စဗ · 29/54
ဘာသာပြန် အသံနိုင်ငံ — စူရာ စဗ
وَيَقُولُونَ مَتَىٰ هَٰذَا الْوَعْدُ إِن كُنتُمْ صَادِقِينَ ۝٢٩
Wa yaqooloona mataa haazal wa`du in kuntum saadiqeen
📖 မြန်မာဘာသာ
ထို့ပြင် ၎င်းတို့က အကယ်၍ အသင်တို့သည်သစ္စာဝါဒီများ ဖြစ်ခဲ့ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ၌ ဖြစ်မြောက်အံ့နည်း ဟု မေးမြန်းကြကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 27-31 — စူရာ စဗ

27قُلْ أَرُونِيَ الَّذِينَ أَلْحَقْتُم بِهِ شُرَكَاءَ ۖ كَلَّا ۚ بَلْ هُوَ اللَّهُ الْعَزِيزُ الْحَكِيمُ
(အို-နဗီတမန်တော်) အသင်သည် ပြောကြားပါဦးလေ။ (အချင်းတို့၊) အသင်တို့သည် တွဲဖက်များအဖြစ် ထိုအရှင်မြတ်နှင့် ပေါင်းဖက်(ကိုးကွယ်)ခဲ့ကြသောသူတို့ကို ငါ့အားပြသကြလေကုန်၊ အလျှင်း မဟုတ်ပေ၊ စင်စစ်မှာ ထိုကိုးကွယ်ရာအစစ်ဖြစ်သည့် အရှင်မြတ်မှာကား အလွန်တရာ နိုင်နင်းလွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော၊အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
28وَمَا أَرْسَلْنَاكَ إِلَّا كَافَّةً لِّلنَّاسِ بَشِيرًا وَنَذِيرًا وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
(အို-နဗီတမန်တော်) အမှန်သော်ကား ငါအရှင်မြတ်သည် အသင့်အား ခပ်သိမ်းကုန်သောလူတို့အဖို့ ဝမ်းမြောက်ဖွယ်ရာသတင်း ပြောကြားသူအဖြစ် လည်းကောင်း၊သတိပေးနှိုးဆော်သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။သို့ရာတွင် များစွာသောသူတို့မှာ မသိနားမလည်ကြပေ။
29وَيَقُولُونَ مَتَىٰ هَٰذَا الْوَعْدُ إِن كُنتُمْ صَادِقِينَ
ထို့ပြင် ၎င်းတို့က အကယ်၍ အသင်တို့သည်သစ္စာဝါဒီများ ဖြစ်ခဲ့ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ၌ ဖြစ်မြောက်အံ့နည်း ဟု မေးမြန်းကြကုန်၏။
30قُل لَّكُم مِّيعَادُ يَوْمٍ لَّا تَسْتَأْخِرُونَ عَنْهُ سَاعَةً وَلَا تَسْتَقْدِمُونَ
အသင်သည် ဖြေကြားပါလေ၊(အချင်းတို့၊)အသင်တို့အား အထူးနေ့တစ်နေ့ကို ချိန်းချက်ထားသည်ဖြစ်ပေရာ၊အသင်တို့သည် ယင်းချိန်းချက်ထားသောနေ့မှ အချိန် အနည်းငယ်ခန့်မျှပင် နောက်ဆုတ်နိုင်ကြမည်လည်း မဟုတ်ပေ၊ ရှေ့တိုးနိုင်ကြမည်လည်း မဟုတ်ပြီတကား။
31وَقَالَ الَّذِينَ كَفَرُوا لَن نُّؤْمِنَ بِهَٰذَا الْقُرْآنِ وَلَا بِالَّذِي بَيْنَ يَدَيْهِ ۗ وَلَوْ تَرَىٰ إِذِ الظَّالِمُونَ مَوْقُوفُونَ عِندَ رَبِّهِمْ يَرْجِعُ بَعْضُهُمْ إِلَىٰ بَعْضٍ الْقَوْلَ يَقُولُ الَّذِينَ اسْتُضْعِفُوا لِلَّذِينَ اسْتَكْبَرُوا لَوْلَا أَنتُمْ لَكُنَّا مُؤْمِنِينَ
၎င်းပြင် ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူတို့က ကျွန်ုပ်တို့သည် ဤကုရ်အာန် ကျမ်းမြတ်ကိုလည်းကောင်း၊ ဤကုရ်အာန်ကျမ်းမြတ် အလျင်ရှိခဲ့သော (တောင်ရာတ်၊ အင်န်ဂျီလ်စသည့်)ကျမ်း များကိုလည်းကောင်း၊ အလျဉ်းယုံကြည်မည်မဟုတ် ဟု ပြောဆိုကြကုန်၏။ စင်စစ်သော်ကားမတရားကျူးလွန်ကြကုန်သောသူတို့သည် မိမိတို့အားဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ရှေ့တော်မှောက်တွင် မတ်တတ်ရပ်စေခြင်းကိုခံကြရ၍ အချင်းချင်း တစ်ဦးသည်တစ်ဦး၏အပေါ်သို့ အပြစ်လှည့်ချကြသည်ကို အသင် တွေ့မြင်ရလျှင်ကောင်းလေစွ။ (ထိုအခါ) နောက်လိုက်�ယ်သားတို့က အကြီးအကဲတို့အား အကယ်၍သာ အသင်တို့မရှိခဲ့ကြလျှင် ကျွန်ုပ်တို့သည် အမှန်ပင်’မုအ်မင်န်’သက်ဝင်ယုံကြည်သူများဖြစ်ကြ မည်ဟု ပြောဆိုကြပေမည်။
စဗကုရ်အာန် ညွှန်းကိန်း
54အာယာသ်
MeccanRevelation
29အာယာသ်

ဘာသာပြန် — စဗ 29

စူရာ စဗ အာယာသ် 29 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင် ၎င်းတို့က အကယ်၍ အသင်တို့သည်သစ္စာဝါဒီများ ဖြစ်ခဲ့ကြလျှင် ဤချိန်းဆိုချက်သည် မည်သည့်အခါ၌ ဖြစ်မြောက်အံ့နည်း ဟု မေးမြန်းကြကုန်၏။

စူရာ အာယာသ် 29/54 — စူရာ စဗ سبأ (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ စဗ နားထောင်, စူရာ စဗ ဘာသာပြန်, စူရာ စဗ mp3, စူရာ စဗ pdf. အာယာသ် 27–31. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers