အာလ်-အိမရာန် · 40/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَامٌ وَقَدْ بَلَغَنِيَ الْكِبَرُ وَامْرَأَتِي عَاقِرٌ ۖ قَالَ كَذَٰلِكَ اللَّهُ يَفْعَلُ مَا يَشَاءُ ۝٤٠
Qaala Rabbi annaa yakoonu lee ghulaamunw wa qad balaghaniyal kibaru wamraatee `aaqirun qaala kazaalikal laahu yaf`alu maa yashaaa
📖 မြန်မာဘာသာ
(ထိုစကားကိုကြားလျှင်) ထိုနဗီတမန်တော်(ဇကရိယာ)က အို-ကျွန်တော်မျိုးကို မွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၌ သားကောင်းရတနာသည်အဘယ်သို့ ရရှိနိုင်ပါအံ့နည်း။ အကြောင်းကား ဧကန်စင်စင်အိုခြင်း တရားသည် ကျွန်တော်မျိုးထံ ဆိုက်ရောက်လာ ခဲ့ချေပြီ။ကျွန်တော်မျိုး၏ ဇနီးမိန်းမသည်လည်း (သက်ရွယ်ကြီးရင့်ပြီဖြစ်သည်သာမက) သားသမီး မမွေးသော အမြုံလည်းဖြစ်ပါသည်ဟု လျှောက်ထား ပန်ကြားလေသည်။ (ထိုရောကာလ)အလ္လာဟ်အရှင်မြတ်က ဤနည်းအတိုင်းပင် (သားကောင်းရတနာကို ရရှိအံ့၊ အကြောင်းကား) အလ္လာဟ်အရှင်မြတ်သည်(ဖြစ်လေ့ဖြစ်ထမရှိ၊ အံ့ဘွယ်သရဲဖြစ်သော အမှု ကိစ္စများကိုပင်)အလိုတော်ရှိရာ ပြုလုပ်တော်မူပေ သည် ဟု ပြန်ကြားတော်မူခဲ့လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 38-42 — စူရာ အာလ်-အိမရာန်

38هُنَالِكَ دَعَا زَكَرِيَّا رَبَّهُ ۖ قَالَ رَبِّ هَبْ لِي مِن لَّدُنكَ ذُرِّيَّةً طَيِّبَةً ۖ إِنَّكَ سَمِيعُ الدُّعَاءِ
(မရ်ယမ် သခင်မ၏ ပြန်ကြားချက်ကို ကြားနာရလေသော်၊ နဗီတမန်တော်) ဇကရိယာ (အလိုင်ဟစ္စလာမ်)သည်ထိုအခါ ထိုနေရာ၌ပင် 1မိမိအား မွေးမြူတော်မူသောအရှင်မြတ်ထံတော်၌ ဆုတောင်းပတ္ထနာ ပြုခဲ့လေသည်။ (ဆုတောင်းရာ တွင်) ထိုနဗီတမန်တော် ဇကရိယာ(အလိုင်ဟစ္စလာမ်) က အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ အရှင်မြတ်သည် ကျွန်တော်မျိုးကို မိမိ အထံတော်မှစင်ကြယ်သန့်ရှင်း အပြစ်ကင်းသော သားကောင်းရတနာတစ်ပါး ကို ပေးသနားတော်မူပါ။ မလွဲဧကန် အရှင်မြတ်သည် ဆုတောင်းပတ္ထနာများကို ကြားတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူ ပေသတည်း ဟု လျှောက်ထားပန်ကြားခဲ့လေသည်။
39فَنَادَتْهُ الْمَلَائِكَةُ وَهُوَ قَائِمٌ يُصَلِّي فِي الْمِحْرَابِ أَنَّ اللَّهَ يُبَشِّرُكَ بِيَحْيَىٰ مُصَدِّقًا بِكَلِمَةٍ مِّنَ اللَّهِ وَسَيِّدًا وَحَصُورًا وَنَبِيًّا مِّنَ الصَّالِحِينَ
သို့ဖြစ်ပေရာ ထို [တမန်တော် ဇကရိယာ(အလိုင်ဟစ္စလာမ်)] သည် အခန်းတွင်း၌ ဆွလာတ်ဝတ်ပြုနေခိုက် မလာအေ့ကဟ် ကောင်းကင်တမန် များသည်ထိုတမန်တော်အား အသံကျယ်စွာ ပြောဆို နေကြသည်မှာမုချဧကန် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ယဟ်ယာအမည်ရှိသော သားကောင်း ရတနာတပါး ပေးသနားတော်မူသည့် အကြောင်း ပီတိသောမနဿ ဝမ်းမြောက်ဘွယ်ရာသတင်းပြောကြားတော်မူလေသည်။ ထိုသားရတနာသည်ကလိမတုလ’ာဟ် အလ္လာဟ်အရှင်မြတ်၏ ‘မုက္ခပါဌ်တော်’(တည်း ဟူသော တမန်တော်အီစာ)ကို ထောက်ခံမည့်သူဖြစ်အံ့၊အကြီးအမှူးလည်းဖြစ်အံ့။ (ကာမဂုဏ်အာရုံကို) အထူးစောင့်စည်းသူလည်းဖြစ်အံ့၊ သူတော်စင်များ အနက်မှ နဗီတမန်တော်တပါးလည်းဖြစ်အံ့။
40قَالَ رَبِّ أَنَّىٰ يَكُونُ لِي غُلَامٌ وَقَدْ بَلَغَنِيَ الْكِبَرُ وَامْرَأَتِي عَاقِرٌ ۖ قَالَ كَذَٰلِكَ اللَّهُ يَفْعَلُ مَا يَشَاءُ
(ထိုစကားကိုကြားလျှင်) ထိုနဗီတမန်တော်(ဇကရိယာ)က အို-ကျွန်တော်မျိုးကို မွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၌ သားကောင်းရတနာသည်အဘယ်သို့ ရရှိနိုင်ပါအံ့နည်း။ အကြောင်းကား ဧကန်စင်စင်အိုခြင်း တရားသည် ကျွန်တော်မျိုးထံ ဆိုက်ရောက်လာ ခဲ့ချေပြီ။ကျွန်တော်မျိုး၏ ဇနီးမိန်းမသည်လည်း (သက်ရွယ်ကြီးရင့်ပြီဖြစ်သည်သာမက) သားသမီး မမွေးသော အမြုံလည်းဖြစ်ပါသည်ဟု လျှောက်ထား ပန်ကြားလေသည်။ (ထိုရောကာလ)အလ္လာဟ်အရှင်မြတ်က ဤနည်းအတိုင်းပင် (သားကောင်းရတနာကို ရရှိအံ့၊ အကြောင်းကား) အလ္လာဟ်အရှင်မြတ်သည်(ဖြစ်လေ့ဖြစ်ထမရှိ၊ အံ့ဘွယ်သရဲဖြစ်သော အမှု ကိစ္စများကိုပင်)အလိုတော်ရှိရာ ပြုလုပ်တော်မူပေ သည် ဟု ပြန်ကြားတော်မူခဲ့လေသည်။
41قَالَ رَبِّ اجْعَل لِّي آيَةً ۖ قَالَ آيَتُكَ أَلَّا تُكَلِّمَ النَّاسَ ثَلَاثَةَ أَيَّامٍ إِلَّا رَمْزًا ۗ وَاذْكُر رَّبَّكَ كَثِيرًا وَسَبِّحْ بِالْعَشِيِّ وَالْإِبْكَارِ
ထို (နဗီတမန်တော် ဇကရိယာသည် အလ္လာဟ်အရှင်မြတ်၏ ပြန်ကြားချက်ကို ကြားရလျှင် ထပ်မံ၍ ဤသို့)လျှောက်ထား ပန်ကြား ပြန်လေသည်။ အို-ကျွန်တော်မျိုးကိုမွေးမြူတော်မူသောအသျှင်၊ (သို့ဖြစ်လျှင်) အရှင်မြတ်သည်ကျွန်တော်မျိုး အဖို့ရာ(ကျွန်တော်မျိုး၏ ဇနီးမှာ သားရတနာကိုယ်ဝန်ဆောင်ရှိကြောင်း ကောင်းစွာ သိနိုင်အံ့သောငှာ)နိမိတ်လက္ခဏာ တရပ်ရပ်ကို ပြဋ္ဌာန်း၍ ပေးတော်မူပါ။(ထိုရောအခါဝယ် အလ္လာဟ်အရှင်မြတ်က ဤသို့) မိန့်ကြားတော်မူလေသည်။ (အို-ဇကရိယာ)၊ အသင်၏လက္ခဏာကားသုံးရက်တိုင်တိုင် လူအပေါင်း တို့နှင့်လက်ရိပ်ခြေရိပ် မျက်ရိပ်မှအပ (တစ်ခွန်းတစ်ပါဒမျှ) အသင် စကားမပြောဆို နိုင်ခြင်းပင်တည်း။ အသင်သည် (ထိုနေ့ရက်များတွင်း) မိမိအရှင်ကိုများစွာ တçသ သတိရကာ ညဉ့်ဦးယံများ၌လည်းကောင်း၊နံနက်ယံများ၌၎င်း၊ (ထိုအရှင်မြတ်)၏ တတ်စ်ဗီဟ် ဘာဝနာကို စီးဖြန်း၍နေပါလေ။
42وَإِذْ قَالَتِ الْمَلَائِكَةُ يَا مَرْيَمُ إِنَّ اللَّهَ اصْطَفَاكِ وَطَهَّرَكِ وَاصْطَفَاكِ عَلَىٰ نِسَاءِ الْعَالَمِينَ
တဖန် (သတိရကြလေကုန်) တရံရောအခါ၊မလာအိကဟ် ကောင်းကင်စေတမန်များက (မရ်ယမ်သခင်မအား) အို-မရ်ယမ် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အသင့်အား ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီ။မနှစ်မြို့ဘွယ်ရာသော အကြာင်း အရာများမှလည်း ကင်းရှင်းစေတော် မူခဲ့လေပြီ။ ၎င်းအပြင် (ယခုတဖန်) အသင့်အားစကြာဝဋ္ဌာ အပေါင်းရှိ အမျိုးသမီးများ တွင်လည်း ရွေးချယ်မြှောက်စားတော်မူခဲ့လေပြီ ဟု ပြောကြားခဲ့ကြလေ သည်။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
40အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 40

စူရာ အာလ်-အိမရာန် အာယာသ် 40 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုစကားကိုကြားလျှင်) ထိုနဗီတမန်တော်(ဇကရိယာ)က အို-ကျွန်တော်မျိုးကို မွေးမြူတော်မူသောအရှင်မြတ်၊ ကျွန်တော်မျိုး၌ သားကောင်းရတနာသည်အဘယ်သို့ ရရှိနိုင်ပါအံ့နည်း။ အကြောင်းကား ဧကန်စင်စင်အိုခြင်း တရားသည်…

စူရာ အာယာသ် 40/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 38–42. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers