يَا أَهْلَ الْكِتَابِ لِمَ تُحَاجُّونَ فِي إِبْرَاهِيمَ وَمَا أُنزِلَتِ التَّوْرَاةُ وَالْإِنجِيلُ إِلَّا مِن بَعْدِهِ ۚ أَفَلَا تَعْقِلُونَ ٦٥
🔤 Transliteration
Yaaa Ahlal Kitaabi limaa tuhaaajjoona feee Ibraaheema wa maaa unzilatit Tawraatu wal Injeelu illaa mim ba`dih; afala ta`qiloon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အို-ရှေးအထက် ကျမ်းဂန်များကို ရရှိသူအပေါင်းတို့၊ အသင်တို့သည် တမန်တော် အစ်ဗ်ရာဟီမ် နှင့်ပတ်သက်၍ (ထိုတမန်တော်သည်ယဟူဒီဖြစ်သည်ဟူ၍လည်းကောင်း၊ ခရစ်ယာန်ဖြစ်သည်ဟူ၍လည်းကောင်း) အဘယ်ကြောင့် အချေအတင် ပြောဆိုငြင်းခုံကြသနည်း။ အမှန်စင်စစ်တောင်ရာတ် နှင့် အီန်ဂျီလ် ကျမ်းများသည် ထိုတမန်တော်အစ်ဗ်ရာဟီမ်၏နောက် (အတန်ကြာမှပင်) ကျရောက်လာသောကျမ်းဂန်များဖြစ်၏။ (ယဟူဒီနှင့်ခရစ်ယာန်ဘာသာ အယူဝါဒများသည် ထိုကျမ်းဂန်များကျရောက်ပြီးနောက်တွင်မှဖြစ်ပေါ်လာသောဘာသာ အယူဝါဒများသာ ဖြစ်ပေရာ တမန်တော် အစ်ဗ်ရာဟီမ်သည် အဘယ်သို့လျှင် ယဟူဒီ၊ သို့မဟုတ်ခရစ်ယာန်ဘာသာဝင် ဖြစ်နိုင်အံ့နည်း၊ ဤမျှ ထင်ရှားသောစကားကိုပင်) အသင်တို့ မသိမမြင် မဆင်ခြင်ကြပါသလော။
🌐 Additional reference in ภาษาไทย
၁။ ကလိမဟ် (ခက်ခဲသောစကားလုံးများ) ရှင်းလင်းချက်။
ယာ အဟ်လလ်ကီတာဗ် (يا أهل الكتاب ) — ကျမ်းရရှိသူများ (ယဟူဒီနှင့် ခရစ်ယာန်များ)။ လိမာ တုဟာဂျ္ဂျူန (لم تحاجون ) — အဘယ်ကြောင့် အချေအတင် ငြင်းခုံကြသနည်း။ ဖီ အိဗ်ရာဟီမ (في إبراهيم ) — တမန်တော် အိဗ်ရာဟီမ (အလိုင်ဟိစ္စလာမ်) နှင့် ပတ်သက်၍။ အတ်တောင်ရာသ် (التوراة ) — တောင်ရာသ်ကျမ်း (တမန်တော် မူစာအပေါ် ချပေးခဲ့သော ကျမ်း)။ အလ်အင်ဂျီးလ် (الإنجيل ) — အင်ဂျီးလ်ကျမ်း (တမန်တော် အီစာအပေါ် ချပေးခဲ့သော ကျမ်း)။ အ ဖလာ တအ်ကီလူန (أفلا تعقلون ) — သင်တို့သည် မစဉ်းစားမဆင်ခြင်ကြသလော။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။
အို ကျမ်းရရှိသူများ၊ သင်တို့သည် တမန်တော် အိဗ်ရာဟီမ (အလိုင်ဟိစ္စလာမ်) ၏ သာသနာနှင့် ပတ်သက်၍ အဘယ်ကြောင့် အချေအတင် ငြင်းခုံကြသနည်း။ ယဟူဒီများက အိဗ်ရာဟီမ သည် ယဟူဒီဖြစ်သည်ဟု ဆိုကြပြီး၊ ခရစ်ယာန်များကလည်း သူသည် ခရစ်ယာန်ဖြစ်သည်ဟု ဆိုကြသည်။ သို့သော် တောင်ရာသ်ကျမ်းနှင့် အင်ဂျီးလ်ကျမ်းတို့သည် အိဗ်ရာဟီမ ၏ ကာလနောက်ပိုင်းမှသာ ချပေးခြင်းခံခဲ့ရသည်ကို သင်တို့ အသိပင် ဖြစ်သည်။ ယဟူဒီဘာသာ ဟူသည် တမန်တော် မူစာအပေါ် တောင်ရာသ်ကျမ်း မချပေးမီ မပေါ်ပေါက်ခဲ့သလို၊ ခရစ်ယာန်ဘာသာ ဟူသည်လည်း တမန်တော် အီစာအပေါ် အင်ဂျီးလ်ကျမ်း မချပေးမီ မပေါ်ပေါက်ခဲ့ပေ။ တမန်တော် အိဗ်ရာဟီမ နှင့် တမန်တော် မူစာ အကြားတွင် ကာလရှည်ကြာစွာ ကွာဟမှုရှိခဲ့သည်။ သို့ဖြစ်ပါလျှင် အိဗ်ရာဟီမ သည် မူစာ သို့မဟုတ် အီစာ ၏ သာသနာပေါ်တွင် ရှိခဲ့သည်ဟု သင်တို့ အဘယ်သို့ ဆိုနိုင်မည်နည်း။ သင်တို့သည် မိမိတို့၏ မှားယွင်းသော ပြောဆိုချက်ကို မစဉ်းစားမဆင်ခြင်ကြသလော။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။
အစ္စလာမ်သာသနာသည် တမန်တော် အိဗ်ရာဟီမ (အလိုင်ဟိစ္စလာမ်) ၏ စစ်မှန်သော သာသနာဖြစ်ပြီး၊ သူသည် ယဟူဒီ သို့မဟုတ် ခရစ်ယာန် မဟုတ်ခဲ့ကြောင်း ဤအာယသ်တော်က ရှင်းလင်းစွာ ဖော်ပြသည်။ အစ္စလာမ်သာသနာသည် ရှေးဦးဆုံး တမန်တော်များ၏ သာသနာနှင့် ဆက်စပ်နေပြီး၊ တမန်တော် မုဟမ္မဒ် (ဆွလ္လလ္လာဟု အလ
يَٰٓأَهۡلَ ٱلۡكِتَٰبِ لِمَ تُحَآجُّونَ فِيٓ إِبۡرَٰهِيمَ وَمَآ أُنزِلَتِ ٱلتَّوۡرَىٰةُ وَٱلۡإِنجِيلُ إِلَّا مِنۢ بَعۡدِهِۦٓۚ أَفَلَا تَعۡقِلُونَ ٦٥
အို-ရှေးအထက် ကျမ်းဂန်များကို ရရှိသူအပေါင်းတို့၊ အသင်တို့သည် တမန်တော် အစ်ဗ်ရာဟီမ် နှင့်ပတ်သက်၍ (ထိုတမန်တော်သည်ယဟူဒီဖြစ်သည်ဟူ၍လည်းကောင်း၊ ခရစ်ယာန်ဖြစ်သည်ဟူ၍လည်းကောင်း) အဘယ်ကြောင့် အချေအတင် ပြောဆိုငြင်းခုံကြသနည်း။ အမှန်စင်စစ်တောင်ရာတ် နှင့် အီန်ဂျီလ် ကျမ်းများသည် ထိုတမန်တော်အစ်ဗ်ရာဟီမ်၏နောက် (အတန်ကြာမှပင်) ကျရောက်လာသောကျမ်းဂန်များဖြစ်၏။ (ယဟူဒီနှင့်ခရစ်ယာန်ဘာသာ အယူဝါဒများသည် ထိုကျမ်းဂန်များကျရောက်ပြီးနောက်တွင်မှဖြစ်ပေါ်လာသောဘာသာ အယူဝါဒများသာ ဖြစ်ပေရာ တမန်တော် အစ်ဗ်ရာဟီမ်သည် အဘယ်သို့လျှင် ယဟူဒီ၊ သို့မဟုတ်ခရစ်ယာန်ဘာသာဝင် ဖြစ်နိုင်အံ့နည်း၊ ဤမျှ ထင်ရှားသောစကားကိုပင်) အသင်တို့ မသိမမြင် မဆင်ခြင်ကြပါသလော။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 63-67 — စူရာ အာလ်-အိမရာန်
63 فَإِن تَوَلَّوْا فَإِنَّ اللَّهَ عَلِيمٌ بِالْمُفْسِدِينَ
သို့ဖြစ်လေရာ (ဤရွေ့ဤမျှ ဖွင့်ဟမိန့်ဆို ထားတော်မူပြီးသည့်နောက်သော်မှပင်) အကယ်၍သာ ယင်း(ခရစ်ယာန်)တို့သည် မျက်နှာလွှဲ၍ ကျောခိုင်း သွားကြပါမူ၊ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် ဖျက်ဆီးသူအပေါင်းတို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်�ည်း။
64 قُلْ يَا أَهْلَ الْكِتَابِ تَعَالَوْا إِلَىٰ كَلِمَةٍ سَوَاءٍ بَيْنَنَا وَبَيْنَكُمْ أَلَّا نَعْبُدَ إِلَّا اللَّهَ وَلَا نُشْرِكَ بِهِ شَيْئًا وَلَا يَتَّخِذَ بَعْضُنَا بَعْضًا أَرْبَابًا مِّن دُونِ اللَّهِ ۚ فَإِن تَوَلَّوْا فَقُولُوا اشْهَدُوا بِأَنَّا مُسْلِمُونَ
(အို-နဗီ) အသင်သည် (ယဟူဒီနှင့် ခရစ် ယာန်တို့အား) ပြောကြားပါလေ၊ အို-ကျမ်းဂန် ရရှိသူအပေါင်းတို့၊အသင်တို့သည် အကျွန်ုပ်တို့နှင့် အသင်တို့ကြား၌ (အားလုံးလက်ခံထားသည့်) တူညီသော စကားဘက်သို့လာကြကုန်၊(ထိုစကားသည်ကား) ငါတို့သည် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားမည်သည့်အရာကိုမျှ မခဝပ်မကိုးကွယ်ခြင်း၊ငါတို့သည် တစ်စုံတစ်ခုသော အရာကိုမျှ ထိုအရှင်မြတ်နှင့်တွဲဖက်ယှဉ်ဖက်ဟူ၍ မပြုခြင်း၊ ငါတို့အနက် အချို့သည်အလ္လာဟ်အရှင်မြတ်ကို ဖဲကြဉ်၍ အချို့သောသူများကို မွေးမြူတော်မူသော အရှင်များဟူ၍ မပြုလုပ်ခြင်း (ပင်တည်း)။ (ယင်းကဲ့သို့ ဖိတ်ခေါ်ပြီးသည့်နောက်သော်မှပင်) အကယ်၍ ထိုသူတို့သည် သွေဖည်ကျောခိုင်းသွားကြပါမူ (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့က (ထိုသူတို့အား၊ အချင်းတို့) ကျွန်ုပ်တို့သည်(အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်များကို မုချနာခံသောမုစ်လင်မ်များပင်ဖြစ်ကြောင်း အသင်တို့ ကိုယ်တိုင် သက်သေခံကြကုန်ဟု ပြောဆိုကြကုန်လော့။
65 يَا أَهْلَ الْكِتَابِ لِمَ تُحَاجُّونَ فِي إِبْرَاهِيمَ وَمَا أُنزِلَتِ التَّوْرَاةُ وَالْإِنجِيلُ إِلَّا مِن بَعْدِهِ ۚ أَفَلَا تَعْقِلُونَ
အို-ရှေးအထက် ကျမ်းဂန်များကို ရရှိသူအပေါင်းတို့၊ အသင်တို့သည် တမန်တော် အစ်ဗ်ရာဟီမ် နှင့်ပတ်သက်၍ (ထိုတမန်တော်သည်ယဟူဒီဖြစ်သည်ဟူ၍လည်းကောင်း၊ ခရစ်ယာန်ဖြစ်သည်ဟူ၍လည်းကောင်း) အဘယ်ကြောင့် အချေအတင် ပြောဆိုငြင်းခုံကြသနည်း။ အမှန်စင်စစ်တောင်ရာတ် နှင့် အီန်ဂျီလ် ကျမ်းများသည် ထိုတမန်တော်အစ်ဗ်ရာဟီမ်၏နောက် (အတန်ကြာမှပင်) ကျရောက်လာသောကျမ်းဂန်များဖြစ်၏။ (ယဟူဒီနှင့်ခရစ်ယာန်ဘာသာ အယူဝါဒများသည် ထိုကျမ်းဂန်များကျရောက်ပြီးနောက်တွင်မှဖြစ်ပေါ်လာသောဘာသာ အယူဝါဒများသာ ဖြစ်ပေရာ တမန်တော် အစ်ဗ်ရာဟီမ်သည် အဘယ်သို့လျှင် ယဟူဒီ၊ သို့မဟုတ်ခရစ်ယာန်ဘာသာဝင် ဖြစ်နိုင်အံ့နည်း၊ ဤမျှ ထင်ရှားသောစကားကိုပင်) အသင်တို့ မသိမမြင် မဆင်ခြင်ကြပါသလော။
66 هَا أَنتُمْ هَٰؤُلَاءِ حَاجَجْتُمْ فِيمَا لَكُم بِهِ عِلْمٌ فَلِمَ تُحَاجُّونَ فِيمَا لَيْسَ لَكُم بِهِ عِلْمٌ ۚ وَاللَّهُ يَعْلَمُ وَأَنتُمْ لَا تَعْلَمُونَ
ဟယ် - အချင်းတို့၊ အသင်တို့သည် အကြငအကြောင်း နှင့်စပ် လျဉ်း၍ အချေအတင် ပြောဆိုခဲ့ကြချေပြီ။(ထိုအကြောင်းနှင့်စပ်လျဉ်း၍) အသင်တို့၌ အနည်းငယ်မျှသာအသိတရားရှိခဲ့၏။ ယခုတဖန် မိမိတို့လုံးဝမသိသောကိစ္စနှင့်စပ်လျဉ်း၍ အဘယ်ကြောင့် အသင်တို့ အချေအတင်ငြင်းခုံပြောဆိုကြပြန်သနည်း။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (အရာခပ်သိမ်းကို လုံးဝဥဿုံအလုံးစုံ)သိတော်မူ၏၊ အသင်တို့မူကား (အဘယ်တစ်စုံတစ်ရာကိုမျှအတိအကျ) သိနားမလည်ကြချေ။
67 مَا كَانَ إِبْرَاهِيمُ يَهُودِيًّا وَلَا نَصْرَانِيًّا وَلَٰكِن كَانَ حَنِيفًا مُّسْلِمًا وَمَا كَانَ مِنَ الْمُشْرِكِينَ
တမန်တော် အစ်ဗ်ရာဟီမ်သည် ယဟူဒီလည်းမဟုတ်ခဲ့ပေ၊ ခရစ်ယာန်လည်း မဟုတ်ခဲ့ပေ၊ အမှန်စင်စစ်အားဖြင့် ဟနီဖ် ဖြောင့်မတ်မှန်ကန်သော၊ မုစ်လင်မ်အမိန့်တော်နာခံသော ပုဂ္ဂိုလ်မြတ်တစ်ပါးသာလျှင် ဖြစ်ခဲ့ပေသည်။ ထိုတမန်တော် (အစ်ဗ်ရာဟီမ်)သည် မုရှ်ရိက်ဘုရားအများ ကိုးကွယ်သော သူများတွင် အပါအဝင်လည်းမဟုတ်ခဲ့ပေ။
ဘာသာပြန် — အာလ်-အိမရာန် 65 စူရာ အာလ်-အိမရာန် အာယာသ် 65 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-ရှေးအထက် ကျမ်းဂန်များကို ရရှိသူအပေါင်းတို့၊ အသင်တို့သည် တမန်တော် အစ်ဗ်ရာဟီမ် နှင့်ပတ်သက်၍ (ထိုတမန်တော်သည်ယဟူဒီဖြစ်သည်ဟူ၍လည်းကောင်း၊ ခရစ်ယာန်ဖြစ်သည်ဟူ၍လည်းကောင်း) အဘယ်ကြောင့်…
စူရာ အာယာသ် 65/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 63–67. မြန်မာဘာသာ: ภาษาไทย.