အလ်-မုအ်မီနွန် · 87/118
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မုအ်မီနွန်
سَيَقُولُونَ لِلَّهِ ۚ قُلْ أَفَلَا تَتَّقُونَ ۝٨٧
Sa yaqooloona lillaah; qul afalaa tattaqoon
📖 မြန်မာဘာသာ
(ဤသည်တို့လည်း) အလ္လာဟ်အရှင်မြတ် စိုးပိုင်တော်မူသော အရာများသာဖြစ်သည်ဟု ၎င်းတို့က အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ ၎င်းတို့အား အချင်းတို့၊) သို့ပါလျက် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ ကြလေသလောဟု ပြောကြားပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 85-89 — စူရာ အလ်-မုအ်မီနွန်

85سَيَقُولُونَ لِلَّهِ ۚ قُلْ أَفَلَا تَذَكَّرُونَ
၎င်းတို့က အလ္လာဟ်အရှင်မြတ် စိုးပိုင်တော်မူ သောအရာများဖြစ်သည်ဟု အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ) အသင်သည် (၎င်းတို့အား အချင်းတို့၊) သို့ပါလျက် အသင်တို့သည် မဆင်ခြင်မသုံးသပ်ကြလေသလောဟု ပြောကြားပါလေ။
86قُلْ مَن رَّبُّ السَّمَاوَاتِ السَّبْعِ وَرَبُّ الْعَرْشِ الْعَظِيمِ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား အချင်းတို့၊)မိုးခုနစ်ထပ်ကို စိုးပိုင်တော်မူသောအရှင် သည်လည်းကောင်း၊ မြင့်မြတ်လှစွာသော ‘အရ်ရှ်’ ပလ္လင်တော်ကိုစိုးပိုင်တော်မူသောအရှင် သည်လည်းကောင်း၊ မည်သူနည်းဟု မေးမြန်းပါဦးလေ။
87سَيَقُولُونَ لِلَّهِ ۚ قُلْ أَفَلَا تَتَّقُونَ
(ဤသည်တို့လည်း) အလ္လာဟ်အရှင်မြတ် စိုးပိုင်တော်မူသော အရာများသာဖြစ်သည်ဟု ၎င်းတို့က အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ ၎င်းတို့အား အချင်းတို့၊) သို့ပါလျက် အသင်တို့သည် (အလ္လာဟ်အရှင်မြတ်အား) မကြောက်ရွံ့ ကြလေသလောဟု ပြောကြားပါလေ။
88قُلْ مَن بِيَدِهِ مَلَكُوتُ كُلِّ شَيْءٍ وَهُوَ يُجِيرُ وَلَا يُجَارُ عَلَيْهِ إِن كُنتُمْ تَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် ၎င်းတို့အား ဤသို့ ပြောဆိုမေးမြန်းပါလေ။ (အချင်းတို့)အကယ်၍ အသင်တို့သည် သိရှိကြလျှင် (ငါ့အားပြောပြကြလေကုန်)။ ထိုအရှင်သည် မည်သူနည်း။ အရာခပ်သိမ်းတို့ကို စိုးပိုင်ခွင့်သည် ထိုအရှင်မြတ်၏လက်တော်တွင်း၌ရှိ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့ရာတွင် ထိုအရှင်နှင့်ဆန့်ကျင်၍မူကား မည်သူတစ်ဦးတစ်ယောက်မျှပင် ကာကွယ် စောင့်ရှောက်နိုင်ခြင်း မရှိချေ။
89سَيَقُولُونَ لِلَّهِ ۚ قُلْ فَأَنَّىٰ تُسْحَرُونَ
(ဤမည်သောဂုဏ်တော်များလည်း) အလ္လာဟ်အရှင်မြတ်၌သာ ရှိကြောင်း အမှန်ပင် ၎င်းတို့က ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ ၎င်းတို့အား) အသင်က "သို့ဖြစ်လျှင် အသင်တို့သည် အဘယ်ကြောင့် တွေဝေနေကြပါသနည်း" ဟု ပြောကြားပါလေ။
အလ်-မုအ်မီနွန်ကုရ်အာန် ညွှန်းကိန်း
118အာယာသ်
MeccanRevelation
87အာယာသ်

ဘာသာပြန် — အလ်-မုအ်မီနွန် 87

စူရာ အလ်-မုအ်မီနွန် အာယာသ် 87 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ဤသည်တို့လည်း) အလ္လာဟ်အရှင်မြတ် စိုးပိုင်တော်မူသော အရာများသာဖြစ်သည်ဟု ၎င်းတို့က အမှန်ပင် ဖြေကြားကြပေလိမ့်မည်။ (ထိုအခါ ၎င်းတို့အား အချင်းတို့၊)…

စူရာ အာယာသ် 87/118 — စူရာ အလ်-မုအ်မီနွန် المؤمنون (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မုအ်မီနွန် နားထောင်, စူရာ အလ်-မုအ်မီနွန် ဘာသာပြန်, စူရာ အလ်-မုအ်မီနွန် mp3, စူရာ အလ်-မုအ်မီနွန် pdf. အာယာသ် 85–89. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers