုမိသောအခါ အရှင်မြတ်ထံ နောင်တရပြီး ပြန်လည်ခိုလှုံပါက အရှင်မြတ်သည် သူတို့ကို လက်ခံတော်မူပြီး မှန်ကန်သောလမ်းကို ညွှန်ပြတော်မူသည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အရှင်မြတ်သည် နောင်တရသူများကို ချစ်မြတ်နိုးပြီး သူတို့၏နောင်တကို လက်ခံတော်မူသည်။
  • လူသားတို့သည် အမှားပြုမိသောအခါ စိတ်ပျက်အားလျော့ခြင်းမရှိဘဲ အရှင်မြတ်ထံ နောင်တရပြီး ပြန်လည်ခိုလှုံသင့်သည်။
  • အရှင်မြတ်သည် မိမိအပေါ် ယုံကြည်ကိုးစားသူများကို ရွေးချယ်မြှောက်စားပြီး မှန်ကန်သောလမ်းကို ညွှန်ပြတော်မူသည်။
  • အစ္စလာမ်သာသနာသည် လူသားတို့အား မျှော်လင့်ချက်နှင့် ကရုဏာတော်ဖြင့် ပြည့်စုံသော လမ်းစဉ်ကို ညွှန်ပြသည်။
  • ဤအာယသ်တော်သည် အရှင်မြတ်၏ ခွင့်လွှတ်တော်မူခြင်းနှင့် လမ်းညွှန်တော်မူခြင်းသည် အကန့်အသတ်မရှိ ကြီးမားကြောင်း သွန်သင်ပေးသည်။


📜 အာယာသ် 120-124 — စူရာ တာဟာ

120فَوَسْوَسَ إِلَيْهِ الشَّيْطَانُ قَالَ يَا آدَمُ هَلْ أَدُلُّكَ عَلَىٰ شَجَرَةِ الْخُلْدِ وَمُلْكٍ لَّا يَبْلَىٰ
ထို့နောက် ရှိုင်တွာန်မိစ္ဆာကောင်သည် အာဒမ်အား(သွေးဆောင်ဖြားယောင်း ခဲ့လေသည်)။ ၎င်းက (အာဒမ်အား) အို-အာဒမ်၊ ကျွန်ုပ်သည် အသင့်အား အစဉ်အမြဲ ရှင်နေသောသစ်ပင်ကိုလည်းကောင်း၊ ဟောင်းမြင်းဆွေးမြည့်ခြင်းမရှိသော စိုးမိုးအုပ်ချုပ်မှု(အာဏာ)ကိုလည်းကောင်း၊ ညွှန်ပြရမည်လော ဟု ပြောဆိုခဲ့လေ၏။
121فَأَكَلَا مِنْهَا فَبَدَتْ لَهُمَا سَوْآتُهُمَا وَطَفِقَا يَخْصِفَانِ عَلَيْهِمَا مِن وَرَقِ الْجَنَّةِ ۚ وَعَصَىٰ آدَمُ رَبَّهُ فَغَوَىٰ
သို့ဖြစ်ပေရာ ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦးသည်ထိုသစ်ပင်မှ (အသီးကို)စားသုံးခဲ့ကြလေ၏။ ထိုအခါ ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦး၏ (ဖုံးအုပ်လျက်ရှိသော) အရှက်များသည်၎င်းတို့ရှေ့ဝယ် ပေါ်၍သွားခဲ့လေသည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် မိမိတို့(ကိုယ်)ကို ဂျန္နတ်အမတသုခဘုံမှ သစ်ရွက်များဖြင့်ဖုံးအုပ်ခြင်းကို စတင်ပြုလုပ်ခဲ့ကြလေသည်။ စင်စစ် အာဒမ်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်(၏အမိန့်တော်)ကို ဆန့်ကျင်မိခဲ့လေရာ လမ်းမှန်မှလွဲခဲ့ရလေသည်။
122ثُمَّ اجْتَبَاهُ رَبُّهُ فَتَابَ عَلَيْهِ وَهَدَىٰ
ထို့နောက် ယင်းအာဒမ်အား ၎င်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ရွေးချယ်တော် မူခဲ့လေရာ၊ထိုအရှင်မြတ်သည် ၎င်း၏ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူ(၍၎င်း၏တောင်းပန်ချက်ကို သဘောတူလက်ခံတော်မူ)ခဲ့လေသည်။ ထို့ပြင်တရားလမ်းမှန်ကိုလည်းပြတော်မူခဲ့လေသည်။
123قَالَ اهْبِطَا مِنْهَا جَمِيعًا ۖ بَعْضُكُمْ لِبَعْضٍ عَدُوٌّ ۖ فَإِمَّا يَأْتِيَنَّكُم مِّنِّي هُدًى فَمَنِ اتَّبَعَ هُدَايَ فَلَا يَضِلُّ وَلَا يَشْقَىٰ
ထိုအရှင်မြတ်က (ဤသို့)မိန့်ကြားတော်မူခဲ့၏။အသင်တို့နှစ်ဦးသည် ယင်းဂျန္နတ်အမတသုခဘုံမှ ဆင်းသွားကြလေကုန်။ အသင်တို့(၏သားသမီးများ) အနက် တစ်ဦးသည်တစ်ဦး၏ ရန်သူပင်ဖြစ်ပေမည်။ ထို့နောက် အကယ်၍ အသင်တို့ထံ ငါအရှင်မြတ်အထံတော်မှ တစ်စုံတစ်ရာ တရားလမ်းညွှန်ရောက်ရှိ လာသောအခါ မည်သူမဆို ငါအရှင်မြတ်၏ တရားလမ်းညွှန်အတိုင်း လိုက်နာခဲ့မူ ထိုသူသည် လမ်းမှားလိမ့်မည်လည်းမဟုတ်ပေ။ ဆင်းရဲဒုက္ခ(ပျက်စီးဆုံးရှုံးခြင်းနှင့်)တွေ့ကြုံရမည်လည်း မဟုတ်ပေ။
124وَمَنْ أَعْرَضَ عَن ذِكْرِي فَإِنَّ لَهُ مَعِيشَةً ضَنكًا وَنَحْشُرُهُ يَوْمَ الْقِيَامَةِ أَعْمَىٰ
သို့ရာတွင် မည်သူမဆို ငါအရှင်မြတ်၏ တရားဒေသနာတော်မှ မျက်နှာလွှဲခဲ့မူ ဧကန်မလွဲ ထိုသူ၌ ကျပ်တည်းသောအသက်မွေးမြူမှုရှိပေမည်။ ထို့ပြင် ငါအရှင်မြတ်သည်၎င်းအား ကိယာမတ်နေ့တွင် မျက်ကန်းအဖြစ် ရှင်ပြန်ထစေတော်မူမည်ဖြစ်သည်။
တာဟာကုရ်အာန် ညွှန်းကိန်း
135အာယာသ်
MeccanRevelation
122အာယာသ်

ဘာသာပြန် — တာဟာ 122

စူရာ တာဟာ အာယာသ် 122 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ယင်းအာဒမ်အား ၎င်းကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ရွေးချယ်တော် မူခဲ့လေရာ၊ထိုအရှင်မြတ်သည် ၎င်း၏ဘက်သို့ ကရုဏာတော်နှင့် ပြန်လှည့်တော်မူ(၍၎င်း၏တောင်းပန်ချက်ကို…

စူရာ အာယာသ် 122/135 — စူရာ တာဟာ طه (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ တာဟာ နားထောင်, စူရာ တာဟာ ဘာသာပြန်, စူရာ တာဟာ mp3, စူရာ တာဟာ pdf. အာယာသ် 120–124. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers