အဇ်-ဇုမား · 40/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အဇ်-ဇုမား
مَن يَأْتِيهِ عَذَابٌ يُخْزِيهِ وَيَحِلُّ عَلَيْهِ عَذَابٌ مُّقِيمٌ ۝٤٠
Mai yaateehi `azaabuny yukhzeehi wa yahillu `alaihi `azaabum muqeem
📖 မြန်မာဘာသာ
(ဤပစ္စက္ခတွင်) မည်သူ၏ထံသို့ ၎င်းအား ဂုဏ်ရည်သေးသိမ်စေသော ပြစ်ဒဏ်ရောက်ရှိလာ၍ (နောင်တမလွန်ဘဝတွင်) မည်သူ၏အပေါ်၌ ထာဝစဉ် တည်ရှိနေမည်ဖြစ်သော ပြစ်ဒဏ် သက်ရောက်မည်ကို။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 38-42 — စူရာ အဇ်-ဇုမား

38وَلَئِن سَأَلْتَهُم مَّنْ خَلَقَ السَّمَاوَاتِ وَالْأَرْضَ لَيَقُولُنَّ اللَّهُ ۚ قُلْ أَفَرَأَيْتُم مَّا تَدْعُونَ مِن دُونِ اللَّهِ إِنْ أَرَادَنِيَ اللَّهُ بِضُرٍّ هَلْ هُنَّ كَاشِفَاتُ ضُرِّهِ أَوْ أَرَادَنِي بِرَحْمَةٍ هَلْ هُنَّ مُمْسِكَاتُ رَحْمَتِهِ ۚ قُلْ حَسْبِيَ اللَّهُ ۖ عَلَيْهِ يَتَوَكَّلُ الْمُتَوَكِّلُونَ
စင်စစ်သော်ကား (အို-နဗီတမန်တော်) အသင်သည် အကယ်၍ ထိုသူတို့အား မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ မည်သူ ဖန်ဆင်းခဲ့သနည်းဟု မေးမြန်းခဲ့ပါမူ၊ မလွဲဧကန် ၎င်းတို့က အလ္လာဟ်အရှင်မြတ်(ဖန်ဆင်းတော်မူခဲ့သည်)ဟူ၍ပင် ပြော(ဆိုဖြေ)ကြားကြပေမည်။ အသင်သည် (၎င်းတို့အား ဤသို့)ပြောကြား ပါလေ။(အချင်းတို့) သို့ဖြစ်လျှင် အသင်တို့သည် (ငါ့အား)ပြောကြလေကုန်။ အကယ်၍ အလ္လာဟ်အရှင် မြတ်သည် ငါ့အား တစ်စုံတစ်ရာ ဘေးဒုက္ခပေးလိုတော်မူခဲ့ပါလျှင် အလ္လာဟ်အရှင်မြတ်အားစွန့်၍ အသင်တို့ ဟစ်ခေါ်တသလျက်ရှိကြသည်တို့က ထိုအရှင်မြတ် သက်ရောက်စေတော်မူသော ဘေးဒုက္ခကို ဖယ်ရှားပေးနိုင်ကြမည်လော။ သို့တည်းမဟုတ် ထိုအရှင်မြတ်သည် ငါ့အား ကရုဏာတစ်စုံတစ်ရာပြုလိုတော်မူခဲ့ပါ လျှင် ၎င်းတို့သည် ထိုအရှင်မြတ်၏ ကရုဏာတော်ကို တားဆီးနိုင်ကြမည်လော။ (အို-နဗီတမန်တော်၊) အသင်သည် (၎င်းတို့အား)ပြောကြားပါလေ။ (အချင်းတို့၊) အလ္လာဟ်အရှင်မြတ်သည်ပင် ငါ၏အဖို့ လုံလောက်တော်မူ၏။ ယုံပုံလွှဲအပ်သူတို့သည် (မိမိတို့၏အမှုကိစ္စအဝဝတို့ကို) ထိုအရှင်မြတ်အပေါ်၌ပင် ယုံပုံလွှဲအပ်ကြကုန်၏။
39قُلْ يَا قَوْمِ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنِّي عَامِلٌ ۖ فَسَوْفَ تَعْلَمُونَ
(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) ပြောကြားပါလေ။ (အချင်းတို့၊) အသင်တို့သည် မိမိတို့၏(လက်ရှိ)အခြေအနေအတိုင်းပင် (ဆက်လက်၍) ကျင့်မူလျက် ရှိကြလေကုန်၊ ငါသည်လည်း (မိမိလက်ရှိအခြေအနေအတိုင်း)ကျင့်မူလျက်ပင် ရှိနေမည်။ မကြာမြင့်မီပင် အသင်တို့သည် သိရှိကြပေမည်။
40مَن يَأْتِيهِ عَذَابٌ يُخْزِيهِ وَيَحِلُّ عَلَيْهِ عَذَابٌ مُّقِيمٌ
(ဤပစ္စက္ခတွင်) မည်သူ၏ထံသို့ ၎င်းအား ဂုဏ်ရည်သေးသိမ်စေသော ပြစ်ဒဏ်ရောက်ရှိလာ၍ (နောင်တမလွန်ဘဝတွင်) မည်သူ၏အပေါ်၌ ထာဝစဉ် တည်ရှိနေမည်ဖြစ်သော ပြစ်ဒဏ် သက်ရောက်မည်ကို။
41إِنَّا أَنزَلْنَا عَلَيْكَ الْكِتَابَ لِلنَّاسِ بِالْحَقِّ ۖ فَمَنِ اهْتَدَىٰ فَلِنَفْسِهِ ۖ وَمَن ضَلَّ فَإِنَّمَا يَضِلُّ عَلَيْهَا ۖ وَمَا أَنتَ عَلَيْهِم بِوَكِيلٍ
(အို-နဗီတမန်တော်) ဧကန်အမှန် ငါအရှင်မြတ်သည် အသင့်အပေါ် (ဤကုရ်အာန်)ကျမ်းတော်မြတ်ကို လူတို့အကျိုးငှာ တိကျမှန်ကန်စွာ ချပေးသနားတော်မူခဲ့၏။ သို့ဖြစ်ပေရာ မည်သူမဆို တရားလမ်းမှန်ကို ရယူခဲ့လျှင် (ယင်းတရားလမ်းမှန် ရရှိခြင်း၏အကျိုးမှာ) ၎င်း၏အဖို့ဖြစ်ပေမည်။ ထိုနည်းတူစွာ မည်သူမဆို လမ်းလွဲခဲ့မူ၊ (ယင်းလမ်းလွဲမှု၏ ဆုံးရှုံးမှုမှာလည်း)ထိုသူ၏အပေါ်၌သာလျှင် ကျရောက်ပေမည်။ စင်စစ်သော်ကား အသင်သည် ၎င်းတို့အပေါ်၌ တာဝန်ရှိသူအဖြစ် (စေလွှတ်ခြင်းခံခဲ့ရသည်) မဟုတ်ပေ။
42اللَّهُ يَتَوَفَّى الْأَنفُسَ حِينَ مَوْتِهَا وَالَّتِي لَمْ تَمُتْ فِي مَنَامِهَا ۖ فَيُمْسِكُ الَّتِي قَضَىٰ عَلَيْهَا الْمَوْتَ وَيُرْسِلُ الْأُخْرَىٰ إِلَىٰ أَجَلٍ مُّسَمًّى ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يَتَفَكَّرُونَ
အလ္လာဟ်အရှင်မြတ်သည်ပင်(သေဆုံးရန်အချိန်ရောက်သော) အသက်ဇီဝိန်များကို ၎င်းတို့သေဆုံးချိန်၌ နုတ်သိမ်းတော်မူ၏။ ထိုနည်းတူစွာ သေဆုံးရန် အချိန်မရောက်သေးသော အသက်ဇီဝိန်များကိုလည်း ၎င်းတို့အိပ်စက်ရာ၌(နုတ်သိမ်းတော်မူ၏)။ ထို့နောက် သေဆုံးရန် စီရင်ဆုံးဖြတ်တော် မူ(ပြီးဖြစ်)သော အသက်ဇီဝိန်များကို ထိုအရှင်မြတ်သည် တားဆီး၍ ထားတော်မူ၏။ သို့ရာတွင် ကျန်အသက်ဇီဝိန်တို့ကိုမူ ထိုအရှင်မြတ်သည် သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် လွှတ်ထားတော်မူ၏။ ဧကန်မလွဲ ဤသည်တွင် စဉ်းစားဆင်ခြင်ကြကုန်သော အမျိုးသားတို့အဖို့ သက်သေလက္ခဏာရပ်များသည် အမှန်ပင် ရှိကြပေသတည်း။
အဇ်-ဇုမားကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MeccanRevelation
40အာယာသ်

ဘာသာပြန် — အဇ်-ဇုမား 40

စူရာ အဇ်-ဇုမား အာယာသ် 40 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ဤပစ္စက္ခတွင်) မည်သူ၏ထံသို့ ၎င်းအား ဂုဏ်ရည်သေးသိမ်စေသော ပြစ်ဒဏ်ရောက်ရှိလာ၍ (နောင်တမလွန်ဘဝတွင်) မည်သူ၏အပေါ်၌ ထာဝစဉ် တည်ရှိနေမည်ဖြစ်သော ပြစ်ဒဏ်…

စူရာ အာယာသ် 40/75 — စူရာ အဇ်-ဇုမား الزمر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အဇ်-ဇုမား နားထောင်, စူရာ အဇ်-ဇုမား ဘာသာပြန်, စူရာ အဇ်-ဇုမား mp3, စူရာ အဇ်-ဇုမား pdf. အာယာသ် 38–42. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, September 30, 2026

Don't forget us in your sincere prayers