အက်ရှ်-ရှူရာ · 17/53
ဘာသာပြန် အသံနိုင်ငံ — စူရာ အက်ရှ်-ရှူရာ
اللَّهُ الَّذِي أَنزَلَ الْكِتَابَ بِالْحَقِّ وَالْمِيزَانَ ۗ وَمَا يُدْرِيكَ لَعَلَّ السَّاعَةَ قَرِيبٌ ۝١٧
Allahul lazeee anzalal Kitaaba bilhaqqi wal Meezaan; wa ma yudreeka la`allas Saa`ata qareeb
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်သည်ပင် ကျမ်းဂန်ဒေသနာတော်ကိုလည်းကောင်း၊ တရားမျှတမှုကိုလည်းကောင်း၊ တိကျမှန်ကန်စွာ ချပေးတော်မူသောအရှင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား (အို-နဗီတမန်တော်)အသင်မသိ။ ကိယာမတ်ရှင်ပြန်ထမည့် အချိန်ကာလသည် နီးကပ်စွာရှိတန်ရာသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ—
  • الْكِتَابَ (အလ်ကီတာဗ်) — ကျမ်းတော်၊ ဤနေရာတွင် ကုရ်အာန်ကျမ်းတော်မြတ်ကို ဆိုလိုသည်။
  • بِالْحَقِّ (ဗိလ်ဟက္က်) — အမှန်တရားနှင့်တကွ၊ သစ္စာတရား၊ တရားမှန်ကန်မှုနှင့်တကွ။
  • الْمِيزَانَ (အလ်မီဇာန်) — ချိန်ခွင်၊ တရားမျှတမှု၊ ဓမ္မတရား။
  • وَمَا يُدْرِيكَ (ဝမာ ယုဒ်ရီက) — မည်သည့်အရာက သင့်အား အသိပေးနိုင်သနည်း၊ သင့်အား မည်သည့်အရာက သိစေနိုင်မည်နည်း။
  • السَّاعَةَ (အစ္စာအဟ်) — ကိယာမသ်နေ့၊ ရှင်ပြန်ထမြောက်မည့်နေ့။
  • قَرِيبٌ (ကရီဗ်) — နီးသော၊ အနီးကပ်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်—

အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို သစ္စာတရား၊ အမှန်တရားနှင့်တကွ ချမှတ်ပေးအပ်တော်မူခဲ့သည်။ ထိုကျမ်းတော်တွင် လူသားတို့အတွက် လမ်းညွှန်ချက်များ၊ တရားဥပဒေများ၊ ဟလာလ်နှင့် ဟရာမ်ကို ခွဲခြားရှင်းလင်းစွာ ဖော်ပြထားတော်မူသည်။ ထို့အပြင် အရှင်မြတ်သည် ချိန်ခွင်လျှာ—ဆိုလိုသည်မှာ တရားမျှတမှုကို ချမှတ်ပေးအပ်တော်မူခဲ့သည်။ လူသားတို့သည် တစ်ဦးနှင့်တစ်ဦး အကြားတွင် တရားမျှတစွာ ဆောင်ရွက်ကြရန်၊ မတရားမှုများကို ရှောင်ကြဉ်ကြရန် ဖြစ်သည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် နဗီတမန်တော်မြတ်ထံ မိန့်ကြားတော်မူသည်မှာ— ကိယာမသ်နေ့သည် မည်သည့်အချိန်တွင် ဖြစ်ပေါ်မည်ကို မည်သူမျှ မသိနိုင်ပါ။ သို့သော် ထိုနေ့သည် အလွန်နီးကပ်နေနိုင်သည်။ လူသားတို့သည် ထိုနေ့ကို မေးခွန်းထုတ်လျက် ငြင်းပယ်နေကြသော်လည်း၊ အမှန်တကယ်တွင် ရောက်လာမည့်အရာတိုင်းသည် နီးကပ်လျက်ရှိသည်။ ထို့ကြောင့် လူသားတို့သည် ကိယာမသ်နေ့အတွက် အသင့်ပြင်ဆင်ထားကြရမည် ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ—
  • အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကျမ်းတော်မြတ်ကို အမှန်တရားနှင့်တကွ ချမှတ်ပေးအပ်တော်မူခဲ့သည်။ ထိုကျမ်းတော်သည် လူသားတို့အတွက် လမ်းညွှန်မှုနှင့် အလင်းရောင် ဖြစ်သည်။ ထိုကျမ်းတော်ကို လိုက်နာကျင့်သုံးခြင်းဖြင့် လူသားတို့သည် ဤဘဝနှင့် နောင်ဘဝတွင် အောင်မြင်မှု ရရှိနိုင်သည်။
  • အရှင်မြတ်သည် တရားမျှတမှုကို


📜 အာယာသ် 15-19 — စူရာ အက်ရှ်-ရှူရာ

15فَلِذَٰلِكَ فَادْعُ ۖ وَاسْتَقِمْ كَمَا أُمِرْتَ ۖ وَلَا تَتَّبِعْ أَهْوَاءَهُمْ ۖ وَقُلْ آمَنتُ بِمَا أَنزَلَ اللَّهُ مِن كِتَابٍ ۖ وَأُمِرْتُ لِأَعْدِلَ بَيْنَكُمُ ۖ اللَّهُ رَبُّنَا وَرَبُّكُمْ ۖ لَنَا أَعْمَالُنَا وَلَكُمْ أَعْمَالُكُمْ ۖ لَا حُجَّةَ بَيْنَنَا وَبَيْنَكُمُ ۖ اللَّهُ يَجْمَعُ بَيْنَنَا ۖ وَإِلَيْهِ الْمَصِيرُ
သို့ဖြစ်ပေရာ(အို-နဗီတမန်တော်)ထိုသည့် အတွက်ကြောင့်ပင် အသင်သည် (၎င်းတို့အား မှန်ကန်သော ဒီန်သာသနာတော်သို့) ဖိတ်ခေါ်လျက်ရှိပါလေ။ ၎င်းပြင် အသင်သည်မိမိအမိန့်ပေးခြင်း ခံခဲ့ရသည့်အတိုင်း ဖြောင့်မတ်စွာ ရှိနေပါလေ။ ထို့ပြင် အသင်သည် ၎င်းတို့၏အလိုဆန္ဒများကို မလိုက်နာလေနှင့်၊ ထိုမှတစ်ပါး အသင်သည် ဤသို့ပြောကြားပါလေ။ငါသည် အလ္လာဟ်အရှင်မြတ် ချပေးတော်မူခဲ့သော မည်သည့်ကျမ်းဂန်ကိုမဆို သက်ဝင်ယုံကြည်ပြီးဖြစ်၏။ ၎င်းပြင် ငါသည်အသင်တို့အကြား၌ တရားမျှတရန် အမိန့်ပေးခြင်းကိုခံရ၏။အလ္လာဟ်အရှင်မြတ်သည် ငါတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်လည်းဖြစ်တော်မူ၏။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူ၏။ ငါတို့၏အကျင့်အမူတို့မှာ ငါတို့အဖို့ဖြစ်၍ အသင်တို့၏အကျင့် အမူတို့ကား အသင်တို့အဖို့ ဖြစ်၏။ ငါတို့နှင့်အသင်တို့၏အကြား၌မည်သို့မျှ အငြင်းအခုံပြုရန်မရှိပြီ။ အလ္လာဟ်အရှင်မြတ်သည်ပင် ငါတို့အားလုံးကို စုရုံးတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်ကြရပေမည်။
16وَالَّذِينَ يُحَاجُّونَ فِي اللَّهِ مِن بَعْدِ مَا اسْتُجِيبَ لَهُ حُجَّتُهُمْ دَاحِضَةٌ عِندَ رَبِّهِمْ وَعَلَيْهِمْ غَضَبٌ وَلَهُمْ عَذَابٌ شَدِيدٌ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ထိုအရှင်မြတ်အား ဟုတ်မှန်ကြောင်း ဝန်ခံပြီးဖြစ်သည့်နောက်သော်မှပင် အငြင်းအခုံပြုကြကုန် သောသူတို့၏ အငြင်းအခုံပြုခြင်းမှာ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ အလွဲအချော်ပင် ဖြစ်ပေသည်။ ထို့ပြင်၎င်းတို့အပေါ်၌ အမျက်တော်ကျရောက်မည့်အပြင် ၎င်းတို့၌ပြင်းထန်လှ စွာသော အပြစ်ဒဏ်သည်လည်း ရှိချိမ့်မည်။
17اللَّهُ الَّذِي أَنزَلَ الْكِتَابَ بِالْحَقِّ وَالْمِيزَانَ ۗ وَمَا يُدْرِيكَ لَعَلَّ السَّاعَةَ قَرِيبٌ
အလ္လာဟ်အရှင်မြတ်သည်ပင် ကျမ်းဂန်ဒေသနာတော်ကိုလည်းကောင်း၊ တရားမျှတမှုကိုလည်းကောင်း၊ တိကျမှန်ကန်စွာ ချပေးတော်မူသောအရှင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား (အို-နဗီတမန်တော်)အသင်မသိ။ ကိယာမတ်ရှင်ပြန်ထမည့် အချိန်ကာလသည် နီးကပ်စွာရှိတန်ရာသည်။
18يَسْتَعْجِلُ بِهَا الَّذِينَ لَا يُؤْمِنُونَ بِهَا ۖ وَالَّذِينَ آمَنُوا مُشْفِقُونَ مِنْهَا وَيَعْلَمُونَ أَنَّهَا الْحَقُّ ۗ أَلَا إِنَّ الَّذِينَ يُمَارُونَ فِي السَّاعَةِ لَفِي ضَلَالٍ بَعِيدٍ
ယင်း ကိယာမတ်ရှင်ပြန်ထမည့်အချိန်နှင့်စပ်လျဉ်း၍ ၎င်းကို မယုံကြည်သောသူတို့သည်သာလျှင် အလျင်စလိုပြုလျက်ရှိကြကုန်၏။ သို့ရာတွင်မုအ်မင်န်သက်ဝင်ယုံကြည်သူတို့မှာမူကား ယင်းကိယာမတ်ရှင်ပြန်ထမည့် အချိန်ကာလကို စိုးရိမ်၍နေကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ၎င်းကို မှန်ကန်သည်ဟု ယုံကြည်ကြကုန်၏။ သတိပြုကြလေကုန်။ ကိယာမတ် ရှင်ပြန်ထမည့် အချိန်ကာလနှင့်စပ်လျဉ်၍ အငြင်းအခုံပြုကြသောသူတို့မှာမူကား လွန်စွာဝေးကွာလှသောလမ်းမှား၌ ရှိနေကြကုန်သတည်း။
19اللَّهُ لَطِيفٌ بِعِبَادِهِ يَرْزُقُ مَن يَشَاءُ ۖ وَهُوَ الْقَوِيُّ الْعَزِيزُ
အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်တို့၏အလွန်နက်နဲသိမ်မွေ့သော အရေးကိစ္စတို့ကိုပင် ကောင်းစွာသိတော်မူသော အရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား (မိမိအလိုရှိတော်မူသရွေ့) စားနပ်ရိက္ခာကို ပေးသနားတော်မူ၏။ ၎င်းပြင် ထိုအရှင်မြတ်သည် စွမ်းရည်သတ္တိနှင့် အလွန်ပြည့်စုံတော်မူသောအရှင်၊ လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသော အရှင်ဖြစ်တော်မူ၏။
အက်ရှ်-ရှူရာကုရ်အာန် ညွှန်းကိန်း
53အာယာသ်
MeccanRevelation
17အာယာသ်

ဘာသာပြန် — အက်ရှ်-ရှူရာ 17

စူရာ အက်ရှ်-ရှူရာ အာယာသ် 17 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်သည်ပင် ကျမ်းဂန်ဒေသနာတော်ကိုလည်းကောင်း၊ တရားမျှတမှုကိုလည်းကောင်း၊ တိကျမှန်ကန်စွာ ချပေးတော်မူသောအရှင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား (အို-နဗီတမန်တော်)အသင်မသိ။ ကိယာမတ်ရှင်ပြန်ထမည့် အချိန်ကာလသည်…

စူရာ အာယာသ် 17/53 — စူရာ အက်ရှ်-ရှူရာ الشورى (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အက်ရှ်-ရှူရာ နားထောင်, စူရာ အက်ရှ်-ရှူရာ ဘာသာပြန်, စူရာ အက်ရှ်-ရှူရာ mp3, စူရာ အက်ရှ်-ရှူရာ pdf. အာယာသ် 15–19. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers