အလ်-မုအ်မီနွန် · 85/118
ဘာသာပြန် အသံနိုင်ငံ — အလ်-မုအ်မီနွန်
سَيَقُولُونَ لِلَّهِ ۚ قُلْ أَفَلَا تَذَكَّرُونَ ۝٨٥
Sa-yaqooloona lillaah; qul afalaa tazakkkaroon
📖 မြန်မာဘာသာ
၎င်းတို့က အလ္လာဟ်အရှင်မြတ် စိုးပိုင်တော်မူ သောအရာများဖြစ်သည်ဟု အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ) အသင်သည် (၎င်းတို့အား အချင်းတို့၊) သို့ပါလျက် အသင်တို့သည် မဆင်ခြင်မသုံးသပ်ကြလေသလောဟု ပြောကြားပါလေ။
🎧 နားထောင်

📜 အာယာသ် 83-87 — အလ်-မုအ်မီနွန်

83لَقَدْ وُعِدْنَا نَحْنُ وَآبَاؤُنَا هَٰذَا مِن قَبْلُ إِنْ هَٰذَا إِلَّا أَسَاطِيرُ الْأَوَّلِينَ
မချွတ်ဧကန် ဤသည်ကို ကျွန်ုပ်တို့သည်လည်းကောင်း၊ ကျွန်ုပ်တို့၏ အဘ၊ ဘိုး၊ ဘေးတို့သည်လည်းကောင်း၊ ရှေးယခင်ကပင် ကတိပေး ချိန်းချက်ခြင်းကို ခံခဲ့ကြရလေပြီ။ (�င် စစ်သော်ကား)ဤသည် ရှေးသူဟောင်းတို့၏ (ယုတ္တိကင်းမဲ့သော) ဒဏ္ဍာရီမျှသာ ဖြစ်ချေသတည်း"။
84قُل لِّمَنِ الْأَرْضُ وَمَن فِيهَا إِن كُنتُمْ تَعْلَمُونَ
(အို-နဗီတမန်တော်)အသင်သည်(ယင်းမက္ကာမြို့သား မုရှ်ရစ်က်တို့အား ဤသို့)ပြောဆို မေးမြန်းပါလေ။ (အချင်းတို့၊) အကယ်၍ အသင်တို့ သိရှိကြလျှင်(ငါ့အား ပြောပြကြလေကုန်၊) ပထဝီမြေကိုလည်းကောင်း၊ ထိုပထဝီမြေ၌ ရှိသူတို့ကိုလည်းကောင်း၊ မည်သူစိုးပိုင်သနည်း။
85سَيَقُولُونَ لِلَّهِ ۚ قُلْ أَفَلَا تَذَكَّرُونَ
၎င်းတို့က အလ္လာဟ်အရှင်မြတ် စိုးပိုင်တော်မူ သောအရာများဖြစ်သည်ဟု အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ) အသင်သည် (၎င်းတို့အား အချင်းတို့၊) သို့ပါလျက် အသင်တို့သည် မဆင်ခြင်မသုံးသပ်ကြလေသလောဟု ပြောကြားပါလေ။
86قُلْ مَن رَّبُّ السَّمَاوَاتِ السَّبْعِ وَرَبُّ الْعَرْشِ الْعَظِيمِ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား အချင်းတို့၊)မိုးခုနစ်ထပ်ကို စိုးပိုင်တော်မူသောအရှင် သည်လည်းကောင်း၊ မြင့်မြတ်လှစွာသော ‘အရ်ရှ်’ ပလ္လင်တော်ကိုစိုးပိုင်တော်မူသောအရှင် သည်လည်းကောင်း၊ မည်သူနည်းဟု မေးမြန်းပါဦးလေ။
87سَيَقُولُونَ لِلَّهِ ۚ قُلْ أَفَلَا تَتَّقُونَ
(ဤသည်တို့လည်း) အလ္လာဟ်အရှင်မြတ် စိုးပိုင်တော်မူသော အရာများသာဖြစ်သည်ဟု ၎င်းတို့က အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ ၎င်းတို့အား အချင်းတို့၊) သို့ပါလျက် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ ကြလေသလောဟု ပြောကြားပါလေ။
အလ်-မုအ်မီနွန်ကုရ်အာန် ညွှန်းကိန်း
118အာယာသ်
MeccanRevelation
85အာယာသ်

ဘာသာပြန် — အလ်-မုအ်မီနွန် 85

စူရာ အလ်-မုအ်မီနွန် အာယာသ် 85 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းတို့က အလ္လာဟ်အရှင်မြတ် စိုးပိုင်တော်မူ သောအရာများဖြစ်သည်ဟု အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ) အသင်သည် (၎င်းတို့အား အချင်းတို့၊)…

စူရာ အာယာသ် 85/118 — အလ်-မုအ်မီနွန် المؤمنون (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-မုအ်မီနွန် နားထောင်, အလ်-မုအ်မီနွန် ဘာသာပြန်, အလ်-မုအ်မီနွန် mp3, အလ်-မုအ်မီနွန် pdf. အာယာသ် 83–87. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers