အရ်-ရူမ် · 8/60
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရူမ်
أَوَلَمْ يَتَفَكَّرُوا فِي أَنفُسِهِم ۗ مَّا خَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا إِلَّا بِالْحَقِّ وَأَجَلٍ مُّسَمًّى ۗ وَإِنَّ كَثِيرًا مِّنَ النَّاسِ بِلِقَاءِ رَبِّهِمْ لَكَافِرُونَ ۝٨
Awalam yatafakkaroo feee anfusihim; maa khalaqal laahus samaawaati wal arda wa maa bainahumaaa illaa bil haqqi wa ajalim musammaa; wa inna kaseeram minan naasi biliqaaa`i Rabbihim lakaafiroon
📖 မြန်မာဘာသာ
၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများတွင် မစဉ်းစားခဲ့ကြလေသလော။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ ထို(မိုးကောင်းကင်များနှင့်ပထဝီမြေ)နှစ်ခု၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ တိကျမှန်ကန်သော ကျိုးကြောင်းနှင့်သာ ဖန်ဆင်းတော်မူခဲ့၏။ သို့တစေလည်း များစွာသော သူတို့မှာမူကား မိမိတို့အား ဖန်ဆင်းတော်မူသော အရှင်မြတ်နှင့် တွေ့ဆုံကြရမည်ကို အမှန်ပင် ငြင်းပယ်သူများသာ ဖြစ်ကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်

  • أَوَلَمْ يَتَفَكَّرُوا: သူတို့သည် မစဉ်းစားမဆင်ခြင်ကြသလော။ ဤနေရာတွင် မိမိတို့ကိုယ်ကိုယ် ပြန်လည်သုံးသပ်စဉ်းစားခြင်းကို ဆိုလိုသည်။
  • فِي أَنفُسِهِم: သူတို့ကိုယ်တွင်း၌၊ သူတို့၏ ကိုယ်ခန္ဓာဖွဲ့စည်းပုံနှင့် ဖန်ဆင်းခြင်းအပေါ်။
  • بِالْحَقِّ: အမှန်တရားဖြင့်၊ အကျိုးရှိသော ရည်ရွယ်ချက်ဖြင့်။ အချည်းနှီး မဟုတ်ဘဲ။
  • أَجَلٍ مُّسَمًّى: သတ်မှတ်ထားသော အချိန်ကာလ၊ ဤလောကကြီး ကုန်ဆုံးမည့် ကိယာမသ်နေ့။
  • بِلِقَاءِ رَبِّهِمْ: သူတို့၏ အရှင်သခင်နှင့် တွေ့ဆုံခြင်း၊ ဆိုလိုသည်မှာ ရှင်ပြန်ထမြောက်ခြင်းနှင့် အစားပေးခံရခြင်း။
  • لَكَافِرُونَ: အမှန်ကို ငြင်းပယ်သူများ၊ မယုံကြည်သူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်ကို ငြင်းပယ်သော သူများအား သူတို့၏ ကိုယ်တွင်း၌ပင် စဉ်းစားဆင်ခြင်ရန် ဖိတ်ခေါ်နေသည်။ သူတို့ကို ဖန်ဆင်းထားသော အလ္လာဟ်အရှင်မြတ်သည် သူတို့ကို မည်သို့ ဖန်ဆင်းခဲ့သည်ကို သူတို့ မစဉ်းစားကြသလော။ မိမိတို့ မည်သို့ ဖြစ်ပေါ်လာခဲ့သည်ကို ပြန်လည်သုံးသပ်ပါက အလ္လာဟ်အရှင်မြတ်၏ တန်ခိုးတော်ကို ထင်ရှားစွာ မြင်တွေ့နိုင်သည်။

အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များ၊ မြေကြီးနှင့် ၎င်းတို့အကြားရှိ အရာအားလုံးကို အချည်းနှီး ဖန်ဆင်းထားခြင်း မဟုတ်ပေ။ အားလုံးကို အမှန်တရားနှင့်အညီ၊ တိကျသော ရည်ရွယ်ချက်များဖြင့် ဖန်ဆင်းထားခြင်း ဖြစ်သည်။ ထို့အပြင် ထိုအရာအားလုံးအတွက် သတ်မှတ်ထားသော အချိန်ကာလတစ်ခု ရှိသည်။ ထိုအချိန်ကာလ ရောက်သောအခါ ဤလောကကြီးသည် ကုန်ဆုံးမည် ဖြစ်သည်။ ထိုအချိန်ကာလမှာ ကိယာမသ်နေ့ ဖြစ်သည်။

သို့သော် လူအများစုသည် မိမိတို့၏ အရှင်သခင်နှင့် တွေ့ဆုံရမည့် ကိယာမသ်နေ့ကို ငြင်းပယ်နေကြသည်။ သူတို့သည် ဤလောကကြီး အမြဲတည်ရှိမည်ဟု ထင်မှတ်နေကြပြီး ရှင်ပြန်ထမြောက်ခြင်းနှင့် အစားပေးခံရခြင်းကို ဂရုမစိုက်ကြပေ။ ထို့ကြောင့် သူတို့သည် နောင်တမလွန်ဘဝအတွက် ကောင်းမှုကုသိုလ်များ ပြုလုပ်ရန် ပြင်ဆင်မှု မပြုကြခြင်း ဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • မိမိကိုယ်ကိုယ် ပြန်လည်သုံးသပ်ခြင်းသည် အီမာန်က


📜 အာယာသ် 6-10 — စူရာ အရ်-ရူမ်

6وَعْدَ اللَّهِ ۖ لَا يُخْلِفُ اللَّهُ وَعْدَهُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
(ဤသည်) အလ္လာဟ်အရှင်မြတ်၏ ကတိပင်၊အလ္လာဟ်အရှင်မြတ်သည် မိမိထားရှိတော်မူသော ကတိကိုဖောက်ဖျက်တော်မူသည် မဟုတ်ပေ၊ သို့ရာတွင် အများဆုံးသော သူတို့မှာမူကား မသိကြပေ။
7يَعْلَمُونَ ظَاهِرًا مِّنَ الْحَيَاةِ الدُّنْيَا وَهُمْ عَنِ الْآخِرَةِ هُمْ غَافِلُونَ
၎င်းတို့သည် လောကီဘဝ၏ အပေါ်ယံပုံပန်းကိုသာ သိရှိကြကုန်၏။ သို့ရာတွင် နောင်တမလွန်ဘဝကိုမူကား ၎င်းတို့သည် (လုံးဝ) မသိကြသူများသာလျှင် ဖြစ်ကြကုန်သတည်း။
8أَوَلَمْ يَتَفَكَّرُوا فِي أَنفُسِهِم ۗ مَّا خَلَقَ اللَّهُ السَّمَاوَاتِ وَالْأَرْضَ وَمَا بَيْنَهُمَا إِلَّا بِالْحَقِّ وَأَجَلٍ مُّسَمًّى ۗ وَإِنَّ كَثِيرًا مِّنَ النَّاسِ بِلِقَاءِ رَبِّهِمْ لَكَافِرُونَ
၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများတွင် မစဉ်းစားခဲ့ကြလေသလော။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ ထို(မိုးကောင်းကင်များနှင့်ပထဝီမြေ)နှစ်ခု၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊ တိကျမှန်ကန်သော ကျိုးကြောင်းနှင့်သာ ဖန်ဆင်းတော်မူခဲ့၏။ သို့တစေလည်း များစွာသော သူတို့မှာမူကား မိမိတို့အား ဖန်ဆင်းတော်မူသော အရှင်မြတ်နှင့် တွေ့ဆုံကြရမည်ကို အမှန်ပင် ငြင်းပယ်သူများသာ ဖြစ်ကြကုန်၏။
9أَوَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِن قَبْلِهِمْ ۚ كَانُوا أَشَدَّ مِنْهُمْ قُوَّةً وَأَثَارُوا الْأَرْضَ وَعَمَرُوهَا أَكْثَرَ مِمَّا عَمَرُوهَا وَجَاءَتْهُمْ رُسُلُهُم بِالْبَيِّنَاتِ ۖ فَمَا كَانَ اللَّهُ لِيَظْلِمَهُمْ وَلَٰكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ
၎င်းတို့သည် ကမ္ဘာမြေဝယ် လှည့်လည်သွားလာခြင်း မပြုခဲ့ကြလေသလော၊ သို့လှည့်လည် သွားလာကြလျှင်၊ ၎င်းတို့သည် မိမိတို့အလျင်ရှိခဲ့ကြသော ရှေးလူဟောင်းတို့၏ နောက်ဆုံးအကျိုးသည် မည်သို့မည်ပုံဖြစ်ခဲ့သည်ကို တွေ့မြင်ကြပေမည်။ ထိုရှေးလူဟောင်းတို့သည် ၎င်းတို့ထက် ခွန်အားဗလ ကြီးမားတောင့်တင်းသူများ ဖြစ်ခဲ့ကြသည့်ပြင် ၎င်းတို့သည်မြေကို ဤသူများ စည်ပင်သာယာအောင် ပြုလုပ်ကြသည်ထက် အလွန်များပြားစွာ ပိုမိုထွန်ယက် စိုက်ပျိုး၍ စည်ပင်သာယာအောင်ပြုလုပ်ခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့ထံသို့(လည်း) ၎င်းတို့၏ ရစူလ်တမန်တော်များသည် ထင်ရှားလှစွာသော သက်သေလက္ခဏာ တန်ခိုးပြာဋိဟာများနှင့်တကွ ရောက်ရှိလာခဲ့ကြကုန်၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့အား မတရား နှိပ်စက်ညှဉ်းဆဲတော်မူခဲ့သည် မဟုတ်ပေ။သို့ရာတွင် ၎င်းတို့ကိုယ်တိုင် မိမိတို့ကိုယ်ကို မတရား နှိပ်စက်ညှဉ်းပမ်းခဲ့ကြပေသည်။
10ثُمَّ كَانَ عَاقِبَةَ الَّذِينَ أَسَاءُوا السُّوأَىٰ أَن كَذَّبُوا بِآيَاتِ اللَّهِ وَكَانُوا بِهَا يَسْتَهْزِئُونَ
ထို့နောက် ဆိုးယုတ်သောအမှုကိစ္စကို ပြုမူပွားများခဲ့ကြကုန်သော သူတို့၏ နောက်ဆုံးအကျိုးမှာ အဆိုးဆုံးပင်ဖြစ်ခဲ့လေ၏။ အကြောင်းသော်ကား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာများကို မဟုတ်မမှန်ဟု စွပ်စွဲငြင်းပယ်ခဲ့ကြသည်သာမက ယင်းသက်သေ လက္ခဏာများကိုပင် ပြက်ချော်ပြောင်လှောင်သမှု ပြုခဲ့ကြပေသေးသည်။
အရ်-ရူမ်ကုရ်အာန် ညွှန်းကိန်း
60အာယာသ်
MeccanRevelation
8အာယာသ်

ဘာသာပြန် — အရ်-ရူမ် 8

စူရာ အရ်-ရူမ် အာယာသ် 8 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးများတွင် မစဉ်းစားခဲ့ကြလေသလော။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကို လည်းကောင်း၊ ထို(မိုးကောင်းကင်များနှင့်ပထဝီမြေ)နှစ်ခု၏အကြား၌ ရှိသမျှတို့ကိုလည်းကောင်း၊…

စူရာ အာယာသ် 8/60 — စူရာ အရ်-ရူမ် الروم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရူမ် နားထောင်, စူရာ အရ်-ရူမ် ဘာသာပြန်, စူရာ အရ်-ရူမ် mp3, စူရာ အရ်-ရူမ် pdf. အာယာသ် 6–10. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers