လုက်မာန် · 18/34
ဘာသာပြန် အသံနိုင်ငံ — စူရာ လုက်မာန်
وَلَا تُصَعِّرْ خَدَّكَ لِلنَّاسِ وَلَا تَمْشِ فِي الْأَرْضِ مَرَحًا ۖ إِنَّ اللَّهَ لَا يُحِبُّ كُلَّ مُخْتَالٍ فَخُورٍ ۝١٨
Wa laa tusa`-`ir khaddaka linnaasi wa laa tamshi fil ardi maarahan innal laaha laa yuhibbu kulla mukhtaalin fakhoor
📖 မြန်မာဘာသာ
၎င်းပြင် (အို-ချစ်သား) အသင်သည် လူတို့ရှေ့ဝယ် မိမိမျက်နှာကို စူ၍မထားလေနှင့်။ (လူတို့ဘက်မှ မိမိမျက်နှာကို မလွှဲပါလေနှင့်၊) ထို့ပြင် အသင်သည် ပထဝီမြေဝယ်မော်ကြွားလျက်လမ်းမလျှောက်လေနှင့်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် မည်သည့်စိတ် နေမြင့်သူ၊ အထင်ကြီးသူ၊ ဝါကြွားသူ၊ ဂုဏ်မောက်သူ တို့ကို နှစ်သက်တော်မူသည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. စကားလုံးများ၏ အဓိပ္ပာယ်ရှင်းလင်းချက်
  • ဝလာ တုဆအိရ် ခဒ္ဒက လိန္နာစ် — လူတို့အပေါ် သင်၏မျက်နှာကို လှည့်မထားလေနှင့်။ ဤနေရာတွင် “တုဆအိရ်” သည် မျက်နှာကို လှည့်ခြင်း၊ ရွံရှာစက်ဆုပ်သည့်အသွင်ဖြင့် မျက်နှာလွှဲခြင်းကို ဆိုလိုသည်။
  • မ�ရဟာ — ဝါကြွားခြင်း၊ မာန်မာနထောင်လွှားခြင်း၊ ဂုဏ်ယူဝင့်ကြွားခြင်းဖြင့် လမ်းလျှောက်ခြင်း။
  • မုခ်တာလ် — မာန်မာနကြီး၍ မိမိကိုယ်ကို မြင့်မြတ်စွာထင်သောသူ။
  • ဖခူရ် — မိမိ၏ဂုဏ်ကျေးဇူးများကို ဝါကြွားလျက် လူတို့အပေါ် မာန်မာနထောင်လွှားသောသူ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

လူတို့အား စကားပြောသောအခါဖြစ်စေ၊ သူတို့က သင့်အား စကားပြောသောအခါဖြစ်စေ သင်၏မျက်နှာကို သူတို့ထံမှ လှည့်မထားလေနှင့်။ သူတို့ကို မထီမဲ့မြင်ပြုခြင်း၊ မာန်မာနထောင်လွှားခြင်းဖြင့် မျက်နှာလွှဲခြင်းသည် အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မမူသော အပြုအမူဖြစ်သည်။ ထို့အပြင် မြေပြင်ပေါ်တွင် ဝါကြွားဂုဏ်ယူလျက် မာန်မာနဖြင့် လမ်းမလျှောက်လေနှင့်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် မိမိကိုယ်ကို မြင့်မြတ်စွာထင်လျက် လူတို့အပေါ် ဝါကြွားမာန်မာနထောင်လွှားသော သူတိုင်းကို နှစ်သက်တော်မမူပေ။ ထိုသူသည် မိမိရရှိထားသော ကျေးဇူးတော်များကို အလ္လာဟ်အရှင်မြတ်ထံမှ ဖြစ်သည်ဟု မသိဘဲ ဂုဏ်ယူဝင့်ကြွားလျက် ကျေးဇူးတော်ကိုလည်း မချီးမွမ်းဘဲ လူတို့အပေါ် မာန်မာနထောင်လွှားနေသူဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အစ္စလာမ်သာသနာသည် လူသားတို့အကြား နှိမ့်ချခြင်း၊ ကရုဏာထားခြင်း၊ ကောင်းမွန်သော အပြုအမူဖြင့် ဆက်ဆံခြင်းကို အားပေးသော သာသနာဖြစ်သည်။
  • မာန်မာနထောင်လွှားခြင်းနှင့် ဝါကြွားခြင်းသည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကို ဆုံးရှုံးစေသော အပြုအမူများဖြစ်သည်။
  • လူတို့အား မထီမဲ့မြင်ပြုခြင်း၊ မျက်နှာလွှဲခြင်းသည် မွတ်စ်လင်မ်တို့၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေသည်။
  • မိမိရရှိသော ကျေးဇူးတော်များကို အလ္လာဟ်အရှင်မြတ်ထံမှ ဖြစ်သည်ဟု အသိအမှတ်ပြုပြီး ကျေးဇူးတော်ကို ချီးမွမ်းခြင်းသည် ယုံ


📜 အာယာသ် 16-20 — စူရာ လုက်မာန်

16يَا بُنَيَّ إِنَّهَا إِن تَكُ مِثْقَالَ حَبَّةٍ مِّنْ خَرْدَلٍ فَتَكُن فِي صَخْرَةٍ أَوْ فِي السَّمَاوَاتِ أَوْ فِي الْأَرْضِ يَأْتِ بِهَا اللَّهُ ۚ إِنَّ اللَّهَ لَطِيفٌ خَبِيرٌ
အို-ချစ်သား၊ မုချဧကန် အပြုအမူတစ်စုံတစ်ရာသည် မုန်ညင်းစေ့ခန့်မျှဖြစ်ပြီး၊ ကျောက်ဆောင်တစ်ခုခု၌ ရှိနေသည်ဖြစ်စေ၊ မိုးကောင်းကင်များ၌ ရှိနေသည်ဖြစ်စေ၊ ပထဝီမြေအတွင်း၌ရှိနေသည်ဖြစ်စေ၊ အလ္လာဟ်အရှင်မြတ်သည် ယင်းအပြုအမူကို (ရှေ့တော်မှောက်ဝယ်) အသင့်ရောက်စေတော်မူမည်ဖြစ်သည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် နက်နဲသိမ်မွေ့သောအရာတို့ကို အလွန်တရာ သိမြင်တော်မူသောအရှင်၊ အလွန်တရာ ကြားသိတော်မူသောအရှင် ဖြစ်တော်မူ၏။
17يَا بُنَيَّ أَقِمِ الصَّلَاةَ وَأْمُرْ بِالْمَعْرُوفِ وَانْهَ عَنِ الْمُنكَرِ وَاصْبِرْ عَلَىٰ مَا أَصَابَكَ ۖ إِنَّ ذَٰلِكَ مِنْ عَزْمِ الْأُمُورِ
အို-ချစ်သား၊ အသင်သည် ‘ဆွလာတ်’ ဝတ်ပြုမှုကို ဆောက်တည်ပါလေ။ ၎င်းပြင် အသင်သည် (သူတပါးတို့အားလည်း) ကောင်းမှု(ပြုလုပ်ကြရန်)နှင့်စပ်လျဉ်း၍ အမိန့်ပေးပါလေ။ ထို့ပြင် အသင်သည် မကောင်းမှုမှ(ကြဉ်ရှောင်ကြရန်)တားမြစ်ပါလေ။ ထိုမှတစ်ပါး အသင်သည် မိမိ၌ သက်ရောက်အံ့သော ဘေးဒုက္ခနှင့်စပ်လျဉ်း၍ ကြံ့ခိုင်စွာရှိပါလေ။ ဧကန်မလွဲ ဤ(ကြံ့ခိုင်စွာရှိခြင်း)သည် ဇွဲသတိ္တနှင့်သက်ဆိုင်သောအမှုကိစ္စတို့အနက်မှပင် ဖြစ်ချေသည်။
18وَلَا تُصَعِّرْ خَدَّكَ لِلنَّاسِ وَلَا تَمْشِ فِي الْأَرْضِ مَرَحًا ۖ إِنَّ اللَّهَ لَا يُحِبُّ كُلَّ مُخْتَالٍ فَخُورٍ
၎င်းပြင် (အို-ချစ်သား) အသင်သည် လူတို့ရှေ့ဝယ် မိမိမျက်နှာကို စူ၍မထားလေနှင့်။ (လူတို့ဘက်မှ မိမိမျက်နှာကို မလွှဲပါလေနှင့်၊) ထို့ပြင် အသင်သည် ပထဝီမြေဝယ်မော်ကြွားလျက်လမ်းမလျှောက်လေနှင့်။ ဧကန်အမှန်အလ္လာဟ်အရှင်မြတ်သည် မည်သည့်စိတ် နေမြင့်သူ၊ အထင်ကြီးသူ၊ ဝါကြွားသူ၊ ဂုဏ်မောက်သူ တို့ကို နှစ်သက်တော်မူသည်မဟုတ်ပေ။
19وَاقْصِدْ فِي مَشْيِكَ وَاغْضُضْ مِن صَوْتِكَ ۚ إِنَّ أَنكَرَ الْأَصْوَاتِ لَصَوْتُ الْحَمِيرِ
ထို့ပြင် အသင်သည် မိမိလမ်းလျှောက်မှု၌အလယ်အလတ်ပြုလုပ်ပါလေ။ ဣန္ဒြေစောင့်စည်းပါလေ။ထိုမှတစ်ပါး အသင်သည် မိမိအသံကို နှိမ့်ချပါလေ။ မလွဲဧကန်စက်ဆုပ်ဖွယ်အဖြစ်ဆုံး အသံကား မြည်း သတ္တဝါတို့၏အသံပင်ဖြစ်ချေသတည်း။
20أَلَمْ تَرَوْا أَنَّ اللَّهَ سَخَّرَ لَكُم مَّا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَأَسْبَغَ عَلَيْكُمْ نِعَمَهُ ظَاهِرَةً وَبَاطِنَةً ۗ وَمِنَ النَّاسِ مَن يُجَادِلُ فِي اللَّهِ بِغَيْرِ عِلْمٍ وَلَا هُدًى وَلَا كِتَابٍ مُّنِيرٍ
အသင်တို့သည် မမြင်ခဲ့ကြလေသလော၊ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အကျိုးငှာ မိုးကောင်းကင်၌ရှိသည်တို့ကိုလည်းကောင်း၊ ပထဝီမြေ၌ရှိသည်တို့ကိုလည်းကောင်း၊အသုံးချနိုင်စေတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိ၏ထင်ရှားသော ကျေးဇူးတော်များကိုလည်းကောင်း၊ မထင်ရှားသော ကျေးဇူးတော်များကိုလည်းကောင်း၊ အသင်တို့အပေါ်ဝယ် အပြည့်အစုံ ချပေးသနားတော်မူ၏။ သို့ရာတွင် လူတို့အနက် အချို့မှာမူကား မည်သည့်ပညာ သက်သေအထောက်အထားမျှလည်း ကောင်း၊ မည်သည့်တရားလမ်းညွှန်မှုမျှလည်းကောင်း၊ မည်သည့် ထွန်းလင်းသောကျမ်းဂန်မျှလည်းကောင်း၊ မရှိပါဘဲလျှက် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အငြင်းအခုံ ပြုလုပ်လေ့ရှိကြကုန်၏။
လုက်မာန်ကုရ်အာန် ညွှန်းကိန်း
34အာယာသ်
MeccanRevelation
18အာယာသ်

ဘာသာပြန် — လုက်မာန် 18

စူရာ လုက်မာန် အာယာသ် 18 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (အို-ချစ်သား) အသင်သည် လူတို့ရှေ့ဝယ် မိမိမျက်နှာကို စူ၍မထားလေနှင့်။ (လူတို့ဘက်မှ မိမိမျက်နှာကို မလွှဲပါလေနှင့်၊) ထို့ပြင်…

စူရာ အာယာသ် 18/34 — စူရာ လုက်မာန် لقمان (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ လုက်မာန် နားထောင်, စူရာ လုက်မာန် ဘာသာပြန်, စူရာ လုက်မာန် mp3, စူရာ လုက်မာန် pdf. အာယာသ် 16–20. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers