အလ်-အာ့ဇာ့ဗ် · 31/73
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ဇာ့ဗ်
۞ وَمَن يَقْنُتْ مِنكُنَّ لِلَّهِ وَرَسُولِهِ وَتَعْمَلْ صَالِحًا نُّؤْتِهَا أَجْرَهَا مَرَّتَيْنِ وَأَعْتَدْنَا لَهَا رِزْقًا كَرِيمًا ۝٣١
Wa mai yaqnut minkunna lillaahi wa Rasoolihee wa ta`mal saalihan nu`tihaaa ajrahaa marratayni wa a`tadnaa lahaa rizqan kareema
📖 မြန်မာဘာသာ
ထိုနည်းတူစွာ မည်သူမဆို အသင်မတို့အနက်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊လိုက်နာသည်ရှိသော်၊ ၎င်းပြင် ကောင်းမြတ်သော အကျင့်သီလကို ဆောက်တည်သော် ငါအရှင်မြတ်သည် ၎င်းအား ၎င်း၏အကျိုးကို နှစ်ဆချီးမြှင့် ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါးငါအရှင်မြတ်သည် ၎င်း၏အဖို့ မြင့်မြတ်လှစွာသော ရိက္ခာကိုလည်း အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူပြီး ဖြစ်ချေသတည်း။

🎧 နားထောင်


📜 အာယာသ် 29-33 — စူရာ အလ်-အာ့ဇာ့ဗ်

29وَإِن كُنتُنَّ تُرِدْنَ اللَّهَ وَرَسُولَهُ وَالدَّارَ الْآخِرَةَ فَإِنَّ اللَّهَ أَعَدَّ لِلْمُحْسِنَاتِ مِنكُنَّ أَجْرًا عَظِيمًا
သို့ရာတွင် အကယ်၍အသင်မတို့သည်အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်အားလည်းကောင်း၊ တမလွန် ဘဝကိုလည်းကောင်း၊ရည်စူးကြပါလျှင် မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အသင်မတို့အနက် ကောင်းမြတ်သောအကျင့်သီလကို ဆောက်တည်ကြကုန်သော သူမတို့အဖို့ ကြီးကျယ်လှစွာသောအကျိုးကို အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူသည်။
30يَا نِسَاءَ النَّبِيِّ مَن يَأْتِ مِنكُنَّ بِفَاحِشَةٍ مُّبَيِّنَةٍ يُضَاعَفْ لَهَا الْعَذَابُ ضِعْفَيْنِ ۚ وَكَانَ ذَٰلِكَ عَلَى اللَّهِ يَسِيرًا
အို-နဗီတမန်တော်မြတ်၏ ကြင်ရာတော်အပေါင်းတို့၊ အသင်မတို့အနက် မည်သူမဆို ထင်ရှားစွာသာမဖွယ်မရာအမှုကိစ္စ တစ်စုံတစ်ခုကို ပြုလုပ်သည် ရှိသော်၎င်းမှာ နှစ်ဆတိုး၍ ပြစ်ဒဏ်ပေးခြင်းကို ခံရပေမည်။စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်၌ ယင်းကဲ့သို့ ပြုလုပ်ရန်လွယ်ကူပေသတည်း။
31۞ وَمَن يَقْنُتْ مِنكُنَّ لِلَّهِ وَرَسُولِهِ وَتَعْمَلْ صَالِحًا نُّؤْتِهَا أَجْرَهَا مَرَّتَيْنِ وَأَعْتَدْنَا لَهَا رِزْقًا كَرِيمًا
ထိုနည်းတူစွာ မည်သူမဆို အသင်မတို့အနက်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊လိုက်နာသည်ရှိသော်၊ ၎င်းပြင် ကောင်းမြတ်သော အကျင့်သီလကို ဆောက်တည်သော် ငါအရှင်မြတ်သည် ၎င်းအား ၎င်း၏အကျိုးကို နှစ်ဆချီးမြှင့် ပေးသနားတော်မူပေမည်။ ထိုမှတစ်ပါးငါအရှင်မြတ်သည် ၎င်း၏အဖို့ မြင့်မြတ်လှစွာသော ရိက္ခာကိုလည်း အဆင်သင့်ပြုလုပ်၍ ထားရှိတော်မူပြီး ဖြစ်ချေသတည်း။
32يَا نِسَاءَ النَّبِيِّ لَسْتُنَّ كَأَحَدٍ مِّنَ النِّسَاءِ ۚ إِنِ اتَّقَيْتُنَّ فَلَا تَخْضَعْنَ بِالْقَوْلِ فَيَطْمَعَ الَّذِي فِي قَلْبِهِ مَرَضٌ وَقُلْنَ قَوْلًا مَّعْرُوفًا
အို-နဗီတမန်တော်မြတ်၏ ကြင်ရာတော် အပေါင်းတို့၊ အသင်တို့သည် အခြားအမျိုးသမီးများကဲ့သို့ မဟုတ်ကြချေ။ သို့ဖြစ်ပေရာ အကယ်၍ အပြစ်မှကြဉ်ရှောင်ကြပါလျှင်အသင်တို့သည် စကား ပြောဆိုရာတွင် ကနွဲ့ကလျ မရှိကြကုန်လင့်။ သို့ရှိခဲ့ကြ ပါလျှင် စိတ်တွင်း၌ ရောဂါရှိသောသူသည်ရမ္မက် ထားရှိလာပေမည်။ သို့ရာတွင် အသင်တို့သည် ထုံးစံအတိုင်းသာလျှင် စကားပြောဆိုမှုကိုပြုကြလေကုန်၊
33وَقَرْنَ فِي بُيُوتِكُنَّ وَلَا تَبَرَّجْنَ تَبَرُّجَ الْجَاهِلِيَّةِ الْأُولَىٰ ۖ وَأَقِمْنَ الصَّلَاةَ وَآتِينَ الزَّكَاةَ وَأَطِعْنَ اللَّهَ وَرَسُولَهُ ۚ إِنَّمَا يُرِيدُ اللَّهُ لِيُذْهِبَ عَنكُمُ الرِّجْسَ أَهْلَ الْبَيْتِ وَيُطَهِّرَكُمْ تَطْهِيرًا
ထိုမှတပါး အသင်တို့သည် မိမိတို့နေအိမ်များ၌ပင်တည်ငြိမ်စွာနေကြလေကုန်၊ ထို့ပြင် ရှေးဟောင်း အမိုက်ခေတ်တွင် မိမိတို့ကိုယ်ကို ပြကြသကဲ့သို့ အသင်တို့သည် မိမိတို့ကိုယ်ကို မပြကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ‘ဆွလာတ်’ဝတ်ပြုမှုကို ဆောက်တည် ကြလေကုန်။ ထို့ပြင် အသင်တို့သည်’ဇကာတ်’ ပေးဆောင်ကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ် အမိန့်တော်ကိုလည်းကောင်း၊လိုက်နာကြလေကုန်။ အို-(နဗီတမန်တော်မြတ်၏) အိမ်တော်သူ အိမ်တော်သားတို့၊ အလ္လာဟ်အရှင်မြတ်သည် အသင်တို့မှမစင်ကြယ်မှုကို ပပျောက်စေတော်မူရန်နှင့် အသင်တို့အားကောင်းမွန်စွာ စင်ကြယ်သန့်ရှင်းတော်မူရန် ကိုသာလျှင်ရည်စူးတော်မူ၏၊
အလ်-အာ့ဇာ့ဗ်ကုရ်အာန် ညွှန်းကိန်း
73အာယာသ်
MedinanRevelation
31အာယာသ်

ဘာသာပြန် — အလ်-အာ့ဇာ့ဗ် 31

စူရာ အလ်-အာ့ဇာ့ဗ် အာယာသ် 31 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုနည်းတူစွာ မည်သူမဆို အသင်မတို့အနက်အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်၏ အမိန့်တော်ကိုလည်းကောင်း၊လိုက်နာသည်ရှိသော်၊ ၎င်းပြင် ကောင်းမြတ်သော အကျင့်သီလကို ဆောက်တည်သော်…

စူရာ အာယာသ် 31/73 — စူရာ အလ်-အာ့ဇာ့ဗ် الأحزاب (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ဇာ့ဗ် နားထောင်, စူရာ အလ်-အာ့ဇာ့ဗ် ဘာသာပြန်, စူရာ အလ်-အာ့ဇာ့ဗ် mp3, စူရာ အလ်-အာ့ဇာ့ဗ် pdf. အာယာသ် 29–33. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, September 8, 2026

Don't forget us in your sincere prayers