وَلَوْ أَنَّا كَتَبْنَا عَلَيْهِمْ أَنِ اقْتُلُوا أَنفُسَكُمْ أَوِ اخْرُجُوا مِن دِيَارِكُم مَّا فَعَلُوهُ إِلَّا قَلِيلٌ مِّنْهُمْ ۖ وَلَوْ أَنَّهُمْ فَعَلُوا مَا يُوعَظُونَ بِهِ لَكَانَ خَيْرًا لَّهُمْ وَأَشَدَّ تَثْبِيتًا ٦٦
🔤 Transliteration
Wa law annaa katabnaa `alaihim aniq tulooo anfusakum awikh rujoo min diyaarikum maa fa`aloohu illaa qaleelum minhum wa law annahum fa`aloo maa yoo`azoona bihee lakaana khairal lahum wa ashadda tasbeetaa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင်၊ အကယ်၍သာ ငါအရှင်မြတ်သည် ထိုသူတို့အပေါ်ဝယ်၊ “အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ပင် သတ်ဖြတ်ကြလေကုန်” ဟူ၍သော်လည်းကောင်း၊ “အသင်တို့သည် မိမိတို့ (နေရင်း) ဒေသများမှ ထွက်ခွာသွားကြလေကုန်” ဟူ၍သော်လည်းကောင်း (အမိန့်တော်) သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့ပါလျှင် ထိုသူတို့အနက်မှ အနည်းငယ်မျှသောသူတို့မှတစ်ပါး အခြားသူတို့မှာမူကား၊ ထိုပြဋ္ဌာန်းချက်ကို လိုက်နာကျင့်သုံးကြမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍သာ ၎င်းတို့သည်၊ ၎င်းတို့ဆုံးမခြင်းခံကြရသော အမှုကိစ္စများကို လိုက်နာဆောင်ရွက်ကြပါမူ (ယင်းသို့ လိုက်နာဆောင်ရွက်ခြင်းသည်ကား) ၎င်းတို့အဖို့ အကောင်းဆုံးဖြစ်ခဲ့သည့်အပြင်၊ (၎င်းတို့၏‘အီမာန်’ ယုံကြည်မှုကို) ပိုမို၍ပင် ခိုင်မြဲစေမည်လည်း ဖြစ်အံ့သတည်း။
🌐 Additional reference in ภาษาไทย
၁) အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ ကသဗ်နာ (كَتَبْنَا ) — ကျွန်ုပ်တို့ ပြဌာန်းခဲ့သည်၊ တာဝန်ပေးခဲ့သည်။ အန်-နဖ်စကုမ် (أَنفُسَكُمْ ) — သင်တို့၏ ကိုယ်ကိုကိုယ်၊ သင်တို့အနက်မှ တစ်ဦးကိုတစ်ဦး။ ဒိယာရကုမ် (دِيَارِكُم ) — သင်တို့၏ နေအိမ်များ၊ ဒေသများ။ မာ ဖာအလူဟု (مَا فَعَلُوهُ ) — သူတို့သည် ထိုအမိန့်ကို မလိုက်နာကြပါ။ မာ ယူအဇူန (مَا يُوعَظُونَ بِهِ ) — သူတို့အား ဆုံးမဩဝါဒပေးခံရသော အရာ၊ ညွှန်ကြားခံရသော အရာ။ တပ်စ်ဗီတန် (تَثْبِيتًا ) — ခိုင်မြဲစေခြင်း၊ အခိုင်အမာ ရပ်တည်စေခြင်း။ ၂) အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ အမိန့်တော်များကို လိုက်နာရန် ပျက်ကွက်နေကြသော သူများအား သတိပေးဆုံးမတော်မူသော အာယသ်တော် ဖြစ်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ် “သင်တို့အနက်မှ တစ်ဦးကိုတစ်ဦး သတ်ကြလော့” သို့မဟုတ် “သင်တို့၏ နေအိမ်များမှ ထွက်ခွာသွားကြလော့” ဟု ပြဌာန်းတော်မူခဲ့ပါက သူတို့အနက်မှ အနည်းငယ်သော လူအုပ်စုမှအပ ကျန်သူများသည် ထိုအမိန့်ကို လိုက်နာကြမည် မဟုတ်ပေ။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ် ခက်ခဲကြမ်းတမ်းသော တာဝန်များကို မပြဌာန်းတော်မူခဲ့သည့်အတွက် သူတို့သည် အရှင်မြတ်အား ကျေးဇူးတင်ကြရမည် ဖြစ်ပါသည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ရစူလ်တမန်တော်မြတ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) အား လိုက်နာရန် သူတို့အား ဆုံးမဩဝါဒပေးခံရသော အရာများကို သူတို့အမှန်တကယ် လိုက်နာခဲ့ကြပါက ထိုသို့လိုက်နာခြင်းသည် သူတို့အတွက် များစွာကောင်းကျိုးရှိမည် ဖြစ်ပြီး၊ သူတို့၏ ဤမာန်ယုံကြည်မှုကို ပို၍ပင် ခိုင်မြဲစေမည် ဖြစ်ကြောင်း မိန့်တော်မူပါသည်။ ဆိုလိုသည်မှာ အမိန့်တော်များကို လိုက်နာခြင်းသည် ဤလောကနှင့် နောင်တမလွန်ဘဝတွင် ကောင်းကျိုးချမ်းသာများကို ရရှိစေပြီး၊ ယုံကြည်မှုကို အခိုင်အမာ ရပ်တည်စေကာ၊ အလ္လာဟ်အရှင်မြတ်နှင့် ဂျန္နသ်သုခဘုံသို့ ပို့ဆောင်သော လမ်းစဉ်သို့ ရောက်ရှိစေမည် ဖြစ်ပါသည်။
**၃) ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်နှင့် ကုရ်အာန်ကို ချစ်မြတ်နိုးစေသ
وَلَوۡ أَنَّا كَتَبۡنَا عَلَيۡهِمۡ أَنِ ٱقۡتُلُوٓاْ أَنفُسَكُمۡ أَوِ ٱخۡرُجُواْ مِن دِيَٰرِكُم مَّا فَعَلُوهُ إِلَّا قَلِيلٌ مِّنۡهُمۡۖ وَلَوۡ أَنَّهُمۡ فَعَلُواْ مَا يُوعَظُونَ بِهِۦ لَكَانَ خَيۡرًا لَّهُمۡ وَأَشَدَّ تَثۡبِيتًا ٦٦
၎င်းပြင်၊ အကယ်၍သာ ငါအရှင်မြတ်သည် ထိုသူတို့အပေါ်ဝယ်၊ “အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ပင် သတ်ဖြတ်ကြလေကုန်” ဟူ၍သော်လည်းကောင်း၊ “အသင်တို့သည် မိမိတို့ (နေရင်း) ဒေသများမှ ထွက်ခွာသွားကြလေကုန်” ဟူ၍သော်လည်းကောင်း (အမိန့်တော်) သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့ပါလျှင် ထိုသူတို့အနက်မှ အနည်းငယ်မျှသောသူတို့မှတစ်ပါး အခြားသူတို့မှာမူကား၊ ထိုပြဋ္ဌာန်းချက်ကို လိုက်နာကျင့်သုံးကြမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍သာ ၎င်းတို့သည်၊ ၎င်းတို့ဆုံးမခြင်းခံကြရသော အမှုကိစ္စများကို လိုက်နာဆောင်ရွက်ကြပါမူ (ယင်းသို့ လိုက်နာဆောင်ရွက်ခြင်းသည်ကား) ၎င်းတို့အဖို့ အကောင်းဆုံးဖြစ်ခဲ့သည့်အပြင်၊ (၎င်းတို့၏‘အီမာန်’ ယုံကြည်မှုကို) ပိုမို၍ပင် ခိုင်မြဲစေမည်လည်း ဖြစ်အံ့သတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 64-68 — စူရာ အန်-နီဆာ
64 وَمَا أَرْسَلْنَا مِن رَّسُولٍ إِلَّا لِيُطَاعَ بِإِذْنِ اللَّهِ ۚ وَلَوْ أَنَّهُمْ إِذ ظَّلَمُوا أَنفُسَهُمْ جَاءُوكَ فَاسْتَغْفَرُوا اللَّهَ وَاسْتَغْفَرَ لَهُمُ الرَّسُولُ لَوَجَدُوا اللَّهَ تَوَّابًا رَّحِيمًا
အမှန်စင်စစ် ငါအရှင်မြတ်သည် ရစူလ်တမန်တော်အပါင်းတို့အား စေလွှတ်တော်မူခဲ့ခြင်းမှာ အလ္လာဟ်အရှင်မြတ်၏အမိန့်တော်ဖြင့် (လူခပ်သိမ်းတို့သည်) ထိုရစူလ်တမန်တော်များ၏ ဩဝါဒများကို နာခံကြရန်အတွက်သာလျှင် ဖြစ်ပေသည်။ တစ်ဖန် အကယ်၍သာ ထိုသူတို့သည် မိမိတို့ကိုယ်ကို နှိပ်စက်ကလူပြုမိခဲ့ကြလျှင် အသင့်ထံလာကြ၍ အလ္လာဟ်အရှင်မြတ်ထံတော်၌ ချမ်းသာခွင့်ကို အသနားခံပေးသည်ရှိသော်၊ ၎င်းပြင် ရစူလ်တမန်တော်ကလည်း ၎င်းတို့အဖို့ ချမ်းသာခွင့်ကို အသနားခံပေးသည်ရှိသော် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အား အကြိမ်ကြိမ် ကရုဏာတော်နှင့် ပြန်လှည့်တော်မူသော အရှင်အဖြစ်လည်းကောင်း၊ အလွန် သနားကြင်နာ ညှာတာတော်မူသော အရှင်အဖြစ်လည်ကောင်း တွေ့ရှိကြရမည်မှာ မလွဲဧကန်တည်း။
65 فَلَا وَرَبِّكَ لَا يُؤْمِنُونَ حَتَّىٰ يُحَكِّمُوكَ فِيمَا شَجَرَ بَيْنَهُمْ ثُمَّ لَا يَجِدُوا فِي أَنفُسِهِمْ حَرَجًا مِّمَّا قَضَيْتَ وَيُسَلِّمُوا تَسْلِيمًا
သို့ဖြစ်ပေရာ၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ‘ကစမ်’ ထိုသူတို့သည် မိမိတို့အချင်းချင်း အငြင်းပွားသော ပြဿနာနှင့်စပ်လျဉ်း၍ အသင်အား ခုံသမာဓိတင်မြှောက်ခြင်း မရှိသမျှကာလပတ်လုံး၊ ပြီးနောက် ၎င်းတို့သည် အသင်စီရင်ခဲ့သော ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ မိမိတို့စိတ်တွင်းဝယ်၊ မည်သည့် ကျဉ်းကျပ်မှုကိုမျှ မတွေ့ရှိကြသည့်ပြင် (ယင်းစီရင်ဆုံးဖြတ်ချက်ကို) အပြည့်အစုံ (ကြည်ဖြူစွာ) လက်ခံနာယူခြင်း မရှိသမျှကာလပတ်လုံး ထိုသူတို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများ ဖြစ်နိုင်ကြမည်မဟုတ်ပေ။
66 وَلَوْ أَنَّا كَتَبْنَا عَلَيْهِمْ أَنِ اقْتُلُوا أَنفُسَكُمْ أَوِ اخْرُجُوا مِن دِيَارِكُم مَّا فَعَلُوهُ إِلَّا قَلِيلٌ مِّنْهُمْ ۖ وَلَوْ أَنَّهُمْ فَعَلُوا مَا يُوعَظُونَ بِهِ لَكَانَ خَيْرًا لَّهُمْ وَأَشَدَّ تَثْبِيتًا
၎င်းပြင်၊ အကယ်၍သာ ငါအရှင်မြတ်သည် ထိုသူတို့အပေါ်ဝယ်၊ “အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ပင် သတ်ဖြတ်ကြလေကုန်” ဟူ၍သော်လည်းကောင်း၊ “အသင်တို့သည် မိမိတို့ (နေရင်း) ဒေသများမှ ထွက်ခွာသွားကြလေကုန်” ဟူ၍သော်လည်းကောင်း (အမိန့်တော်) သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့ပါလျှင် ထိုသူတို့အနက်မှ အနည်းငယ်မျှသောသူတို့မှတစ်ပါး အခြားသူတို့မှာမူကား၊ ထိုပြဋ္ဌာန်းချက်ကို လိုက်နာကျင့်သုံးကြမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍သာ ၎င်းတို့သည်၊ ၎င်းတို့ဆုံးမခြင်းခံကြရသော အမှုကိစ္စများကို လိုက်နာဆောင်ရွက်ကြပါမူ (ယင်းသို့ လိုက်နာဆောင်ရွက်ခြင်းသည်ကား) ၎င်းတို့အဖို့ အကောင်းဆုံးဖြစ်ခဲ့သည့်အပြင်၊ (၎င်းတို့၏‘အီမာန်’ ယုံကြည်မှုကို) ပိုမို၍ပင် ခိုင်မြဲစေမည်လည်း ဖြစ်အံ့သတည်း။
67 وَإِذًا لَّآتَيْنَاهُم مِّن لَّدُنَّا أَجْرًا عَظِيمًا
၎င်းပြင်၊ ထိုအချိန်အခါမျိုးတွင် ဧကန်စင်စစ် ငါအရှင်မြတ်သည် ထိုသူတို့အား မိမိအထံတော်မှ ကြီးကျယ်မြင့်မြတ်လှစွာသော အကျိုးကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူပေမည်။
68 وَلَهَدَيْنَاهُمْ صِرَاطًا مُّسْتَقِيمًا
ထိုမှတစ်ပါး၊ ဧကန်မလွဲ ငါအရှင်မြတ်သည် ထိုသူတို့အား ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်ကိုလည်း ညွှန်ကြားပြသတော်မူပေမည်။
ဘာသာပြန် — အန်-နီဆာ 66 စူရာ အန်-နီဆာ အာယာသ် 66 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင်၊ အကယ်၍သာ ငါအရှင်မြတ်သည် ထိုသူတို့အပေါ်ဝယ်၊ “အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ပင် သတ်ဖြတ်ကြလေကုန်” ဟူ၍သော်လည်းကောင်း၊ “အသင်တို့သည်…
စူရာ အာယာသ် 66/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 64–68. မြန်မာဘာသာ: ภาษาไทย.