အလ်-ဟဂ်ျ · 22/78
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟဂ်ျ
كُلَّمَا أَرَادُوا أَن يَخْرُجُوا مِنْهَا مِنْ غَمٍّ أُعِيدُوا فِيهَا وَذُوقُوا عَذَابَ الْحَرِيقِ ۝٢٢
Kullamaa araadooo any yakhrujoo minhaa min ghammin u`eedoo feeha wa zooqoo `azaabal hareeq
📖 မြန်မာဘာသာ
၎င်းတို့သည် ဒုက္ခဆင်းရဲမှုကြောင့် ယင်း(ဂျဟန္နမ်ငရဲဘုံ)မှ ထွက်ရန်ကြံရွယ်ကြသည့်အခါတိုင်း၊ ယင်း(ဂျဟန္နမ်ငရဲဘုံ)ထဲသို့ပင် ပြန်လည်ပို့ ခြင်းကို ခံကြရပေမည်။ ထို့ပြင်(ကောင်းကင်တမန်များက ၎င်းတို့အား ယခုသော်) အသင်တို့သည် မီး၏ပြစ်ဒဏ်ကိုပင် မြည်းစမ်းလျက်ရှိကြလေကုန် (ဟုပြောဆိုကြအံ့သတည်း။)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 20-24 — စူရာ အလ်-ဟဂ်ျ

20يُصْهَرُ بِهِ مَا فِي بُطُونِهِمْ وَالْجُلُودُ
ထိုရေကြောင့် ထိုသူတို့၏ဝမ်းဗိုက်များ၌ရှိသောအရာ (အူသိမ်အူမ၊ အသည်း၊ နှလုံး) စသည်တို့သည်လည်းကောင်း၊ အသားအရည်တို့သည် လည်းကောင်း၊ အရည်ပျော်၍သွားကြပေမည်။
21وَلَهُم مَّقَامِعُ مِنْ حَدِيدٍ
ထိုမှတစ်ပါး ၎င်းတို့အဖို့ သံတုတ်များလည်းရှိကြပေမည်။
22كُلَّمَا أَرَادُوا أَن يَخْرُجُوا مِنْهَا مِنْ غَمٍّ أُعِيدُوا فِيهَا وَذُوقُوا عَذَابَ الْحَرِيقِ
၎င်းတို့သည် ဒုက္ခဆင်းရဲမှုကြောင့် ယင်း(ဂျဟန္နမ်ငရဲဘုံ)မှ ထွက်ရန်ကြံရွယ်ကြသည့်အခါတိုင်း၊ ယင်း(ဂျဟန္နမ်ငရဲဘုံ)ထဲသို့ပင် ပြန်လည်ပို့ ခြင်းကို ခံကြရပေမည်။ ထို့ပြင်(ကောင်းကင်တမန်များက ၎င်းတို့အား ယခုသော်) အသင်တို့သည် မီး၏ပြစ်ဒဏ်ကိုပင် မြည်းစမ်းလျက်ရှိကြလေကုန် (ဟုပြောဆိုကြအံ့သတည်း။)
23إِنَّ اللَّهَ يُدْخِلُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِن ذَهَبٍ وَلُؤْلُؤًا ۖ وَلِبَاسُهُمْ فِيهَا حَرِيرٌ
ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် သက်ဝင်ယုံကြည်ခဲ့ကြသည့်ပြင် ကောင်းမြတ်သော အကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်သော သူတို့အား အကြင်ဥယျာဉ်များသို့ ဝင်ရောက်စေတော် မူပေမည်။ ထိုဥယျာဉ်များအောက်မှ ချောင်းများ စီးတွေလျက် ရှိကြပေမည်။ ထိုသူသည် ယင်းဥယျာဉ်များတွင် ရွှေလက်ကောက်(လက်မောင်းပတ်)များဖြင့်လည်း ကောင်း၊ ပုလဲများဖြင့်လည်းကောင်း တန်ဆာဆင်ယင်ပေးခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး ယင်းဥယျာဉ်များတွင် ၎င်းတို့၏ဝတ်စားတန်ဆာများသည် ပိုးအဝတ်များပင်ဖြစ်ချေမည်။
24وَهُدُوا إِلَى الطَّيِّبِ مِنَ الْقَوْلِ وَهُدُوا إِلَىٰ صِرَاطِ الْحَمِيدِ
စင်စစ် ၎င်းတို့သည်(ဤပစ္စက္ခဘဝတွင်) စင်ကြယ်သန့်ရှင်းသောစကား (ကလိမတ် တွိုက်ယိဗဟ်)ကိုလည်း ညွှန်ကြားပြသခြင်းခံခဲ့ကြရလေသည်။ ထိုမှတစ်ပါး ချီးမွမ်းထောမနာပြုခြင်းကို ခံယူထိုက်တော်မူသော အရှင်မြတ်၏လမ်းတော်ကိုလည်း ညွှန်ကြားပြသခြင်း ခံခဲ့ကြရကုန်သတည်း။
အလ်-ဟဂ်ျကုရ်အာန် ညွှန်းကိန်း
78အာယာသ်
MedinanRevelation
22အာယာသ်

ဘာသာပြန် — အလ်-ဟဂ်ျ 22

စူရာ အလ်-ဟဂ်ျ အာယာသ် 22 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းတို့သည် ဒုက္ခဆင်းရဲမှုကြောင့် ယင်း(ဂျဟန္နမ်ငရဲဘုံ)မှ ထွက်ရန်ကြံရွယ်ကြသည့်အခါတိုင်း၊ ယင်း(ဂျဟန္နမ်ငရဲဘုံ)ထဲသို့ပင် ပြန်လည်ပို့ ခြင်းကို ခံကြရပေမည်။ ထို့ပြင်(ကောင်းကင်တမန်များက ၎င်းတို့အား…

စူရာ အာယာသ် 22/78 — စူရာ အလ်-ဟဂ်ျ الحج (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဂ်ျ နားထောင်, စူရာ အလ်-ဟဂ်ျ ဘာသာပြန်, စူရာ အလ်-ဟဂ်ျ mp3, စူရာ အလ်-ဟဂ်ျ pdf. အာယာသ် 20–24. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers