وَمِنْ آيَاتِهِ خَلْقُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَثَّ فِيهِمَا مِن دَابَّةٍ ۚ وَهُوَ عَلَىٰ جَمْعِهِمْ إِذَا يَشَاءُ قَدِيرٌ ٢٩
🔤 Transliteration
Wa min Aayaatihee khalqus samaawaati wal ardi wa maa bassa feehimaa min daaabbah; wa Huwa `alaa jam`ihim izaa yashaaa`u Qadeer
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်တို့အနက် အပါအဝင်ဖြစ်၏။ မိုးကောင်းကင်များကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊ ပထဝီမြေကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊ ယင်း မိုးကောင်းကင်များနှင့်ပထဝီမြေနှစ်ခုလုံး၌ ဖြန့်ထား တော်မူသော သက်ရှိအပေါင်းတို့အား ဖန်ဆင်းတော် မူခြင်းသည်လည်းကောင်း၊ ထိုမှတစ်ပါးထိုအရှင်မြတ် သည် မိမိအလိုရှိတော်မူသောအခါ ၎င်းတို့အားစုရုံး ခြင်းကိုလည်းကောင်း၊ ပြုစွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: အာယာသ် (آيَاتِ ): သက်သေလက္ခဏာများ၊ အံ့ဖွယ်ရာ သက်သေသာဓကများ။ ဗသ္သ (بَثَّ ): ဖြန့်ကြဲခဲ့သည်၊ ပျံ့နှံ့စေခဲ့သည်။ ဒါဗ္ဗသ် (دَابَّةٍ ): မြေပြင်ပေါ်တွင် လှုပ်ရှားသွားလာသော သတ္တဝါအားလုံး။ ဂျမ်အ် (جَمْعِهِمْ ): သူတို့အား စုရုံးခြင်း၊ ပြန်လည်စုစည်းခြင်း။ သဒီးရ် (قَدِيرٌ ): အလွန်တတ်စွမ်းနိုင်သော၊ စွမ်းအားတော်ရှင်ဖြစ်တော်မူသော။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားတော်နှင့် ကြီးမြတ်မှုကို ဖော်ပြသည့် သက်သေလက္ခဏာများထဲမှ တစ်ခုကို ရှင်းလင်းစွာ တင်ပြထားပါသည်။ မိုးကောင်းကင်များနှင့် မြေပြင်ကို မည်သည့်ပုံစံခွက်မှ မရှိဘဲ ပထမဆုံးအကြိမ် ဖန်ဆင်းတော်မူခြင်းသည် အလ္လာဟ်အရှင်မြတ်၏ တစ်ဆူတည်းသော ဘုရားဖြစ်တော်မူခြင်းနှင့် စွမ်းအားတော်ကို ထင်ရှားစွာ သက်သေခံနေပါသည်။ ထို့အပြင် မိုးကောင်းကင်နှင့် မြေပြင်တို့တွင် အရှင်မြတ် ဖြန့်ကြဲဖန်ဆင်းထားတော်မူသော အံ့ဖွယ်ရာ သတ္တဝါအမျိုးမျိုး၊ လှုပ်ရှားသွားလာသူအားလုံးသည်လည်း အရှင်မြတ်၏ စွမ်းအားတော်ကို ပြသသည့် သက်သေလက္ခဏာများ ဖြစ်ကြပါသည်။
ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ထိုသတ္တဝါအားလုံးကို သေဆုံးပြီးနောက် ကိယာမသ်နေ့တွင် ပြန်လည်ရှင်သန်စေပြီး စုရုံးတော်မူရန် အလွန်တတ်စွမ်းနိုင်တော်မူကြောင်း မိန့်တော်မူပါသည်။ အရှင်မြတ် အလိုတော်ရှိသည့်အခါတွင် ထိုသို့ စုရုံးခြင်းကို ပြုလုပ်ရန် မည်သည့်အရာကမျှ အဟန့်အတား မဖြစ်စေနိုင်ပါ။ ပထမဆုံးအကြိမ် ဖန်ဆင်းတော်မူခဲ့သကဲ့သို့ပင် ဒုတိယအကြိမ် ပြန်လည်ဖန်ဆင်းခြင်းသည်လည်း အရှင်မြတ်အတွက် အလွန်လွယ်ကူပါသည်။ အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူပါသည်။
ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကို ချစ်မြတ်နိုးလာစေမည့် သင်ခန်းစာများ: မိုးကောင်းကင်နှင့် မြေပြင်ကို ကြည့်ရှုလျှင် အလ္လာဟ်အရှင်မြတ်၏ စွမ်းအားတော်ကို မြင်တွေ့နိုင်ပြီး ထိုအရှင်ကို ပိုမိုနီးကပ်စွာ သိရှိလာနိုင်ပါသည်
وَمِنۡ ءَايَٰتِهِۦ خَلۡقُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ وَمَا بَثَّ فِيهِمَا مِن دَآبَّةٍۚ وَهُوَ عَلَىٰ جَمۡعِهِمۡ إِذَا يَشَآءُ قَدِيرٌ ٢٩
၎င်းပြင် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်တို့အနက် အပါအဝင်ဖြစ်၏။ မိုးကောင်းကင်များကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊ ပထဝီမြေကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊ ယင်း မိုးကောင်းကင်များနှင့်ပထဝီမြေနှစ်ခုလုံး၌ ဖြန့်ထား တော်မူသော သက်ရှိအပေါင်းတို့အား ဖန်ဆင်းတော် မူခြင်းသည်လည်းကောင်း၊ ထိုမှတစ်ပါးထိုအရှင်မြတ် သည် မိမိအလိုရှိတော်မူသောအခါ ၎င်းတို့အားစုရုံး ခြင်းကိုလည်းကောင်း၊ ပြုစွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 27-31 — စူရာ အက်ရှ်-ရှူရာ
27 ۞ وَلَوْ بَسَطَ اللَّهُ الرِّزْقَ لِعِبَادِهِ لَبَغَوْا فِي الْأَرْضِ وَلَٰكِن يُنَزِّلُ بِقَدَرٍ مَّا يَشَاءُ ۚ إِنَّهُ بِعِبَادِهِ خَبِيرٌ بَصِيرٌ
စင်စစ်မှာကား အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် မိမိကျွန်(အပေါင်း)တို့အား စားနပ်ရိက္ခာကို ကျယ်ဝန်းပေါများစွာ ချီးမြှင့်တော်မူခဲ့ပါလျှင် အမှန်ပင် ထိုကျွန်(အပေါင်း)တို့သည် ကမ္ဘာမြေဝယ် ဆိုးသွမ်း သောင်းကျန်းခဲ့ကြမည်သာ။ သို့ရာတွင် အရှင်မြတ်သည်(စားနပ်ရိက္ခာကို တဖြည်းဖြည်း) မိမိအလိုရှိတော် မူသောအတိုင်းအတာနှင့်အမျှ ချပေးတော်မူ၏။ စင်စစ်ဧကန် ထိုအရှင်မြတ်သည် မိမိကျွန်အပေါင်းတို့နှင့် ပတ်သက်၍ ကောင်းစွာသိတော်မူသောအရှင်၊ကောင်းစွာ မြင်တော်မူသောအရှင် ဖြစ်တော်မူ၏။
28 وَهُوَ الَّذِي يُنَزِّلُ الْغَيْثَ مِن بَعْدِ مَا قَنَطُوا وَيَنشُرُ رَحْمَتَهُ ۚ وَهُوَ الْوَلِيُّ الْحَمِيدُ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည်ပင် လူတို့မျှော်လင့်ချက်ကင်းခဲ့ကြသည့်နောက်တွင် မိုးရေကို ရွာသွန်းစေတော်မူ၏။ ထို့ပြင် မိမိကရုဏာတော်ကို ပြန့်စေတော် မူ၏။စင်စစ်မှာကား ထိုအရှင်မြတ်သည် ကိစ္စအဝဝကို ပြီးစီးအောင်ဆောင်ရွက်ပေးတော်မူသောအရှင်၊ ချီးမွမ်း အပ်သည့် အထူးထူးသော ဂုဏ်၊ ဝိသေသအပေါင်းတို့ နှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော်မူပေသတည်း။
29 وَمِنْ آيَاتِهِ خَلْقُ السَّمَاوَاتِ وَالْأَرْضِ وَمَا بَثَّ فِيهِمَا مِن دَابَّةٍ ۚ وَهُوَ عَلَىٰ جَمْعِهِمْ إِذَا يَشَاءُ قَدِيرٌ
၎င်းပြင် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်တို့အနက် အပါအဝင်ဖြစ်၏။ မိုးကောင်းကင်များကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊ ပထဝီမြေကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊ ယင်း မိုးကောင်းကင်များနှင့်ပထဝီမြေနှစ်ခုလုံး၌ ဖြန့်ထား တော်မူသော သက်ရှိအပေါင်းတို့အား ဖန်ဆင်းတော် မူခြင်းသည်လည်းကောင်း၊ ထိုမှတစ်ပါးထိုအရှင်မြတ် သည် မိမိအလိုရှိတော်မူသောအခါ ၎င်းတို့အားစုရုံး ခြင်းကိုလည်းကောင်း၊ ပြုစွမ်းနိုင်တော်မူသောအရှင် ဖြစ်တော်မူ၏။
30 وَمَا أَصَابَكُم مِّن مُّصِيبَةٍ فَبِمَا كَسَبَتْ أَيْدِيكُمْ وَيَعْفُو عَن كَثِيرٍ
စင်စစ်သော်ကား အသင်တို့၌ သက်ရောက်လေ့ရှိသော ဘေးဒုက္ခဟူသရွေ့သည် အသင်တို့၏လက်များကဆည်းပူးခဲ့ကြသော အပြုအမူတို့ကြောင့်ပင် သက်ရောက်ခဲ့သည်သာ။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် များစွာသောပြစ်မှုများကိုမူကား ခွင့်လွှတ်တော်မူ၏။
31 وَمَا أَنتُم بِمُعْجِزِينَ فِي الْأَرْضِ ۖ وَمَا لَكُم مِّن دُونِ اللَّهِ مِن وَلِيٍّ وَلَا نَصِيرٍ
၎င်းပြင် အသင်တို့သည် ထို(အရှင်မြတ်အား)ကမ္ဘာမြေ၏ မည်သည့်အစိတ်အပိုင်း မည်သည့်နေရာ၌(မျှပင်) မတတ်စွမ်းနိုင်အောင် ပြုစွမ်းနိုင်ကြသူများ မဟုတ်ပေ။ထိုမှတစ်ပါး အသင်တို့၌ အလ္လာဟ် အရှင်မြတ်အပြင် ကာကွယ်စောင့်ရှောက်အံ့သောသူဟူ၍လည်း အလျှင်းမရှိပြီ။ ကူညီစောင်မအံ့သောသူဟူ၍လည်း အလျှင်း မရှိပြီတကား။
ဘာသာပြန် — အက်ရှ်-ရှူရာ 29 စူရာ အက်ရှ်-ရှူရာ အာယာသ် 29 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထိုအရှင်မြတ်၏ သက်သေလက္ခဏာတော်တို့အနက် အပါအဝင်ဖြစ်၏။ မိုးကောင်းကင်များကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊ ပထဝီမြေကို ဖန်ဆင်းတော်မူခြင်းသည်လည်းကောင်း၊ ယင်း မိုးကောင်းကင်များနှင့်ပထဝီမြေနှစ်ခုလုံး၌…
စူရာ အာယာသ် 29/53 — စူရာ အက်ရှ်-ရှူရာ الشورى (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အက်ရှ်-ရှူရာ နားထောင်, စူရာ အက်ရှ်-ရှူရာ ဘာသာပြန်, စူရာ အက်ရှ်-ရှူရာ mp3, စူရာ အက်ရှ်-ရှူရာ pdf. အာယာသ် 27–31. မြန်မာဘာသာ: ภาษาไทย.