အန်-နီဆာ · 67/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَإِذًا لَّآتَيْنَاهُم مِّن لَّدُنَّا أَجْرًا عَظِيمًا ۝٦٧
Wa izal la aatainaahum mil ladunnaaa ajran `azeemaa
📖 မြန်မာဘာသာ
၎င်းပြင်၊ ထိုအချိန်အခါမျိုးတွင် ဧကန်စင်စစ် ငါအရှင်မြတ်သည် ထိုသူတို့အား မိမိအထံတော်မှ ကြီးကျယ်မြင့်မြတ်လှစွာသော အကျိုးကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 65-69 — စူရာ အန်-နီဆာ

65فَلَا وَرَبِّكَ لَا يُؤْمِنُونَ حَتَّىٰ يُحَكِّمُوكَ فِيمَا شَجَرَ بَيْنَهُمْ ثُمَّ لَا يَجِدُوا فِي أَنفُسِهِمْ حَرَجًا مِّمَّا قَضَيْتَ وَيُسَلِّمُوا تَسْلِيمًا
သို့ဖြစ်ပေရာ၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ‘ကစမ်’ ထိုသူတို့သည် မိမိတို့အချင်းချင်း အငြင်းပွားသော ပြဿနာနှင့်စပ်လျဉ်း၍ အသင်အား ခုံသမာဓိတင်မြှောက်ခြင်း မရှိသမျှကာလပတ်လုံး၊ ပြီးနောက် ၎င်းတို့သည် အသင်စီရင်ခဲ့သော ဆုံးဖြတ်ချက်နှင့်စပ်လျဉ်း၍ မိမိတို့စိတ်တွင်းဝယ်၊ မည်သည့် ကျဉ်းကျပ်မှုကိုမျှ မတွေ့ရှိကြသည့်ပြင် (ယင်းစီရင်ဆုံးဖြတ်ချက်ကို) အပြည့်အစုံ (ကြည်ဖြူစွာ) လက်ခံနာယူခြင်း မရှိသမျှကာလပတ်လုံး ထိုသူတို့သည် ‘မုအ်မင်န်’ သက်ဝင်ယုံကြည်သူများ ဖြစ်နိုင်ကြမည်မဟုတ်ပေ။
66وَلَوْ أَنَّا كَتَبْنَا عَلَيْهِمْ أَنِ اقْتُلُوا أَنفُسَكُمْ أَوِ اخْرُجُوا مِن دِيَارِكُم مَّا فَعَلُوهُ إِلَّا قَلِيلٌ مِّنْهُمْ ۖ وَلَوْ أَنَّهُمْ فَعَلُوا مَا يُوعَظُونَ بِهِ لَكَانَ خَيْرًا لَّهُمْ وَأَشَدَّ تَثْبِيتًا
၎င်းပြင်၊ အကယ်၍သာ ငါအရှင်မြတ်သည် ထိုသူတို့အပေါ်ဝယ်၊ “အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ပင် သတ်ဖြတ်ကြလေကုန်” ဟူ၍သော်လည်းကောင်း၊ “အသင်တို့သည် မိမိတို့ (နေရင်း) ဒေသများမှ ထွက်ခွာသွားကြလေကုန်” ဟူ၍သော်လည်းကောင်း (အမိန့်တော်) သတ်မှတ်ပြဋ္ဌာန်းတော်မူခဲ့ပါလျှင် ထိုသူတို့အနက်မှ အနည်းငယ်မျှသောသူတို့မှတစ်ပါး အခြားသူတို့မှာမူကား၊ ထိုပြဋ္ဌာန်းချက်ကို လိုက်နာကျင့်သုံးကြမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍သာ ၎င်းတို့သည်၊ ၎င်းတို့ဆုံးမခြင်းခံကြရသော အမှုကိစ္စများကို လိုက်နာဆောင်ရွက်ကြပါမူ (ယင်းသို့ လိုက်နာဆောင်ရွက်ခြင်းသည်ကား) ၎င်းတို့အဖို့ အကောင်းဆုံးဖြစ်ခဲ့သည့်အပြင်၊ (၎င်းတို့၏‘အီမာန်’ ယုံကြည်မှုကို) ပိုမို၍ပင် ခိုင်မြဲစေမည်လည်း ဖြစ်အံ့သတည်း။
67وَإِذًا لَّآتَيْنَاهُم مِّن لَّدُنَّا أَجْرًا عَظِيمًا
၎င်းပြင်၊ ထိုအချိန်အခါမျိုးတွင် ဧကန်စင်စစ် ငါအရှင်မြတ်သည် ထိုသူတို့အား မိမိအထံတော်မှ ကြီးကျယ်မြင့်မြတ်လှစွာသော အကျိုးကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူပေမည်။
68وَلَهَدَيْنَاهُمْ صِرَاطًا مُّسْتَقِيمًا
ထိုမှတစ်ပါး၊ ဧကန်မလွဲ ငါအရှင်မြတ်သည် ထိုသူတို့အား ဖြောင့်မတ်မှန်ကန်သော တရားလမ်းစဉ်ကိုလည်း ညွှန်ကြားပြသတော်မူပေမည်။
69وَمَن يُطِعِ اللَّهَ وَالرَّسُولَ فَأُولَٰئِكَ مَعَ الَّذِينَ أَنْعَمَ اللَّهُ عَلَيْهِم مِّنَ النَّبِيِّينَ وَالصِّدِّيقِينَ وَالشُّهَدَاءِ وَالصَّالِحِينَ ۚ وَحَسُنَ أُولَٰئِكَ رَفِيقًا
အမှန်စင်စစ်သော်က�း၊ အကြင်သူသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကိုလည်းကောင်း၊ ရစူလ်တမန်တော်၏ (အမိန့်တော်များ) ကိုလည်းကောင်း လိုက်နာအံ။ ယင်း (ကဲ့သို့သော) သူတို့သည် အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူသော နဗီတမန်တော်များ၊ ‘ဆွစ်ဒ္ဒီက်’ တိကျမှန်ကန်စွာ ပြောဆိုပြုလုပ်ဆောင်ရွက်သူများ၊ ‘ရှဟီဒ်’ အလ္လာဟ် အရှင်မြတ်၏လမ်းတော်၌ အသက်ဇီဝိန်ကိုစွန့်သူ များ၊ ‘ဆွာလိဟ်’သူတော်စင် သူတော်ကောင်းများနှင့် အတူတကွရှိကြလတ္တံ့။ စင်စစ်ဆိုသော် ယင်းသူတို့သည် အဘယ်မျှလောက် မွန်မြတ်လှစွာသော ‘မိတ်သဟာရ’ အဖော်အဖက်များ ဖြစ်ကြပေသနည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
67အာယာသ်

ဘာသာပြန် — အန်-နီဆာ 67

စူရာ အန်-နီဆာ အာယာသ် 67 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင်၊ ထိုအချိန်အခါမျိုးတွင် ဧကန်စင်စစ် ငါအရှင်မြတ်သည် ထိုသူတို့အား မိမိအထံတော်မှ ကြီးကျယ်မြင့်မြတ်လှစွာသော အကျိုးကျေးဇူးတော်ကို ချီးမြှင့်ပေးသနားတော်မူပေမည်။

စူရာ အာယာသ် 67/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 65–69. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers