ကာဖ် · 7/45
ဘာသာပြန် အသံနိုင်ငံ — စူရာ ကာဖ်
وَالْأَرْضَ مَدَدْنَاهَا وَأَلْقَيْنَا فِيهَا رَوَاسِيَ وَأَنبَتْنَا فِيهَا مِن كُلِّ زَوْجٍ بَهِيجٍ ۝٧
Wal arda madadnaahaa wa alqainaa feehaa rawaasiya wa ambatnaa feehaa min kulli zawjim baheej
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ပထဝီမြေကိုဖြန့်ခင်းထားတော်မူ၏။ ၎င်းပြင် ယင်းပထဝီမြေ၌ တောင်များကို စိုက်ထူထားတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် ယင်းပထဝီမြေ၌ လှပတင့်တယ် ရှုချင်စဖွယ်ကောင်းသော အရာဝတ္ထုမျိုးစုံတို့ကို ပေါက်ရောက် စေထားတော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာမြေကို ဖြန့်ခင်းထားသည်၊ တောင်များကို စိုက်ထူထားသည်၊ လှပသော အမျိုးအစားတိုင်းကို ပေါက်ရောက်စေသည်။
  2. ဤအာယသ်တွင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ တန်ခိုးတော်ကို ဖော်ပြထားသည်။ ကမ္ဘာမြေကို ကျယ်ဝန်းစွာ ဖြန့်ခင်းထားပြီး လူသားတို့ နေထိုင်နိုင်ရန် အဆင်ပြေစေသည်။ ထို့နောက် မြေကြီး မလှုပ်ရှားစေရန် တောင်ကြီးများကို စိုက်ထူထားသည်။ ထို့ပြင် လူသားတို့ အကျိုးခံစားနိုင်ရန် လှပသော အပင်များ၊ သစ်ပင်များကို အမျိုးအစားတိုင်း ပေါက်ရောက်စေသည်။ ဤအရာအားလုံးသည် အလ္လာဟ်အရှင်မြတ်၏ ကြီးမားသော တန်ခိုးတော်နှင့် ကျေးဇူးတော်ကို ဖော်ပြသည်။
  3. ဤအာယသ်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အတွက် ကမ္ဘာမြေကို အဆင်သင့် ဖန်တီးပေးထားသည်။ လူသားတို့သည် အရှင်မြတ်၏ ကျေးဇူးတော်ကို သတိရပြီး ကိုးကွယ်ရမည်။ ဤကဲ့သို့ ဖန်တီးမှုများကို ကြည့်ရှုခြင်းဖြင့် အရှင်မြတ်၏ တန်ခိုးတော်ကို သိရှိနိုင်သည်။ အစ္စလာမ်သာသနာသည် လူသားတို့အတွက် အကျိုးရှိသော လမ်းညွှန်ချက်များကို ပေးဆောင်ထားသည်။ ဤအာယသ်သည် အရှင်မြတ်၏ ဖန်တီးမှုကို လေးမြတ်ရန် နှင့် ကျေးဇူးတော်ကို ချီးမွမ်းရန် သွန်သင်ပေးသည်။


📜 အာယာသ် 5-9 — စူရာ ကာဖ်

5بَلْ كَذَّبُوا بِالْحَقِّ لَمَّا جَاءَهُمْ فَهُمْ فِي أَمْرٍ مَّرِيجٍ
စင်စစ်မှာကား ထိုသူတို့သည် ၎င်းတို့ထံ အမှန်တရား ရောက်ရှိ၍ လာခဲ့သောအခါ ယင်းအမှန်တရားကိုပင် မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ စင်စစ်မှာကား ၎င်းတို့သည် မတည်ငြိမ်သော အခြေအနေ၌ပင် ရှိနေကြကုန်သတည်း။
6أَفَلَمْ يَنظُرُوا إِلَى السَّمَاءِ فَوْقَهُمْ كَيْفَ بَنَيْنَاهَا وَزَيَّنَّاهَا وَمَا لَهَا مِن فُرُوجٍ
၎င်းတို့သည် မိမိတို့၏အထက်၌ မိုးကောင်းကင်ကို မကြည့်မမြင်ခဲ့ကြလေသလော။ ငါအရှင်မြတ်သည် ယင်းမိုးကောင်းကင်ကို မည်သို့ ပြုလုပ်ထားတော်မူသနည်း။ ၎င်းပြင် ငါအရှင်မြတ်သည် ထိုမိုးကောင်းကင်ကို မည်သို့လှပစွာ ဆင်ယင်ထားတော်မူသနည်း။ ထိုမှတစ်ပါး ယင်းမိုးကောင်းကင်၌ အဟ၊ အကွဲ၊ အအက် များဟူ၍လည်း အလျှင်းမရှိပြီတကား။
7وَالْأَرْضَ مَدَدْنَاهَا وَأَلْقَيْنَا فِيهَا رَوَاسِيَ وَأَنبَتْنَا فِيهَا مِن كُلِّ زَوْجٍ بَهِيجٍ
ထိုမှတစ်ပါး ငါအရှင်မြတ်သည် ပထဝီမြေကိုဖြန့်ခင်းထားတော်မူ၏။ ၎င်းပြင် ယင်းပထဝီမြေ၌ တောင်များကို စိုက်ထူထားတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် ယင်းပထဝီမြေ၌ လှပတင့်တယ် ရှုချင်စဖွယ်ကောင်းသော အရာဝတ္ထုမျိုးစုံတို့ကို ပေါက်ရောက် စေထားတော်မူ၏။
8تَبْصِرَةً وَذِكْرَىٰ لِكُلِّ عَبْدٍ مُّنِيبٍ
(ထိုအလုံးစုံတို့မှာ) သံဝေဂရသော ကျွန်တိုင်းအဖို့ ဆင်ခြင်သုံးသပ်အပ်သောအရာ သည်လည်းကောင်း၊တရားရယူအပ်သောအရာ သည်လည်းကောင်း၊ ဖြစ်ပေသည်။
9وَنَزَّلْنَا مِنَ السَّمَاءِ مَاءً مُّبَارَكًا فَأَنبَتْنَا بِهِ جَنَّاتٍ وَحَبَّ الْحَصِيدِ
ထိုမှတပါး ငါအရှင်မြတ်သည် မိုးကောင်းကင်မှ ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံသော(မိုး)ရေကို ရွာသွန်းစေတော်မူ၏။ တစ်ဖန် ထိုရေဖြင့် ငါအရှင်မြတ်သည် ဥယျာဉ်များကိုလည်းကောင်း၊ ရိတ်သိမ်းပြီးဖြစ်သော ကောက်ပင် မျိုးနွယ်များကိုလည်းကောင်း၊ ပေါက်ရောက်စေတော်မူ၏။
ကာဖ်ကုရ်အာန် ညွှန်းကိန်း
45အာယာသ်
MeccanRevelation
7အာယာသ်

ဘာသာပြန် — ကာဖ် 7

စူရာ ကာဖ် အာယာသ် 7 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ငါအရှင်မြတ်သည် ပထဝီမြေကိုဖြန့်ခင်းထားတော်မူ၏။ ၎င်းပြင် ယင်းပထဝီမြေ၌ တောင်များကို စိုက်ထူထားတော်မူ၏။ ထို့ပြင် ငါအရှင်မြတ်သည် ယင်းပထဝီမြေ၌…

စူရာ အာယာသ် 7/45 — စူရာ ကာဖ် ق (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ကာဖ် နားထောင်, စူရာ ကာဖ် ဘာသာပြန်, စူရာ ကာဖ် mp3, စူရာ ကာဖ် pdf. အာယာသ် 5–9. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers