အလ်-အန်ဘီယာ · 97/112
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဘီယာ
وَاقْتَرَبَ الْوَعْدُ الْحَقُّ فَإِذَا هِيَ شَاخِصَةٌ أَبْصَارُ الَّذِينَ كَفَرُوا يَا وَيْلَنَا قَدْ كُنَّا فِي غَفْلَةٍ مِّنْ هَٰذَا بَلْ كُنَّا ظَالِمِينَ ۝٩٧
Waqtarabal wa`dul haqqu fa-izaa hiya shaakhisatun absaarul lazeena kafaroo yaawailanaa qad kunna fee ghaflatim min haaza bal kunnaa zaalimeen
📖 မြန်မာဘာသာ
၎င်းပြင် မှန်ကန်စွာ ချိန်းချက်ထားသောအချိန်ကာလ(ကိယာမတ်နေ့)သည် နီးကပ်၍ လာခဲ့သောအခါ ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏မျက်လုံးများကား ပြူးကျယ်လျက် ရှိကြပေမည်။ (ထိုအခါ ၎င်းတို့သည်) ဪ-ဖြစ်မှဖြစ်ရလေခြင်း၊ မချွတ်ဧကန် ကျွန်ုပ်တို့သည် ဤ(ကိယာ မတ်နေ့)ကိုဂရုမထား မေ့လျော့၍သာ နေခဲ့ကြလေသည်။ စင်စစ်မှာကား ကျွန်ုပ်တို့သည်သာလျှင် အပြစ်ကျူးလွန်သူများ ဖြစ်ကြသည်ဟု ညည်းညူမြည်တမ်း ကြပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မတ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

  • وَالْوَعْدُ الْحَقُّ (ဝလ်ဝအ်ဒုလ်ဟက္က်) — ဧကန်မုချဖြစ်သော ကတိတော်၊ ဆိုလိုသည်မှာ ကိယာမသ်နေ့တည်း။
  • شَاخِصَةٌ (ရှာခိဆွတွန်) — မျက်လွှာများ မှန်တင်ခုံကဲ့သို့ မျက်စိအလွန်ဖွင့်ထားပြီး အံ့အားသင့်စွာ စိုက်ကြည့်နေသော အခြေအနေ။
  • يَا وَيْلَنَا (ယာ ဝိုင်လနာ) — အို ကျွန်ုပ်တို့၏ ပျက်စီးဆုံးရှုံးမှုကြီး။
  • غَفْلَةٍ (ဂါဖ်လသွန်) — သတိလစ်မေ့လျော့မှု၊ ဂရုမစိုက်မှု။
  • ظَالِمِينَ (ဇွာလိမီန) — မတရားသူများ၊ ကိုယ့်ကိုယ်ကိုယ် နစ်နာဆုံးရှုံးစေသူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ယအ်ဂျူဂျ်နှင့် မာအ်ဂျူဂျ်တို့သည် သူတို့၏ ပိတ်ဆို့တားဆီးထားသော တံတိုင်းကို ဖြိုခွဲထွက်လာပြီး မြေပြင်အနှံ့ လျင်မြန်စွာ ပျံ့နှံ့သွားသောအခါ ကိယာမသ်နေ့၏ ကတိတော်သည် အလွန်နီးကပ်လာပြီး ထိုနေ့၏ ကြောက်မက်ဖွယ်ရာများလည်း ပေါ်ထွက်လာမည်။ ထိုအချိန်တွင် ကာဖိရ်များ၏ မျက်စိများသည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုကြောင့် မျက်လွှာမချနိုင်ဘဲ မျက်စိအလွန်ဖွင့်ထားပြီး စိုက်ကြည့်နေကြမည်။ သူတို့သည် မိမိတို့ကိုယ်ကိုယ် “အို ကျွန်ုပ်တို့၏ ပျက်စီးဆုံးရှုံးမှုကြီး၊ ကျွန်ုပ်တို့သည် ဤနေ့အတွက် လုံးဝသတိမထားမိဘဲ မေ့လျော့နေခဲ့ကြပါသည်။ ထို့ထက်မက ကျွန်ုပ်တို့သည် မိမိတို့ကိုယ်ကိုယ် နစ်နာဆုံးရှုံးစေသော မတရားသူများလည်း ဖြစ်ခဲ့ကြပါသည်” ဟု ပြောဆိုကြမည်။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

  • ကိယာမသ်နေ့သည် ဧကန်မုချ ဖြစ်ပေါ်မည်ဖြစ်ပြီး ၎င်းသည် အလွန်နီးကပ်လာပြီဖြစ်ကြောင်း သတိရှိရမည်။
  • လောကီဘဝ၏ ပျော်ရွှင်မှုများတွင် မေ့လျော့မနေဘဲ အာခိရသ်အတွက် အမြဲပြင်ဆင်ထားရမည်။
  • ကာဖိရ်များ၏ ထိတ်လန့်ကြောက်ရွံ့မှုကို သတိပြုခြင်းဖြင့် အစ္စလာမ်ဘာသာဝင်များအနေဖြင့် ယုံကြည်ခြင်းနှင့် ကောင်းမှုလုပ်ရပ်များဖြင့် မိမိတို့ကိုယ်ကိုယ် ကာကွယ်ရမည်။
  • အလ္လာဟ်အရှင်မြတ်ထံ ဝန်ချတောင်းပန်ခြင်းနှင့် အမှားများမှ ပြန်လည်ရှောင်ကြဉ်ခြင်းသည် ကယ်တင်ခြင်း၏ လမ်းဖြစ်သည်။
  • ဤအာယသ်တော်သည် အစ္စလာမ်ဘာသ


📜 အာယာသ် 95-99 — စူရာ အလ်-အန်ဘီယာ

95وَحَرَامٌ عَلَىٰ قَرْيَةٍ أَهْلَكْنَاهَا أَنَّهُمْ لَا يَرْجِعُونَ
စင်စစ်သော်ကား မည်သည့်မြို့ရွာကိုမဆို ငါအရှင်မြတ်သည် ဖျက်ဆီးတော်မူခဲ့ပါလျှင် ထိုမြို့သူ မြို့သားတို့အား (ဤလောကသို့ ၎င်းတို့ ပြန်လာကြရန် မဖြစ်နိုင်ပေ)။
96حَتَّىٰ إِذَا فُتِحَتْ يَأْجُوجُ وَمَأْجُوجُ وَهُم مِّن كُلِّ حَدَبٍ يَنسِلُونَ
နောက်ဆုံးတွင် ‘ယအ်ဂျူဂျ်’နှင့် ‘မအ်ဂျူဂျ်’(လူမျိုးတို့သည် လွတ်လပ်ခဲ့ကြပြီ)၊ (ဖွင့်ပေးခြင်း ခံရသောအခါ)(ကမ္ဘာမြေဝယ်ရှိ) ကုန်းမြင့်တိုင်းမှ လျင်မြန်စွာ(ဆင်း၍) လာကြပေမည်။
97وَاقْتَرَبَ الْوَعْدُ الْحَقُّ فَإِذَا هِيَ شَاخِصَةٌ أَبْصَارُ الَّذِينَ كَفَرُوا يَا وَيْلَنَا قَدْ كُنَّا فِي غَفْلَةٍ مِّنْ هَٰذَا بَلْ كُنَّا ظَالِمِينَ
၎င်းပြင် မှန်ကန်စွာ ချိန်းချက်ထားသောအချိန်ကာလ(ကိယာမတ်နေ့)သည် နီးကပ်၍ လာခဲ့သောအခါ ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏မျက်လုံးများကား ပြူးကျယ်လျက် ရှိကြပေမည်။ (ထိုအခါ ၎င်းတို့သည်) ဪ-ဖြစ်မှဖြစ်ရလေခြင်း၊ မချွတ်ဧကန် ကျွန်ုပ်တို့သည် ဤ(ကိယာ မတ်နေ့)ကိုဂရုမထား မေ့လျော့၍သာ နေခဲ့ကြလေသည်။ စင်စစ်မှာကား ကျွန်ုပ်တို့သည်သာလျှင် အပြစ်ကျူးလွန်သူများ ဖြစ်ကြသည်ဟု ညည်းညူမြည်တမ်း ကြပေမည်။
98إِنَّكُمْ وَمَا تَعْبُدُونَ مِن دُونِ اللَّهِ حَصَبُ جَهَنَّمَ أَنتُمْ لَهَا وَارِدُونَ
ဧကန်စင်စစ် အသင်တို့သည်လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်မှတစ်ပါး အသင်တို့ ကိုးကွယ်ကြ သည်များသည်လည်းကောင်း၊ ဂျဟန္နမ်ငရဲဘုံ၏ လောင်စာများပင် ဖြစ်ကြကုန်၏။ အသင်တို့အားလုံး ပင် ယင်းဂျဟန္နမ်ငရဲဘုံတွင်းသို့ ဆိုက်ရောက်ရမည့် သူများသာ ဖြစ်ကြကုန်၏။
99لَوْ كَانَ هَٰؤُلَاءِ آلِهَةً مَّا وَرَدُوهَا ۖ وَكُلٌّ فِيهَا خَالِدُونَ
အကယ်၍သာ ဤသည်တို့သည် ကိုးကွယ်ရာများဖြစ်ကြပါလျှင် ယင်းဂျဟန္နမ် ငရဲဘုံတွင်းသို့ ဆိုက်ရောက်ကြမည်မဟုတ်ပေ။ သို့ရာတွင် (ယခုသော်ကား)၄င်းတို့အားလုံးပင် ယင်းဂျဟန္နမ်ငရဲဘုံ၌ အမြဲထာဝရ နေထိုင်ကြရမည့်သူများဖြစ်ကြချေပြီ။
အလ်-အန်ဘီယာကုရ်အာန် ညွှန်းကိန်း
112အာယာသ်
MeccanRevelation
97အာယာသ်

ဘာသာပြန် — အလ်-အန်ဘီယာ 97

စူရာ အလ်-အန်ဘီယာ အာယာသ် 97 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် မှန်ကန်စွာ ချိန်းချက်ထားသောအချိန်ကာလ(ကိယာမတ်နေ့)သည် နီးကပ်၍ လာခဲ့သောအခါ ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏မျက်လုံးများကား ပြူးကျယ်လျက် ရှိကြပေမည်။ (ထိုအခါ…

စူရာ အာယာသ် 97/112 — စူရာ အလ်-အန်ဘီယာ الأنبياء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဘီယာ နားထောင်, စူရာ အလ်-အန်ဘီယာ ဘာသာပြန်, စူရာ အလ်-အန်ဘီယာ mp3, စူရာ အလ်-အန်ဘီယာ pdf. အာယာသ် 95–99. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers