အလ်-အန်ကာဘူတ် · 36/69
ဘာသာပြန် အသံနိုင်ငံ — အလ်-အန်ကာဘူတ်
وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا فَقَالَ يَا قَوْمِ اعْبُدُوا اللَّهَ وَارْجُوا الْيَوْمَ الْآخِرَ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ ۝٣٦
Wa ilaa Madyana akhaahum Shu`ayban faqaala yaa qawmi`-budul laaha warjul yawmal aakhira wa laa ta`saw fil ardi mufsideen
📖 မြန်မာဘာသာ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်မြို့(သားတို့)ထံသို့ ၎င်းတို့၏နောင်တော် ရှုအိုက်ဗ် အား(နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။) သို့ဖြစ်ပေရာ ထို’ရှုအိုက်ဗ်’ က ‘အို-ငါ၏အမျိုးသားတို့။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြလေကုန်။၎င်းပြင် အသင်တို့ သည် နောက်ဆုံးနေ့ကို စိုးရိမ်ကြလေကုန်။ထိုမှတပါး အသင်တို့သည် ဖျက်ဆီးသူများအဖြစ် တိုင်းပြည်တွင်သောင်းကျန်းမှု မပြုလုပ်ကြကုန်လင့်’ဟု ပြောကြားခဲ့၏။

🎧 နားထောင်


📜 အာယာသ် 34-38 — အလ်-အန်ကာဘူတ်

34إِنَّا مُنزِلُونَ عَلَىٰ أَهْلِ هَٰذِهِ الْقَرْيَةِ رِجْزًا مِّنَ السَّمَاءِ بِمَا كَانُوا يَفْسُقُونَ
ဧကန်အမှန် ကျွန်ုပ်တို့သည် ဤမြို့သူရွာသားတို့အပေါ်၌ ၎င်းတို့သည် အမိန့်တော်ကိုဖီဆန်လျက် ရှိခဲ့ကြသောကြောင့် မိုးကောင်းကင်မှ ပြစ်ဒဏ်တစ်မျိုးကို ချပေးအံ့သောသူများပင် ဖြစ်ကြပေသည်။
35وَلَقَد تَّرَكْنَا مِنْهَا آيَةً بَيِّنَةً لِّقَوْمٍ يَعْقِلُونَ
သို့ရာတွင် ငါအရှင်မြတ်သည် သိနားလည်ကြကုန်သော အမျိုးသားတို့အဖို့ ထိုမြို့ရွာမှ ထင်ရှားစွာသော သက်သေလက္ခဏာအချို့ကို ချန်လှပ်၍ ထားရှိတော်မူခဲ့ပေသတည်း။
36وَإِلَىٰ مَدْيَنَ أَخَاهُمْ شُعَيْبًا فَقَالَ يَا قَوْمِ اعْبُدُوا اللَّهَ وَارْجُوا الْيَوْمَ الْآخِرَ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ
ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်မြို့(သားတို့)ထံသို့ ၎င်းတို့၏နောင်တော် ရှုအိုက်ဗ် အား(နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။) သို့ဖြစ်ပေရာ ထို’ရှုအိုက်ဗ်’ က ‘အို-ငါ၏အမျိုးသားတို့။ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား ဆည်းကပ်ကိုးကွယ်ကြလေကုန်။၎င်းပြင် အသင်တို့ သည် နောက်ဆုံးနေ့ကို စိုးရိမ်ကြလေကုန်။ထိုမှတပါး အသင်တို့သည် ဖျက်ဆီးသူများအဖြစ် တိုင်းပြည်တွင်သောင်းကျန်းမှု မပြုလုပ်ကြကုန်လင့်’ဟု ပြောကြားခဲ့၏။
37فَكَذَّبُوهُ فَأَخَذَتْهُمُ الرَّجْفَةُ فَأَصْبَحُوا فِي دَارِهِمْ جَاثِمِينَ
သို့ရာတွင် ၎င်းတို့သည် ထို’ရှုအိုက်ဗ်’အားမဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ မြေငလျင်သည် ၎င်းတို့အား ဖမ်းဆီးကွပ်မျက်ခဲ့လေရာ၊ ၎င်းတို့မှာ မိမိတို့နေအိမ်များ၌ မှောက်လျက်လဲနေသူများပင် ဖြစ်ခဲ့ကြကုန်သတည်း။
38وَعَادًا وَثَمُودَ وَقَد تَّبَيَّنَ لَكُم مِّن مَّسَاكِنِهِمْ ۖ وَزَيَّنَ لَهُمُ الشَّيْطَانُ أَعْمَالَهُمْ فَصَدَّهُمْ عَنِ السَّبِيلِ وَكَانُوا مُسْتَبْصِرِينَ
ထိုမှတစ်ပါး (ငါအရှင်မြတ်သည်) ‘အာဒ်’ အမျိုးသားတို့အားလည်းကောင်း၊ ‘ဆမူဒ်’ အမျိုးသားတို့အားလည်းကောင်း၊ (ကွပ်မျက်ဖျက်ဆီးတော်မူခဲ့၏၊) ထို့ပြင် မချွတ်မလွဲ(၎င်းတို့ကွပ်မျက်ခြင်းခံခဲ့ရသည်မှာ) အသင်တို့အဖို့ ၎င်းတို့၏နေအိမ်များကို (ကြည့်ရှုလေ့လာခြင်း)ဖြင့် ထင်ရှားခဲ့လေပြီ။စင်စစ်သော်ကား ‘ရှိုင်တွာန်’ မိစ္ဆာကောင်သည် ၎င်းတို့၏လုပ်ကိုင် ဆောင်ရွက်ချက်များကို ၎င်းတို့၏အမြင်၌ တင့်တယ်လှပအောင် ပြုလုပ်ပြီးလျှင် ၎င်းတို့အား (မှန်ကန်သောတရား)လမ်းမှ တားဆီးပိတ်ပင်ခဲ့လေ၏။ စင်စစ် ၎င်းတို့မှာ အသိအမြင်ရှိသောသူများပင် ဖြစ်ခဲ့ကြကုန်၏။
အလ်-အန်ကာဘူတ်ကုရ်အာန် ညွှန်းကိန်း
69အာယာသ်
MeccanRevelation
36အာယာသ်

ဘာသာပြန် — အလ်-အန်ကာဘူတ် 36

စူရာ အလ်-အန်ကာဘူတ် အာယာသ် 36 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုနည်းတူစွာ (ငါအရှင်မြတ်သည်) မဒ်ယန်မြို့(သားတို့)ထံသို့ ၎င်းတို့၏နောင်တော် ရှုအိုက်ဗ် အား(နဗီတမန်တော်အဖြစ် စေလွှတ်တော်မူခဲ့၏။) သို့ဖြစ်ပေရာ ထို’ရှုအိုက်ဗ်’ က…

စူရာ အာယာသ် 36/69 — အလ်-အန်ကာဘူတ် العنكبوت (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-အန်ကာဘူတ် နားထောင်, အလ်-အန်ကာဘူတ် ဘာသာပြန်, အလ်-အန်ကာဘူတ် mp3, အလ်-အန်ကာဘူတ် pdf. အာယာသ် 34–38. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers